မိုင်းသာလူမျိုး
မိုင်းသားအမျိုးသမီး ဝတ်စုံ | |
လူဦးရေ စုစုပေါင်း | |
---|---|
~၂၉,၀၀၀ | |
အများစု နေထိုင်သည့် နေရာ | |
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်တွင် အများဆုံးနေထိုင်၊ မြန်မာနိုင်ငံတွင် အနည်းငယ် | |
ဘာသာစကား | |
Achang, Xiandao (SIL, khan31tao31) | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် ရိုးရာကိုးကွယ်မှု |
တိဗက်-မြန်မာနှင့်ထိုင်းတရုတ်အုပ်စုတို့ပေါင်းစပ်ထားသော အုပ်စုဝင်ဖြစ်၍ မရူ-အဇီ အုပ်စုသည် မူရင်းမိုင်းသာသျှမ်းမှ ကွဲထွက်လာသည်။ မိုင်းသာလူမျိုးကို အချို့က တႆးသႃ ရှမ်းတရုတ်(ဝါ)တိုင်းဆာသျှမ်း(ဝါ)ပန်းပဲသျှမ်း(ဝါ)အာချန်သျှမ်း ဟုခေါ်ဆိုကြသည်။ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနယ်တွင် ၎င်းတို့ကို ရှမ်းတရုတ် ဟုခေါ်ကြ၍ ရှမ်းပြည်အရှေ့ပိုင်းနယ်များတွင်မူ သျှမ်းမိုင်းသာဟုခေါ်ကြသည်။ သျှမ်းမိုင်းသာ (ရှမ်းတရုတ်) တို့ကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နှစ်နယ်စလုံးတွင် ဗန်းမော်၊ မြစ်ကြီးနား၊နမ်းခမ်းနှင့် ကျိုင်းတုံဒေသတို့ ၄နေရာခွဲ၍ တွေ့ရသည်။ ရှမ်းပြည် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ်၊ တရုတ်-မြန်မာ နယ်ခြားကျောက်တိုင်အမှတ် (၄၂) အနီး ရွှေလီမြစ် ဝဲယာ ကမ်းတစ်လျှောက်ရှိ ကျေးရွာတို့ကား မိုင်းသာ (ရှမ်းတရုတ်) တို့ အများဆုံး အခြေစိုက်ရာအရပ်များဖြစ်ကြသည်။ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင်ကြသည်။ သျှမ်းမိုင်းသာတွင် မျိုးနွယ်စု ၅ခုပါဝင်သည်။ ၁။ တီမွန်း ၂။ တန်ကျိန်း ၃။တာပေါင်းထုံ(ပဒေါင်ကား) ၄။အာချန်(တာအချန်) ၅။လုရှီးအာချန် ဟူ၍ ဖြစ်သည်။ ထိုမျိုးနွယ်စု ၅ခုတို့သည် တစ်စုနှင့် တစ်စု ဘာသာစကား ဝတ်စားဆင်ယင်မှုများ ဓလေ့ထုံးတမ်းများ မတူညီကြပေ။တီမွန်းမျိုးနွယ်စု၊ တန်ကျိန်းမျိုးနွယ်စု၊ တာပေါင်းထုံမျိုးနွယ်စုတို့သည် တစ်စုနှင့်တစ်ခု ဘာသာစကား၊ယဉ်ကျေးမှုများ နီးစပ်မှုရှိပြီး သျှာမ်းလူမျိုး ပို၍ဆန်ကြသည်။ အာချန်(တာအချန်)နှင့် လုရှီးအချန်သည် တစ်မျိုးနှင့်တစ်မျိုး နီးစပ်မှုရှိပြီး အထက်ပါမျိုးနွယ်စု၃ခုနှင့် များစွာ ကွဲပြားသည်။ ၁၉၃၁ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၂၉,၁၈၃ ဖြစ်လေသည်။ မိုင်းသာလူမျိုးတို့ပြောသောစကားမှာ ရှမ်းလည်း မဟုတ်၊ မြန်မာလည်း မဟုတ် ရှမ်းနှင့်မြန်မာစကားနှစ်မျိုးလုံးပါသော စကားမျိုး ဖြစ်သည်။ မိုင်းသာအမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုမှာ ဦးခေါင်းတွင် စစ်ကြိုခေတ်က မြန်မာအမျိုးသမီးများ ဆံထုံးကြီးကြီးထုံးထားဘိသကဲ့သို့ အဝတ်ဖြင့် ရစ်ပတ်ထုံးဖွဲ့ထားကြသည်။ ၁၉၅၈ခုနစ် အိမ်၏ အိမ်စောင့်အစိုးရလက်ထက် တရုတ်မြန်မာနယ်စပ်ပေါ်ရှိ အငြင်းပွားခဲ့ရသော ဖီမော်၊ ဂေါ်လန်၊ကန်ဖန် ရွာ၃ရွာသည် ထိုမိုင်းသာရှမ်းတို့ နေထိုင်သော ရွာများပင် ဖြစ်ကြသည်။ [၁] [၂] [၃] [၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ
- ↑ 阿昌之乡,张志品
- ↑ Achang