မြန်မာဘာသာစကား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ရခိုင်ဓနုအင်းသားတောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၂သန်းခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။

မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ(Tibeto-Burman Languages) အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုပ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော(tonal)၊နိမ့်မြင့်အမှတ်အသားရှိ(pitch-register)ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး(monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား(analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ သို့မဟုတ် ဗြာဟ္မီအက္ခရာမှ ဆက်ခံထားသောမွန်အက္ခရာတို့မှ ဆင်းသက်လာသည်။

အတန်းအစားခွဲခြင်း

မြန်မာဘာသာစကားသည် တရုပ်-တိဗက်နွယ် ဘာသာစကား မိသားစုဗမာနွယ်ဘာသာစကားများ(Burmish languages)မှ တစ်ခုဖြစ်သည်။ တရုပ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုပ်နွယ် ဘာသာစကား(Sinitic) မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုပ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုပ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။

ဒေသိယစကားများ

ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ

ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုကြသည့် မရမာစကား များအား မြန်မာ ဒေသိယစကားများအဖြစ် ယူဆကြသလို တခါတရံ သီးခြားဘာသာစကား များအဖြစ်လည်း ယူဆကြသည်။ ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည် ([r] အသံအသုံးသေးသည်)။ တင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာသည် [-l-] (ရှေးဟောင်းမြန်မာစာမှ အသုံးပြုသည်) အလယ်သုံးသေးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။

ဧရာဝတီ မြစ်ဝှမ်းဒေသ

ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။ ဧရာတီမြစ်ဝှမ်းအတွင်း အသံထွက် ကွာခြားမှု အနည်းငယ် ရှိပါသည်။ ဥပမာ ရဟန်းသံဃာများကို ကပ်လှူသည့် ဆွမ်းကို အထက်မြန်မာပြည်က ဆွမ်း[sʰwáɴ] ဟု စာလုံးပေါင်းအတိုင်း အသံထွက်သော်လည်း အောက်မြန်မာပြည်တွင် ဆွန်း[sʰʊ́ɴ]ဟု အသံထွက်ပါသည်။ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို ‘ကျွန်တော်’ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက ‘ကျွန်မ’ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။

မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။

အောက်မြန်မာပြည်တွင် ဘာသာစကားပျံ့နှံ့မှု

မြန်မာစကား ပြောသူများ၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝှမ်းတွင် နေထိုင်ကြသူများ ကြားတွင် အပြောစကားသည် မှတ်သားဖွယ်ရာပင် ညီညွတ်တူညီသည်။ အဓိကကျသော ပထမအကြောင်းအရင်းမှာ ရိုးရာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ကြောင့် ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်းများသည် ပညာရေးကို များစွာ အားပေးပြီး စကားအပြောအဆို အရေးအသားကောင်းမွန် ညီညွတ်အောင် အလေးထား သင်ကြားပေးသည်။

ဗြိတိသျှတို့သည် မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီး ငါးနှစ်အကြာတွင် တစ်ပြည်လုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကုန်ဘောင်မင်းဆက် နယ်မြေအတွင်း အမျိုးသားများ စာတတ်မြောက်မှုနှုန်းများ ထူးခြားစွာ မြင့်မားနေပြီး ၆၂.၅ ရာခိုင်နှုန်းအထိ ရှိသည်။ စာတတ်မြောက်မှု မရှိသေးသော လူနည်းစုလူမျိုးများရှိရာ တောင်ပေါ်ဒေသအချို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင် ထိုကိန်းဂဏန်းထက် ပိုမိုများမည်ဖြစ်ရာ ထိုခေတ်အခါအနေဖြင့် အလွန်မြင့်မားသော နှုန်းထားဖြစ်သည်။ ဗမာမျိုးနွယ် ဗမာစကားပြောသူများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာ များစွာ မကြာသေးပါ။ ၁၈ ရာစု အလယ်ပိုင်းအထိ အောက်မြန်မာပြည်တွင် မွန်လူမျိုးများ နေထိုင်ကြပြီး မွန်ဘာသာစကားက လွှမ်းမိုးထားသည်။ ၁၇၅၇ ခုနှစ်တွင် မြန်မာစကားပြောသည့် ကုန်ဘောင်မင်းဆက်က မွန်စကားပြောသည့် ဟံသာဝတီပြည်ကို အနိုင်ရရှိပြီးနောက် စတင်၍ အောက်မြန်မာပြည်တွင် ဗမာစကားကို ပြောင်းလဲ သုံးစွဲလာကြသည်။ ၁၈၃၀ ခုနှစ်ရောက်သော အခါ ၎င်းဒေသတွင် နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် ဗမာ ဟု သတ်မှတ်ပြောဆိုကြသည်။ အကြောင်းရင်းမှာ အထက်မြန်မာပြည်မှ ဗမာများ ပြောင်း ရွေ့လာခြင်း၊ ယဉ်ကျေးမှုဓလေ့ ကူးပြောင်းခြင်း၊ အပြန်အလှန်သွေးနှောခြင်းများကြောင့် ဖြစ်နိုင်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဆန်ထုတ်လုပ်မှု အရှိန်မြှင့်လာခြင်း၊ အထက်မြန်မာပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းများကြောင့် ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာခဲ့သည်။

ဧရာဝတီ မြစ်ဝှမ်းဒေသ၏ ပြင်ပ

ဧရာဝတီမြစ်ဝှမ်းနှင့် ပိုမိုဝေးကွာလေ ဒေသိယစကားများသည် စံပြုမြန်မာဘာသာစကားနှင့် ပိုမိုဝေးကွာလေဖြစ်သည်။ ၎င်းတို့မှာ ယောစကား၊ ပလောစကား၊ ဘိတ်စကား၊ ထားဝယ်နှင့် အင်းသားစကားတို့ ဖြစ်သည်။ စကားအသုံးအနှုန်းနှင့် အသံထွက်ပုံတို့ များစွာ ကွဲပြားသော်လည်း ဒေသိယစကားများသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်လေ့လာနားလည်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် တနင်္သာရီ ဒေသရှိ စကားများသည် စံပြုမြန်မာစကားနှင့် နှိုင်းယှဉ်လျှင် ပို၍ ရှေးဆန်သည်။ ရှေးဟောင်း မြန်မာစကားတွင်သာ တွေ့ရေသာ ( ္လ) သံသည် စံပြုမြန်မာစကားတွင် မရှိတော့သော်လည်း ထားဝယ်စကားနှင့် အင်းသားစကားများတွင် ကျန်ရှိနေသေးသည်။ ဘိတ်စကားပြောသူများမှာ ၂၅၀၀၀၀ ခန့်ရှိပြီး ထားဝယ်စကား ပြောသူများမှာ ၄၀၀၀၀၀ ခန့် ရှိသည်။

ရခိုင်စကားတွင် အထင်ရှားဆုံးမှာ ရှေးမြန်မာစကားမှ မပြောင်းလဲပဲ ကျန်ရှိနေသော 'ရ' သံ [ɹ]ဖြစ်သည်။ ၎င်းအသံသည် ခေတ်ပေါ် စံပြုမြန်မာစကားတွင် 'ယ' သံ [j] အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ နောက်တစ်ခုမှာ 'ဧ' သရသံနှင့် 'ဣ' သရသံတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် စံပြုမြန်မာစကားတွင် 'ခွေး' ဆိုသော အသံသည် ရခိုင်စကားသံအားဖြင့် 'ခွီး' ဟု အသံထွက်ပါသည်။

အသုံးခွဲခြားခြင်း

မြန်မာဘာသာစကားတွင် အသုံးမူကွဲ နှစ်မျိုးရှိသောကြောင့် စုံတွဲဘာသာစကား(Diglossia) ဖြစ်သည်။

  1. စာပေဟန် - အမြင့်(မြန်မာစာ) → စာကြီးပေကြီးရေးသားခြင်း၊ သတင်းစာများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးစာများ၊ ရုပ်သံ ရေဒီယို သတင်းကြေငြာခြင်း၊ မိန့်ခွန်းပြောခြင်း စသည်တို့တွင် သုံးနှုန်းသည့် ပုံစံ ဖြစ်သည်။
  2. စကားပြောဟန် - အနိမ့် (မြန်မာစကား) → နေ့စဉ်သုံး စကားပြောဆိုသောပုံစံ၊ သာမာန်ရုပ်သံအစီအစဉ်များ၊ ကာတွန်း/ဝတ္ထုများ စသည်တို့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် ပုံစံ ဖြစ်သည်။

