သန်းပိုင် (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
သန်းပိုင်
ကိုယ်ရေးအချက်အလက်များ
အရပ်အမြင့် ၁.၈၀ m (၅ ft ၁၁ in)
ကစားသည့်နေရာ ရှေ့တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
???? – 2014 ရန်ကုန်ယူနိုက်တက်လူငယ်အသင်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2015- ရန်ကုန်ယူနိုက်တက်‌AFC 4 (2)
နိုင်ငံကိုယ်စားပြုအသင်း
2013-present မြန်မာ ယူ-၂၀ [၁] 16 (7)
2014– မြန်မာ အမျိုးသား ဘောလုံးအသင်း 1 (0)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး အောက်တိုဘာ ၂၀၊ ၂၀၁၄အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ နိုဝင်ဘာ ၂၉၊ ၂၀၁၄ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

သန်းပိုင်(၆ ဒီဇင်ဘာ ၁၉၉၆)သည် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်သည့်အပြင် ထိုင်းလိဂ် ၂ တွင် ချင်းမိုင်ယူနိုက်တက်ကလပ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားနေသော မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်သည်။ သူသည် ယခင်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ထိုင်းလိဂ် ၃ တွင် ကန်ချနပူရီစီးတီးအတွက် ရှေ့တန်းအဖြစ် ကစားခဲ့သော မြန်မာပရော်ဖက်ရှင်နယ် ကြေးစားဘောလုံးသမားဖြစ်သည်။ ၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲတွင် သူ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်း အား 2015 FIFA U-20 World Cup သို့ တက်လှမ်းနိုင်စေခဲ့သည်။ ဒါဟာ မြန်မာသမိုင်းတွင် မြန်မာအသင်းအား ပထမဆုံးအကြိမ် လူငယ် ကမ္ဘာဖလားပြိုင်ပွဲသို့ ဝင်ရောက်နိုင်စေခဲ့ခြင်းဖြစ်သည်။.[၂][၃][၄][၅][၆]

ငယ်ဘဝ[ပြင်ဆင်ရန်]

သန်းပိုင်ကို ရှမ်းပြည်နယ်သီပေါမြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် စတင်ကစားခဲ့ပြီး ဘောလုံးအားကစားလောကသို့ စတင်အခြေချခဲ့သည်။

သန်းပိုင်၏အမည်ပြောင်မှာ ရှမ်းကြီးဖြစ်သည်။

ကစားသမားဘဝ[ပြင်ဆင်ရန်]

၂၉ နိုဝင်ဘာ ၂၀၁၄ တွင် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ကစားသောပွဲတွင် ကျော်ဇေယျာဝင်းအစား လူစားလဲကစားရာမှစ၍ ပထမဆုံးအကြိမ် နိုင်ငံအတွက် စတင်ကစားခဲ့သည်။[၇]

သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်အတွက် သူ၏ ပထမဆုံးဂိုးကို ၂၀၁၅ မြန်မာ နေရှင်နယ် လိဂ် ဒုတိယအကျော့ပွဲစဉ်၌ ဇွဲကပင်ယူနိုက်တက်နှင့် ၂-၂ သရေကျသောပွဲတွင် သွင်းယူပေးခဲ့သည်။

ဂုဏ်ပြုဆုများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "AFC U-19 Championship Results"၊ AFC၊ 2014-10-11။ 
  2. Asia's contenders confirmed။ FIFA (17 October 2014)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2014 တွင် ပြန်စစ်ပြီး။
  3. Than Paing Profile။ Soccerway။ 25 November 2014 တွင် ပြန်စစ်ပြီး။
  4. Zeise takes ‘his hat off’ to Myanmar FIFA World Cup qualifiers။ Mizzima။ 25 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2014 တွင် ပြန်စစ်ပြီး။
  5. Football: Myanmar fined $31,000 over fans' pitch invasion in youth tournament။ The Straits Times (20 October 2014)။ 25 November 2014 တွင် ပြန်စစ်ပြီး။
  6. Than Paing of Myanmar is lifted up by fans as they celebrate။ Getty Images (17 October 2014)။ 25 November 2014 တွင် ပြန်စစ်ပြီး။
  7. Thailand vs. Myanmar 2 - 0soccerway.com (29 November 2014)။ 29 November 2014 တွင် ပြန်စစ်ပြီး။