အရှိုချင်းလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အရှိုချင်းလူမျိုး(Asho Chin)[ပြင်ဆင်ရန်]

အရှိုချင်းလူမျိုးဟာ “a scattered people even as grass between bricks - ကွဲပြား ပျံ့နှံ့နေပြီး၊ အုပ်ကြား မြက်ပေါက်လိုတောင် ဖြစ်နေတယ်” လို့ နားလည်လွဲခံရ ဖူးပါတယ်။ ( Burma Baptist Chronicle – page 345 ) အရှိုလူမျိုးရဲ့ သဘာဝက ထူးခြားတဲ့အတွက် ဒီလို နားလည်လွဲရတာ ဖြစ်သလို၊ အရှိုလူမျိုးကို သေချာစွာ မလေ့လာလို့လည်း နားလည်လွဲကြတာပါ။ အမှန်တော့ အရှိုလူမျိုးဟာ အုပ်ကြားမြက်ပေါက် မဟုတ်ပဲ၊ Cushion – “ကူရှင်” လို လူမျိုးတမျိုးသာ ဖြစ်ပါတယ်။ ကူရှင်ဆိုတာ အထိအခိုက်မခံတဲ့ အရာ၊ ကြေကွဲလွယ်တဲ့ အရာတွေရဲ့ကြားမှာ ထားတဲ့ နူးညံ့တဲ့ အခုအခံပါ။ ကူရှင်ဟာ ပင်ကိုယ်က တန်ဖိုးရှိလှတယ်လို့ မထင်ရပေမယ့်၊ အလွန်အသုံးဝင်တဲ့ အရာတမျိုးပါ။ အရှိုချင်းလူမျိုးဟာ သူ ပျံ့နှံ့နေထိုင်ရာ အရပ်တွေမှာရှိတဲ့ ပင်ကိုယ်သဘာဝ အလွန်ကွာခြားကြပြီး၊ အထိခိုက်မခံတဲ့ အချက်တွေရှိနေတဲ့ လူမျိုးတွေကြားမှာ ပြေလည်စွာနေထိုင်နိုင်သူ၊ စိတ်နေရိုးသား အေးဆေးသူ ဖြစ်ပါတယ်။

ဒေသ[ပြင်ဆင်ရန်]

အရှိုချင်းလူမျိုးရောက်ရှိနေထိုင်ရာ ဒေသများမှာ ရခိုင်ရိုးမတောင်တန်း - ရခိုင်လူမျိုးများနဲ့ ချင်းလူမျိုးများ ကြားမှာဖြစ်စေ၊ ဧရာဝတီနဲ့ စစ်တောင်းမြစ်ဝှမ်း မြေပြန့်ဒေသများ - ပျူလူမျိုးများနဲ့ ချင်းလူမျိုးများကြားမှာဖြစ်စေ၊ ပဲခူးရိုးမနဲ့ ရှမ်းရိုးမတောင်ခြေဒေသ - ရှမ်း၊ ကရင်နဲ့ ပျူလူမျိုးများ ကြားမှာ ဖြစ်စေ လူမျိုးရေး စိတ်နာမှုနဲ့ ဘာသာရေး ပြဿနာ ကင်းစွာနေနိုင်တဲ့ ကူရှင် လူမျိုးတမျိုး ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူမျိုးရေးမုန်းတီးမှုနဲ့ ဘာသာရေးပြဿနာတွေ ပြေလည်ဖို့အတွက် ကူရှင်လို လူမျိုးတွေ ရှိဖို့လိုပါတယ်။ ကူရှင်တွေကို တိုးတက်လာစေမှသာ လူအသိုင်းအဝိုင်းလည်း သက်တောင့်သက်သာ ဖြစ်လာမှာပါ။ အရှိုလူမျိုးတိုးတက်လာရင် သူ့ပတ်ဝန်းကျင်ဟာ အရင်ထက်ပိုပြီး တရားမျှတ ငြိမ်းချမ်းသာယာလာမယ်လို့ မြော်လင့်စရာပါ။ စိတ်အေးပြီး၊ ဘက်မလိုက်တတ်တဲ့ ကူရှင်လူမျိုးတွေဟာ ကမ္ဘာ့ လူသားတွေအတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်လို့ ဆိုနိုင်မယ်ထင်ပါတယ်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

