ရခိုင်လူမျိုး
![]() | |
လူဦးရေ စုစုပေါင်း | |
---|---|
(စုစုပေါင်း ၃,၃၄၆,၀၀၀ (၂၀၁၀ ခန့်မှန်း)) | |
အများစု နေထိုင်သည့် နေရာ | |
![]() | ၃,၁၀၇,၀၀၀[၁]+[၂] |
![]() | ၂၀၇,၀၀၀[၃][၄] |
![]() | ၃၂,၀၀၀[၅] |
ဘာသာစကား | |
ရခိုင်၊ မြန်မာ | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဗမာလူမျိုး၊ မရမာကြီး, Chakma | |
|
ရခိုင်လူမျိုးအများစုတို့ သည် ရခိုင်ကမ်းမြောင်ဒေသ တွင်နေထိုင်ကြသည်။ရခိုင် လူမျိုးများသည် သာကီဝင် အနွယ်မှ ဆင်းသက်လာသည်ဟုသိရသည်။(တချို့သမိုင်းများတွင်မူ အာရီယာန် နွယ်ဖွားများဖြစ်သည်ဟုဆိုကြသည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။ ရခိုင်လူမျိုးသည် ခေတ်ကြီး လေးခေတ်ဖြင့် ကိုယ့်ထီး ကိုယ့်နန်းဖြင့် ရွှေရောင် ထွန်းတောက်ခဲ့သော လူမျိုး ဖြစ်သည်။ မြန်မာ့ဝေါဟာရ အခေါ်အဝေါ်ဖြစ်သော လူမျိုးတစ်ရာ့တစ်ပါးတွင် သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တဟု မြန်မာ ခုနစ်မျိုး ပါဝင်ကြောင်း အဆိုရှိလေသည်။ ထိုတိဗက်-မြန်မာအုပ်စုဝင် မြန်မာအစုကား အေဒီ ကိုးရာစုနှစ် နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်လာကြဟန် တူသည်ဟု ဆို၏။ ယင်းတို့အထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း ပူအိုက်ခြောက်သွေ့သော မြေပြန့်လွင်ပြင်သို့ ရောက်ပြီးနောက်၊ ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာသွားသူများလည်း ရှိကြသေးရာ ရခိုင်လူမျိုး လည်း ထိုသူတို့အထဲတွင် အပါအဝင် ဖြစ်လေသည်။
ယခုအခါ ရခိုင်ပြည်နယ် စစ်တွေ၊မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အစရှိသည့် မြေပြန့်ပိုင်းတွင် ရခိုင်အမျိုးသားတို့ နေထိုင်လျက်ရှိကြသည်။ အမျိုးတူသည်ကို လိုက်၍ လူမျိုးစုတို့ကို သတ်မှတ်ခွဲခြားသည့် ဘာသန္တရ သုတေသနနည်း အရဆိုလျှင် ရခိုင်လူမျိုးတို့သည် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများတွင် ပါဝင်သည်။ သို့သော် မြန်မာအစုဝင် တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ ဓနု၊ ရခိုင်နှင့် ယော စကားများသည် မြန်မာစကားနှင့် အလွန်နီးစပ်လေသည်။
မြန်မာနိုင်ငံပြည်မနှင့် ရခိုင်ပြည်အကြားတွင် ရခိုင်ရိုးမ(ခေါ်)အနောက်ရိုးမတောင်တန်းတည်ရှိသဖြင့် ရာဇဝင်ချင်း ဆက်စပ်မှုမရှိလှချေ။ ရခိုင်ပြည်သည် ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ရှိသောကြောင့် နိုင်ငံခြားနှင့် အဆက်အသွယ် အရောက်အပေါက်ပိုလွယ်သည်။ ရခိုင်ရာဇဝင်အစမှာ အလွန်ရှေးကျ၍ မင်းဆက်ပေါင်းများစွာ ရှိသည်။ ရခိုင်၌ တွေ့ရသော ရှေးကျောက်စာများအနက် အာနန္ဒစန္ဒြ ကျောက်စာ၌ ဘီစီ၅၁၈ မှစ၍ အေဒီ ၇၂ဝ တိုင်အောင် မင်းစဉ်မင်းဆက်ကို ဖော်ပြထားသည်ကို တွေ့ရ၏။ စောလွန်းသော မင်းတို့ကို ဧကန်မှန် သည်ဟု မယူဆလိုလျှင် ဖြစ်နိုင်သော်လည်း ရခိုင်တွင် မြို့တည်၍ စာပေအရေးအသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ရှိသူတို့သည် ခရစ်နှစ်ဦးမှစ၍ ရှိနေကြသည်ဟု ဆိုလေသည်။ ယင်းတို့သည် ငွေဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူတို့နှင့် ခေတ်ပြိုင် ဖြစ်လေသည်။ သို့သော် ထိုစဉ်ကပေါ်ပေါက်ခဲ့သော မင်းတို့ အုပ်ချုပ်သော ပြည်သူတို့ကား မည်သည့်အမျိုးဖြစ်၍ မည်သည့်အခါကပင် ရခိုင်၌ အခြေစိုက်လျက် ပြည်ရွာထူထောင်သည်ကိုမူ မပြောနိုင်သေးချေ။
