ဇန်ညှပ်လူမျိုး
ပုံပန်းသွင်ပြင်
ဇန်ညှပ်လူမျိုး (ဖလမ်း-ချင်း: Zanniat) သည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅) မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းလူမျိုးထဲမှ မျိုးနွယ်စု တစ်စုဖြစ်သည်။ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လူမျိုးကုဒ်နံပါတ်သည် ၄၂၂ ဖြစ်သည်။
ဇန်ညှပ်(ဇန်နီယပ်) မျိုးနွယ်စု ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သော ရှေးရိုးစဉ်လာစကားမှာ ကလေးမြို့(ကောလ်ပီး)တွင် ဖိုးလုံးဆိုသူ အဘိုးကြီးတစ်ဦး၏ အချစ်ဆုံးမြေး ဇန်ညှပ်(ဇန်နီယပ်)သည် ခရီးထွက်ခဲ့ရာ တီဗန်ရေအိုင်အနီးသို့ ရောက်သော် ထမင်းဆာသဖြင့် သစ်ပင်တစ်ပင်၏ အသီးကို ဆွတ်စားသည်။ ထိုသစ်သီးမှာ ဇီးဖြူသီးဖြစ်သည်။ ဇန်ညှပ်(ဇန်နီယပ်)သည် ဇီးဖြူသီးကို စားပြီးရေသောက်ရာ ရေမှာချိုနေသောကြောင့် ထိုဒေသမှာပင် ရွာတည်နေသည်။ ယင်း၏ အဆက်အနွယ်များကို ဇန်ညှပ်(ဇန်နီယပ်) မျိုးနွယ်စုဟု တွင်လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်