မာတိကာသို့ ခုန်သွားရန်

ကိုးကန့်လူမျိုး

ဝီကီပီးဒီးယား မှ
ကိုးကန့်
果敢
မင်မင်းဆက်အရာရှိများ
လူဦးရေ စုစုပေါင်း
~၁၅၀,၀၀၀ – ၂၀၀,၀၀၀
အများစု နေထိုင်သည့် နေရာ
 မြန်မာ (ရှမ်းပြည်နယ်, ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
ဘာသာစကား
တရုတ်ဘာသာ, မြန်မာဘာသာ
ကိုးကွယ်မှု
ဗုဒ္ဓဘာသာ, တာအိုဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဟန်တရုတ်လူမျိုး, တရုတ်-တိဗက်နွယ်လူမျိုးများ

ကိုးကန့်လူမျိုး သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသားလူမျိုး ၁၃၅မျိုး တွင် တစ်ခုအပါအဝင် ဖြစ်ပြီး တရုတ်-တိဗက်အုပ်စုဝင်တိုင်းရင်းသားများတွင်ပါဝင်သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်တည်ရှိသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်အဓိကနေထိုင်ပြီး ထိုဒေသကို တရားဝင်အားဖြင့် ‘ရှမ်းပြည်နယ် အထူးဒေသ ၁’ ဟု ခေါ်ကာ ရုံးစိုက်ရာမြို့မှာ လောက်ကိုင်မြို့ ဖြစ်သည်။ ကိုးကန့်ဒေသတွင် နေထိုင်သည့် လူဦးရေ ၁.၆ သိန်းကျော်ရှိပြီး ကိုးကန့်လူမျိုး အများစုဖြစ်သည်။

ကိုးကန့် ဟူသောအခေါ်အဝေါ်မှာ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကိုးကန့်လူမျိုးများ၏ ရှင့်တာဟု အကြီးအကဲက ၎င်းတို့၏ နေရာမြေကို ကိုးကန့်ဟု ကင်ပွန်းတပ် ပေးခဲ့ချိန်မှ စတင်ခဲ့သည်။ ယင်းဒေသအား ၁၈၄၀ ခုနှစ်တွင် မန်ချူး ချင်မင်းဆက်မှ ကိုးကန့်ခရိုင်အဖြစ် သတ်မှတ်ပေးခဲ့သည်။ နောက်ကာလများတွင် မြန်မာဘုရင်မှ နယ်မြေများ တိုးချဲ့သိမ်းယူတိုက်ခိုက်ရာမှ စတင်၍ မြန်မာ့ပိုင်နက်နယ်မြေထဲသို့ ပါဝင်လာခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနှင့်တရုတ်တို့ ကျရောက်စဉ်က ကိုးကန့်နယ်မြေမှာ မြန်မာဘုရင်၏ လက်အောက်ခံနယ်မြေဖြစ်နေသဖြင့် လွတ်လပ်ရေးရလာသောအခါ တရားဝင်မြန်မာပိုင်နက်နယ်မြေဖြစ်လာခဲ့သည်။ []

ကိုးကန့်လူမျိုးသမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာလူမျိုးများနှင့် ကိုးကန့်လူမျိုးများသည် ဘာသာစကားနှင့် လူမျိုးနွယ်အရ အရင်းအမြစ်တစ်ခုတည်းဖြစ်သော တရုတ်-တိဗက် နွယ်ဖွားများ ဖြစ်ကြသည်။[]ရှေးဟောင်းသုတေသနနှင့် မျိုးရိုးဗီဇ လေ့လာချက်များအရ တရုတ်-တိဗက် နွယ်ဖွားများသည် တရုတ်ပြည် မြောက်ပိုင်းရှိ မြစ်ဝါမြစ်ဝှမ်းတစ်လျှောက်တွင် စတင်အခြေချခဲ့ကြသည်။[]

၁၇ ရာစုတွင် တရုတ်ပြည်၌ မင်မင်းဆက် (Ming Dynasty) ပျက်သုဉ်းပြီးနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ အုပ်စုလိုက် ပြောင်းရွှေ့အခြေချလာသူများ ဖြစ်ကြသည်။

ကိုးကန့်ဒေသသည် ရှေးအခါက အိုက်လောင် (Ai Lao) နှင့် ပိုင်ပု (Bai Pu) လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့သည်။[] ၁၇ ရာစုတွင် တရုတ်ပြည်၌ မန်ချူးတို့၏ ချင်မင်းဆက် ပေါ်ထွန်းလာပြီးနောက် မင်မင်းဆက်၏ နောက်ဆုံးဘုရင် ယုံလီဘုရင် (Yongli) နှင့်အတူ ပါလာသော စစ်သည်တော်များနှင့် ဟန်လူမျိုး အခြေချသူများသည် မြန်မာဘုရင် ပင်းတလဲမင်း၏ ခွင့်ပြုချက်ဖြင့် ယူနန်နယ်စပ်မှတစ်ဆင့် ကိုးကန့်တောင်တန်းများအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။[]

