ချင်းလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ချင်းလူမျိုး
Chin Village.jpg
ချင်းလူမျိုးများ (၂၀၀၇)
အများစု နေထိုင်သည့် နေရာ
၂ သန်းကျော် (မြန်မာနိုင်ငံအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံ)၊

၅၀,၀၀၀+ အမေရိကန်ပြည်ထောင်စု၊ ၇၀,၀၀၀+ မလေးရှားနိုင်ငံ

၁၅,၀၀၀+ ဩစတြေးလျ၊ ဥရောပနှင့် အာရှ
ဘာသာစကား
ချင်း
အနည်းစု: အရှိုချင်း၊ ကူကီး၊ လိုင်၊ မြို
ကိုးကွယ်မှု
အများစု: ခရစ်ယာန်ဘာသာ
အနည်းစု: ရိုးရာကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာ

ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုးရှမ်းလူမျိုးဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ရာဇဝင်လာ[ပြင်ဆင်ရန်]

ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇဝင်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူးကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ်သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူက အကိုဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင်တော့မှာ မဟုတ်ဟု ဆိုကာ ကချင်ပြည်တွင် နေရစ်ခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။ ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့် ဖွဲ့စည်းခဲ့ကြသည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက် ဖြစ်သည်။


စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ် ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆိုသည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ်ချင်းဖြစ်သည်ဟု ဆိုရာမှ ချင်းဖြစ်လာသည်ဟု ဆိုသည်။ ၁၅၅၄ ခုနှစ်၊ မဏိပူရ်မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည် တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပါယ်ရသည့် Jim or Jen ကို ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက် ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာများတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့သည့် အထောက်အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။

၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။ အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍၎င်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်၊ ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစုသည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍၎င်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံးြုပခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာ အုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။ ဒေါက်တာ လျန်မှုန်းဆာ ခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciimnuai)ဒေသတွင် နေထိုင်ကြသူများကို ဇိုချင်း၊ Locom ဒေသတွင် နေ ထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြ သည် ဟုရေးသားခဲ့သည်။


လက်ရှိ ချင်းလူမျိုးများအတွင်း ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ စ သည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာ္ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်းအဖွဲ့ဝင် ဖြစ်လာခဲ့သည်၊၊

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး၃စုဖြစ်သည့် မွန်ခမာ အနွယ်တိဗက် မြန်မာအနွယ်နှင့်ထိုင်း တရုတ်အနွယ်တို့အနက်မှ တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည့် အခြေခံ အားဖြင့် ချင်းလူမျိုးတို့လည်း မေထေးချင်း ရိုး⁠ရိုးဟု ခွဲခြားထားသော်လည်း နေထိုင်ရာအရပ် ဒေသကိုခွဲ၍ လည်းကောင်းဒေသ အမည်ဖြင့် ခွဲခြားခေါ်ဝေါ်နေကြခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်) ချင်း၊ ဖလမ်းချင်း၊ အားခါချင်း မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပတ်လက်ချင်း၊ ပလက်ဝချင်းနှင့် ဝချင်း နှင့် မြေပြန့် ချင်းဟူ၍ အမည်အမျိုးမျိုးရှိ၍နေ ခြင်းပင်ဖြစ်သည်။

ချင်းပြည်နယ်မှ လူမျိုးအုပ်စုနေဖြင့် များစွာကွဲပြားခြားနားနေကြသော်လည်း စကားအုပ်စုအနေဖြင့်မှု အနည်းငယ်သာ ခြားနားမှုရှိသည် ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာ အသုံးအနှုံးများ ဝေါဟာရများ နှင့် လေယူလေသိမ်း အသံထွက်အလေးအပါ့သာ ကွဲပြားကြသည်။

ချင်းပြည်နယ်မြေပုံ

[၁]

ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ

ယနေ့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြသော မျိုးနွယ်စုများ ၏ပင်ရင်းအမည်သည် “ချင်း” ပင် ဖြစ်သည်။ “မီး”(mi) ဟူသည် ဗမာလို “လူမျိုး” ဟု အဓိပ္ပါယ်ရပါသည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမသည် ပို၍လူသိများ လာပြီဖြစ်သည်။

ချင်းတို့မူရင်းဒေသ[ပြင်ဆင်ရန်]

ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍၎င်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍၎င်း ယူဆခဲ့ကြသည်။ သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ဘီစီ (၂၀၀၀)ခန့်တွင် တရုတ်တို့သည် မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဖက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ်များမှာ၎င်း၊ တချို့မှာဟူးကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။ ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအနှစ်ရှာဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမိုျးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။ ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto- Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စုတွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်၊ မီဇို၊ နာဂနှင့် ဇိုစသည်တို့ ပါဝင်ကြသည်။

နေထိုင်ရာဒေသ[ပြင်ဆင်ရန်]

ချင်းလူမျိုးများနေထိုင်ရာ ဒေသကို အကြမ်းအားဖြင့်ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက်ဘက် စံမရနောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်း ရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက် ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဗင်္ဂလားအော် ရောက်လုနီးဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။