မည်သို့ဖြစ်စေ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်သော ရခိုင်လူမျိုးသည် ရှေးနှစ်ပေါင်း များစွာကပင် မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စာပေယဉ်ကျေးမှုဖြင့် အခြေစိုက် တိုးတက်လာသော လူမျိုးဖြစ်ပေသည်။
ရခိုင်စာပေ ယဉ်ကျေးမှုသည် သီးခြားလွတ်လပ်စွာ ထွန်းပြောင်ခဲ့ပေသည်။ ရခိုင်စာပေနှင့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်းစာများကို ဓညဝတီခေတ် (ဘီစီ ၅ ရာစုမှ အေဒီ ၄ ရာစု)မှ စ၍ ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။ ရခိုင်ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်းတို့ကိုလည်း ဝေသာလီခေတ် (အေဒီ ၁၅ ရာစုမှ ၁၈ ရာစု)တို့၌ အခိုင်အမာ တွေ့ရှိရလေသည်။ သို့သော် ရခိုင်စာပေသည် အေဒီ ၁၇၈၄ ခုနှစ် မြန်မာတို့နှင့် စစ်ဖြစ်ပြီးသော အချိန်နှင့် အေဒီ ၁၈၂၄-၂၆ ခုနှစ် ဗြိတိသျှနယ်ချဲ့တို့လက်အောက်ကို ကျရောက်သော အချိန်မှအစပြု၍ တဖြည်း ဖြည်း မှေးမှိန်ခဲ့ရလေသည်။[၁]
အခေါ်အဝေါ်[ပြင်ဆင်ရန်]
ရခိုင်လူမျိုးများအား ရခိုင်၊ အာရကန်၊ မောက် စသဖြင့်ခေါ်ဝေါ်မှုများလည်းရှိကြသည်။
အာရကန် ဆိုသောစကားအသုံးအနှုံးမှာ ပါဠိ အာရက္ခမှ ဆင်းသက်လာခြင်းဖြစ်ပြီး မိမိကိုယ်ကိုလည်းကောင်း ပတ်ဝန်းကျင်နိုင်ငံများကိုလည်းကောင်း စောင့်ရှောက်ခြင်း စောင့်ရှောက်သည့်လူမျိုးဟု အဓိပ္ပာယ်ရသည်။ အထူးသဖြင့် အနောက်တိုင်းစာပေများတွင် အသုံးများသည်ကို တွေ့ရသည်။
မောက်ဟူသော အခေါ်အဝေါ်မှာ ဘင်္ဂလီစာပေများတွင် ရခိုင်လူမျိုးများအား ခေါ်ဝေါ်သုံးစွဲသော စကားလုံးဖြစ်သည်။ ရခိုင်တို့သည် ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူရာ အိန္ဒိယပြည်မြောက်ပိုင်းမှမာဂတိုင်းသားများဖြစ်ကြသည်။ ယင်းမှ ဆင်းသက်လာသော အနွယ်တော်များ ဖြစ်သောကြောင့် မာဂတတိုင်းသားများ မောက် ဟုခေါ်ဝေါ်သုံးစွဲခဲ့ခြင်းဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ)ဟု အဓိပ္ပာယ်ရသည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက်သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြားလူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ဝင်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် ပြည်နယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတဝိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့်အနွယ်တူ ကမ်းယံလူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ဝင်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသား ဖော်ပြထားသည်မှာ ဗုဒ္ဓ ပွင့်တော်မမူမှီ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ဝ၀ ကျော်လောက်မှ စ၍ဓညဝတီကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓညဝတီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက်တွင် တွေ့ရှိရသည်။ အဆင့်အတန်းချင်း သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဝေသာလီ သပိတ်တောင် ဓညဝတီ ပြည်နယ်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့်ပြည်နယ် များဖြစ်ခဲ့ကြသည်။ သို့သော် ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံးကိုစည်းလုံး သိမ်းသွင်းသည့် မင်းဆက်များ မရှိခဲ့ပေ။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းရှိသံတွဲသည် ၁၃ ရာစုခန့်အထိ သီးခြားကင်းလွတ်ခဲ့သည့် ပြည်နယ်ဒေသအဖြစ် တည်ရှိခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များ၏ လက် အောက်ပြည် နယ်များအဖြစ် ကျရောက်ခြင်းမရှိပဲ သီးခြားကင်း လွတ်ခဲ့သည်။
ဘာသာရေး[ပြင်ဆင်ရန်]
ရှေးဦးပိုင်းတွင် ရခိုင်လူမျိုးတို့သည် ဟိန္ဒူအယူဝါဒကိုလက်ခံကိုးကွယ်ကြပြီး နောက်ပိုင်းတွင်မူ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်လာကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်လူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ ဓညဝတီခေတ် ဘီစီ ၅ ရာစုတွင် စန္ဒသူရိယဘုရင်မင်းမြတ်၏ပင့်ဖိတ်မှုကြောင့် ဂေါတမမြတ်စွာဘုရားရှင်သည် ရခိုင်ပြည်သို့ကြွရောက်တော်မူခဲ့သည်။ ထို့ပြင် အေဒီ ၆၅၂-၆၆၀ ခန့်က အာရပ်ကုန်သည်များမှ ရခိုင်ပြည်နယ်ကမ်ရိုးတန်များသို့ အစ္စလာမ်ဘာသာယူဆောင်လာသဖြင့် အစ္စလာမ်ဘာသာဝင်ရခိုင်လူမျိုးများလည်း ရှိကြသည်။[ကိုးကားချက်လိုသည်]
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ[ပြင်ဆင်ရန်]
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရသံ /r/ နှင့် ဂျသံ /j/ ထွက်ကွာသည်။
ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။[ကိုးကားချက်လိုသည်] ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင်ကိုင်ခြင်းအားကစားနှင့် ဆီမီးခွက်အကတို့သည်ထင်ရှားသည်။
ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုတွင် ရှိသည်။ ယခင်က အိန္ဒိယတို့နှင့် ဆင်တူသော ဝတ်စားဆင်ယင်မှုမျိုးရှိခဲ့သည်။ သို့သော် မြောက်ဦးခေတ် ကုန်ဆုံးချိန်မှ စ၍ ရခိုင်တို့၏ ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုများ မှေးမှိန်လာပြီး ဗမာလူမျိုး တို့၏ ဝတ်စားဆင်ယင်ပုံများ လွှမ်းမိုး လာခဲ့သည်။ ယနေ့အချိန်အခါတွင် ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကို ရိုးရာပုဆိုးနှင့် တွဲဖက်ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ဇာပုဝါကို ရင်စလွယ်သိုင်းပြီး ကော်လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို လုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၇ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