ရန်မျိုးနွယ်စု စော်ဘွားများခေတ် (၁၈ ရာစု - ၁၉၅၉)

[ပြင်ဆင်ရန်]

၁၈ ရာစုအလယ်ပိုင်းတွင် ရန်ရှန့်ချိုင် (Yang Xian-cai) အမည်ရှိသော ဟန်လူမျိုးခေါင်းဆောင်တစ်ဦးသည် ကိုးကန့်ဒေသတွင် ဩဇာအာဏာကို တည်ထောင်နိုင်ခဲ့သည်။ ကုန်းဘောင်ခေတ် တွင် ကိုးကန့်ဒေသရှိ ရန်မျိုးနွယ်စု စော်ဘွားများသည် ဗမာဘုရင်များထံ သစ္စာခံခဲ့ကြသည်။ [] ကိုးကန့်စော်ဘွားများသည် ဗမာဘုရင်များ၏ ဩဇာကို အသိအမှတ်ပြုခဲ့ရသလို၊ တစ်ဖက်တွင်လည်း တရုတ်ချင်မင်းဆက် (Qing Dynasty) နှင့်လည်း ဆက်ဆံရေး ထိန်းညှိခဲ့ရသည်။ ၁၈၄၀ ခုနှစ်တွင် တရုတ်ချင်အစိုးရက ရန်မျိုးနွယ်စုအား ကိုးကန့်ဒေသကို မျိုးရိုးစဉ်ဆက် အုပ်ချုပ်ခွင့်ရ "စော်ဘွား" (Tusi) အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။[]

၁၈၉၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော "ပေကျင်း စာချုပ်" အရ ကိုးကန့်ဒေသကို ဗြိတိသျှ အိန္ဒိယ လက်အောက်ခံ မြန်မာနိုင်ငံအတွင်းသို့ ထည့်သွင်းခဲ့ရာမှ ကိုးကန့်သည် မြန်မာ့မြေပုံအတွင်းသို့ စတင်ရောက်ရှိလာခဲ့သည်။[]ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်များကို တော်လှန်ရာတွင် ကိုးကန့်စော်ဘွား ရန်ကျိန်းယင်း (Yang Kyin Sein) နှင့် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) နှင့် မဟာမိတ်တပ်များဘက်မှ ရပ်တည်ခဲ့ကြသည်။ []

လွတ်လပ်ရေးခေတ်နှင့် ဖက်ဒရယ်ပြည်ထောင်စု

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ ကိုးကန့်စော်ဘွားသည် အခြားသော ရှမ်းစော်ဘွားများနှင့်အတူ ပင်လုံစာချုပ်တွင် ပါဝင်ခဲ့ပြီး မြန်မာပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာအစိုးရက စော်ဘွားစနစ်ကို ဖျက်သိမ်းခဲ့ရာ ရန်မျိုးနွယ်စုတို့၏ နှစ်ပေါင်း ၂၀၀ ကျော် အုပ်ချုပ်မှု ကုန်ဆုံးခဲ့သည်။[၁၀]

ဗကပခေတ်နှင့် အထူးဒေသ (၁) အဖြစ် ရပ်တည်ခြင်း

[ပြင်ဆင်ရန်]

၁၉၆၀ ပြည့်လွန်နှစ်များတွင် ကိုးကန့်ဒေသ၌ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ပြီး ဖုန်ကြားရှင်း (Peng Jia-sheng) ဦးဆောင်သော အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် ပူးပေါင်းကာ ဒေသကို ထိန်းချုပ်ခဲ့သည်။[၁၁] ၁၉၈၉ ခုနှစ်တွင် ဖုန်ကြားရှင်းသည် ဗကပမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီးနောက် "ရှမ်းပြည်နယ် အထူးဒေသ (၁)" ကို တည်ထောင်ခဲ့သည်။[၁၂]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ကိုးကန့်လူမျိုး အများစုမှာ တရုတ်နွယ်ဖွားများ ဖြစ်ကြသည်။ တရုတ်နွယ်ဖွားများ ဖြစ်ကြသည့်အားလျော်စွာ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများသည် တရုတ်ရိုးရာယဉ်ကျေးမှုပေါ်တွင် အခြေခံထားသော်လည်း မြန်မာနိုင်ငံအတွင်း ရာစုနှစ်နှင့်ချီ၍ နေထိုင်လာခဲ့ကြသဖြင့် ဒေသန္တရလက္ခဏာရပ်များလည်း ရောနှောလျက်ရှိသည်။ တရုတ်ရိုးရာ ဓလေ့ထုံးစံများကို ဆက်လက် ထိန်းသိမ်း ထားလျက် ရှိသည်။ ထို့ကြောင့် ကိုးကန့်တို့၏ ရိုးရာဓလေ့များမှာ အနီးဝန်းကျင်ရှိ ယူနန်တရုတ်များ၏ ရိုးရာဓလေ့နှင့် ဆင်တူသည်။ ကိုးကန့်လူမျိုး အများစုမှာ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ဘာသာရေး အချက်အချာမှာ လောက်ကိုင်မြို့ရှိ ကိုးကန့်ဘုံကျောင်း ဖြစ်သည်။