ချင်းလူမျိုးတို့ နေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ(၁၂၅ဝဝ) မြင့်သော စာရာမေတိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏။ ယင်း၏ အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်း ခေါ် မေထေးချင်းလူမျိုး တစ်မျိုး၏ ဒေသဖြစ်၏။ ထိုဒေသ၏ တောင်ဘက်၌သော် ချင်းတောင်စစ်စစ်ဟု ဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏တောင်ဘက်၌ (၁၀၄၀၀)မြင့်သော ဝီတိုရိယတောင်တစ်ဝိုက်ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်)ရှိသည်။ နောက်ဘက်၌ မြောက်ပိုင်း ရခိုင်တောင်တန်းဒေသ (ပလပ်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ မြောက်ဘက်ဒေသတို့ ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုး တို့ကို တွေ့ရပေသေးသည်။ ထိုဒေသများ၌ ချင်းလူမျိုးတို့ကို တွေ့ရပေသေးသည်။ ထိုမျှမကသေး၊ ချင်းလူမျိုးများကို ရခိုင်ရိုးမတောင်၏ တောင်ဘက်ပိုင်းတစ်လျှောက်နှင့် အရှေ့ဘက်မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များတွင် တွေ့ရသေး၏။ ထို ဒေသတို့နှင့် တစ်ဆက်တည်း ဖြစ်သော ပဲခူးရိုးမတောင်စွယ် တို့၌ပင် ချင်းရွာအချို့ ရှိနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံမှအပ ဘင်းဂလား​ဒေရှ့်နှင့် အာသံပြည်နယ်တို့၌လည်း ချင်းလူမျိုးများ ရှိပေသေးသည်။

တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူ လူမျိုးအချို့ကို မြန်မာနိုင်ငံတွင်းသို့ ရွေ့ပြောင်း ဝင်ရောက်ကြရာတွင် ချင်းလူမျိုးတို့မှာ အရှေ့မြောက်ဘက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ၍ နောက်ဝင်လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် နောက်ရိုးမ တစ်လျှောက်တွင် အခြေစိုက်လာခဲ့ကြဟန် တူပေသည်။ ထိုမှတစ်ဆင့် အနောက်ဘက်အာသံပြည်နယ် မဏိပူရပြည်နယ်နှင့် ဘင်းဂလား​ဒေရှ့် ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်းနေထိုင်ခဲ့ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဘက် ဧရာဝတီမြစ် ဝှမ်း မြေပြန့်ဒေသသို့၎င်း၊ ရခိုင်တိုင်းဒေသများသို့၎င်း ပျံ့နှံ့နေထိုင်လာကြသည်ကို တွေ့ရသည်။

ဘာသာစကားအလိုက် ချင်းအမျိုးကွဲပြားခြင်း[ပြင်ဆင်ရန်]

ချင်းလူမျိုးတို့ ပြောဆိုသော ဘာသာစကားများကိုလိုက်၍ ကသည်းခေါ် မေထေးအမျိုးနှင့် ချင်းရိုး⁠ရိုးဟု အမျိုးခွဲခြား သတ်မှတ်ထား၏။ ချင်းအမျိုးကို တစ်ဖန် ရှေးကုကီ၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းဟု ခွဲခြားပြန်သည်။ ပြောဆိုသော ဘာသာစကားတို့မှာ ဘာသာတူ အသံကွဲ စကားမျိုးသာ ပါဝင်သည်သာမက အခြေခံ၌သာ တူ၍ သီးခြား ဘာသာစကားများ ကွဲပြားနေသည်လည်း ရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ပင် ချင်းဘာသာစကား ၄၄ မျိုးမျှ ကွဲပြားနေပေသည်။ ၁၉၄၁ ခု မြန်မာနိုင်ငံသန်းခေါင် စာရင်းအရ ချင်းလူမျိုး ဦးရေမှာ ၃၅ဝ⁠ဝဝဝ ခန့် ရှိ၏။ ယင်းသို့ အမျိုးထွေပြားလှသော ချင်းလူမျိုးတို့အကြောင်းကို သိသာထင်ရှားအောင် ရေးသားချိန်မှာ ဘာသာစကားလိုက် ခွဲခြားသတ်မှတ်၍ ဖော်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။

ကသည်းချင်းများ[ပြင်ဆင်ရန်]

ချင်းအမျိုးကို ၂ စားခွဲခြားထားရာတွင် ပထမအမျိုး ဖြစ်သော ကသည်းချင်း(ခေါ်) မေ့ထေးချင်း Meithei (Kathe) တို့၏ အကြောင်းကို ကသည်းလူမျိုးတွင် စုံလင်စွာ ဖော်ပြထားသည်ကို ကြည့်ပါ။

ချင်းရိုး⁠ရိုးများ[ပြင်ဆင်ရန်]

အထက်ဖော်ပြထားသည့်အတိုင်း ချင်းရိုး⁠ရိုးများတွင် ပါဝင်သော ရှေးကုကီချင်း၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းတို့ကို အောက်တွင် ပိုမို၍ ရှင်းလင်းစွာ သိသာရန် တစ်မျိုးစီ သီးခြားဖော်ပြ ထားပါသည်။

ရှေးကုကီချင်းများ[ပြင်ဆင်ရန်]

