ယွန်းလူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယွန်းလူမျိုး[ပြင်ဆင်ရန်]

ယွန်းလူမျိုးကို ယွန်းရှမ်းဟူ၍လည်း ခေါ်ကြသည်။ ယွန်းရှမ်းဟူသောဝါဟာရသည် မြန်မာ့သမိုင်း၌ အသစ်အဆန်းမဟုတ်ပဲ ယဉ်ပါးပြီးသော ဝေါဟာရဖြစ်ပါသည်။ သုံးတွဲပေါင်းမှန်နန်းရာဇဝင်တော်ကြီး၊ စာမျက်နှာ ၄၃၂၊ မင်းတရားရွှေထီး ရခိုင်သို့ မချီဖြစ်အောင် လျှောက်တင်ရာ၌ ယွန်းပြည်ထောင်ယိုးဒယားလည်း အရေးအရာ မပြီးချေသေး။ ယခု ဓညဝတီ ရခိုင်မြို့သို့ ချီတော်မူလာသောအကြောင်းကို ရှင်မင်း၊ ယွန်းမင်းတို့ကြားလေ၍ စသည်ဖြင့် ရေးသားထားပါသည်။


အနောက်တိုင်းသုတေသီအချို့ကမူ ဖားစည်သည် ယိုးဒယားရှမ်းနွယ်ဝင် ဂျွမ်း(ယွန်း)လူမျိုးတို့က သွန်းလုပ်အသုံးပြုခဲ့သည် ဟူ၍ ရေးသားထားပါသည်။ [၁] မြန်မာစာ၌ "ရေးတော့အမှန် ဖတ်တော့အသံ" ဟူ၍ ဖော်ပြထားပါသည်။ Siam(ဆီ+ယမ်)ကို ရှမ်းဟုအမှန်ရေး ထားသော်လည်း ဗမာစကား၌(မ်)သံ(M)ပါးစပ်ပိတ်သံမရှိ၍(ရှန်း)(Siam)ဟုသာ အသံထွက်ပါသည်။ တရုတ်က လည်း ဗမာကဲ့သို့ပင်(M)ပိတ်သံမရှိ၍ှ Siam ကို San(ဆန်)ဟုသာ ရေးမှတ်ထွက်ဆိုပါသည်။ Siam ကို ကုလားက Sham ဟု ရေးသားအသံထွက်ပါသည်။ ကချင်၊ တအောင်းနှင့်ဝလူမျိုးတို့က Sam ဟုခေါ်ပြီး မွန်က Same ဟုခေါ်သည်။ ကရင်က Yo ဟုခေါ်ပါသည်။ အယုဒ္ဓယမြို့ကို အစွဲပြု၍ ယိုးဒယားဟုခေါ်တွင်လာခြင်းသာ ဖြစ်ပါသည်။ ထိုင်းလူမျိုး၏နာမည်ဟောင်းမှာ Siam ဖြစ်ပြီး ယွန်းရှမ်းဟုလည်း ခေါ်သည်။ ရှမ်းဟူ၍လည်း ခေါ်သည်။

