မာတိကာသို့ ခုန်သွားရန်

လူးရှမ်းလူမျိုး

ဝီကီပီးဒီးယား မှ
(တိုင်းလွယ်လူမျိုး မှ ပြန်ညွှန်းထားသည်)

လူးရှမ်းလူမျိုး (လူး: ᦺᦑᦟᦹᧉ, /taj˧˧.lɯː˥/; ရှမ်း; တႆးလိုဝ်ႉ; ထိုင်း: ไทลื้อ; အင်္ဂလိပ်: Tai Lue) သည် တိုင်လူမျိုးစုဝင် တစ်ခုဖြစ်ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြန်မာနိုင်ငံရှမ်းပြည်နယ်လာအိုမြောက်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နေထိုင်ကြသည်။ "တိုင်လူး" ဟုလည်း ခေါ်ကြပြီး၊ လူးရှမ်းဘာသာစကားသည် ခရာ-ဒိုင်ဘာသာစကားမိသားစုဝင်ဖြစ်သည်[]ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။

လူးရှမ်း
ᦺᦑᦟᦹᧉ
လူးအမျိုးသမီး (၁၉၀၁)
လူဦးရေ စုစုပေါင်း
အနည်းဆုံး ၁.၂သန်း[]
အများစု နေထိုင်သည့် နေရာ
 တရုတ် (ယူနန်ပြည်နယ်)
 မြန်မာ (ရှမ်းပြည်နယ်)
 လာအို မြောက်ပိုင်း
 ထိုင်း မြောက်ပိုင်း
ဘာသာစကား
လူးရှမ်းဘာသာစကား၊ တရုတ်ဘာသာစကားမြန်မာဘာသာစကားထိုင်းဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ရှမ်း, တိုင်းလေ့, ဂုံရှမ်း, ယွန်းရှမ်း, အခြားတိုင်လူမျိုးများ

လူးလူမျိုးသည် ရှမ်းလူမျိုးနွယ်စုတစ်ခုဖြစ်၍ ကျိုင်းတုံနယ် အတွင်းပိုင်းတောင်တန်းဒေသရှိ ကျေးလက်ဒေသများ၊မိုင်းယောင်းမြို့နယ် တို့တွင် နေထိုင်လေ့ရှိကြပြီး မိုင်းယောင်းမြို့နယ်တွင်နေထိုင်သော လူးရှမ်းများကို တိုင်းယောင်းဟုလည်းခေါ်ဆိုကြသည်။ ကျိုင်းတုံနယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ဂုံလူမျိုး တို့ အနေများလေသည်။ ကျိုင်းတုံဈေးနေ့များတွင် ယင်းတို့ကိုတွေ့ရတတ်သည်။ လူးနှင့် ဂုံ(ခွန်)လူမျိုးတို့၏ စာပေအရေးအသားသည် မတူကြသော်လည်း မျိုးရိုးနှင့် ဓလေ့ ထုံးစံတို့မှာ ခြားနားခြင်းများစွာမရှိလှဟုသိရသည်။ လူးလူမျိုးတို့သည် တရုတ်နိုင်ငံတောင်ပိုင်း ချေလီခေါ် ကျိုင်းရုံးကြီးဘက်မှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။ ယခုတိုင် ယိုးဒယားနိုင်ငံမြောက်ပိုင်း လန်ဖုန်းနှင့် အခြား ခရိုင်များ၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ကျိုင်းရုံးကြီးနယ်(လူးတဆယ့်နှစ်ပန္နား)ခေါ် ဆစ်ဆောင်ပန်းနား တို့တွင်လူးလူမျိုးများစွာ နေထိုင်လျက်ရှိသည်။

သမိုင်း

[ပြင်ဆင်ရန်]

လူးရှမ်းများ၏ အစောဆုံးအခြေချရာဒေသသည် ယနေ့တရုတ်နိုင်ငံ စစ်ဆောင်ပန္နား (Sipsongpanna) ဖြစ်သည်။ ၁၃ ရာစုနှောင်းပိုင်းတွင် လူးရှမ်းများသည် "စစ်ဆောင်ပန္နား" အစိုးရကို ဖွဲ့စည်းခဲ့ပြီး အိမ်နီးချင်း တိုင်လူမျိုးများ၊ ရှမ်း, ယွန်းလူမျိုး စသဖြင့် ယဉ်ကျေးမှုနှင့် စီးပွားရေးအပြန်အလှန် ဆက်ဆံမှုရှိခဲ့သည်[]

