စွေမင်းဆက်

ဝီကီပီးဒီးယား မှ

စွေမင်းဆက်သည် အေဒီ ၅၈၁ မှအေဒီ ၆၁၈ အထိ ၃၇နှစ်ကြာမြင့်ပြီး တရုတ်ပြည်သမိုင်းတွင်တိုတောင်းသောအုပ်ချုပ်မှုကာလဖြစ်သည်။ ဤ မင်းဆက်ကိုတည်ထောင်သူ ဧကရာဇ် ယန်ကျန်း သည် မြောက်ပိုင်းကျိုးမင်းဆက်အောက်တွင် ရာထူးကြီး အမတ်အဖြစ်အမှုထမ်း ရာမှ ကျိုး၏ နောက်ဆုံးမင်းဖြစ် သော ဧကရာဇ် ဂျင်ကိုဖြုတ်ချကပြီး မိမိကိုယ်တိုင်ထီးနန်းစံ၍ စွေမင်းဆက်ကို တည်ထောင်ခြင်းဖြင့် တောင် မြောက် ကွဲထွက်နေသော တိုင်းနိုင်ငံ များကိုစုစည်းခဲ့သည်။

တမ်းပလိတ်:Use British English

စွေ
စွေမင်းဆက်၏ တည်နေရာ
စွေမင်းဆက်၏ တည်နေရာ
မြို့တော်Daxing (581–605), Luoyang (605–618)
ကိုးကွယ်မှုBuddhism, Taoism, Confucianism, Chinese folk religion, Zoroastrianism
အစိုးရသက်ဦးဆံပိုင် ဘုရင်စနစ်
ငွေကြေးChinese coin, Chinese cash