မြန်မာ စာပေပုံစံသည် သာမာန်အားဖြင့် အသုံးမရှိတော့သည့် ရှေးရိုးဆန်သော သဒ္ဒါဆိုင်ရာ စကားလုံးများ(ဥပမာ - ပစ္စည်းဝိဘတ်နာမ်စားသမ္ဗန္ဓ )ကို ဆက်လက်ထိန်းသိမ်းသုံးစွဲလျှက်ရှိသည်။ အများအားဖြင့် အရေးပုံစံတွင် သုံးနှုန်းနေသော သဒ္ဒါဆိုင်ရာ စာကားလုံး တို့သည် မြန်မာစကားပြောပုံစံတွင်ရှိသော သဒ္ဒါဆိုင်ရာ စာကားလုံးတို့ဖြင့် လုံးဝ ဆက်စပ်မှုမရှိပါ။ ဥပမာ -

  • နာမ်စား - (မြန်မာစာ အသုံး) ဤ → (မြန်မာစကား အသုံး) ဒီ
  • နာမ်စား - (မြန်မာစာ အသုံး) ထို → (မြန်မာစကား အသုံး) ဟို
  • ဝိဘတ် - (မြန်မာစာ အသုံး) ၌ → (မြန်မာစကား အသုံး) မှာ
  • ပစ္စည်း - (မြန်မာစာ အသုံး) များ → (မြန်မာစကား အသုံး) တွေ
  • ပစ္စည်း - (မြန်မာစာ အသုံး) ၏ → (မြန်မာစကား အသုံး) ရဲ့
  • သမ္ဗန္ဒ - (မြန်မာစာ အသုံး) နှင့် → (မြန်မာစကား အသုံး) နဲ့
  • သမ္ဗန္ဒ - (မြန်မာစာ အသုံး) လျှင် → (မြန်မာစကား အသုံး) ရင်

စကားပြောဟန်သည် လေးနက်မှု၊ အာဏာခွန်အားနှင့် ခန်းနားထည်ဝါမှု မရှိသောကြောင့် သမိုင်းကြောင်းအားဖြင့် စာရေးသားခြင်းအတွက် စာပေဟန်ကို ပို၍သုံးခဲ့ကြသည်။ ၁၉၆၀ ကျော်အလယ်ပိုင်းနှစ်များမှ စတင်၍ အချို့သော မြန်မာစာရေးဆရာများသည် စာပေဟန်ကို ဖျောက်ဖျက်ပြီး စကားပြောဟန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့ကြသည်။ မင်းလတ် ကဲ့သို့ မြန်မာ ဘာသာဗေဒပညာရှင် အချို့က စာပေဟန်မှ ခွဲထွက်ရန်အတွက် အဆိုပြုခဲ့ကြသည်။ စာရေးသားတဲ့အခါမှာ စာပေဟန်ကို အတော်များများ အသုံးပြုနေကြ သော်လည်း များမကြာမီကစတင်ပြီး ဟိတ်ဟန်မလိုတဲ့ စာရေးသား ခြင်းကိစ္စတွေမှာ စကားပြောဟန်ကို အသုံးပြုခြင်းဟာ ခေတ်စားလာပြီ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ ရုပ်သံသတင်း၊ ရုပ်ပြစာအုပ်၊ ကြော်ငြာအရေးအသား စသည့် ကိစ္စတွေမှာ စကားပြောဟန် သို့မဟုတ် ပိုမိုရိုးရှင်းပြီး ပေါ့ပါးတဲ့ စာရေးဟန်တွေကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။

အပြောစကားမှ ယဉ်ကျေးသိမ်မွေ့မှု အဆင့်အလိုက် စကားလုံးသတ်မှတ်ချက်များနှင့် စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဆွေမျိုးတော်စပ်မှု စသည့် အနေအထားအရ အရိုအသေပြု ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ ရှိသည်။ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရန်အတွက် 'ပါတယ်'၊ 'ပါခင်ဗျ' စသည့် ဝိဘတ် များကို မကြာခဏ အသုံးပြုကြသည်။ နာမ်စားတွေမှာလည်း အသုံးပုံစံ အမျိုးမျိုးရှိသည်။ ဆရာ/ဆရာမ၊ အရာရှိ၊ အသက်ကြီးသူ စသည့်သူများအား ခေါ်ဝေါ်ရန်အတွက် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းပုံစံတွေ သတ်မှတ်ထားရှိသည်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး ပြောဆိုရေးသားတဲ့ အသုံးအနှုန်းများသည်လည်း သာမာန် နေ့စဉ်သုံး စကားပြော အသုံးအနှုန်းများဖြင့် များစွာ ကွာခြားသည်။