ဝတ်စားဆင်ယင်မှုမှာ အလေးအနက်ထား ချယ်သတတ်သူ မဟုတ်ပါ။ အဆောင်အယောင်နဲ့ လူကြားထဲ တိုးဝင်ဖို့ ကြိုးစားသူ မဟုတ်ပါ။ ဝတ်ကောင်းစားလှနဲ့ ဟိတ်ဟန်ထုတ်လေ့၊ ဝါကြွားလေ့၊ ခြောက်လှန့်လေ့ မရှိကြပါ။ အရှိုလူမျိုးဟာ ရုပ်ဝတ္ထု ပစ္စည်းတွေကို စွဲလန်းတဲ့ Materialistic people မဟုတ်ပါ။ ဒါကြောင့် သူတို့ မချမ်းသာပါ။ မချမ်းသာလို့လည်း ဝမ်းမနည်း၊ မသိမ်ငယ်ကြပါ။ လောဘကြီးတဲ့ လူတွေထဲမှာ အရှိုအများစု မပါပါ။

အရှိုချင်းတွေရဲ့ ရိုးရာအဝတ်အထည်မှာ ကြက်သွေးနီရောင်၊ အနက် အဓိကပါပြီး၊ အပြာ၊ အဝါနဲ့ အစိမ်းတို့က သီးခြားလိုင်းကလေးများအဖြစ် ပါးပါးကလေးပဲ ပါပါတယ်။ အနီရင့်ရောင်က ရဲရင့်မှု၊ အနက်ရောင်က တည်ကြည် ခန့်ညားမှုနဲ့ မြင့်မြတ်မှုကို ပြပါတယ်။ အပြာ၊ အဝါနဲ့ အစိမ်းတို့ နည်းနည်းစီပါတဲ့အတွက် ခပ်ပြတ်ပြတ် တုံးတိကြီး မဟုတ်သလို၊ အရောင်များကို မရောယှက်ပဲ သီးခြား အစင်းကလေးများသာ ဖြစ်တဲ့အတွက် ရောလိုက်၊မျောလိုက် Compromise လုပ်သူမဟုတ်ပါ။

ရွှေဆွဲကြိုး မဟုတ်ပဲ၊ ငွေဆွဲကြိုးကို အရှိုချင်း အမျိုးသမီးများ ဆင်ယင်လေ့ရှိတဲ့အတွက် ငွေရောင်ဟာ တည်ငြိမ် အေးချမ်းမှုကို ပြပါတယ်။ အမျိုးသမီးတွေက နားပေါက်မှာ နားကပ်မပန်ပဲ၊ မှန်ဝိုင်းပါတဲ့ နားတောင်းကို ပန်ကြတာကတော့ သူတို့လည်း လှချင်တာတော့ မြင်သာတယ်လို့ ဆိုရမှာပါ။ အမျိုးသမီးတွေ ပါးမှာ ပါးရဲထိုး ( ဆေးမှင်ကြောင်ထိုး ) တဲ့ ဓလေ့ကတော့ လှချင်ရုံနဲ့ အသားအနာခံ၊ ရုပ်အလှပျက်ခံ မထိုးလောက်ကြပါဘူး။ အမျိုးသားတွေလည်း မထိုးကြပါဘူး။ ရှေး လူမျိုးခြားဘုရင်တွေ တော်ကောက်မှာ စိုးလို့၊ ရာထူး အာဏာ မရှိပေမယ့် ငယ်ငယ်ကတည်းက သံယောဇဉ်တွယ်ခဲ့ရတဲ့ ငယ်ချစ်နဲ့ ဝေးမှာ စိုးလို့ပဲ ဖြစ်မှာပါ။ ရာထူး အာဏာကို အလွဲသုံးစားလုပ်ပြီး၊ အချစ်ကို နားမလည်၊ အလှမက်တဲ့ ဘုရင်တွေရဲ့ ရန်နဲ့ဝေးဖို့ရာ အလှပျက်ခံလိုက်တဲ့ အရှိုချင်း အမျိုးသမီးတို့ရဲ့ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်၊ မလှတော့ပေမယ့် ဆက်ချစ်သွားနိုင်တဲ့ အရှိုချင်း ယောင်္ကျားတို့ရဲ့ တည်ကြည်တဲ့ စိတ်ဓာတ်တွေဟာ ထူးခြားလှပါတယ်။ စိတ်ဓာတ် အဆင့်အတန်း မနိမ့်ဘူးလို့ ဆိုရမှာပါ။ “လူသည် မိမိအိမ်၌ ရှိသမျှသော စည်စိမ် ဥစ္စာတို့ကို မေတ္တာဖို့ ပေးချင်သော်လည်း အလွန်တရာ မထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။” - ရှောလမုန်သီချင်း ၈၀: ၇ ။ ဒီနေ့ခေတ် အရှိုတွေမှာ ပါးရဲထိုးတဲ့ ဓလေ့မရှိတော့ပေမယ့် ငွေကြေးနဲ့ ရာထူးအာဏာ အလွဲသုံးစား အပြုအမူတွေကိုတော့ လက်ခံကျင့်သုံးကြမှာမဟုတ်ပဲ၊ လူမျိုးသဘာဝအရ အနစ်နာခံကာ တနည်းနည်းနဲ့ ကိုယ့်လမ်းကိုလျှောက်နေကြဆဲ ဖြစ်မှာ အမှန်ပါ။