ဧကရာဇ် ယန်ကျန်း၏ ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

Emperor Wen of Sui (ယန်ကျန်း) ကို အေဒီ ၅၄၁ တွင်စွေမြို့စားကြီး ယန် နှင့်ဇနီးသည် လူကုထော် တို့မှမွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို ငါးယောက်အနာက် အကြီးဆုံးဖြစ်သည်။ ခန့်ညားသောရုပ်ရည်ရှိပြီး ပညာထူးချွန်သည်။ အသက်၁၆နှစ် အရွယ်တွင် မိဘတို့က ကျိုးတိုင်းပြည် ၏ အမတ်ကြီး တုကူးရှင့် ၏ ခုနှစ်ယောက်မြောက် သမီးဖြစ်သော တုကူးကျားလော်နှင့် ထိမ်းမြားစေခဲ့သည်။ တုကူးအမတ်ကြီး ၏ သမီးအကြီးဆုံး သည် ဧကရာဇ်မင် ၏ မိဖုရားခေါင်ကြီး ဖြစ်သောကြောင့် ငယ်ရွယ်စဉ်ကာလ၌ပင် သက်တူရွယ်တူ အမတ် တို့၏ သားများနှင့်မတူဘဲ နေရာပေးခံ ရလေသည်။ အသက် ၂၀၌ စစ်သူကြီး အဖြစ်စတင် တာဝန်ပေးခြင်းခံ ရလေသည်။ ထိုကာလ၌ ဧကရာဇ် မင်မှာ နတ်ရွာစံလေပြီ ဖြစ်ရာ ညီတော် လျူ မင်းသားသည် ဧကရာဇ် ဝူအဖြစ် နန်းတက်ခဲ့သည်။ ထို မင်းနှင့် ငယ်စဉ် ကပင် ခင်မင် သောကြောင့် ယန်ကျန်း သည် ဆက်လက်မြောက်စား ခံရလေသည်။ အေဒီ ၅၆၈တွင် ကျိုးနှင့် နယ်စပ်နိုင်ငံဖြစ် သော တူကြွယ် နဲ့ မသင့်မမြတ် ဖြစ်ရာမှ ယန်ကျန်း၏ ကြိုးပမ်းမှုကြောင့် ပြေလည်မှု ရ၍ တူကြွယ်ဘုရင်မှ သမီးတော် အာရှီန ကိုဧကရာဇ် ဝူ ထံဆက်သခဲ့သည်။ ထိုအချိန်မှစ၍ ဧကရာဇ်သည် ယန်ကျန်းအား တိုး၍ မြောက်စားခဲ့ရာ ယန်ကျန်းသည် ရာထူးကြီးအမတ် ဖြစ်လာခဲ့သည်။ အေဒီ ၅၇၂ တွင် အမတ်ချုပ်ကြီး ယွီဝမ်ဟု သေဆုံးပြီးနောက် ယန်ကျန်းအား အမတ်ချုပ်အဖြစ် ရာထူးတိုးခဲ့သည်။ နောက် တစ်နှစ်အကြာတွင် ဧကရာဇ် ဝူ၏ သားတော် အိမ်ရှေ့စံ ယွီဝမ်ယွန် နှင့် ယန်ကျန်းနှင့် တုကူးကျားလော်တို့ ၏ သမီးဖြစ် သော ယန်လိဟွာ တို့၏ ထိမ်းမြားခြင်း သည် ယန်ကျန်းအား တော်ဝင်မိသားစုနှင့် အရင်းနှီးဆုံး ပုဂ္ဂိုလ် ဖြစ်စေခဲ့သည်။ နောက် ငါးနှစ်အကြာ အေဒီ ၅၇၈ ၌ ဧကရာဇ်ဝူ သည် အသက် ၃၅နှစ်အရွယ်၌ ကံတော်ကုန်လေသည်။ သားတော် ယွီဝမ်ယွင် မှ ဧကရာဇ် စွမ်အဖြစ် ထီးနန်း အရိုက်အရာ ဆက်ခံ ခဲ့သည်။ တူကြွယ် နှင့်ချစ်ကြည်ရေး ကို ရှေးရှု ၍ မိထွေးတော် အာရှီန အား မိခင်အရင်း နှင့် နည်းတူ မယ်တော်ကြီးဘွဲ့ ချီးမြှင့်ခဲ့သည်။ အမတ်အချို့၏ ​ေသွးထိုးမှု ကြောင့် ယန်ကျန်းအား ယောက်က္ခထီး တော်စပ်သော်လည်း အရင် ဧကရာဇ်များလောက် နေရာမပေးခဲ့ပေ။ သို့သော် လည်း ယန်ကျန်း၌ နောက်ခံအင်အား အမြောက်အမြား ရှိခဲ့ပြီ ဖြစ်သည်။ ဧကရာဇ်စွမ် သည် အနောက်ဆောင်၌ မိဖုရား ယန် ၏ဩဇာ သက်ရောက်မှုကိုဖယ်ရှား ရန် ကိုယ်လုပ်တော် ၄ ယောက်အား မိဖုရား ယန်နှင့် တူညီသော မိဖုရားခေါင်ဘွဲ့ ပေးအပ်ခဲ့သည်။ ထနုကိစ္စကို မကျေနပ်သော ယန်ကျန်း သည် ညီလာခံ၌ မင်းကြီးစွမ် အား တပ်နှင့်ဝိုင်းကာ အာဏာလွှဲ ယူ၍ မင်းအဖြစ်ကို စွန့်လွှတ် စေကာ ထိုမင်း၏ ကိုယ်လုပ်တော်မှ မွေးသော အသက်၆နှစ်သာ ရှိသေးသော မင်းသား ငယ် အား ဧကရာဇ် ဂျင်အဖြစ်ကြေညာခဲ့သည်။ ထို မင်းလေးသည် ၁၀လမျှ သာ စံ ရ၍ အေဒီ ၅၈၁ နှောင်းပိုင်းတွင် ယန်ကျန်းက မိမိကိုယ် တိုင် ဧကရာဇ်ဝမ် အဖြစ် နန်းတက် ကာ ဧကရာဇ် ဂျင်အား အိမ်နိမ့်စံ စေခဲ့သည်။ ယန်ကျန်းသည် ဇနီးသည် တုကူးကျားလော် အား ဧကရီမိဖုရား ဝမ်ရှန်း ဘွဲ့ ချီးမြှင် ခဲ့သည်။ ဧကရာဇ် ယန်ကျန်း နှင့် ဧကရီ တုကူးကျားလော် တို့၌ သားသမီး ၁၀ဦး ထွန်းကားခဲ့သည်။