ယွန်းပြည်ထောင်ယိုးဒယားဟူသည်မှာ ကျိုင်းသုံးကျိုင်း(ကျိုင်းမိုင်(ဇင်းမယ်)၊ ကျိုင်းတုံ၊ ကျိုင်းဟုံ)စုပေါင်းပါ ဝင်သော ဒေသကြီးဖြစ်ပါသည်။ ယွန်း၊ ယွန်းရှမ်းဟူသည်မှာ ယိုးနကဗုဒ္ဓဘာသာဝင်ရှမ်းများဟုအဓိပ္ပါယ်ရပါသည်။ ယွန်းဟူ၍ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း သက်ရောက်ပြီးသား ဖြစ်ပါသည်။ ဒွာရဝတီနိုင်ငံကို မြန်မာရာဇဝင်များက ယိုးဒယားပြည်ဟူ၍သာ မှတ်တမ်းပါသည်။(မှန်နန်း-၅၁၀)။ နောက် ဆုံးတွေ့ရှိချက်များအရ ဒွာရဝတီနိုင်ငံသည် ယိုးဒယားပြည် မဖြစ်မီ မွန်နိုင်ငံဖြစ်ခဲ့ပါသည်။ ဒွာရဝတီနိုင်ငံတွင်း၌ မွန်နှင့် ရှမ်းများ အတူတကွ ရှိနပြေီ။ အတူတကွ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြပြီ။ မွန်များက အေဒီ ၅၇၃-တွင် ပဲခူးသို့ရွှေ့လာ ရာ၌ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသား မွန်စာ ဗုဒ္ဓဘာသာစာများ ရှိပြီးသားဖြစ်ပါသည်။ ယနေ့တိုင် မွန်နှင့်ရှမ်းတို့ သက္ကတနှင့် ပါဠိတော်၏(Sa=ဆ)သံကို သူ့မူရင်းအတိုင်း(ဆ)ဟုသာ အသံထွက်ပြီး ဗမာလူမျိုးက ယင်းသက္ကတ(ဆ)သံကို မူ ရင်းအတိုင်းမထွက်ပဲ(Tha=သ)သံ၊ ပြောင်း၍ထွက်ရာ၌ ထူးခြားနေပါသည်။ မွန်ရော ယိုးဒယားပါ ဟိန္ဒူဘာသာ၊ ယဉ်ကျေးမှု၊ စာပေများ၏လွှမ်းမိုးမှု နှစ်ရာချီကြာပြီးမှ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပြောင်းလာခြင်းဖြစ်ပါသည်။


ယွန်းပြည်ထောင်ယိုးဒယား၌ ကျိုင်းသုံးကျိုင်း ပါဝင်ရာ၌ ယွန်းရှမ်းသံဖြင့် Chiang Rai (ရှမ်းသံဖြင့် Keng Hai)ဟူသော မြို့ကလေးလည်း ပါဝင်သည်။ ယွန်းရှမ်းတို့သည် ယူနန်ဒေသ မောရှမ်းဒေသ သိန္နီဒေသတို့လည်း ဗုဒ္ဓ ဘာသာပြန့်ပွားမှု ဆောင်ရွက်ခဲ့ပါသည်။ အေဒီ ၁၄၇၉-ခုနှစ်တွင် ယွန်းရှမ်းမင်းသားမင်းသမီးနှင့်အတူ လူထုထောင် ကျော် မိမိဆန္ဒအလျောက် ဗုဒ္ဓသာသနာ ပြန့်ပွားအလို့ငှါ ယခုစမ်ကား(ဗမာသံဖြင့် စံကား)ဒေသသို့ ရောက်ရှိခဲ့ကြပါ သည်။ စကားဝန်းကျင်၊ အင်းလေးဒေသ၊ တာခေါင်၊ အင်းတိန်ဘုရားများသည် စကားယွန်းရှမ်းများ၏ဘာသာရေးလက် ရာများသာ ဖြစ်တော့သည်။