ရှေးကုကီချင်းတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက်ကတည်းကပင် အာသံနယ်လူရှေတောင်တန်းဒေသ၌ အခြေစိုက်လာခဲ့ဟန်တူသော်လည်း သာဒိုးချင်းများ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဘက်သို့ ရွေ့ပြောင်း ပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ်တို့တွင် ယခုတွေ့ရသည်။ ရှေးကုကီချင်းတို့၏ ဘာသာစကားမှာ အလယ်ပိုင်း ချင်းတို့၏ ဘာသာစကားနှင့် နီးစပ်သည်ဟု ဆို၏။ ဤချင်းမျိုးတွင် ပါဝင်သူတို့မှာ ကချာနယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံး တွေ့ရသည်။ ထို့အပြင်ရန်ခေါနှင့် ာလမ်များ၊ မဏိပူရနယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တစ်ဝိုက်ရှိ ကျော သို့မဟုတ် ချောများလည်း ပါဝင်သည်။ ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃ဝ⁠ဝ ကျော်အထက်က ရခိုင်မိဖုရားစောမဲကြီးသည် ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီး စကား သက်ငယ်ကြား ရှေးသူဟောင်းတို့၏ စကားတွင် ဖော်ပြထားသော လူမျိုးများ ဖြစ်သည်။

မြောက်ပိုင်းချင်းများ[ပြင်ဆင်ရန်]

မြောက်ပိုင်းချင်းလူမျိုးတို့တွင်လည်း နီးစပ်ရာဘာသာ စကားအလိုက် (က) သာဒိုး(Thadou)ချင်းများနှင့် (ခ) စုတ်တေး (Sokte) ကမ်ဟောင် (Kamhau)နှင့် စီးယင်း (Siyin/ Sizang)ချင်းများဟု ၂ စုခွဲထားသည်။ သာဒိုး (၆ဝ⁠ဝဝ)နှင့် ယိုး (၁၄ဝဝ)တို့မှာ ယခင်က မြန်မာပြည်မတွင် နေခဲ့ကြဟန် တူ၏။ နှစ်ပေါင်း ၃ဝဝ၊ ၄ဝဝ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြသည်။ ယခုအခါတွင် တီးတိန်နယ်၏ မြောက်ဘက်အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။

စုတ်တေး (Sokte)၊ ကမ်ဟောင် (Kamhau)၊ စီးယင်း (Siyin/ Sizang)[ပြင်ဆင်ရန်]

၁၉၃၁ ခု သန်းခေါင်စာရင်းအရ စုတ်တေးချင်းဦးရေမှာ ၁၇ဝ⁠ဝဝ ကျော်၊ ကမ်ဟောင်ချင်း ၂ဝ⁠ဝဝ⁠ဝ ကျော်နှင့် စီးယင်း ချင်း ၃၅ဝ⁠ဝ ကျော်ရှိကြောင်း သိရ၏။ ယင်းတို့မှာ အကြမ်း အားဖြင့် တီးတိန်နယ်တွင် နေကြ၍ တီးတိန်ချင်းဟုလည်း ခေါ်ကြသည်။ စုတ်တေးချင်းတို့သည် တီးတိန်နယ်မြောက်ပိုင်း မဏိပူရမြစ် ကမ်းများပေါ်တွင် နေကြသည်။ အထက်မြန်မာ ပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကျိတ်အနယ် တိုက်ယူ ရသော ချင်းတို့မှာ စိယင်ချင်းများ ဖြစ်၏။ အမည်ရင်းမှာ ရှီယန်တေးဖြစ်၏။ မြန်မာတို့က သူတို့ကို စိယင်ဟု ခေါ်ကြ သည်။

စီးယင်းချင်းတို့မှာ လူဦးရေနည်း၍ ရွာကြီး ၈ ရွာလောက် တွင်သာ နေလင့်ကစား စစ်မှုထမ်းခြင်းတွင် လက်ဦးဖြစ်ခြင်း၊ တိုးတက်လိုခြင်းတို့ကြောင့် အရေးပါလှသူများ ဖြစ်၏။ ဒေသ အနှံ့အပြားသို့ ရောင်းဝယ် ဖောက်ကားလေ့ရှိသဖြင့် နေရာအနှံ့ အပြားသို့ ရောက်သည့်အတိုင်း သူတို့၏စကားကို တီးတိန်နယ် တွင် အများပြောဆိုနိုင်၍ ထိုနယ်၏ ရုံးသုံးစကားပင် ဖြစ်ခဲ့ပေ သည်။ စီးယင်းချင်းတို့သည် တီးတိန်၊ စုတ်တေးတို့၏ အရှေ့ ဘက် ဒေသတွင် နေထိုင်ကြသည်။ ပင်ပန်းခံကာ ကြိုးစားလုပ် ကိုင်၍ တတ်သိလိုစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲ လိုက်ခြင်းနှင့် စစ်တိုက်ခြင်း၌ ဝါသနာပါသည်။ အလုပ်ကြမ်း မှာမူ မိန်းမနှင့် ကျွန်တို့၏အလုပ် ဖြစ်သည်ဟု စီးယင်းချင်းတို့ ဆိုရိုးစကားရှိသည်။ တီးတိန်နယ်ချင်းတို့သည် ဖလမ်းချင်း (ဝှန်လငိုတို့မှ တစ်ပါး) တို့နှင့်မတူဘဲ ဆံနောက်တွဲထုံးကြ သည်။ မဏိပူရပြည်နယ်သို့ သွားရာလမ်းမှာ ထိုချင်းတို့၏ ဒေသကို ဖြတ်သန်းသွားသဖြင့် ယဉ်ကျေးမှုတွင် များစွာ တိုးတက်လျက် ရှိကြသည်။