တက်ကျသံဘာသာစကား

သွင်ပြင်လက္ခဏာတစ်ခုမှာ မြန်မာဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းလျှင် စကားလုံးအဓိပ္ပာယ်ပြောင်းခြင်း ဖြစ်သည်။ တက်ကျသံကို အင်္ဂလိပ်ဘာသာစကားတွင် tone ဟုခေါ်သည်။ က၊ ကာ၊ ကား၊ လု၊ လူ၊ လူး၊ ပန့်၊ ပန်၊ ပန်း စသည်ဖြင့် အသံအတက်အကျ ပြောင်းခြင်းသည် တက်ကျသံပြောင်းခြင်း ဖြစ်သည်။ က၊ ကာ၊ ကား ဟူသော စကားလုံးသုံးလုံးသည် ဗျည်းလည်းတူသည်၊ သရလည်းတူသည်၊ တက်ကျသံသာကွဲပြားသည်။ တက်ကျသံကွဲပြားသည်သာမက စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်လည်း ကွဲပြားသွားသည်။

  1. သူကနေသည်။
  2. သူကာနေသည်။
  3. သူကားနေသည်။

အထက်ပါဝါကျများတွင်တွေ့ရသည့်အတိုင်း တက်ကျသံပြောင်းပြောရုံဖြင့် အဓိပ္ပာယ်များ ပြောင်းသွားသည်။ ဤဘာသာစကားမျိုးကို တက်ကျသံဘာသာစကားဟု ခေါ်သည်။ ထို့ကြောင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကားဖြစ်သည်။[၁]

စကားလုံးအသံထွက်များ

ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (International Phonetic Alphabet) ကိုအသုံးပြုသည်။

ဗျည်းများ

Biဩဌဇ ဒန္တဇ မုဒ္ဒဇ Postalveolar
နှင့် [[တာလုဇဗျည်း|တာလုဇ]]
Velarနှင့်
labiovelar
[[တာလုဇဗျည်း|တာလုဇ]] နေရာမရှိ
Plosive and Affricate p b t d tʃʰ k g ʔ  
နိဂ္ဂဟိတ m n ɲ̥ ɲ ŋ̊ ŋ   N
Fricative   θ (ð) s z ʃ   h  
Approximant   (ɹ) j (ʍ) w  
Lateral   ɬ l  

ဗျည်းခန့်မှန်း‌ /ɹ/ ရှုားသည်၊ ပါဠိနှင့် သင်္သကရိုက်အသံသုံး၏ နေရာနာမည်၌ ("အမရပူရ" [àməɹa̰pùra̰] လို) ၍ အင်္ဂလိပ်ဘာသာစာလုံး၌ မှအသံထွက်သည်။ မြန်မာစကား၏ /ɹ/ က /j/ ဖြစ်လာသည်။ (သီးခြားစကားမှ /ɹ/ အမြဲသုံးသည်) ပါဌ် /j/ သုံးသည် (ရဟန္တာ /jəhàNdà/ ရာဇ /jàza̰/ လို). တစ်ခါတစ်လေ /l/ ကိုအသံထွက်လို့ရသည် ("တိရစ္ဆာန်" ကို /təɹeiʔ sʰàn/၎င်း /təleiʔ sʰàn/၎င်း အသံထွက်လို့ရသည်). /ʍ/လည်းရှားသည်၊ နိုင်ငံခြားနာမည်မှသုံးသေးသည်။

စလုံးစပ်များ၌ /pʰ, p/ အသံ‌တွေ /b/ လိုအသံထွက်၊ /kʰ, k/ အသံ‌တွေ /g/ လိုအသံထွက်, /tʃʰ, tʃ/ အသံ‌တွေ /dʒ/ လိုအသံထွက်၊ /sʰ, s/ အသံ‌တွေ /z/ အသံထွက်နိုင်သည်၊. အဆုံးပါတဲ့စာလုံး၌ /dʒ/ အသံ /j/ ဖြစ်နိုင်သည်။ သောကြောင့် "အင်္ကျီ" အသံထွက်ရင် /èiNdʒí/ နှင့် /èiNjí/ မှန်သည်။

In many Burmese words, ဓနိတနှင့် သိထိလအက္ခရာ indicate active or passive voice in verbs. Examples include the verb "cook," where the aspirated version ချက်‌ ([ʧʰeʔ]) means "cook," while the unaspirated ကျက်([ʧeʔ]) means "to be cooked." Another example is "lessen," where the aspirated version ဖြေ ([pʰjè]) means "lessen" while the unaspirated version ပြေ ([pjè]) means "to lessen."