အစားအစာ[ပြင်ဆင်ရန်]

အရှိုတို့ရဲ့ အစားအသောက်မှာ မဆလာ၊ အရောင်တင်နဲ့ ဆီ ပါဝင်လေ့မရှိပါ။ ဒါကြောင့် အရှိုဟာ ရိုးရှင်းစွာနေထိုင်သူဖြစ်ပါတယ်။ ဟိတ်ဟန်တွေ၊ အဆောင်အယောင် ချယ်သမှုတွေ သူ့မှာမရှိ။ လှည့်စားမှု (အရောင်တင်) နဲ့ ဆွဲဆောင်မှု (မဆလာ)တွေလည်း မရှိ။ သူဟာ ပဲဟင်းတခွက်ကို မဆလာတွေ၊ အရောင်တင်တွေ ချယ်၊ ဘာဟင်မှန်းမသိရတဲ့ အနီရောင်ဟင်းတခွက်ဖြစ်အောင်လုပ်ပြီး၊ အမွှေးအကြိုင်ကောင်းကောင်းနဲ့ ညီအကိုချင်းကို ပဲဟင်းညာကျွေးတဲ့ Jacob ယာကုပ် လို လူမျိုးမဟုတ်ပါ။ ဒါကြောင့် သူတပါးမုန်းတီးခြင်းကို ခံရတဲ့ လူမျိုးတမျိုး မဟုတ်ပါဘူး။ အရှိုတယောက်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ ဆီပြန်ဟင်းတွေကို ရေရှည်မစားနိုင်ပါ။ သူ့ကိုယ်ခန္ဓာ လိုအပ်ချက်နဲ့ မကိုက်ညီပါ။ သူစားလေ့ရှိတာက အပြုတ်၊ အသုတ်နဲ့ အထောင်းတွေ ပိုများပါတယ်။ အရှိုတွေဟာ ဟင်းစားမမက်သူ၊ ဟင်းငတ်ခံနိုင်သူဖြစ်ပါတယ်။ အချိန်အတော်ကြာကြာ ဖြစ်သလို နေထိုင်စားသောက်ပြီးကာမှ ဟင်းကောင်းတခွက်ကို သူစားနေကြချက်ပြုတ်ပုံမျိုးနဲ့ အားရပါးရ စားလိုက်ရတဲ့အခါ - အွန်ဟာ ပ္လေဟို့ - “On Har Plae Hgo” - `ဟင်းငတ်ပြေတယ်´ လို့ ရေရွတ်လေ့ရှိပါတယ်။ အကြာကြီးနေပြီးမှ အားရပါးရ စားလေ့ရှိပြီး၊ အစားအသောက်ပြင်ဆင်ပုံလည်း မလှပတော့ `ချင်းစား၊ လင်းစား´ လို့ အပြောခံရသူ ဖြစ်ပါတယ်။ အရောင်တင်နဲ့ မဆလာတွေ မသုံးပေမယ့် ဟင်းနဲ့လိုက်ဖက်တဲ့ ဟင်းခတ်အမွှေးအကြိုင်အတွဲတွေတော့ သူ့မှာရှိပါတယ်။ ပင်စိမ်း၊ ကြက်ဟင်းခါးရွက်၊ ရုံးဗွေ၊ ပိတ်ချင်း၊ ဗိစပ်၊ ကန့်ဘလူ - - - - - - - - စတဲ့ ဟင်းကို အရသာ ထိန်းပေးတဲ့အရာတွေကို ဟင်းနဲ့ လိုက်ဖက်စွာ၊ ထိရောက်စွာ သုံးစွဲတတ်ကြပါတယ်။ ဘိုးဘွားတွေ လက်ထက်ကတည်းက တွဲလာခဲ့တဲ့ ဟင်းအဖက်အစပ်တွေဟာ တခြားနည်းနဲ့ ပြင်ချက်ရင် လိုက်မှီဖို့ ခက်ခဲပါတယ်။ သူ့ဟင်းချက်ပုံဟာ ရုတ်တရက်ကြည့်ရင် အရောင်မပါ၊ အနံ့ မဆွဲဆောင်တဲ့အတွက် အတော်ညံ့မယ့်ဟင်းလို့ ထင်ရတတ်ပါတယ်။ စားကြည့်ရင်တော့ အဖက်အစပ် ထူးထူးခြားခြား ကောင်းမွန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဟင်းပြင်မလှပေမယ့် ဟင်းအထာတော့ သိတယ်လို့ ဆိုရမှာပါ။ ငရုပ်သီးအစပ်စားနိုင်တာကိုကြည့်ပြီး- `မလေးအစားအစာက မစပ်ဘူးထင်ရပေမယ့် - စားကြည့်တော့ အုန်းနို့ကြောင့် သိပ်မစပ် ၊ ထင်သလောက်မထက်တာတွေ့ရတယ်။ မြန်မာအစားအစာက စပ်မယ်လို့ထင်ရတဲ့အတိုင်း- စားကြည့်တော့ တကယ်စပ်တယ်၊ ထင်သလိုထက်တယ်။ သီရိလင်္ကာအစားအစာက ကြည့်တော့ မစပ်ဘူးလို့ထင်ရပေမယ့်- စားကြည့်တော့ အတော်စပ်တော့ ထင်တာထက် ပိုထက်တာကို တွေ့ရတယ်´ လို့ မှတ်ချက်ချကြပါတယ်။ ဒါဆိုရင် မြန်မာငရုပ်ထက် အရှိုစားတဲ့ ချင်းငရုတ်က ပိုစပ်တာကိုတော့ အသိအမှတ်ပြုကြရမှာပါ။ `ချင်းရဲ- ဆွဲထုတ်´ လို့ ဆိုစကား ရှိခဲ့တာမဟုတ်လား? ပြည်တွင်းက တိုင်းရင်းသားတချို့မှာ မှိန်းစရာ ဘိန်း၊ မူးယစ်ဆေး ပြဿနာရှိသလို၊ အရှိုအမျိုးသားတွေမှာ သွေးဆူစေတဲ့ အရက်က အဓိကပြဿနာ ဖြစ်ပါတယ်။ ရှေးက သုံးစွဲခဲ့တဲ့ ကောက်ညှင်းနဲ့လုပ်တဲ့ ခေါင်ရည်နဲ့ အရည်အသွေး စိစစ်မှုမရှိတဲ့ ပြည်တွင်း ပုဂ္ဂလိက စက်ရုံချက်အရက်တွေရဲ့ ကွာဟတဲ့ ဆိုးကျိုးကို အရှိုတွေ အတော်ခံရပါတယ်။ ဒါကြောင့် လူမှုရေးကူညီစောင့်ရှောက်တဲ့အနေနဲ့ အရက်ဖြတ်ဌာနတွေနဲ့ အရက်ကြောင့် ဖြစ်ရတဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီးလုပ်ဖို့ လိုအပ်နေပါတယ်။

တေးသီချင်း[ပြင်ဆင်ရန်]