၁၉ဝ၁-ခုနှစ် သန်းခေါင်စာရင်းအရ လူးလူမျိုး ၁၆၂၂၇ ရှိ၍ ဂုံလူမျိုး ၄၁၄၇ဝ ရှိရာ စုစုပေါင်း ၅၇၆၉၇ ရှိလေသည်။ ၁၉၃ဝ-ခုနှစသန်းခေါင်စာရင်း၌မူ ဂုံလူမျိုး ၃၁၂၃၄ ရှိ၍ လူးလူမျိုး ၃ဝဝ၃၁ ရှိရာ စုစုပေါင်း ၆၁၂၆၅ ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံအပတွင် နေထိုင်လျက်ရှိသော လူးလူမျိုးဦးရေမှာ ထိုထက်များစွာပိုမိုလေသည်။ လူးလူမျိုးများသည် ဗုဒ္ဓဝါဒီများဖြစ်ကြသည်။[]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

လူးရှမ်းများ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး၊ ဘာသာရေးပွဲတော်များတွင် မီးထွန်းပွဲ(လမ်ပွဲ)၊ နတ်ပြန်ပွဲတို့ ပါဝင်သည်။ လူးရှမ်းများသည် ရွာအုပ်စုလိုက် အလင်းစည်းတိုင်များတည်ဆောက်၍ ဘုရားကျောင်းများတွင် ဆုတောင်းပွဲများ ပြုလုပ်သည်[]။ အိမ်ရာပုံစံမှာ သစ်သားနှင့် တစ်ထပ်လူနေအဆောက်အဦးများ ဖြစ်ပြီး၊ မြေကြီးပေါ်မတိုင်ခင် သစ်တောင်ထောင်၍ အိမ်ကြီးတည်ဆောက်သည်[]

ဘာသာစကား

[ပြင်ဆင်ရန်]

လူးရှမ်းဘာသာ (Kam Mueang Lue) သည် ခရာ-ဒိုင်မိသားစုဝင်ဖြစ်ပြီး၊ တိုင်ခွဲစကားပေါင်းများနှင့် ဆင်တူသော်လည်း အသံထွက်၊ စကားလုံးအသုံးများ၌ ခွဲခြားချက်ရှိသည်[]။ ၎င်းဘာသာစကားကို ယင်းတို့၏ ဗုဒ္ဓဘာသာကျမ်းစာများ၊ ကဗျာနှင့် ရိုးရာပုံပြင်များရေးသားရာတွင် အသုံးပြုသည်[]

လူးရှမ်းစာပေသည် တိုင်လူးအက္ခရာ (Lik Tai Lue) ဖြင့်ရေးသားပြီး၊ ဗုဒ္ဓကျမ်းစာများ၊ ရိုးရာပုံပြင်များ၊ သမိုင်းမှတ်တမ်းများစွာရှိသည်[]။ Lik Tai Lue အက္ခရာသည် မီးထွန်းပွဲများနှင့် ဘုရားကျောင်းတော်ထဲတွင် သာသနာရေး အကြောင်းအရာများကို လက်ရေးသည့်စာအုပ်များတွင် သုံးသည်[၁၀]

ဝတ်စားဆင်ယဉ်ပုံ

[ပြင်ဆင်ရန်]

လူရှမ်းအမျိုးသမီးများသည် ရိုးရာထည်တနီရောင်လုံချည်များ၊ အဆင်အပြောက်ထည်လက်အကွင်းနဲ့ အကျစ်ထည်ဖားလုံပေါ်ဝတ်လို့ ထင်ရှားသည်အမျိုးသားများက ရိုးရာတိုင်အင်္ကျီ၊ ရေပြင်အရောင်ဆံပင်အဖုံး (ခေါင်းထုပ်) ကို ဝတ်ဆင်ကြသည်။

  1. citation needed
  2. citation needed
  3. citation needed
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  5. citation needed
  6. citation needed
  7. citation needed
  8. citation needed
  9. citation needed
  10. citation needed

ဝတ်စားပုံမှာ ရှမ်းလူမျိုးများ၏ အဆင်တန်ဆာများဖြစ်သော အမည်းရောင်အင်္ကျီ၊ ဘောင်းဘီနှင့် ခေါင်းပေါင်းကြီးများကို ယောက်ျားများက ဝတ်ဆင်ကြသည်။ မိန်းမများကမူ လက်ကောက်ဝတ်ကျပ်သော အင်္ကျီလက်ရှည်ကို ဝတ်၍ ခေါင်းပေါင်းပွကြီးများကို ပေါင်းတတ်သည်။ လူးလူမျိုးတို့၏ နေအိမ်မှာ အထူးသဖြင့် အုတ်ကြွပ်မိုးနှင့် အုတ်အင်္ဂတေ အကာအရံဖြင့် ဆောက်လုပ်သော အိမ်များဖြစ်ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅

  1. မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၈၃