မာတိကာသို့ ခုန်သွားရန်

မြိတ်လူမျိုး

ဝီကီပီးဒီးယား မှ

မြိတ်သူမြိတ်သားများသည် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ပင်လယ်ကမ်းခြေဒေသ (မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်)တွင် နေထိုင်ကြသည်။ မြိတ်ခရိုင်အတွင်းတွင် ကမ်းရိုးတန်းတစ်လျှောက် စုလျက်ရှိသော မြိတ်ကျွန်းစုခေါ် ကျွန်းငယ်ကလေးပေါင်း ရှစ်ရာကျော် ပါဝင်သည်။ မြိတ်သူမြိတ်သားများသည် မြန်မာဘာသာစကားကိုသာ အဓိကထား၍ သုံးစွဲကြသော်လည်း အသံထွက်ပုံမှာ မြိတ်ကိုယ်ပိုင်အသံရှိသဖြင့် ဗမာလူမျိုးများ နားမလည်နိုင်အောင်ပင် ကွဲပြားခြားနားလေသည်။ တနင်္သာရီတိုင်းဒေသကြီး၌ကား ထားဝယ်ရော၊ ပုလောပါ အချင်းချင်းအပြန်အလှန်နားလည်နိုင်ကြသည်။ စစ်စစ်အားဖြင့် မြိတ်သူမြိတ်သားတို့သည် လူမျိုးတစ်ရာ့တစ်ပါး တွင်အကြိမ်ကြိမ်ဖော်ပြခြင်းခံရသည်တနင်္သာရီလူမျိုးစုတစ်ခုဖြစ်သည်။


မြိတ်မြို့မှာ ဆိပ်ကမ်းမြို့ရော စီးပွားရေးအချက်အချာမြို့ဖြစ်သည့်အတွက် ပြင်ပလူများအဝင်အထွက်များရကား ကပြားများသာတွေ့မည်ဖြစ်သည်။ ယခုလက်ရှိ မြိတ်လူမျိုးတို့နှင့် သူတို့၏ ယဉ်ကျေးမှုတို့ကား တနင်္သာရီမြို့ နှင့် ပုလောမြို့ တို့၌မှာသာ အစစ်အမှန်ရှာတွေ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တချို့ပညာရှင်တို့မှာ မြိတ်လူမျိုးဟုခေါ်ဝေါ်မည့်အစား ပို၍ တိကျသော တနင်္သာရီလူမျိုးဟု ညွှန်းဆိုကြသည်။

မြိတ်တွင် ကြက်ပေါင်စေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ သတ္တုတွင်းတူးခြင်း၊ ငါးပိငါးခြောက်လုပ်ခြင်း၊ ကွမ်းသီးပင်စိုက်ခြင်း၊ ပင်လယ်ငှက်သိုက် ရှာဖွေခြင်းနှင့် ပုလဲငုပ်ခြင်းများ ကိုလည်း လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် ပိုးထည်ယက်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြိတ်လုံချည် ခေါ် ထူထဲခိုင်မာသော ပိုးစစ်လုံချည်များမှာ အကောင်းဆုံး ပိုးထည်အမျိုးအစားတွင် ပါဝင်သည်။ ငါးပိတွင်လည်း မြိတ်သားတို့ပြုလုပ်သော စိမ်းစားငါးပိသည် မြိတ်မြို့၏ နာမည်ကျော် ထွက်ကုန်တစ်ခု ဖြစ်ပေသည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