ပအိုဝ်းဘာသာစကား
| ပအိုဝ်း | |
|---|---|
| ပအိုဝ်ႏဘာႏသာႏ | |
| ဒေသခံ | မြန်မာနိုင်ငံ |
| ဒေသ | ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး |
| လူမျိုးစု | ပအိုဝ်းလူမျိုး |
ဒေသခံ ပြောဆိုသူများ | ၁.၈ သန်းကျော် (၂၀၁၄)[၁] |
| မြန်မာအက္ခရာ (ပအိုဝ်းစာပေ - ထီသိမ်မူ နှင့် အလံတရာမူ) | |
| ဘာသာစကားကုဒ်များ | |
| ISO 639-3 | blk |
| Glottolog | paok1235[၂] |
ပအိုဝ်းဘာသာစကား (အင်္ဂလိပ်: Pa'O language) သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး ၁.၈ သန်းကျော် ပြောဆိုအသုံးပြုကြသော တရုတ်-တိဗက် မိသားစုဝင် ကရင်ဘာသာစကားအုပ်စုထဲမှ သီးခြား ဘာသာစကားတစ်ခု ဖြစ်သည်။[၃] အဓိကအားဖြင့် တောင်ပိုင်းပအိုဝ်း (မွန်၊ ကရင်၊ ပဲခူးဒေသများ၌ ပြောဆိုသည့် မြေပြန့်မူ) နှင့် မြောက်ပိုင်းပအိုဝ်း (ရှမ်းပြည်နယ်တောင်ပိုင်း၌ ပြောဆိုသည့် တောင်ပေါ်မူ) ဟူ၍ ဒေသိယစကား မူကွဲကြီး နှစ်ခု ရှိသည်။[၄]
အမည်များ
[ပြင်ဆင်ရန်]Ethnologue တွင် Black Karen, Northern Taungthu, Taungsu, Pa Oh, Pa-O, Pa’o Karen, Pa-U ဟူ၍ အမည်ကွဲများကို ဖော်ပြထားသည်။
ပအိုဝ်းဘာသာစကားကို "Black Karen" (ကရင်နက်) သို့မဟုတ် "တောင်သူ" ဟူ၍ ကိုလိုနီခေတ်အခါက အချို့သော သုတေသီများက ခေါ်ဆိုခဲ့ကြသော်လည်း၊ ပအိုဝ်းတိုင်းရင်းသားတို့က မိမိတို့၏ အမျိုးသားအမည်ဖြစ်သော "ပအိုဝ်ႏ" (Pa'O) ဟူသည့် ဝေါဟာရကိုသာ တရားဝင် အသုံးပြုကြသည်။[၅] သို့သော်လည်း စံသတ်မှတ်ထားသော ဘာသာစကားဆိုင်ရာ သင်ကေတ ISO 639-3 တွင် ပအိုဝ်းဘာသာစကား၏ ကုတ်အမှတ်ကို `blk` ဟု သတ်မှတ်ထားဆဲ ဖြစ်သည်။[၆]
ပျံ့နှံ့ရာဒေသများ
[ပြင်ဆင်ရန်]ပအိုဝ်းဘာသာစကားကို အဓိကအားဖြင့် အောက်ပါဒေသများတွင် အများဆုံး ပြောဆိုသုံးစွဲကြသည် -
- ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး) နှင့် အနီးဝန်းကျင် မြို့နယ်များ၊
- ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နယ် နှင့် ဖရူးဆိုးမြို့နယ်အချို့၊
- ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်များ၊
- မွန်ပြည်နယ်ရှိ သထုံမြို့၊ ဘီးလင်းမြို့နှင့် ကျိုက်ထိုမြို့နယ်များ၊
- ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူမြို့ နှင့် ထန်းတပင်မြို့နယ် အနီးဝန်းကျင်များ။
စာရေးထုံး စနစ်
[ပြင်ဆင်ရန်]ပအိုဝ်းဘာသာစကားကို မြန်မာအက္ခရာကို အခြေခံ၍ ပအိုဝ်းသံစဉ်အလိုက် ဖြည့်စွက်တီထွင်ထားသော ပအိုဝ်းစာပေဖြင့် ရေးသားကြသည်။ စာပေအသုံးအနှုန်းအားဖြင့် မူကွဲနှစ်ခု ရှိသည် -
- ထီသိမ်စာမူ (တောင်ကြီးစာမူ): ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ပေါ်ပအိုဝ်း တိုင်းရင်းသားများ အဓိက သုံးစွဲသည့် စာမူဖြစ်သည်။
- အလံတရာစာမူ (သထုံစာမူ): မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြေပြန့်ပအိုဝ်း တိုင်းရင်းသားများ အဓိက သုံးစွဲသည့် စာမူဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ The 2014 Myanmar Population and Housing Census။ Ministry of Labour, Immigration and Population။ 2026-10-14 တွင် ပြန်စစ်ပြီး။ [လင့်ခ်သေ]
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Pa'o Karen"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ Eberhard, David M.; et al. (2023)။ Ethnologue: Languages of the World။ SIL International။ Explicit use of et al. in:
|author=(အကူအညီ) - ↑ Shintani Tadahiko. 2015. The Kadaw language. Linguistic survey of Tay cultural area (LSTCA) no. 106. Tokyo: Research Institute for Languages and Cultures of Asia and Africa (ILCAA).
- ↑ Sir George Scott. Among the Hill Tribes of Burma – An Ethnological Thicket. National Geographic Magazine, 1922, p. 293
- ↑ Accurate as of Feb. 2013, cf. http://www.ethnologue.com/show_language.asp?code=blk