အရှိုချင်းတို့ရဲ့ ပင်ကိုယ်စိတ်ထားက သူတို့ရဲ့ သီချင်းအကြောင်းအရာတွေကို ရွေးချယ်ပေးပါတယ်။ တချို့လူမျိုးတွေရဲ့ သီချင်းတွေမှာ အိမ်ထောင်မှုကိစ္စနဲ့ လိင်ကိစ္စတွေ ညစ်ညမ်းစွာပါတတ်ပါတယ်။ အရှိုတယောက်အတွက်တော့ လိင်ကိစ္စဟာ တဦးချင်းရဲ့ သီးသန့်ကိစ္စ (Private) သာဖြစ်ပြီးတော့၊ လူအများ Public ရှေ့မှာ ပြောဖို့ရာ ရှက်စရာပါ။ တခါ- `လိမ်မာပါတယ်…. ဗမာမလေး စိတ်မညိုနဲ့…´ လို့ ရှမ်းအဆိုတော်လို သူတပါးအမျိုးကို ချစ်ကြောင်း သူလိုက်မဆိုနိုင်သလို၊ `ရိုးသားတဲ့ ကရင်မလေးရယ်´ လို့လည်း ဗမာအဆိုတော်လို သူတပါးအမျိုးကို ရိသဲ့သဲ့ မဆိုတတ်ကြပါ။ အရှိုချင်းတယောက် တပါးအမျိုးနဲ့ အိမ်ထောင်ကြမိနိုင်ပေမယ့်၊ သူမှန်တယ်၊ လူတိုင်းလုပ်ရမယ်လို့ လူအများရှေ့မှာ မပြောသာပါ။ သူတယောက်ရဲ့ သီးသန့်ကိစ္စအဖြစ်သာနေရပါတယ်။ ဒီ့အပြင် အရှိုတယောက်ရဲ့ သီချင်းမှာ … အမြဲတမ်းအချစ်တွေကြီးပဲ ထပ်မနေတတ်ပါ။ ပြည်တွင်းက မြန်မာသီချင်းတွေရဲ့ အားနည်းချက်က ယောက်ျားနဲ့ မိန်းမချစ်တဲ့အချစ်ကို လူငယ်တွေလည်းဆို၊ ကလေးပေါက်စနတွေလည်းဆို၊ အသက်ကြီးပိုင်းတွေလည်း အရှက်ကင်းမဲ့စွာဆိုနေကြရတာပါ။ အရှိုတွေကတော့ အသက်ကြီးရင် အချစ်သီချင်းမဆိုတော့ပါ။ သီချင်း ရေးသားစရာအကြောင်း ရှားပါးနေခြင်းပါပဲ။ တွေးတော ဆင်ခြင်ရတာကို သနာပါတဲ့ အရှိုတွေအတွက်တော့ ဖိုမအချစ်အပြင် တခြား ပြောစရာတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် အရှိုလူငယ်တွေ သီချင်းရေး၊ စာပေရေးသားကြရင် ဖိုမအချစ်ကို သူများလိုက်ရေးသလို ရေးဖို့မလိုပါဘူး။ အကြောင်းအရာသစ်တွေ ထုတ်ပေးနိုင်ကြပါလိမ်မယ်။ ဆလိုင်းတင်မိုးနဲ့ ဆလိုင်းကျော်သိန်းတို့ရဲ့ အရှိုသီချင်းများ ရေးသားသီဆိုနေတာဟာ အရှိုစကားကို ထိန်းသိမ်းရာရောက်သလို၊ အရှိုလူမျိုးရဲ့ အတွေးအခေါ်၊ စိတ်ဓာတ်တွေကို တခြားသူတွေလည်း သိလာနိုင်ဖို့လည်း အထောက်အကူပြုပါတယ်။ တခါက…. အခုဒီဝက်ဆိုဒ်မှာတင်ထားတဲ့ ဆလိုင်းတင်မိုးရဲ့ Ango Saung Saung သီချင်းကို မိတ်ဆွေတယောက်က ကြားပြီး၊ အဓိပ္ပါယ်မေးပါတယ်။ သားနဲ့သမီးကို မနက်စောစောထဖို့၊ နေထွက်လာပြီ၊ ငှက်ကလေးတွေ စတင်လှုပ်ရှားနေကြပြီ၊ အိပ်ပဲနေရင်တော့ အိမ်ထောင်ဟာ တိုးတက်မှုမရှိဘဲ၊ ယုတ်လျော့နေမယ်လို့ ဆိုနေတာလို့ ပြောပြတယ်အခါ `တယ်ဟုတ်ပါလား´လို့ ချီးကျူးပါတယ်။ ဒီလိုအဓိပ္ပါယ်ကောင်းတဲ့သီချင်းကလေးတွေ ပြည်တွင်းမှာ ကြားရခဲတယ်မဟုတ်လား။ ဒါကြောင့် အရှိုတွေအနေနဲ့ အတွေးအခေါ်ပိုင်းမှာ သန့်ရှင်းစွာတွေးတတ်၊ ကျယ်ပြန့်စွာတွေးတတ်တဲ့သူတွေများပြားစွာ ပေါ်ပေါက်ဖို့ အရှိုလူငယ်တွေကို ပြုစုပျိုးထောင်၊ အားပေးသင့်ပါတယ်။