ကိုးကန့်လူမျိုးတို့၏ အရေးကြီးဆုံးသော ပွဲတော်များသည် တရုတ်ရိုးရာလပြက္ခဒိန် အပေါ်တွင် အခြေခံသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ကိုးကန့်လူမျိုးတို့၏ အကြီးဆုံးပွဲတော်ဖြစ်သည်။ အိမ်တိုင်းတွင် အနီရောင်စာတန်းများကပ်ခြင်း၊ ဘိုးဘွားများအား ကန်တော့ခြင်းနှင့် မိသားစုစုံညီ ထမင်းစားခြင်းများ ပြုလုပ်ကြသည်။[၁၃]နှစ်သစ်ကူးပြီး ၁၅ ရက်မြောက်နေ့တွင် ကျင်းပပြီး မီးထွန်းပွဲများနှင့် နဂါးအက၊ ကရင်အက (Lion Dance) များဖြင့် စည်ကားစွာ ကျင်းပလေ့ရှိသည်။ရှင်းမင်ပွဲတော် တွင် ဘိုးဘွားများ၏ ဂူဗိမာန်များသို့ သွားရောက်၍ ပူဇော်ကန်တော့သည့် ကန်တော့ပွဲတော်ဖြစ်သည်။[၁၄]

ဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]

ယနေ့ခေတ်တွင် အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင်ကြသော်လည်း အခမ်းအနားများတွင် အမျိုးသားများသည် တရုတ်ရိုးရာဝတ်စုံများကို ဝတ်ဆင်ကြပြီး၊ အမျိုးသမီးများသည် ပန်းထိုးထားသော ရိုးရာဝတ်စုံ (သို့မဟုတ်) ချောင်ဆန်း (Cheongsam) များကို ဝတ်ဆင်လေ့ရှိကြသည်။[၁၅]

အစားအစာယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ကိုးကန့်ဒေသသည် တောင်ပေါ်ဒေသဖြစ်သဖြင့် အပူပေးထားသော အစားအစာများနှင့် စပ်သော အစားအစာများကို နှစ်သက်ကြသည်။ ကိုးကန့်ရိုးရာ "ဝက်သားခြောက်" နှင့် "လက်ဖက်ရည်" တို့သည် နာမည်ကြီးသည်။ မူဆယ်နှင့် လောက်ကိုင်တစ်ဝိုက်တွင် ကိုးကန့်ရိုးရာ ခေါက်ဆွဲဆိုင်များကို အများအပြား တွေ့ရှိနိုင်သည်။

ကိုးကန့်ဒေသ

[ပြင်ဆင်ရန်]

ပညာရေး

[ပြင်ဆင်ရန်]

ကိုးကန့်တို့၏ ပညာရေးစနစ်မှာ ဖွံ့ဖြိုးဆဲ အဆင့်တွင်သာ ရှိသေးသည်။ အခြေခံ ပညာရေးမှာ အပစ်အခတ် ရပ်ဆဲပြီးနောက်မှ ပြန်လည် ထူထောင်ခဲ့သည်။ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၀ ကျော် ရှိပြီး ကျောင်းများတွင် ကိုးကန့်ဘာသာ (တရုတ်ဘာသာ) ဖြင့် သင်ကြားပို့ချသည်။ အပတ်စဉ် မြန်မာစာ သင်ကြားချိန် ၃ နာရီမှ ၄ နာရီအထိ ရှိပြီး မြန်မာစာ သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများကို မြန်မာနိုင်ငံ ဗဟိုအစိုးရမှ ခန့်အပ်သည်။ [၁၆] ဒေသတွင်း၌ အဆင့်မြင့် ပညာရေး ပို့ချသည့် ကျောင်းများ မရှိပေ။ မြန်မာနိုင်ငံ အခြားဒေသသို့ သွားရောက် ပညာသင်သူမှာ အနည်းစုသာဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ကိုးကန့်ဒေသသည် တောင်တန်းဒေသဖြစ်သည့်အတွက် ကိုးကန့်တို့သည် ကုန်ပစ္စည်းများ သယ်ပို့ရာတွင် မြင်းနှင့် လားများကို အဓိက အားကိုးကြသည်။ ကတ္တရာလမ်း အခြေအနေမှာ မကောင်းမွန်လှပေ။ မိုးများသည့် ရာသီဆိုလျှင် ယာဉ်များ ဖြတ်သန်းသွားလာရန် အခက်အခဲရှိသည်။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် မဖွံ့ဖြိုးပေ။ ကိုးကန့်ဒေသအတွင်း လောက်ကိုင်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာဖြစ်သည်။ မြို့တွင်း၌ အငှားယာဉ်များ၊ အဝေးပြေး ဘတ်စ်ကားဂိတ်များ ရှိသည်။