အလယ်ပိုင်းချင်းများ[ပြင်ဆင်ရန်]

ဖလမ်းနှင့် ဟားခါးနယ်များတွင်နေကြသော ချင်းများသည် အလယ်ပိုင်းချင်းဖြစ်၏။ ဖလမ်းနယ်ရှိ ချင်းတို့တွင် ရှူန်က သို့မဟုတ် တရှုံချင်းများ (၃ဝ⁠ဝဝ)၊ ဇဟောင် သို့မဟုတ် ယဟောင်ချင်းများ (၉၅ဝဝ)၊ လိုင်ဇို သို့မဟုတ် လွန်စီအိုချင်း များ (၆၅ဝဝ)၊ ကွန်လီချင်းများ (၃၅ဝဝ)၊ ငွန် သို့မဟုတ် တပေါင်ချင်းများ (၃၅ဝဝ) နှင့် ဇင်ဂျက်ချင်းများ (၆ဝ⁠ဝဝ)တို့ ပါဝင်သည်။ ဤဒေသတွင် လိုင်ဇိုစကားကို အသုံးများသည်။ချင်းတောင်အခြားဒေသနှင့် နှိုင်းစာလျှင် ထိုဒေသတွင် လူဦးရေများပြား၏။ အိမ်ခြေ ၄ဝဝ မျှရှိသော ရွာကြီးတို့ကို တောင်စောင်းများတွင် တည်ဆောက်နေကြသည်။ ပြောင်း၊ ဗူး၊ ဖရုံတို့မှာ အဓိကအစာ ဖြစ်ပေသည်။ ဝတ်စားဆင်ယင်မှု နည်းပါးလှသည်။ ကိုယ်လုံးကိုယ်ဖန်အားဖြင့် အခြားချင်းတို့ လောက် မတောင့်တင်း သော်လည်း ဆက်ဆံရေး၌ ပိုမို ကျွမ်းကျင်ကြ၍ မိတ်သင်္ဂဟပေါများကြသည်။ယဟောင်တို့သည် မိမိတို့ဖာသာ တောင်ရိုးတစ်ခုတွင် နေကြ၏။ စုတ်တေးနှင့် ကမ်ဟောင်တို့မှာ မိမိတို့မှ ဆင်းသက် သူများဟု ယူဆကြသည်။ ဝှန်လငိုတို့ကား ကျန်ရစ်နေခဲ့သော လူရှေများဖြစ်ကြ၏။ တရှုံ တို့မှာ တောင်ဘက်ဆီမှ ဟားခါးတို့ တိုက်ခိုက်မှုကြောင့် ဖလမ်းသို့ ရွှေ့လာသူများ ဖြစ်၏။ ဤ ဒေသရှိ ချင်း အမျိုးစုတို့မှာ ရောနှောနေထိုင်ကြသည်။ ဒေသ လိုက် အများသဘောတူ ရွေးကောက်တင်မြှောက်သော လူကြီး ၅ ဦး ပါဝင်သည့် အဖွဲ့က စီမံအုပ်ချုပ်ကြလေသည်။ ဟားခါးနယ်ရှိချင်းများတွင် ဟားခါးနယ်မြောက်ပိုင်းနေ လိုင်(ဟားခါး) ကလန်⁠ကလန်နှင့် ယိုကွ(ပေါင်း ၂၄ဝ⁠ဝဝ)၊ တောင်ပိုင်းနေ လောထု (၁ဝ⁠ဝဝဝ)၊ ဇိုတုန် (၉ဝ⁠ဝဝ)၊ ဆမ်တန် (၇ဝ⁠ဝဝ) တို့ ပါဝင်သည်။ ဗိုလ်မှူး အင်းရစ်က ဟားခါးစုစု ပေါင်း ၆၈ဝ⁠ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ချင်းတောင်သူပုန်ထစဉ်က ဗြိတိသျှတို့ လေးစားလောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းစွာနှင့် တော်လှန်တိုက်ခိုက်ကြ သည်။ စစ်ရည်စစ်သွေးရှိသူများ ဖြစ်၏။ အယပ်အမောင်း ကောင်း၍ သန်စွမ်းပင်ပန်းခံနိုင်သူများ ဖြစ်သည်။ အသိဉာဏ် ကောင်းသူများ ဖြစ်လင့်ကစား နေထိုင်ရာဒေသမှာ ရောက် ပေါက်ရန် ခဲယဉ်းခြင်းကြောင့် တိုးတက်သင့်သလောက် မတိုး တက်ကြပေ။ ဤဒေသတွင် (ဟားခါး)စကားကို အသုံးများကြ ၏။ မိရိုးဖလာ ဆက်ခံလာသော အကြီးအကဲတို့က ဒေသလိုက် အုပ်ချုပ်ကြသည်။