တေးဂီတနှင့်စပ်ဆိုင်သော ထူးခြားမှု[ပြင်ဆင်ရန်]

ပြည်တွင်းတေးဂီတလောကမှာ ကရင်လူမျိုး Lead ဂီတာသမား စောဘွဲ့မှူးနှင့် ကိုချစ်စမ်းမောင်တို့ ထင်ရှားကြပါတယ်။ ချင်းလူမျိုးတွေကတော့ Bass ဂစ်တာကို နှစ်သက်ခုံမင်ပြီး ထင်ရှားတယ်လို့ ဆိုနိုင်လောက်ပါတယ်။ တချိန်က Aces တီးဝိုင်းမှာ ဇာလျန်း၊ Emperor တီးဝိုင်းမှာ ကျင်ခန်းပုံး၊ Iron Cross မှာ ဆလိုင်းခင်မောင်သန့် နဲ့ Lazy Club မှာ ကျင်ပိ ..... တို့ဟာ Bass ဂစ်တာတီးပြီး ထင်ရှားကြပါတယ်။ Lead ဂစ်တာဟာ ဦးဆောင်ပြီး တေးသွားအလှ ဖေါ်ပေးတယ်ဆိုရင်၊ Bass ဂစ်တာဟာ ပုံမှန်တီးရင်း၊ သီချင်းကို နောက်ကနေ ခိုင်မာအောင် ပံပိုးပေးတာလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ ရိုးရိုးရှင်းရှင်း (တုံးတိ) ကြီးနဲ့၊ နောက်တန်းက သစ္စာရှိစွာ ပံ့ပိုးတတ်တဲ့ စိတ်ထားကို မြင်သာစေတဲ့အချက်တချက်ပါ။

အရှို စကားနဲ့ စာပေ[ပြင်ဆင်ရန်]

အရှိုစကားဟာ သတိထားထိန်းသိမ်းရမယ့် အခြေအနေကို ရောက်နေပါပြီ။ အရှိုစကားဟာ ဗမာစကားထက် ပြောရခက်ပါတယ်။ ( ဗမာစကားထက် စကောကရင်စကားက ပိုပြီး ပြောရလွယ်ပါတယ်။) ပြောရခက်တဲ့စကားကို လူပြောနည်းတာ သဘာဝပါ။ လေယူလေသိမ်း။ အဖိအဖေါ့၊ အနိမ့်အမြင့်တွေက ပြောရခက်စေပါတယ်။ ပြောနေမကျပဲ ပြောရင် အလွန် ထောင့်ထောင့် အောင့်အောင့်နေပါတယ်။ တခါ အရှိုစကားဟာ အရေးတကြီးပြောမယ်ဆိုရင် လိုရာ မြန်မြန်မရောက်တတ်ပါဘူး။ အရှိုစကား ကောင်းကောင်း ပြောတတ်သူတွေပင် အရေးကြီးတဲ့အခါ ဗမာလို ရောပြောသွားတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေက လူငယ်တွေကို ဗမာစကားပြောတာကို မဟန့်တားပဲ ဗမာစကားကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောဖို့သာ တိုက်တွန်းသင့်ပါတယ်။ ဘာသာစကားဟာ လူအချင်းချင်း ဆက်သွယ်ရေးအတွက် အသုံးဝင်တာကြောင့် ဘာသာစကားအမျိုးပေါင်း များများ ပြောနိုင်လေလေ၊ ပိုကောင်းလေပါပဲ။ အရှိုစကားကို အရှိုတွေ ဘာကြောင့် ပြောသင့်သလဲ? ဗမာစကား ပြောတတ်ရင် ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်ပြောဆိုလို့ ရပြီမဟုတ်လား? ဘာလိုသေးလို့လဲ? … လို့ လူငယ်တွေက စောဒက တက်နိုင်၊ ဆင်ခြေပေးနိုင်ပါတယ်။ လူကြီးတွေက အရှိုမိုလို့ အရှိုစကား ပြောရတာပေါ့ကွလို့ ဒေါသနဲ့ ဖြေတတ်ပါတယ်။ ဒါဟာ ပညာပါတဲ့အဖြေ၊ ထိရောက်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ အရှိုစကားရဲ့ သဘာဝကို လေ့လာရပါမယ်။ တခြားနီးစပ်ရာစကားတွေနဲ့ ဘာကွာသလဲ? … လို့ လေ့လာရပါမယ်။ ဥပမာ… ဗမာစကားဟာ ပြောရလွယ်ပါတယ်။ ဝေါဟာရကြွယ်ပါတယ်။ ကြည့်ကောင်းအောင် အများကြီး လှည့်ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့မှာ စိတ်ခံစားချက်ကို ဖေါ်ပြတဲ့စကား၊ စိတ်နေစိတ်ထားကို ဖေါ်ပြတဲ့စကား ရှားပါးလှပါတယ်။ ဒုက္ခပဲလို့ ညည်းတဲ့အခါ ဒုက္ခဆိုတာ တခြားစကားကို ငှါးသုံးထားတာပါ။ ထို့အတူ လောဘ၊ မောဟ၊ မာန စတဲ့ စကားတွေကို တခြားစကားကနေ ယူသုံးထားရပါတယ်။ စိတ်ခံစားချက်တွေကို စကားနဲ့ ဖေါ်ပြရာမှာ အားနည်းတဲ့အတွက် မြန်မာရုပ်ရှင်တွေဟာ မလိုအပ်ပဲ အသံကျယ်ကျယ် ပြောနေရပါတယ်။ ( မြန်မာရုပ်ရှင်တွေ အဆင့်အတန်းနိမ့်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဗမာစကားရဲ့ သဘာဝကိုလည်း ထည့်စဉ်စားသင့်ပါတယ်။ ) ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်စကားနဲ့ ရှင်းပြလို့မရရင် တခြားစကားယူသုံးဖို့ ဝန်မလေးသင့်ပါဘူး။