စကားရှမ်းတို့သည် ယွန်းရှမ်း(ကျိန်းဟဲ)များဖြစ်နေ၍ ယနေ့တိုင် အခြားရှမ်းများနှင့်မတူပဲ ထူးခြားမှုဖြစ်ပါ သည်။ ဖြည်းဖြည်းပြောလျှင် နားမလည်နိုင်သော စကားဖြစ်ပါသည်။ အိမ်အောက်ထပ်ကို ရှမ်းများက(တိုက်လန်ဟု ခေါ်ပြီး စကားယွန်းရှမ်းတို့က ယွန်းရှမ်းစကားသံဖြင့်(ကလန်)ဟုခေါ်ပါသည်။ ယွန်းရှမ်းရှိလျှင်(၁)နတ်ပသရာနေရာ ရှိရပြီး(ဂွတ်း)ဟုခေါ်ပါသည်။(၂)ဘုရားများရှိရာ ပူဇော်ရာရှိရပြီး(ကူ)ဟုခေါ်ပါသည်။ ရှမ်းဘာသာဖြင့် ရေးသားသော စမ်ကားမြို့သမိုင်း ရှိပါသည်။ စံကားယွန်းရှမ်းတို့သည် ဗုဒ္ဓဘာသာသာသနာ ပြုရန် စေတနာအလျောက် လာခဲ့ခြင်းဖြစ်သော်လည်း ဘုရင့်နောင်မင်းတရားကြီးခေတ်၌ ဇင်းမယ်ကို အကြိမ်ကြိမ် တိုက်ရာ၌ ယွန်းရှမ်းများစွာကို ဖမ်းဆီးလာခဲ့ပါသည်။ မြို့များစွာ၌ သစ္စာခံစပြေီးနောက် ဖြန့်၍ထားခဲ့ရာ ကက္ကူဒေသ၌ ယွန်းရှမ်းရွာ၊ ကျွန်ရွာ ရှိပါသည်။ ယင်းရွာများသည် ဘုရင့်ထံသို့ အခွန်မပေးရပေ။ ကျွန်ဟုဆိုသော်လည်း မင်းမျိုးမင်းနွယ်များ ပါဝင်သည်။ ကွယ်လွန်သောအခါ နောင်ဘဝ အဆက်ဆက် ကောင်းမွန်စေရန်အတွက် စေတီဘယ်နှစ်ဆူ၊ ကျောင်းဘယ်နှစ်ကျောင်း စသည်ဖြင့် ကမ္ပည်းထိုး၍ လှူဒါန်းပေးကြပါ သည်။ ကက္ကူဘုရားဝင်းတွင်း၌ ကုသိုလ်ဖြစ် ယွန်းစာဖြင့် ကမ္ပည်းထိုးစေတီများ(ဘုံသုံးဆင့်ရှိသော)ကျောင်းဆောင် များ တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုယွန်းစာဓာတ်ပုံများ သမိုင်းဌာနများ၌လည်းကောင်း၊ ဒေါက်တာသန်းထွန်း၌လည်း ကောင်း၊ ဆရာလုစ်၌လည်းကောင်း၊ လန်ဒန်ဗဟိုစာကြည့်တိုက်၌လည်းကောင်း ရှိပါသည်။ ထိုယွန်းစာကို မည်သူမှ မည်သူ့ကို ရည်စူး၍လှူထားကြောင်း ဒေါက်တာသန်းထွန်း ဘာသာပြန်ပြီး သူ၏စာအုပ်၌ တင်ပြထားပါသည်။ လွယ်လုံ(တောင်ချွန်)ခြေရင်း၌ မြို့သစ်ကွက်ရိုက်ပြီး ၁၈၉၄-မှစတင်၍ တောင်ကြီးမြို့ တည်ဆောက်ခဲ့ပါ သည်။ အစိုးရရုံးများ၊ သစ်တောဌာန၊ အင်ဂျင်နီယာဌာန၊ ဆေးရုံ၊ ဗဟိုစာတိုက်နှင့်ကြေးနန်း၊ ရဲဌာန၊ ထောင်၊ လူထု လုပ်ငန်းဌာနများ ပါဝင်ခဲ့သည်။ ငါးရက်တစ်ဈေး၊ ဈေးရုံများပါမကျန် ဖော်ပြထားပါသည်။