ကမ္ဘာကို ရေလွှမ်းမိုးပြီးနောက် ကျန်နေသောဇနီးမောင်နှံမှ ပေါက်ဖွားလာသည်ဟု ဟားခါးချင်းတို့ ယုံကြည်ကြသည်။ အကြီးအကဲတို့မှာ ပိုးဖြင့် လှပဆန်းကြယ်စွာရက်လုပ်ထားသော လွှာချင်းများကို ရုံကြသည်။ ဝှန်လငိုချင်းတို့မှအပ ဤအလယ် ပိုင်း ချင်းတို့သည် မိမိတို့ဆံကို ဦးခေါင်းထိပ်၌ သို့မဟုတ် နဖူးပေါ်၌ ထုံးရစ်ကြသည်။ သို့ဖြစ်၍ မြန်မာတို့က ယင်းတို့ အား ဗောင်းရှည်ဟု ခေါ်ဝေါ်ကြသည်။

လူရှေနှင့် လခါ[ပြင်ဆင်ရန်]

အလယ်ပိုင်းချင်းတို့တွင် လူရှေနှင့် လခါချင်းတို့ကိုပါ ထည့်သွင်းရပေမည်။ မြန်မာနိုင်ငံမှ အာသံ ပြည်နယ်ဘက်သို့ ရွေ့ပြောင်းခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ထိုလူများကို အနည်းငယ်သာ တွေ့နိုင်ပေသည်။ လူအများစုမှာမူ နိုင်ငံပ၌ နေထိုင်ကြ၏။ ရခိုင်တောင်တန်းနယ်မြောက်ပိုင်းတွင် လခါ များ ရှိသေးရာ ထိုဒေသ၌ ယင်းတို့ကို ရခိုင်တို့က ရှမ်းတုဟု ခေါ်ကြသည်။


တောင်ပိုင်းချင်းများ[ပြင်ဆင်ရန်]

တောင်ပိုင်းချင်းများတွင် ပါဝင်သူတို့မှာ ပခုက္ကူ တောင် တန်းဒေသ ချင်းတောင်နှင့် ရခိုင်တောင်တန်းဒေသ တို့ဆုံရာ ခေါင်လှသည့်ဒေသတွင် ေနေထိုင်ကြသည်။ ဝေလောင်ချင်းများ၊ တမန်း(၈)များ (၈ဝ⁠ဝဝ)၊ မိရမ်များ (၅ဝ⁠ဝဝ)၊ ဇိုလမ်နီများ (၂၅ဝဝ) နှင့် မဂန်ခေါ် ကြိမ်ပတ်ချင်းများ (၃ဝ⁠ဝဝ)တို့အပြင် ပခုက္ကူတောင်တန်းဒေသနေ ချင်းများ၊ မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များနှင့် ရခိုင်တိုင်းနေချင်းများ ပါဝင်ကြသည်။

ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ) ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁ဝ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂ဝ⁠ဝဝဝ) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့်အခြားတစ်ချောင်း တွင် ယင်ဒူးတို့ (၄၅ဝဝ)နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထို ချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈ဝ⁠ဝဝ)တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက် မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂ဝ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များ ကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများ ဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာ မရှိကြပေ။

ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြ သည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေး နက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြု ိုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူလှပေ။ မင်းတပ်၊ ကန်ပက်လက်တစ်ဝိုက်ရှိ ချင်းပုတ်တို့မှာ တောလိုက် ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တု အဖျားတပ်ထားသော မြားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ် လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ်အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်း များကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ် စွာ ရက်လုပ်ထားပေသည်။

မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟု ခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။

တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာ တွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကို လိုက်၍ ကွဲပြား၏။ အသက် ၇ နှစ် ၈ နှစ်လောက်မှစ၍ နှစ်စဉ် နှစ် တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရ သည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ် ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုန်းတို့ မှာ ဗုဒ္ဓအယူဝါဒကို အများအပြား သက်ဝင်ယုံကြည်ကြသည်။ချင်းတောင်၏ အရှေ့ဘက်တောင်ခြေရင်းတွင် များစွာ မြန်မာဆန်လှသော တောင်သားများ (၁⁠၁ဝ⁠ဝဝ)သည် တစ်ကောင်းပန်းဘဲမောင်တင့်တယ်မှ ဆင်းသက်ခဲ့၍ တစ်ချိန်က ပုပ္ပါးတောင်တွင် နေခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ချင်းများသည် မြန်မာများနှင့် အိမ်ထောင်ပြုခြင်း မရှိကြချေ။ ပိုးများကို မွေးမြူ၍ ယောပုဆိုးများကို ရက်လုပ်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်း တွင် လူဦးရေပေါင်း ၆ဝ⁠ဝဝ⁠ဝ ကျော်ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅ဝ⁠ဝ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြား ဖော်ပြခြင်း မရှိသောချင်းလူမျိုးဦးရေ ၉ဝ⁠ဝဝဝ ရှိသည့်အနက် ၄ဝ⁠ဝဝ⁠ဝ ကျော်မှာ မကွေးတိုင်း အတွင်း၌ ဖော်ပြထားပေသည်။

