လိုင်လူမျိုး

ဝီကီပီးဒီးယား မှ

"လိုင်" သည် လူမျိုးနွယ်စု နာမည်မဟုတ်ဘဲ။ ချင်းအမျိုးသား နာမည်ဖြစ်သည်။ မြောက်ပိုင်းချင်းများဖြစ်သော တီတိန်း၊ ဟားခါး၊ ဖလမ်းနှင့် လူရှေ(လူရှိုင်း၊ ကလင်ကော့) လူမျိုးနွယ်စုများက ချင်းကို "လိုင်" သို့မဟုတ် ဇို(ဇိုမီး) ဟုခေါ်လာခဲ့ကြသည်။

ရန်ကုန်ချင်းကျောင်းသားသမဂ္ဂကို

ဗမာလို "ရန်ကုန်ချင်းကျောင်းသားသမဂ္ဂ" ဟုလည်းကောင်း။

ချင်းလို " Rangoon Lai Tlawngta Pawlpi" ဟုလည်းကောင်း

အင်္ဂလိပ်လို "Chin Hill Students Union, Rangoon" ဟုလည်းကောင်း နာမည်ပေးခဲ့သည်။

ချင်းကျောင်းသားများအားလုံးက "ရန်ကုန်ချင်းကျောင်းသားသမဂ္ဂ" ကို ချင်းလို " Rangoon Lai(လိုင်) Tlawngta Pawlpi"ဟု လက်ခံထားကြသည်။ အကြောင်းမှာ "Lai" လိုင်သည် လူမျိုးနွယ်စုနာမည်မဟုတ်ဘဲ ချင်းအမျိုးသားတခုဖြစ်နေခြင်းကြောင့် ဖြစ်သည်။ "ချင်း" ဟူသော နာမည်ကို အသုံးမပြုခင်ကတည်းက ချင်းလူမျိုးများသည် ချင်းကို ဒေသအခေါ် "လိုင်၊ လယ်၊ ဇို(ဇိုမီး)၊ ချို၊အရှို" စသဖြင့် အသီးသီးခေါ်ခဲ့ကြသည်။