လာချိဒ်လူမျိုး
လာချိဒ်လူမျိုး (သို့မဟုတ်) လရှီလူမျိုး (အင်္ဂလိပ်: Lachik / Lashi) သည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသများတွင် နေထိုင်ကြသော တိဗက်-ဗမာနွယ်ဖွား တိုင်းရင်းသားများ ဖြစ်ကြသည်၊၊ ၎င်းတို့သည် မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော ကချင်မျိုးနွယ်စု ခြောက်စုအနက် တစ်ခုအပါအဝင် ဖြစ်သည်၊၊
| Lachik, Lashi | |
|---|---|
![]() လာချိဒ်အမျိုးသမီးတစ်ဦး၏ ရိုးရာဝတ်စုံ | |
| လူဦးရေ စုစုပေါင်း | |
| ၃၀,၀၀၀ – ၄၀,၀၀၀ ခန့် | |
| အများစု နေထိုင်သည့် နေရာ | |
∟ ကချင်ပြည်နယ် (မြစ်ကြီးနား၊ ဆွန်ပရာဘွန်၊ ပူတာအို၊ ချီဖွေ) ∟ ရှမ်းပြည်နယ် (မြောက်ပိုင်း) | |
| ဘာသာစကား | |
| လာချိဒ်ဘာသာစကား၊ ဂျိန်းဖောဘာသာစကား | |
| ကိုးကွယ်မှု | |
| ခရစ်ယာန်ဘာသာ (အများစု)၊ နတ်ကိုးကွယ်မှု၊ ဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ဇိုင်ဝါးလူမျိုး၊ လော်ဝေါ်လူမျိုး၊ ဂျိန်းဖော့လူမျိုး၊ ဗမာလူမျိုး |
ဘာသာဗေဒနှင့် မျိုးရိုးဗေဒ
[ပြင်ဆင်ရန်]လာချိဒ်ဘာသာစကားသည် ဘာသာဗေဒအရ လိုလို-ဗမာအုပ်စုဝင် ဗမာနွယ် (Burmish) အုပ်စုတွင် ပါဝင်သည်၊၊ ၎င်းသည် ဇိုင်ဝါးဘာသာစကား နှင့် လော်ဝေါ်ဘာသာစကား တို့နှင့် အလွန်နီးစပ်သကဲ့သို့ ဗမာဘာသာစကားနှင့်လည်း အရင်းအမြစ် တူညီသည်၊၊[၁]
မျိုးရိုးဗီဇ (Genetics) လေ့လာချက်များအရ လာချိဒ်တို့သည် ဂျိန်းဖောနွယ်စုများနှင့် မျိုးရိုးရင်းမြစ် တူညီသော်လည်း ဗမာလူမျိုး ကဲ့သို့သော အုပ်စုများနှင့် မျိုးဗီဇရောနှောမှု ပိုမိုများပြားသည်ကို တွေ့ရှိရသည်၊၊ ၎င်းတို့တွင် Haplogroups O2a2b နှင့် D1a1a တို့ကို အဓိကတွေ့ရှိရသည်၊၊
လာချိဒ်လူမျိုး
[ပြင်ဆင်ရန်]လာချိဒ်လူမျိုးသည် တိဗက်-ဗမာဘာသာစကားပြောအုပ်စုဝင်တိုင်းရင်းသားလူမျိုးဖြစ်သည်။ ကချင် အုပ်စုမှ မရူ၊ အဇီး အုပ်စုခွဲတွင် ပါဝင်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား တစ်ဖက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ ဆဒုံးမှ လောခေါင်တောင်တန်းတစ်လျှောက် ကျေးလက်ဒေသများကား အဇီး၊ လာချိဒ်နှင့် မရူလူမျိုးတို၏ စုဝေးနေထိုင်ရာ အရပ်ဖြစ်သည်။
လာချိဒ်လူမျိုးစုတို့ သည် ဆဒုံး၊ အထက်ဖီမော်၊ ဂေါ်လမ်စသည့် နယ်များတိုင်အောင် ပျံနှံနေထိုင်ကြသည်။ အထူးသဖြင့် အင်မိုင်ခ မြစ်ဝှမ်း အောက်ပိုင်းတွင် အများဆုံး နေထိုင်ပုံရသည်။ အင်မိုင်ခ မြစ်ဝှမ်းသည် မရူ၊ လာချိဒ်နှင့် အဇီးတို့၏နေရင်းဒေသ ဖြစ်နေပေသေးသည်။
လရှီလူမျိုး မှ လာချိဒ်လူမျိုးသို့
[ပြင်ဆင်ရန်]လာချိဒ် တိုင်းရင်းသားများကို လရှီလူမျိုးဟု လူသိများကြသည်။ ယခင်က လာချိဒ်လူမျိုးကို ဂျိမ်းဖော့တို့က (လရှီ)၊ လော်ဝေါ်တို့က (လချစ်)၊ ဇိုင်ဝါးတို့က (လချီး)၊ လီဆူးတို့က (အာချဖာ့) ဟု ခေါ်ဆိုကြသည်။ ၁၉၇၀−ခု၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ဒေသပါတီရေးရာမှူး ဦးဂျီဘော့မ်ဇုန်းနှင့် ကျောင်းဆရာကြီး ဦးမဒိန်ဇုန်းခေါယိန်းတို့မှ မိမိတို့မျိုးနွယ်ကို ယနေ့မှ စတင်၍ လာချိဒ်ဟု ခေါ်စေလိုကြောင်း တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော် အစိုးရက လာချိဒ်ဟု ခေါ်တွင် အသိအမှတ်ပြုလာခဲ့သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လာချိဒ်မျိုးနွယ်စုအချို့ မေခမြစ်အထက်ပိုင်း ချုံဒါမံဘယ်လန်(Cung Dan be Lang:)ဒေသတွင် နေထိုင်ချိန် ဘီစီ(၄)ရာစုခန့်၊ ခရစ်နှစ်(၁၅)ရာစု အစောပိုင်းတွင် ချူးဒါမ်ငယော်ဒေသမှ လာချိဒ်လူမျိုးများ ဆင်းသက်လာကြသည်။ ယခု မြစ်ကြီးနားအရှေ့မြောက်ဘက် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် မြောက်ဘက် ထော့လန်ဒေသအတွင်း တည်ရှိသည်။
လာချိဒ် တိုင်းရင်းသားများသည် နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။ သီပေါမင်းလက်ထက် ၁၈၈၅−ခုနှစ် တတိယအင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ကာလ နယ်ချဲ့အင်္ဂလိပ်များ အထက်မြန်မာနိုင်ငံတွင် ရောက်ရှိလာချိန်၊ မြန်မာပြည် အရှေ့မြောက်ဘက် လာချိဒ်မျိုးနွယ်စု အများဆုံးနေထိုင်သော မေခမြစ်တစ်လျှောက် ချန်းမော်ခုန်းဒေသသို့ တရုတ်ဇို့လိုကွမ်းနှင့် ဇိုဆိုင်းရိတို့၏ ကျူးကျော်ရန်ကိုလည်း တွန်းလှန်တိုက်ထုတ်ခဲ့သည်။ ၎င်းတို့ ၂ဦးကို ချန်းမော်ခုန်းဒေသ ပဒေါ့လွင်ပြင်တွင် အသေရရှိခဲ့သောနေ့မှ တရုတ်ကျူးကျော်ရန် ငြိမ်းခဲ့သည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ဒုတယအကြိမ် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ရာ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လာချိဒ် တိုင်းရင်းသား စော်ဘွားများအား ဆက်သွယ်စည်းရုံးလာခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း လာချိဒ်မျိုးနွယ်စုများ ပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် လာချိဒ်ကိုယ်စားလှယ်တော် အဖြစ်−
- မျိုးဆက်စဉ် (၅၇) ဇောင့်လဂွေကျန်းလုတ်(ဝဏ္ဏကျော်ထင်)
- မျိုးဆက်စဉ် (၆၇) ဇောင့်မတောင်တိန့်ခေါဆောင် (ဝဏ္ဏကျော်ထင်)
- မျိုးဆက်စဉ် (၆၈) ဆရာကြီး ဆောင်ချန်းဇုန်းတို့ ပါဝင်ခဲ့ကြသည်။
လာချိဒ်၊ အဇီးနှင့် မရူလူမျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုး အလွန်တူကြသည့်အပြင် ဘာသာစကားမှာလည်း နီးနီးကပ်ကပ် တူကြသောကြောင့် တစ်မျိုးပြောသောစကားကို တစ်မျိုးက နားလည်ကြသည်။ လာချိဒ်စကားသည် မရူစကားမှပင် ဆင်းသက်လာသည် ဟု အချို့ပညာရှင်တို့က ဆိုကြသည်။ လာချိဒ်လူမျိုးတို့သည် မရူနှင့် အဇီးလူမျိုးတို့ထက် တရုတ်နယ်စပ်နှင့် နီးနီးကပ်ကပ် နေထိုင်ကြသည်။ နတ်ကိုးကွယ်သူများ ဖြစ်သော်လည်း တရုတ်တို့၏ အယူဝါဒ ကိုလည်း လိုက်နာကျင့်သုံးလျက် ရှိသည်။ မန်းရှန်း၊ ဟရဲ၊ လွတ်ဆင်၊ ယင်ဒမ်၊ ငေါ်လန်၊ ဆီချန်စသည်ဖြင့်လည်း အစုငယ်များ ကွဲပြားနေသည်။ ၁၉၃၁−ခုနှစ် သန်းခေါင်စာရင်း အရ လာချိဒ်လူမျိုး လူဦးရေမှာ ၂၂၁၃၆၂ ယောက်ခန့် ရှိလေသည်။ [၃]