အရှိုစကားရဲ့ ထူးခြားချက်တခု[ပြင်ဆင်ရန်]

အရှိုစကားရဲ့ ထူးခြားချက်တခုက စိတ်ခံစားချက်၊ စိတ်နေစိတ်ထားကို ဖေါ်ပြတဲ့ အသုံးအနှုန်းတွေ ပေါများခြင်းပါပဲ။ ဥပမာ… သမီးငယ်ကလေးတယောက် အလှအပ ပိုပိုသာသာလေး ပြင်ထားရင် `ဆာဟေးဟို့ ´ “Sahay Ho” လို့ ပြောကြပါတယ်။ ဒီစကားကို ဗမာလို ရှင်းပြဖို့ခက်တယ်ဆိုတာ အရှိုတိုင်းသိပါတယ်။ အနီးစပ်ဆုံး ခေတ်ပေါ် ဗမာဗန်းစကားနဲ့ ပြောရင် `ပဲများတယ်ပေါ့´။ ဒါပေမယ့် အဒေါ်တယောက် ပွဲလမ်းသဘင်သွားဖို့ အသေအချာ ပြင်ထားပြီဆိုရင်၊ `ဆာဟေးဟို့´ လို့ပဲ ပြောကြပါတယ်။ မရိုင်းတဲ့ အပြင်၊ ချစ်စရာ စနောက်သလို ဖြစ်စေပါတယ်။ အဒေါ်ကို `ပဲများတယ်´ လို့ ပြောရင်တော့ ရိုင်းပြီပေါ့။ အဲဒီလိုကွာပါတယ်။ ဒီ့အပြင် .. `ဒလူဟို့ Dalu Ho” ၊ `ရှိုရှိုင်နောက်ကို Shoshine Nauk Ko” ၊ `နှယောဟို့ Hna Yaw Ho” ၊ `ရှင်မောင်ဟေးဟို့ Shin Maung Hay Ho” ၊ ငွှန်နို့ Hgnon Noh” ။ …………စသဖြင့် အများအပြား ရှိပါတယ်။ ဒီစကားတွေကို သပ်သပ်လေ့လာ စုစည်းထားနိုင်ကြမယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်။ ဒီအချက်ကိုကြည့်ရင် အရှိစကားဟာ ထူးခြားပြီး သူပါမှ ဖြစ်မယ့်နေရာ ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။