တောင်သားလူမျိုး

ဝီကီပီးဒီးယား မှ

တောင်သားလူမျိုးသည် ဗမာ လူမျိုးတမျိုး ဖြစ်၍ ဂန့်ဂေါခရိုင် ဂန့်ဂေါ၊ ‌ယော၊ ‌ဆော၊ ထီးလင်းနယ် ကျေးရွာများတွင် ‌နေထိုင်ကြသည်။ ‌တောင်သားလူမျိုးတို့သည် ပျူလူမျိုးများမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ မိရိုးဖလာဗုဒ္ဓဘာသာကို ကိုးကွယ်​ကြသည်။ အလုံး အရပ် အချိုးအဆစ်များမှာ ဗမာ‌တောင်သူလယ်သမားများနှင့် မခြားလှ‌ပေ။ ဆံပင်နက်၍ ‌ဖြောင့်သည်။ တောင်သား -ထမား(ထမင်း)၊ဟား(ဟင်း)

ယောက်ျားများသည် ဗမာ‌တောင်သူလယ်သမားများကဲ့သို့ ပင် ဝတ်ဆင်ကြပြီးလျှင် မိန်းမများသည် ‌အောက်ခံစကတ် သ‌ဘောမျိုးဝတ်၍ အင်္ကျီမဝတ်ကြပဲ ရင်တွင် တဘက်ဖြူ၊ သို့မ ဟုတ် အနက်ပတ်ထားကြသည်။ ‌ခေါင်းပတ်တဘက်များ ‌ပေါင်း ကြသည်။

တောင်သားလူမျိုးများသည် ရိုးသား၍ ဧည့်ဝတ်‌ကျေပြွန် သည်။ ဗုဒ္ဓအယူဝါဒနှင့် ရိုးရာနတ်များ ကိုးကွယ်ကြသည်။ ဘုရားသွား‌ကျောင်းထက် အလှူအတန်းကိစ္စရပ်များတွင် ‌ရှေး မြန်မာများ ထုံးစံဓ‌လေ့အတိုင်းပင်ဖြစ်သည်။ သာ‌ရေးနာ‌ရေး ကိစ္စများတွင် ရွာလုံးကျွတ် ဝိုင်းဝန်းကူညီတတ်ကြသည်။ နတ်မ ကြိုက်သည့် ကိစ္စများပြုခဲ့မိ‌သော် ကသွင်း‌ကြေး‌ပေးကြရသည်။ မ‌ပေးပါက နတ်ဖမ်းစားတတ်သည်ဟု ယူဆကြသည်။ ကသွင်း ‌ကြေးကို ကင်ပွန်း‌ကြေးဟုလည်း ‌ခေါ်ကြသည်။ ကသွင်း‌ကြေး မှာ ဆန်တစ်ပြည်၊ ‌ငွေတစ်မတ်၊ ကြက်တစ်‌ကောင်၊ ‌ခေါင်‌ရေ တစ်အိုးနှင့် ချည်ခုနစ်မျှင် ‌ပေးရသည်။

တောင်သားလူမျိုးတို့၏ အလုပ်အကိုင်မှာ လယ်ယာနှင့် ခြံ များ စိုက်ပျိုးလုပ်ကိုင်ခြင်းပင် ဖြစ်၏။ စပါး၊ ပဲ၊ ‌ရှောက်၊ လိမ်‌မော်၊ ကြက်သွန်၊ ငရုတ် စသည့် ‌ကောက်ပဲသီးနှံများ စိုက် ပျိုးကြသည်။ ‌နေထိုင်စား‌သောက်ရာတွင် ‌ဒေါင်းလန်းကြီးတစ်ခု တွင် ထမင်းဟင်းပြည့်စုံစွာထည့်၍ အိမ်သားအားလုံးဝိုင်းဖွဲ့ကာ လက်‌ရေတစ်ပြင်တည်း စား‌သောက်‌လေ့ရှိသည်။ ‌တောင်သား လူမျိုး အပျိုလူပျိုသည် မိဘသ‌ဘောတူသူနှင့်သာ လက်ထပ်ရ ‌လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