(Upper Burma Gazetteer,P.237)၌ တောင်ကြီးဟူသည် ခေါင်းစဉ်အောက်တွင် ရေးမှတ်ထားခြင်း ဖြစ်ပါသည်။ စော်ဘွားများနှင့်မြို့စားများ၏ ရပ်ကွက်ကိုလည်း သတ်မှတ်ပေးထားသည်။ ဈေးအနီး၌ ရပ်ကွက်ရှိနေခဲ့သည်။ ၁၈၉၇-ခုတွင် မြို့တည်ဆောက်ပြီး စီးသွား၍ သန်းခေါင်စာရင်း မှတ်တမ်းဝင်ရာတွင် တောင်ကြီးအိမ်ခြေပေါင်း(၃၃၆)၊ လူဦးရေပေါင်း(၁၂၄၇)ရှိပါသည်။ စာရင်းအရ ရှမ်းလူမျိုး(၈၅၁)၊ ဗမာလူမျိုး(၁၇၅)၊ အိန္ဒိယလူမျိုး(၁၈၉)၊ တရုတ်လူမျိုး(၃၂)ပါဝင်ခဲ့ပြီး အခြားလူမျိုးမရှိ သေးပေ။ ယွန်းရှမ်းလူမျိုးများ၊ အင်းလေး၊ စံကား၊ ကယား(ကရင်နီ)၊ ကက္ကူဒေသတို့၌ နေခဲ့ပြီးဖြစ်သော်လည်း ရှမ်း စာရင်း၌သာ ပါဝင်သွားပြီး ယွန်းရှမ်းစာဟူ၍ သီးသန့်မဖော်ပြတော့ပေ။ ယွန်းရှမ်းလူမျိုးများ ကယားပြည်နယ်တွင်း၌ ၁၈၈၄-ခုနှစ်အထိ ဖားစည်များ သွန်းလောင်းခဲ့ပါသည်။ ချင်းမိုင်၊ ကျိုင်းတုံတို့၌ ရွှပြေားခတ်သည့်လုပ်ငန်းများ ကျယ်ပြန့်ခဲ့သည်။ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့ဝင်၊ လုံဟောင်ခမ်းတို့၏မိသားစုသည် ယွန်းရှမ်း(ဂုံရှမ်း)ဖြစ်ပြီး ရွှပြေားခတ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြပါသည်။ ထိုင်း ဘုရင်သမီးတော်(သီရိဒုံ)သည် မန္တလေးရှိ ရွှပြေားခတ်သည့်လုပ်ငန်းကို လာရောက်လေ့လာဖူးပါသည်။ ချင်းမိုင်ယွန်း ရှမ်းရွှပြေားခတ်လုပ်ငန်း၏ရှေးမူအတိုင်းပင် ဖြစ်ပါသည်။ ဝါးထည်ပေါ်၌ သစ်စေးသုတ်ပြီး အလှခြယ်ခြင်းကို ယွန်း (ရှမ်း)ထည်ဟုခေါ်ပါသည်။ ပူးဂမ်(ပုဂံ)သို့ ယွန်းရှမ်းသုံ့ပန်းများ နေရာချပေးခဲ့သည်။ ဆရိုးယွန်းရှမ်းစကားကို ဗမာ (ဆကို သပြောင်းပြီး)သရိုး(သယိုး)ဟု အသံထွက်လာပါသည်။ ယွန်းရှမ်းစကားှေ-မသန ဟု ပြောလျှင် သက်ကယ် စိမ်း၏ပြာနှင့်သစ်စေးရောထားခြင်းဟုအဓိပ္ပါယ်ရပါသည်။ ယနေ့တိုင် ကျိုင်းတုံယွန်းထည်သည် ချည်မျှင်ဆရိုးပြုလုပ် နိုင်ပြီး ဖောင်းကြွပုံများ ဖော်နိုင်သော်လည်း ပုဂံ၌ ထိုကဲ့သို့ ချည်မျှင်သရိုး(သယိုး)မပြုလုပ်နိုင်ပေ။


Dr. Flansois Robinne, CCNRS, France မှ အင်းလေးဖောင်တော်ဦးဘုရားပွဲကို ၁၈၈၆၊ ၁၉၆၆၊ ၁၉၉၄ ခု နှစ်တို့တွင် လေ့လာပြီးမှတ်တမ်းနှင့်မြေပုံများ မှတ်တမ်းပြုခဲ့ပါသည်။ အင်းလေး၌ ၁၈၈၆-က ရွာပေါင်း(၇)ရွာရှိပြီး အားလုံး ဘုရားပွဲသို့ ပါဝင်ကြသည်။ ၁၉၆၆-ခုနှစ်တွင်(၁၅)ရွာရှိလာသည်။ ၁၉၉၄-တွင်(၂၁)ရွာရှိလာပြီး ဘုရားပွဲ၌ ပါဝင်ကြသည်။


ယခု ကက္ကူဘုရားအနီး၌ သုံ့ပန်း ယွန်းရှမ်းရွာ ရှိခဲ့သည်။ သုံ့ပန်းရွာများ၊ ဘုရားကျွန်ရွာများသည် အခွန်တော် ပေးဆောင်ရခြင်းမရှိသောကြောင့် ရွာနာမည်သာရှိပြီး အခွန်ပေးဆောင်ရသော ရွာစာရင်း၌ မပါရှိပေ။ ထိုသုံ့ပန်းယွန်း ရှမ်းများ၌ မင်းညီမင်းသား၊ မင်းသမီးများ၊ လူဂုဏ်ထံများ၊ ပညာရှင်များ ပါရှိသည်။ အင်းလေး၊ အင်းတိန်ပတ်ဝန်းကျင် ၌ ယွန်းရှမ်းမင်းသမီး၏အုတ်ဂူစသည်ဖြင့် ပြောဆိုသံကြားရပါသည်။ ယွန်းရှမ်းဘာသာစကား၌(ကူ)ဆိုလျှင် ဘုရား အစုအေဝး၊(ဂွတ်း)ဆိုလျှင် နတ်(စင်)အစုအေဝးဖြစ်ပါသည်။ ယွန်းရှမ်းများ ကွယ်လွန်၍ ကုသိုလ်အဖြစ်လည်းကောင်း မှတ်တမ်းအဖြစ်လည်းကောင်း ဘုရားတည်၍ လှူဒါန်းကြပါသည်။ ငွေကြေးမတတ်နိုင်သူများ(ဘုံသုံးဆင့်ဘုရား ကျောင်းဆောင်)များတည်၍ လှူဒါန်းကြပါသည်။ ကက္ကူဘုရားသည် ယွန်းရှမ်းများ သေဆုံးပြီး လှူဒါန်းခဲ့သော(ဘုရား စေတီနှင့်ဘုရားကျောင်းဆောင်)အစုအေဝး ဖြစ်ပါသည်။ ယွန်းရှမ်းကမ္ပည်းစာတမ်းများကို ဒေါက်တာသန်းထွန်းမှမှတ် တမ်းတင်ပြီး အလှူရှင်နာမည်နှင့်ဆုတောင်းခြင်းတို့၏အဓိပ္ပါယ်ကို ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာပြည်တွင်(ပုဂံ၊ စစ်ကိုင်း၊ ပုပ္ပါး၊ မန္တလေး)၌လည်းကောင်း၊ ကယားပြည်နယ်၌လည်းကောင်း၊ ယွန်းရှမ်း သုံ့ပန်းများ အနှံ့အပြား ရောက်ရှိနကြေပါသည်။ မထင်မရှားပင်နေရသောကြောင့် အချို့က ရှမ်းဟုခံယူပြီး အချို့ဒေ သခံ၏နာမည်ကိုသာ ယူလိုက်တော့သည်။ စကား(စမ်ကား)မြို့ရှိ ယွန်းရှမ်းများမှာမူ သုံ့ပန်းအဖြစ် ရောက်ရှိလာခြင်း မဟုတ်ပဲ မိမိ၏ဆန္ဒအလျောက် ဗုဒ္ဓဘာသာသာသနာပြုရန် မင်းညီမင်းသားများနှင့်အတူ ၁၄၇၉-ခုနှစ် သီးသန့်ရောက် ရှိလာခြင်းဖြစ်ကြောင်း ကွဲပြား၍ မှတ်သားပေးရန် ဖြစ်သည်။ ယွန်းရှမ်းစေတီထီးတော်နှင့်ဗမာစေတီထီးတော်ပုံများ မတူကြောင်းလည်း ကက္ကူဘုရားမှာ တွေ့နိုင်ပါသည်။ ပြည်ထောင်စုကြီး အေးချမ်းသာယာပါစေ၊ လူမျိုးရေးစိတ်သည် ပြည်ထောင်စုတိုးတက်သာယာရေးကို ဟန့် တား၏။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတာလို လူမျိုးရေးဆောင်ပုဒ်များ ကာလ၊ ဒေသ၊ ပယောဂပေါ်မူတည်၍ ပြန်လည်စဉ်းစားသင့်ကြောင်းပါခင်ဗျား...။ [၂]

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. မန်းလင်းမြတ်ကျော်၏ကရင်ရိုးရာ သုတပဒေသာ(၁၉၈၀)စာအုပ်၊ စာမျက်နှာ ၁၄၀၌
  2. (ဦးစိုင်းစံအိုက်)Tai Freedom News, 2013, February-March, Vol.13, P.57
  • (၁)စကားမြို့သမိုင်း
  • (၂)ဇင်းမယ်ရာဇဝင်၊ မြန်မာ့သမိုင်းအဖွဲ့၊ အနှစ်(၅၀)စာစောင်၊ ၂၀၀၅။
  • (၃)Upper Burma Gazetteer, By J.G.Scott, Govt. Printing, Rangoon, Burma, 1901.
  • (၄)ကိုယ်တိုင်လေ့လာချက်များ