ဧကရီမိဖုရား တုကူးကျားလော် သည် တစ်လင်တစ်မယား စနစ်ကို လိုလားသဖြင့် ခင်ပွန်းသည် ယန်ကျန်းအား ငယ်စဉ်က မိမိသာလျှင် တစ်ဦးသာလျှင် တရားဝင် ဇနီးဖြစ်စေရန် အား ကတိတောင်းခဲ့သည်။ ယန်ကျန်းက `ငါ၌ တုကူးကျားလော် မည်သော ဇနီးတစ်ဦးသာ ရှိရမည်။ အခြားသောဇနီးသည် ရှိခဲ့ပါက နောင်ဘဝဆက်တိုင်း ငရဲ၌ ခံရပါစေသား´ ဟုကျိန်ဆိုခဲ့သည်။ ဧကရာဇ် ဝမ်(ယန်ကျန်း) နှင့် တုကူးမိဖုရာကြီး တို့၌ ထွန်ကားသော သားသမီး ၁၀ ယောက် အနက် ယန်လိဟွာ၊ ယန်ယုန် နှင့်ယန်ကွမ်တို့မှာ ထင်ရှားသည်။ ကျိုးမင်းဆက်၌ မိဖုရားခေါင် နှင့် မယ်တော်ကြီး ဖြစ်ခဲ့သော ယန်လိဟွာ သည် ဖခင်ဖြစ်သူ မှ နိုင်ငံ့အာဏာ အားလွှဲပြောင်းယူသော ကြောင့် ကျေနပ်ခြင်း မရှိ ပေ။ သူမ ၏ ဆန္ဒ မှာ မယ်တော် မိဖုရားကြီး အဖြစ် ငယ်ရွယ်သော ဧကရာဇ်ဂျင်အား ရင်ခွင်ပိုက်အုပ်ချုပ် ရန်ဖြစ်သည်။ ​သို့သော်လည်းဖခင်ဖြစ်သူ မှ ထီးနန်းသိမ်းလိုက် ခြင်းအား မကျေနပ်သော်လည်း မဆန့်ကျင်ခဲ့ပေ။ သားတော်ကြီး ယန်ယုန် အား အိမ်ရှေ့စံမင်းသား အဖြစ်ခန့်အပ်၍ ကျန်သားတော်များအား မင်းသား များအဖြစ်ခစားစေသည်။ ယန်ယုန်သည် စိတ်သဘောထား ပျော့​ပျောင်း သော်လည်း ၎င်း၏ အသုံးအဖြုန်း ကြီးမှု နှင့် မိန်းမ ရှုပ် မှု သည် ဧကရာဇ် ဝမ်နှင့် မိဖုရား တုကူး တို့အား စိတ်ပျက်စေ ခဲ့သည်။ အေဒီ ၆၀၀ ခန့်တွင် အိမ်ရှေ့မင်းသမီး ၏ သေဆုံးမှုသည် မိဖုရားကြီး တုကူးကျားလော် အား သားတော် အိမ်ရှေ့စံ ကို နန်းချ ရန် အကြောင်းအရင်းဖြစ်လာသည်။ မိဖုရားခေါင်ကြီး က အိမ်ရှေ့မင်းသား ၏ ကိုယ်လုပ်တော်တစ်ဦးမှ မနာလို၍ အဆိပ်ခတ်ခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ ဧကရာဇ်ယန်ကျန်း မှ မိဖုရား ၏ တောင်းဆိုမှု ကြောင့် သားတော် ယန်ယုန် အား အိမ်ရှေ့မင်း အရာမှ ဖယ်ရှားခဲ့သည်။ ယခင် က မိဖုရားသည် အပြစ်မြင် သေ်ာ​လည်း နန်းချရန် ပြောသောအခါတိုင်း၌ ဧကရာဇ်ဝမ်က ငြင်းပယ်လေ့ရှိသောလည်း အား သားတော်ကို နန်းချစေသည့် ဧကရာဇ်၏အကြောင်းအရင်း မှာ ၅၉၈ အေဒီ ၌စတင်သော ဂိုဂူလျော နှင့် စွေနိုင်ငံ စစ်ပွဲတွင် သားတော် ယန်ယုန်သည် စစ်သည်တော်များအား တန်ဖိုးကြီးဓားများ သုံးစေရန် ဧကရာဇ်အား အကြံပေး သည်။ ထိုအခါ ဒုတိယသားတော် ယန်ကွမ် က စစ်စရိတ် သည် စစ်သည်များ စားဝတ်နေရေး နှင့် စစ်ပြီးကာလ ၌ စစ်မြေပြင် အနီး၌ပျက်စီးယိုယွင်းသွား သော အဆောက်အအုံ များ ပြန် လည်တည်ဆောက်သည့် အချိန်၌ အသုံးပြုရန် အတွက် တန်ဖိုးကြီးဓားများ မသုံးဘဲ တောင့်တင်း၍ဈေးနည်း သော အရာများကိုသုံးသင့်ကြောင်း လျှောက်၏။ မင်းကြီး နှစ်သက် တော်မူ၍ ယန်ကွမ်အား ချီးကျူးလေသည်။ ထို့ကြောင့် နောက်ဆုံး၌ ဧကရီ ၏ ဆန္ဒ အတိုင်း ယန်ယုန်ကိုနန်းချ ၍ ယန်ကွမ် အား အိမ်ရှေ့စံအရာ ထားသည်။ ထို ယန်ကွမ် သည် မိဘတို့ ရှေ့တွင် လိမ္မာ၍ အသုံးအဖြုန်းမရှိဘဲ ဇနီးသည်အား ကြင်နာဟန်ပြုသော်လည်း ပင်ကိုစရိုက် မှာ ဆန့်ကျင်ဘက်ဖြစ်လေသည်။ အေဒီ ၆၀၂ တွင် ဧကရာဇ်ဝမ် ၏ ကြင်ယာတော် ဧကရီ မိဖုရား တုကူးကျားလော် နတ်ရွာစံလေသည်။ ဧကရာဇ် ဝမ် သည် အထီးကျန်စွာဖြတ်သန်း ရသောနေ့များ ကို ယခင် ချန် နိုင်ငံ ၏ မင်းသမီး ဖြစ်ပြီး ချန် နယ်မြေသည် စွေ အင်ပါယာ ၏ လက်အောက်ခံ ဖြစ်ပြီးနောက် မိဖုရား ထံတွင် အစေခံ အဖြစ် အမှုထမ်းခဲ့သော ချန်ဝမ်ယိ အား မိဖုရား ၏ မသေခင် က ခွင့်ပြုချက် ကြောင့် ကိုယ်လုပ်တော်အဖြစ် ပေါင်းသင်းကာ ကုန်ဆုံး ခဲ့သည်။ စွေဝမ် ဧကရာဇ် ယန်ကျန်းသည် သက်တော် ၆၃နှစ် အရွယ် အေဒီ ၆၀၄ ၌ နတ်ရွာစံလေသည်။ သားတော် ယန်ကွမ် မှ ထီးနန်းဆက်ခံလေသည်။