ရခိုင်ပြည်နယ်[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတို့တွင် လူဦးရေအများဆုံးမှာ ခမွီ သို့မဟုတ် ခမွေလူမျိုးဖြစ်၏။ လူဦးရေ ၃ဝ⁠ဝဝဝ မျှရှိ၍ စစ်တွေခရိုင်တွင် ၃ ပုံ ၂ပုံ၊ ရခိုင်တောင်တန်းဒေသတွင် ၃ ပုံ ၁ ပုံ ပျံ့နှံ့လျက် ရှိသည်။ အခြားချင်းလူမျိုးများမှာ ပခုက္ကူ တောင်တန်းနယ်ရှိ ချင်းပုန်း၊ ယင်ဒူးတို့နှင့် နွယ်သော ပို၊ မုံယင်၊ ကို၊ ကယင်တို့ ဖြစ်သည်။ ယင်းတို့ကို ကျောက်ဖြူနှင့် စစ်တွေခရိုင်တွင် တွေ့ရ၏။ ခမွီ သို့မဟုတ် ခမွေတို့ကို ရခိုင် တောင်တန်းဒေသ၊ စစ်တစ်ကောင်းခရိုင် တောင်ကုန်းဒေသတို့ တွင် တွေ့ရ၏။ အရိုင်းနှင့် အဝဟု ၂ မျိုး ကွဲသေးသည်။ အရိုင်းခမွီတို့အား တစ်နည်းအားဖြင့် အဖျားခမွီဟုလည်း အချို့ တို့က ခေါ်သည်။

အခြားချင်းအမျိုးများမှာ ရခိုင်တောင်တန်းဒေသရှိ တောင်ဆို (၁ဝ⁠ဝဝ)၊ စစ်တွေခရိုင်ရှိ ကောကဒန် (၃ဝဝ)၊ ကျောက်ဖြူခရိုင်တွင် အများဆုံးတွေ့ရသော လဲဒူ (၁၇ဝဝ)၊ စစ်တု (၅ဝ⁠ဝဝ)၊ မတု (၁၅ဝ)နှင့် ချောင်းကြီးချင်း (၃၆) တို့အပြင် ကျောက်ဖြူနယ်အတွင်းတွင် အများဆုံး အခြေတည် နေထိုင်၍ သံတွဲနယ်အတွင်းတွင် အနည်းအကျဉ်းသာ နေထိုင် သည်ကို တွေ့ရသော စိုင်ဘောင်ချင်း (၈ဝ⁠ဝဝ)တို့ ဖြစ်လေ သည်။

အထူးသဖြင့် တီးတိန်နယ်မှ ချင်းတို့သည် ကုန်းဘောင် ခေတ် မြန်မာဘုရင်များလက်ထက် စော်ဘွားနယ်အဖြစ် ဖွဲ့စည်း ထား၍ ခေါင်းဆောင်တို့မှာ စော်ဘွားအဖြစ် ချီးမြှင့်ခြင်းခံခဲ့ ရသော လူမျိုးများဖြစ်ပေသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံ၏ အရေးတွင် ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသား များ ဖြစ်၏။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး နောက် ချင်းတောင်တွင် အုပ်ချုပ်မှုအခြေစိုက်ရန် ကြိုးစားရာ တွင် ၁၈⁠၈၈ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ဗြိတိသျွတို့ကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက်အုပ်ချုပ်မိသည့်တိုင်အောင် ၁၉၁၇၊ ၁၈ ခုနှစ်တွင် ဟားခါးနှင့် ကုကီချင်းတို့က ၂ နှစ် ကြာမျှ တော်လှန်တိုက်ခိုက်ခဲ့ကြ၏။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်က ချင်းအမျိုးသား ၁ဝ⁠ဝဝ ခန့်ကို အလုပ်သမားတပ်အဖြစ် ပြင်သစ်နိုင်ငံသို့ ဗြိတိ သျှတို့က ပို့ခဲ့လေသည်။ ၁၉၂၁ ခုနှစ်တွင် အမှတ် ၄/၂ဝ ချင်းသေနတ်ကိုင်တပ်ကို ဖွဲ့ခဲ့၏။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်နှင့် မြန်မာပြည် ခွဲခွာပြီးသည့်နောက်သော် မြန်မာသေနတ်ကိုင်တပ်များ ဖွဲ့စည်းရာတွင် တပ်တိုင်း၌လိုလိုပင် ချင်းအမျိုး သားတို့ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်သိရှိရပေသည်။လွတ်လပ်ရေးရပြီးသည့်နောက် ချင်းအမျိုးသားတို့မှာ များစွာ နိုးကြားတိုးတက်လာ၏။ တောင်တန်း ဗုဒ္ဓသာသနာပြု အဖွဲ့၏ ကြိုးစားမှုကြောင့် ချင်းအချို့တိုသည် ဗုဒ္ဓအယူဝါဒကို စတင်ယုံကြည်လာကြလေပြီ။ အုပ်ချုပ်မှုဘက်တွင် ချင်းဝိသေသတိုင်းဟု သတ်မှတ်ကာ ဝန်ကြီးတစ်ဦးက ဦးဆောင်၍ အုပ်ချုပ်လေရာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး နှင့် ကျန်းမာရေးတို့ဖက်တွင် ထူးခြားစွာ တိုးတက်လာသည်နှင့် အမျှ ချင်းဝိသေသတိုင်းသည် ယခုအခါ ပြည်ထောင်စုအတွင်း၌ ခေတ်နှင့်ယင်ပေါင်တန်းလိုက်နိုင်အောင် ကြိုးစား တိုးတက် လျက် ရှိပေသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို ချင်းအမျိုး သားနေ့ဟု ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားလေ သည်။

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ[ပြင်ဆင်ရန်]