ရခိုင်ရိုးရာအကများ[ပြင်ဆင်ရန်]
- ဗုဒ္ဓပူဇနိယအက (ဆီမီးခွက်အက)
- ငစွေအက
- သျှင်ဒိုင်အက
- ပိုးဝါမင်းသမီးအက
- ယိမ်းအက
- ရထားပန်းယိုင်အက
ဘင်္ဂါ(၁၂)မြို့[ပြင်ဆင်ရန်]
- စစ်တကောင်း
- ရောင်ပူ
- ဂင်္ဂါသာရ
- ဒါကာ
- မောက်သူဇာ
- ကုမ္ဘီလာ
- သျှီလက်
- တိလင်္ဂါ
- ဂေါတောပလ္လင်
- ပဋိက္ကယား
- ကံသာ
- ဘရိသတ်
ရခိုင်ခေတ်များ[ပြင်ဆင်ရန်]
- ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BC အထိ၊
- ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BC အထိ၊
- တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ မှ ၃၂၇ BC အထိ၊
- ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိ၊
- လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ AD အထိ၊
- မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ AD အထိ၊
ရခိုင်(၇)မျိုး[ပြင်ဆင်ရန်]
ထပ်မံကြည့်ရှုစရာ[ပြင်ဆင်ရန်]
ရခိုင်မင်းဆက်
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အလံ
ထင်ရှားသော ရခိုင်လူမျိုးများ[ပြင်ဆင်ရန်]
- ဦးဦးသာထွန်း - ရခိုင်-မြန်မာ ပဏ္ဍိတ် သမိုင်းပညာရှင် [၂]
- ဆရာတော် ဦးဥတ္တမ
- ဦးမေအောင် - ကိုလိုနီခေတ်ပြည်ထဲရေး ဝန်ကြီး
- ဦးရဲကျော်သူ - မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဆုံးစတင်ခဲ့သူ ကိုလိုနီခေတ်သူဋ္ဌေးကြီး
- ဆရာကြီး ဦးရွေဇံအောင် - ပထမဆုံး ဗုဒ္ဓအဘိဓမ္မာကို အင်္ဂလိပ်ဘာသာပြန်ဆိုသူ
- ဦးစံရွှေ - သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီးဆရာကြီး
- ဦးအောင်ဇံဝေ - ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ဖြစ်မြောက်ရေး အကြံပေးအဖွဲ့ဝင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ ဝန်ကြီး
- ဦးချန်ထွန်း - ဥပဒေပါရဂူ
- ဒေါက်တာအေးမောင် - ရခိုင်အမျိုးသားပါတီ လွတ်တော် ကိုယ်စားလှယ်
- ဦးအေးသာအောင် - ပြည်ထောင်စု လွှတ်တော် ဒုဥက္ကဋ္ဌ
- ဒေါက်တာ အေးကျော် - သမိုင်းပညာရှင်
- မဟာသမ္မတ - နောက်ဆုံး ရခိုင်ဘုရင်
- မင်းဗာကြီး - မြောက်ဦးခေတ် ဘုရင်
- ဒေါက်တာအေးချမ်း - သမိုင်းပညာရှင်
- ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်
- ကိုင်ဇာ - အဆိုတော်
- နေထက်လင်း - ရုပ်ရှင်သရုပ်ဆောင်
- ဖော်ကာ WANTED fokker - အဆိုတော်
- နေတိုး (ရုပ်ရှင်သရုပ်ဆောင်)
- အောင်လွင် - ရုပ်ရုင်သရုပ်ဆောင်၊ ဒါရိုက်တာ
- ရတနာမိုင် - အဆိုတော်
- ဇွန်သံစဉ် - Miss Myanmar ပြိုင်ပွဲဝင်
- ညီမင်းခိုင် - အဆိုတော်၊ တေးရေးဆရာ
- မင်းသွေး - ရုပ်ရှင်သရုပ်ဆောင်
- သားငယ် - Myanmar Idol သရုပ်ဆောင်
- ခန့်စည်သူ - ရုပ်ရှင်သရုပ်ဆောင်
- ဦးဖေမြင့် - စာရေးဆရာ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
- ဦးညီပု - ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
လငၲးရောငၲစဥၲ(စာရေးဆရာ)