နိုင်ငံရေးနှင့် စစ်ရေး

[ပြင်ဆင်ရန်]

ကိုးကန့် အထူးဒေသသည် ရှမ်းပြည်နယ်ရှိ ပထမဆုံးသော အထူးဒေသ ဆိုသော်လည်း ရှမ်းပြည်နယ်အစိုးရ လက်အောက်တွင် မရှိပေ။ မြန်မာနိုင်ငံ နအဖ ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရေးထိုးကာ နအဖ ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆက်ဆံသည်။ အထူးဒေသ ဥက္ကဋ္ဌမှာ ဒေသ၏ အာဏာအကြီးဆုံးခေါင်းဆောင် ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဖုန်ကြားရှင် (彭家聲) ၏သား ဖုန်တာရွှင်ဖြစ်သည်။

စစ်ရေးအင်အားကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် နအဖ ဗဟိုအစိုးရမှ ကွန်းလုံ၌ တပ်ချထားသည့် စစ်တပ်ဖြင့် ဖွဲ့စည်းထားသည်။ MNDAA ကို ဖုန်တာရွှင်ကဦးဆောင်ကာ ၂၀၂၄ ခုနှစ်တွင် လားရှိုးကိုသိမ်းပိုက်နိုင်ခဲ့သည်၊၊

ကိုးကန့်အထူးဒေသအစိုးရ၏ လက်နက်ပစ္စည်းများကိုမူ ကိုးကန့်အထူးဒေသ ဥက္ကဋ္ဌက တာဝန်ယူသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 另有一方記載,鎮康州土司至改土歸流之前,還是將怒江以東全視為自己的領土
  2. Van Driem, G. (2001). Languages of the Himalayas. Brill.
  3. Zhang, M., et al. (2019). Phylogenetic evidence reveals the Sinitic origin of the Sino-Tibetan language family.
  4. 臨滄市政府公眾信息網,臨滄大事紀
  5. 蔡山所著的《果敢》 - ကိုးကန့်သမိုင်းနောက်ခံ။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၁) - ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသသမိုင်း။
  7. Yang family Records - 楊家土司世襲統治史。
  8. 中英續議滇緬條約附款 (၁၈၉၇) - ဗြိတိသျှနှင့် ချင်အစိုးရကြား နယ်နိမိတ်သတ်မှတ်ချက်။
  9. History of Kokang Resistance during WWII - 楊氏土司檔案。
  10. Royal Ark - Burmese Shan States: Kokang.
  11. 從革命者到毒販——緬甸共產黨၏ နောက်ဆုံးနေ့ရက်များ။
  12. 鳳凰衛視 - 独家专访:果敢领导人白所成。
  13. ကိုးကန့်ဒေသ သတင်းနှင့် ယဉ်ကျေးမှုဌာန ထုတ်ပြန်ချက်များ။
  14. ရန်မျိုးနွယ်စု စော်ဘွားများ၏ ရိုးရာဓလေ့မှတ်တမ်းများ။
  15. 蔡山所著的《果敢》 - ယဉ်ကျေးမှုနှင့် လူနေမှုဘဝ အခန်း။
  16. 參考走進「北金三角」重鎮———果敢,http://www.kakabook.net/research/35/7635-8145.html 8 December 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

<ကိုးကန့်တတ်များပြန်လည်ဆုပ့်ခွာပါမြန်မာစစ်တတ်နှင့်တိုက်လိုက်ချင်းမျိုးမပြု့ရန်နှင့်တတ်အင်အားပြန်လည်ဖြည့်တင်ရန်ရှေ့တန်စစ်မြေပြင်မှယခုဆုပ့်ခွာရန်" အမိန့် "[{202.191.105.19 ၁၁:၄၅၊ ၈ ဇွန် ၂၀၂၃ (UTC)}][(202.191.105.19 ၁၁:၄၅၊ ၈ ဇွန် ၂၀၂၃ (UTC))]202.191.105.19 ၁၁:၄၅၊ ၈ ဇွန် ၂၀၂၃ (UTC)@

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]