ဓနုလူမျိုး
ဓနုတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အနောက်ဘက်ကုန်းမြင့်ဒေသ (မြေလတ်ဒေသ) တွင် အဓိက နေထိုင်ကြသော လူမျိုးများ ဖြစ်သည်။ ဓနုလူမျိုးတို့သည် တိဗက်-ဗမာ မိသားစုမှ ဗမာနွယ် အုပ်စုတွင် ပါဝင်သည်။ ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြားရှိ တောင်တန်းဒေသများတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ကြသူများ ဖြစ်သည်။
ဓနုအမျိုးသမီး ကချေသည်များ (၁၉၀၆ ခုနှစ်ခန့်၊ ပင်းတယမြို့) | |
| လူဦးရေ စုစုပေါင်း | |
|---|---|
| ၂၅၅,၄၇၇ ဦး (ခန့်မှန်း) | |
| အများစု နေထိုင်သည့် နေရာ | |
| ရှမ်းပြည်နယ် (မြေလတ်ဒေသ) | |
| ၂၅၅,၄၇၇(၂၀၁၄ သန်းခေါင်စာရင်းအရ) | |
| ဘာသာစကား | |
| ဓနု၊ ဗမာ | |
| ကိုးကွယ်မှု | |
| ထေရဝါဒ ဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ဗမာ၊ ရခိုင်၊ ထားဝယ်၊ အင်းသား၊ တောင်ရိုး | |
ဓနုလူမျိုးများသည် အထူးသဖြင့် ရှမ်းမြေလတ်ဒေသများဖြစ်သော ပင်းတယမြို့နယ်၊ ရွာငံမြို့နယ် (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ကလောမြို့နယ်၊ နောင်ချိုမြို့နယ် ၊ ရပ်စောက်မြို့နယ်များနှင့် ဆက်စပ်ဒေသများဖြစ်သော ပင်လောင်းမြို့နယ် (လုံးပိုးဒေသ)၊ သာစည်မြို့နယ် (ဆင်တောင်၊ မြင်းဒိုက်ဒေသ)၊ တောင်ကြီးမြို့နယ် (ကျောက်နီ၊ တောင်လေးလုံး)၊ ညောင်ရွှေမြို့နယ် (အင်းတိမ်ဒေသ) နှင့် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ကျေးရွာများ။ ကျောက်မဲမြို့နယ် (မိုင်းလုံဒေသ)၊ မိုးကုတ်မြို့နယ် (ကြပ်ပြင်ဒေသ) အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ အစရှိသော မြို့ကြီးများတွင်လည်း အခြေချနေထိုင်လျက်ရှိသည်။
နေထိုင်ပျံ့နှံ့ရာဒေသများ
[ပြင်ဆင်ရန်]ဓနုလူမျိုးများသည်မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်တွင်လည်းကောင်း၊ ကျောက်နီတွင်းဒေသတွင်လည်းကောင်း၊ ရှမ်းပြည်နယ် ပင်းတယ၊ ရွာငံဒေသ၊ ကလော၊အောင်ပန်း၊နောင်ချို၊ရပ်စောက်ဒေသ မိုင်းလံ၊ လောက်ဆောက်အနောက်ပိုင်းတို့၌လည်းကောင်း အများဆုံးတွေ့ရသည်။
မြေလတ်ဒေသ၌လည်း ဓနုလူမျိုးများ အနှံ့အပြားနေထိုင်ကြသည်။ အထူးသဖြင့် ပင်းတယ၊ ပွေးလှ၊ ရငံ(ရွာငံ)၊ မောတို့တွင် အများဆုံး ဖြစ်သည်။ လူဦးရေမှာ ၄သိန်း(၄၀၀၀၀၀ )ကျော်ဖြစ်၏။
ဓနုလူမျိုးအများဆုံး နေထိုင်ရာဒေသများသည် ရှေးအခါက ရှမ်းနှင့်မြန်မာတို့ တွေ့ဆုံ၍ ကုန်ရောင်းကုန်ဝယ်ပြုကြရာ နေရာများဖြစ်၏။ ထိုကြောင့် ဓနုတို့သည် ရှမ်းနှင့်မြန်မာ နှစ်ဦးတို့မှ နွယ်၍ ဆင်းသက်လာသောသူများ ဖြစ်သည်ဟု ယူဆရ၏။ ဗမာစကားပြော တိုင်းရင်းသားအုပ်စုထဲတွင် ရခိုင်၊ ယော၊ အင်းသား၊ ထားဝယ်သားတို့အတူ အုပ်စုတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ယခုအခါ ရွာငံ၊ ပင်းတယနှင့် ပွေးလှမြို့နယ်တို့ကိုပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ထောင်ထားပေးပြီး ဖြစ်သည်။
သမိုင်း
[ပြင်ဆင်ရန်]ဘာသာစကား ပညာရပ်ဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် ဓနုဘာသာစကားသည် တိဗက်-ဗမာ အုပ်စုဝင် ဖြစ်သည်။[၁] တိတိကျကျခွဲခြားလျှင် လိုလို-ဗမာအုပ်စု အတွင်းရှိ ဗမာနွယ် ဘာသာစကားစုထဲတွင် ပါဝင်ပြီး၊ ဗမာစကား၏ ဒေသန္တရ လေယူလေသိမ်း ကွဲပြားမှုတစ်ခုအဖြစ်လည်း ပညာရှင်များက ယူဆကြသည်။[၂]
"ဓနု" ဟူသော အမည်သည် ပါဠိဘာသာစကား "धनु"(လေး) မှ ဆင်းသက်လာသည်ဟု အယူအဆရှိပြီး၊ ရှေးမြန်မာမင်းများ လက်ထက်က ရှမ်းပြည်နယ်သို့ နယ်မြေစိုးမိုးရေးအတွက် ရောက်ရှိလာသော လေးသည်တော် တပ်သားများ၏ အနွယ်အတော်များ ဖြစ်သည် ဟုယူဆကြသည်။[၃][၄]
ဓနုလူမျိုးများသည် ရှေးယခင်ကတည်းက စိုက်ပျိုးရေး လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ခဲ့ကြပြီး အထူးသဖြင့် ကုန်းမြင့်စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းများတွင် ထင်ရှားသည်။[၅] ယနေ့ခေတ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ပင်းတယနှင့် ရွာငံမြို့နယ်များတွင် အခြေပြနေထိုင်လျက်ရှိသည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ဓနုလူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ထုံးတမ်းစဉ်လာများမှာ ဗမာလူမျိုးများနှင့် များစွာ ဆင်တူသည်။ ဓနုရိုးရာ ဝတ်စုံနှင့် ကခုန်မှုများမှာ ရှမ်းပြည်နယ်၏ မြေလတ်ယဉ်ကျေးမှုကို ထင်ဟပ်စေသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ Luce, G.H. (1985). Phases of Pre-Pagan Burma. Oxford University Press.
- ↑ Bradley, David. (1997). Tibeto-Burman languages and classification. Pacific Linguistics.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၅)၊ စာမျက်နှာ (၃၃၈)။
- ↑ Scott, J. G., & Hardiman, J. P. (1900). Gazetteer of Upper Burma and the Shan States. Government Printing.
- ↑ Enriquez, C. M. (1923). The Races of Burma. Oxford University Press.
၂.ဓနုကြေးမုံ၊(မင်းလွင်ဦး၊အောင်ပန်း)