သရများ

Monophthongs Diphthongs
အရှေ့ အနောက် အရှေ့ သရတစ်ဝက် အနောက် သရတစ်ဝက်
ပိတ် i u
အလယ်ပိတ် e o
အလယ် ə
အလယ်ဖွင့် ɛ ɔ
အဖွင့် a

The monophthongs /e//o//ə/၊ နှင့် /ɔ/ ဝဏ္ဏအဖွင့်၌ဘဲပါသည် (syllable coda မပါ၏ဝဏ္ဏ); the diphthongs /ei//ou//ai/၊ နှင့် /au/ ဝဏ္ဏအပိတ်၌ဘဲပါသည် (syllable coda ပါ၏ဝဏ္ဏ).

လေးသံ

မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံphonation၊ အသံအ‌ရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။

အသံနာမည် IPA အနက်
နိမ့်သံ à Normal phonation, medium duration, low intensity, low (often slightly rising) pitch
တက်သံ á Sometimes slightly breathy, relatively long, high intensity, high pitch; often with a fall before a pause
သက်သံ tense or creaky phonation (sometimes with lax glottal stop), medium duration, high intensity, high (often slightly falling) pitch
တိုင်သံ Centralized vowel quality, final glottal stop, short duration, high pitch (in citation; can vary in context)

နမူနာမှာ ‌အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။

  • နိမ့်သံ /kʰà/ (ခါ)
  • တက်သံ /kʰá/ (ခါး)
  • သက်သံ /kʰa̰/ (ခ)
  • တိုင်သံ /kʰaʔ/ (ခတ်)

/N/ ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။

  • နိမ့်သံ /kʰàN/ (ခံ)
  • တက်သံ /kʰáN/ (ခန်း)
  • သက်သံ /kʰa̰N/ (ခန့်)

အက္ခရာ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - မြန်မာအက္ခရာ နှင့် မြန်မာအက္ခရာသမိုင်း
မြန်မာအက္ခရာနမူနာများ

ဝေါဟာရ

မြန်မာဝေါဟာရ အများစုသည် တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) စကားမျိုးနွယ်ဝင်ဖြစ်ပြီး ဧကဝဏ္ဏစကားလုံး(monosyllabic) ဘာသာစကား ဖြစ်သည်။ ။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစားဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မွေးစားဝေါဟာရများမှာ များသောအားဖြင့် နာမ် ပုံစံနများ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာ၏ ကျမ်းစာပေ ဘာသာစကားဖြစ်သော ပါဠိဘာသာစကားသည် မြန်မာဘာသာစကားအပေါ် အထူးလွှမ်းမိုးမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းအား ဗုဒ္ဓဘာသာက အထူးလွှမ်းမိုးခြင်း၊ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားကြား ဆင်တူသည့် အသံထွက်စနစ် ရှိခြင်း၊ မြန်မာစာရေးစနစ် ကိုအသုံးပြု၍ ပါဠိဘာသာစကားကို လုံးဝတိတိကျကျ ရေးသားနိုင်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။ ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။ ပါဠိစကားလုံးများကို မွေးစားရာတွင် ပုံစံ လေးမျိုးဖြင့် မွေးစားသည်။

  1. တိုက်ရိုက်မွေးစားခြင်း - ပါဠိစကားလုံးအား မူရင်း ပါဠိအတိုင်း ယူသုံးသည်
    • ပါဠိဘာသာစကားဖြင့် 'ဒေါသ' → မြန်မာဘာသာစကားဖြင့် 'ဒေါသ'
    • ပါဠိဘာသာစကားဖြင့် 'လောဘ' → မြန်မာဘာသာစကားဖြင့် 'လောဘ'
  2. အတိုကောက်မွေးစားခြင်း - ပါဠိစကားလုံးအား အတိုချုံ့၍ ယူသုံးသည်
    • ပါဠိဘာသာစကားဖြင့် 'ကမ္မ' → မြန်မာဘာသာစကားဖြင့် 'ကံ'
    • ပါဠိဘာသာစကားဖြင့် 'အရုဏ' → မြန်မာဘာသာစကားဖြင့် 'အာရုဏ်'
    • ပါဠိဘာသာစကားဖြင့် 'ကုသလ' → မြန်မာဘာသာစကားဖြင့် 'ကုသိုလ်'
  3. နှစ်ခါမွေးစားခြင်း - မူရင်းပါဠိစကားလုံးအား မတူညီတဲ့ မြန်မာစကားလုံးနှစ်မျိုးအတွက် ယူသုံးသည်
    • ပါဠိဘာသာစကားဖြင့် 'မာန' → မြန်မာဘာသာစကားဖြင့် 'မာန' နှင့် 'မာန်'
  4. ပေါင်းစပ်မွေးစားခြင်း - မြန်မာစကားလုံးနှင့် ပါဠိစကားလုံးများအား ရောစပ်၍ စကားလုံးအသစ် တီထွင် အသုံးပြုသည်
    • လေယာဉ်ပျံ - လေ←(မြန်မာစကားလုံး) + ယာဉ်←(ပါဠိစကားလုံး) + ပျံ←(မြန်မာစကားလုံး)


  • အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။
  • မွန်ဘာသာသည် မြန်မာဘာသာအပေါ် ထဲထဲနက်နက် လွှမ်းမိုးမှု ရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။ မွန်မွေးစားစကားလုံးများသည် အပင်ပန်းမန်၊ တိရစ္ဆာန်၊ အုပ်ချုပ်ရေး၊ အထည်အလိပ်၊ အစားအသောက်၊ လှေများ၊ လက်မှုပညာ၊ ဗိသုကာနှင့် ဂီတတို့နှင့် ဆက်စပ်သည်။
  • သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။
  • တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။
ဘာသာ နံပါတ် (မွေးစားစကာလုံ၊ နာမ်မှ)
ပါဠိ ၁၅၃၁
အင်္ဂလိပ် ၅၇၅
သင်္သကရိုက် ၃၂၁
ဟိန္ဒီ ၁၅၈
မွန် ၉၆
တရုတ် ၃၁
အာရဗီ ၁၆
ထိုင်း ၁၅
ပသျှူး ၁၄
ရှမ်း ၁၂
ပြင်သစ် ၁၂
ကလယ်
မြန်မာ-အင်္ဂလိပ်အဘိဓာန် (၁၉၉၃)

သာဓက--

ပြင်ပလင့်ခ်များ

Fonts supporting Burmese characters

ကျမ်းကိုး

  1. မောင်ခင်မင် (ဓနုဖြူ) (မေ ၂၀၀၉). "မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ". ပညာတန်ဆောင်မဂ္ဂဇင်း အတွဲ ၅၈၊ အမှတ် ၅. 
  • Becker, Alton L. (1984). "Biography of a sentence: A Burmese proverb.", in In E. M. Bruner (ed.): Text, play, and story: The construction and reconstruction of self and society. Washington, D.C.: American Ethnological Society, 135–55. 
  • Bernot, Denise (1980). Le prédicat en birman parlé (in French). Paris: SELAF. ISBN 2-85297-072-4. 
  • Cornyn, William Stewart; D. Haigh Roop (1944). Outline of Burmese grammar. Baltimore: Linguistic Society of America. 
  • Cornyn, William Stewart; D. Haigh Roop (1968). Beginning Burmese. New Haven: Yale University Press. 
  • Green, Antony D. (2005). "Word, foot, and syllable structure in Burmese.", in In J. Watkins (ed.): Studies in Burmese linguistics. Canberra: Pacific Linguistics, 1–25. ISBN 0-85883-559-2. 
  • Okell, John (1969). A reference grammar of colloquial Burmese. London: Oxford University Press. 
  • Roop, D. Haigh (1972). An introduction to the Burmese writing system. New Haven: Yale University Press. 
  • Taw Sein Ko (1924). Elementary handbook of the Burmese language. Rangoon: American Baptist Mission Press. 
  • Watkins, Justin W. (2001). "Illustrations of the IPA: Burmese". Journal of the International Phonetic Association 31 (2): 291–95. doi:10.1017/S0025100301002122. 
  • Wheatley, Julian K. (1987). "Burmese.", in In B. Comrie (ed.): Handbook of the world's major languages. Oxford: Oxford University Press, 834–54. ISBN 0-19-520521-9. 
  • (1989) in Patricia M Herbert, Anthony Milner: South East Asia Languages and Literatures: Languages and Literatures: A Select Guide. University of Hawaii Press. ISBN 0-8248-1267-0. 
  • မြန်မာအဘိဓာန်
  • Waxman, Nathan; Aung, Soe Tun (2014). "The Naturalization of Indic Loan-Words into Burmese: Adoption and Lexical Transformation". Journal of Burma Studies 18 (2): 259–290. doi:10.1353/jbs.2014.0016.