ချင်းလူမျိုးတို့ကိုရှေးဟောင်းအာသံ စကားဖြင့် လည်းကောင်း ဘင်္ဂါလီဘာသာ ဖြင့်လည်းကောင်းကုကီလူမျိုးဟုလည်းခေါ်သည်။ ပုဂံရှေးဟောင်း ကျောက်စာများတွင် အနောက်ဘက်ဒေသများ ချင်းတောင်အချို့ နေရာများတွင် ယေဘုယျအားဖြင့် စောင်အဖြူတစ်ကို ဘယ်ဖက်ပုခုံးပေါ်တွင်တင်ပြီး ကျန်တစ်စကို ယာဖက်ချိုင်းအောက်မှ ပတ်၍ ဘယ်ဖက်ပုခုံးထက်သို့ ပြန် ၍သိုင်းခြုံဝတ် ဆင်လေ့ ရှိသည်။ ပွဲလမ်းသဘင် များပွင့်ဒူးမ ခေါ် အနက်စိမ်းအနီရွှေပွင့်ရောင်စောင်ကြားများကိုဝတ်ဆင်လေ့ရှိသည်။ရှေးခေတ်အမျိုးသားများ သည် မြန်မာအမျိုးသားများကဲ့သို့ ဆံပင်ရှည်များထားလေ့ရှိသည် ယခုထက်တိုင် အချို့ဆံပင်ရှည်များထားဆဲဖြစ်သည်။ အမျိုးသမီးများသည်အကျီလက်ရှည်ခါးအောက်တင်ပါးဖုံးသည်အထိဝတ်ဆင်ကြသည်။ အကျီလက်ပြင်တွင်အပွင့်ကြောင်း၊ချိုင်းကြား ခါးအောက်တင်ပါးအထိအနီရစ်သုံးရစ်နှစ်ဖက်စလုံးပါရှိသည်။ ထဘီကိုမူဒူးအထိနှစ်နှံစပ်၊အနီအနက်ကြားသို့မဟုတ်အနက်နှင့်နက်ပြာရောင်ဝတ်ဆင်သည်။ သာမာန်အချိန်အခါများတွင် ကိုယ်ပေါ်တွင်စောင်ဖြူများဝတ်ထားတတ်သည်။ ပွဲလမ်းသဘင်များရှိလျှင်ပွင့်ဒူမစောင်သို့ မဟုတ်တင်းတိမ်များ ဝတ်ဆင်ကြလေသည် အမျိုးသမီးများသည်ဆံပင်ကို သုံးစုခွဲပြီးဘေးနှစ်ဘက် နောက်ဘါက်တွင်ရစ်၍ ချထားသည်အချို့ကကျစ်ဆံမြီးသုံးခုထိုးထားသည် ရှေးကမျက်နှာတွင်ပရဲဆေးမင်ကြောင်ထိုးသည့် ဓလေ့ရှိခဲ့သည်။

ပွဲတော်များ[ပြင်ဆင်ရန်]

ချင်းတိုင်းရင်းသားများတွင်နှစ်စဉ်ပွဲတော်နှစ်မျိုးကျင်းပလေ့ရှိသည်။လောမအံ့နက်ပွဲခေါ်နှစ်သစ်ကူးပွဲတော်နှင့်ခိုဒိုပွဲခေါ်ကောက်သိမ်းရိတ် သိမ်းပွဲသို့ မဟုတ်သီးနှံသိမ်းပွဲ တို့ပင်ဖြစ်သည်။

တော်လှန်ရေးများ[ပြင်ဆင်ရန်]

တီတိန်နယ်မှချင်းတို့သည်ကုန်းဘောင်ခေတ်မြန်မာဘုရင်များလက်ထက်စော်ဘွားနယ်အဖြစ်ဖွဲ့စည်းထား၍ခေါင်းဆောင်တို့မှာစော်ဘွား အဖြစ်ချီးမြောက်ခြင်းခံရသောလူမျိုးများ ဖြစ်ပေသည်။ ထိုစဉ်က တည်းက ပင်မြန်မာနိုင်ငံရေး၏ အရေးတွင်ပါဝင်ဆောင်ရွက်လိုသော တိုင်းရင်းသားများ ဖြစ်၏ အထက်မြန်မာပြည် ကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ချင်းတောင်တွင် အုပ်ချုပ်မှု အခြေစိုက်ရန် ကြိုးစားခဲ့ရာ တွင်၁၈⁠၈၈ခုနှစ်အထိဗြိတိသျှတို့ကိုခုခံတိုက်ခိုက်ခဲ့ကြသည်။အခြေစိုက်အုပ်ချုပ်မိသည့်တိုင်၁၉၁၇နှင့်၁၉၈၁တို့တွင်ဟားခါးနှင့်ကုကီချင်းတို့ (2)နှစ်ကြာမျှတော်လှန်တိုက်ခိုက်ခဲ့ကြသေးသည်။

ပခုက္ကူတောင်တန်းဒေသ (ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ)[ပြင်ဆင်ရန်]

ချင်းအမျိုးသမီးတို့ ပါးရဲထိုးခြင်းမှာ ဓလေ့ဖြစ်သော်လည်း ယခုနောက်ပိုင်း ယင်းဓလေ့တို့ ပျောက်ကွယ်လုပြီဖြစ်သည်။

ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့အနက် မြောက်ဘက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂၀⁠၀၀၀) နေထိုင်၍ တောင်ဘက်ကန်ပက်လက်အထက် စလင်းနှင့် အခြားတချောင်းတွင် ယင်ဒူးတို့ (၄၅၀၀) နေထိုင်ကြ၏။ မုန်းချောင်းနှင့် ထိုချောင်း၏ မြောက်ဘက်နှင့် ဆောမြို့၏တောင်ဘက်တွင် ချင်းပုန်း (၈၀⁠၀၀) တို့ကို တွေ့ရ၏။ ထိုမှသည် တောင်ဘက်မင်းဘူးခရိုင်သို့ ပျံ့နှံ့နေထိုင်ကြသည်။ ဤချောင်းများတွင် ချင်းတို့သည် ၁၅ အိမ်၊ အိမ် ၂၀ အစုဖြင့် ရွာကလေးများတည်၍ နေထိုင်ကြ၏။ ထိုအိမ်စုကလေးများကို ပေါင်းကာ ချောင်းအလိုက် အုပ်ချုပ်ရန် ချောင်းအုပ်များကို ခန့်ထားခဲ့လေသည်။ ချောင်းအုပ်တို့မှာ အစိုးရလခစားများဖြစ်၍ ချင်းတောင်ဒေသရှိ အကြီးအကဲများကဲ့သို့ ဩဇာအာဏာမရှိကြပေ။ ချင်းပုတ်တို့မှာ အယူသည်း၍ ဗဟုသုတနည်းပါးကြသည့်အတိုင်း တိုးတက်မှုမရှိလှပေ။ နတ်ကိုးကွယ်မှုကို လေးနက်စွာ ယုံကြည်ကြ၏။ နတ်မမေးဘဲ မည်သည့်အမှုကိုမျှ မပြုလိုကြသဖြင့် ယင်းတို့နှင့် ဆက်ဆံရန်မှာ မလွယ်ကူပေ။ မင်းတပ်၊ ကန်ပက်လက်တဝိုက်ရှိ ချင်းပုတ် တို့မှာ တောလိုက်ရာ၌ ကျွမ်းကျင်ကြသည်။ ၅ ပေမျှ ရှည်သောလေးနှင့် သတ္တုအဖျားတပ်ထားသောမြှားများ၊ ဓားတိုများကို အမြဲဆောင်သည်။ လေးကြိုးရိုက်ခြင်းမှ ကာကွယ်နိုင်ရန် ယွန်းချထားသော ကြိမ်လက်ပတ်ကို လက်ဝဲလက်တွင် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် အဝတ် အထည်ကို လုံ⁠လုံလဲလဲ မဝတ်ဆင်ကြချေ။ အမျိုးသမီးတို့မှာ ပေါင်လယ်ထိသာ ရောက်သော သင်တိုင်းများကို ဆင်မြန်းကြ၏။ ထိုသင်တိုင်းများကို ခက်ခဲဆန်းကြယ်စွာ ရက်လုပ်ထားပေသည်။ မင်းတပ်နှင့် ကန်ပက်လက်နယ်ရှိ ချင်းတို့ကို ချင်းပုတ်ဟုခေါ်လျှင် မနှစ်သက်ကြချေ။ သူတို့နေထိုင်ရာ ချောင်းကိုစွဲ၍ အမျိုးနာမည်ကို မှည့်ခေါ်လေ့ရှိသည်။ သို့သော် လူမျိုးခွဲဗေဒ အလို့ငှာ ချင်းပုတ်ဟု သုံးကြလေသည်။

တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့် မျက်နှာတွင် ပါးရဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကိုလိုက်၍ ကွဲပြား၏။ အသက် ၇ နှစ်၈ နှစ်လောက်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြသည်။ ပါးရဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။ ချင်းပုတ်တို့မှာ ဗုဒ္ဓအယူဝါဒကို အများအပြားသက်ဝင်ယုံကြည်ကြသည်။ မြန်မာပြည်မအတွင်း တောင်ဘက်အကျဆုံးချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်၏။ ၁၉၂၁ ခု သန်းခေါင်စာရင်းတွင် လူဦးရေပေါင်း ၆၀⁠၀၀⁠၀ ကျော် ပြထားသော်လည်း ၁၉၃၁ ခု၌မူ ၁၅၀⁠၀ ကျော်သာ ပြထားသည်။ ထိုသန်းခေါင်စာရင်းတွင် သီးခြားအမည်ခွဲခြားဖော်ပြခြင်း မရှိသော ချင်းလူမျိုးဦးရေ ၉၀⁠၀၀၀ ရှိသည့်အနက် ၄၀⁠၀၀⁠၀ ကျော်မှာ မကွေးတိုင်းအတွင်း၌ ဖော်ပြထားပေသည်။

ထင်ရှားသော ချင်းလူမျိုးများ[ပြင်ဆင်ရန်]

တော်လှန်ခဲ့သူ)ရန်ကုန်မြို့လည်ခေါင်ရှိ ဗိုလ်ဆွန်ပက်လမ်း(ယခင် မောင်ထော်လေးလမ်း)သည် ၎င်းအား ဂုဏ်ပြုခေါ်ဝေါ်ခြင်းဖြစ်ပါသည်

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. http://www.mysuboo.com/index.php?option=com_photo&page=view_photo&photo_id=5737&auth=e1da179c5605390da47d8b33b9c973f3