ဧကရာဇ်ယန် ၏ကိုယ်ရေးအကျဉ်းနှင့် ထီးနန်းရေးရာ[ပြင်ဆင်ရန်]

ယန်ကွမ် (ဧကရာဇ် ယန်)ကို အေဒီ ၅၆၉၌ စွေမြို့စား ယန်ကျန်း (ဧကရာဇ်ဝမ်)နှင့် မြို့စား တော် တုကူးကျားလော် (ဧကရီမိဖုရား ဝမ်ရှန်း)တို့မှ မြောင်ပိုင်းကျိုး မင်းဆက်​အုပ်ချုပ်မှုအောက်တွင် မွေးဖွားခဲ့သည်။ ပြေပြစ်တင့်တယ်သော ရုပ်ရည်ရှိ ၍ မြောက်ပိုင်းကျိုး ဘုရင် ဧကရာဇ်ဝူမှ နန်းတွင်း၌ ၎င်း၏သားတော် ယွီဝမ်ယွန် ၏ ကစားဖော်အဖြစ် ခစားစေသည်။ ထို့ကြောင့် ထီးနန်းဓလေ့စရိုက် ပရိယာယ်လည့်ကွက်များ ကို ယဉ်ပါးပြီး ဖြစ်၍ မိဘတို့၏ ရှေ့၌ လည်း အနေအထိုင် ဆင်ခြင်သည်။ ၎င်း၏ ဖခင်ယန်ကျန်း သည် အေဒီ၅၈၁ ၌ မြောက်ပိုင်းကျိုးမင်းဆက် ကိုဖြုတ်ချပြီး ဧကရာဇ် ဖြစ်လာသောအခါ အစ်ကိုဖြစ်သူ ယန်ယုန် အား အိမ်ရှေ့စံ အရာထား၍ ယန်ကွမ်အား မင်းသားဂျင် အဖြစ်သူကောင်းပြုခဲ့သည်။