ပိုးကရင်လူမျိုး
ပုံပန်းသွင်ပြင်
ပိုးကရင်လူမျိုး သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် နေထိုင်ကြသော ကရင်လူမျိုးအုပ်စုဝင် မျိုးနွယ်စု တစ်ခု ဖြစ်သည်။ အရှေ့ပိုးကရင်မျိုးနွယ်စုသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး နေထိုင်ကြသည်။[၁] အနောက်ပိုးကရင်မျိုးနွယ်စုသည် ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ သာယာဝတီခရိုင်၊လပွတ္တာခရိုင်၊ ညောင်လေးပင်မြို့နှင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများအပြားနေထိုင်ကြသည်။[၁] ပိုးကရင်ဘာသာစကားများကို ပြောဆိုကြသည်။
ပိုးကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် အသက်အလိုက် 'စ' နှင့် 'မန်း' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နန့်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ပိုးကရင်နှင့် စကောကရင်သည် စကားပြောဆိုရာတွင်ကွဲပြားမှုရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ကရင်တိုင်းရင်းသားလူမျိုးများ | KAYIN STATE ADMINISTRATION COUNCIL။ 10 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |