တိုင်းလေလူမျိုး
တိုင်းလေလူမျိုး သို့မဟုတ် တိုင်းနေလူမျိုး များသည် တိုင်-ခဒိုင်အုပ်စုမှ ပေါက်ဖွားဆင်းသက် လာသူများဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅မျိုးထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (May 2019) |
| ᥖᥭᥰ ᥘᥫᥴ ᥖᥭᥰ ᥖᥬᥲ ᥑᥨᥒᥰ | |
|---|---|
တိုင်းနေလူမျိုး | |
| လူဦးရေ စုစုပေါင်း | |
| 540,000–700,000 | |
| အများစု နေထိုင်သည့် နေရာ | |
| ဘာသာစကား | |
| တိုင်းလေဘာသာစကား | |
| ကိုးကွယ်မှု | |
| ဗုဒ္ဓဘာသာ, ရှမ်းရိုးရာကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| တိုင်လူမျိုး,ရှမ်းလူမျိုး,မောရှမ်း,ဟန်လူမျိုး |

နောက်ခံသမိုင်း
[ပြင်ဆင်ရန်]တိုင်းလေရှမ်းလူမျိုးများသည် (၁)ရာစုခန့်မှစ၍ ရှမ်းပြည်ထောင်စု နန်ချောင်နိုင်ငံတော်ဒေသတွင် နေထိုင်ခဲ့ကြသည်။ နန်ချောင်နိုင်ငံကို မြန်မာ့သမိုင်းတွင် ဂန္ဓာလတိုင်း၊ ဂန္ဓာရာဇ်တိုင်း၊ ဂန္ဓာရာဇစ်ပြည်ဟု အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ခရစ်သက္ကရာဇ် (၁၂၅၂)ခုနှစ်တွင် မွန်ဂိုတို့၏ စစ်ဘေးဒဏ်ကြောင့် နန်ချောင်နိုင်ငံဒေသ တွင် နေထိုင်ကြသော တိုင်းလေရှမ်းလူမျိုးတို့သည် ထိုင်း၊ မြန်မာ၊လာအိုစသော အရှေ့တောင်အာရှကုန်းမဒေသများသို့ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။
အမည်ရင်းမြစ်
[ပြင်ဆင်ရန်]တိုင်းနေ(ခ)တိုင်းလေ၏ ဝေါဟာရအဓိပ္ပာယ်
တိုင်းလေဟူသော ဝေါဟာရမှာ ရှမ်းစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် "အထက်ရှမ်း" ဟု အဓိပ္ပာယ်ရသည်။ အချို့သော ရှမ်းတို့က “တိုင်းနေ”ဟု ခေါ်ကြသည်။ တိုင်းလေနှင့် တိုင်းနေဟူသော ဝေါဟာရမှာ အဓိပ္ပာယ်အတူတူပင် ဖြစ်လေသည်။ ရှမ်းလူမျိုးတို့သည် ရောက်ရှိသော နေရာဒေသကို အမှီပြု၍သော်လည်းကောင်း၊ နီးစပ်ရာမြစ်ချောင်း၏ အမည်ကို အမှီပြု၍သော်လည်းကောင်း၊ ရိုးရာဝတ်စုံ၏အရောင်အဆင်းကို အစွဲပြု၍သော်လည်းကောင်း ၎င်းတို့၏ လူမျိုးနာမည်ကို ပြောင်းလဲမှည့်ခေါ်လေ့ရှိသည်။ မြောက်ပိုင်းဒေသကို ရှမ်းများက အထက်အရပ်ဟူ၍လည်းကောင်း၊ မြောက်အရပ်ဟူ၍လည်းကောင်း ခေါ်ကြသည်။ ထိုမြောက်ပိုင်း ဒေသ သို့မဟုတ် အထက်ပိုင်းဒေသတွင် နေထိုင်ကြသော ရှမ်းများကို တိုင်းနေ (ခေါ်) တိုင်းလေ ဟု ခေါ်သည်။
ကိုးကားသည့်စာအုပ်များ
-ဦးချစ်ရွှေ၊ ဦးစောကွယ်ဟိုပ (တိုင်းခမ်းတီစွယ်စုံသုတရေးရာ)