ကလင်ကော့လူမျိုး
ကလင်ကော့(လူရှေ)တို့သည် မွန်ဂိုလီးယားမှ တိဘက်၊ ထိုမှ အိန္ဒိယနိုင်ငံရှိ လူရှိုင်းတောင်တန်းများသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ လူရှိုင်းတောင်တန်းများမှ ချင်းတောင်ဘက်သို့လည်းကောင်း၊ ချင်းတွင်းမြစ်တစ်လျှောက် ကလေးမြို့ဘက်သို့၎င်း ပလက်ဝနယ်ဘက်သို့လည်းကောင်း ပျံ့နှံ့ရောက်ရှိလာကြသည်။
ပလက်ဝနယ်တွင် ကလင်ကော့ (လူရှေ)တို့သည် မယာတို့နှင့် ရောနှောနေထိုင်ကြရာ ဘာသာစကားနှင့် နေထိုင်ပုံများတွင် များစွာတူညီကြသည့်အလျောက် အချင်းချင်း လက်ဆက်မှုများပင် ရှိလေသည်။ မယာတို့က မော်ကျေစာဟူ၍လည်းကောင်း၊ တလိုက်ကို့ ဟူ၍လည်းကောင်း ခေါ်သည်။
ကလင်ကော့(လူရှေ)တို့သည် ပလက်ဝနယ်ရှိ လူမျိုးများတွင် အရပ်အမောင်း ကောင်းသည် အသားလတ်၍ မျက်လုံးမျက်ခုံးကောင်းသည်။ ကိုယ်လုံးတောင့်တင်း၍ မျက်လုံးနှင့်ဆံပင်များ နက်သည်။ အမွှေးအမျှင်မရှိ၊ အသားမညိုပဲ နှုတ်ခမ်းထူခြင်းလည်း မရှိပေ။[၁]
ကလင်ကော့လူမျိုးများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ဘာဟန်းကျေးရွာအပါအဝင် ကျေးရွာ ၁၄ ရွာခန့်တွင် နေထိုင်ကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၀၉
- ↑ ချင်းစု။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန။ 25 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |