မြန်မာပြည်ရှိ တရုတ်လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရန်ကုန် လသာမြို့နယ်ရှိ ဟုတ်ကင်(ဖူကျန့်) ဘုံကျောင်း

မြန်မာပြည်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပျင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃ % ခန့်ရှိသည်ဟု သိရသည်။ လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ ခွဲခြား ဆက်ဆံခြင်းခံရမည်ကို စိုးရိမ်၍ မိမိကိုယ်ကို ဗမာဟု ပြောဆိုနေသူများ[၁]၊ ကပြားများ၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် တရားမဝင် ပြောင်းရွှေ့လာသူများသည် စာရင်းတွင်ထဲတွင် ပါဝင်ခြင်း မရှိဟု ခန့်မှန်းရသည်။ [၂]

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ် လုပ်ကိုင်နေသည် ဆိုဦးတော့ စီးပွားရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အများစုသည် ပညာရေးကို အလေးထားသဖြင့် အဆင့်မြင့် ပညာရေး (တက္ကသိုလ် ပညာရေး) အထိ ဆည်းပူးသင်ယူကြသဖြင့် မြန်မာနိုင်ငံ၏ ပညာတတ် လူတန်းစားတွင်လည်း တရုတ်လူမျိုး အတော်များသည်။

လူဦးရေ[ပြင်​ဆင်​ရန်​]

ယေဘုယျအားဖြင့် အောက်မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စု (၃)စုနေထိုင်ကြသည်။

  • ဖူကျန့်ပြည်နယ်မှ ဟုတ်ကင်လူမျိုး (အင်္ကျီရှည်၊ လက်ရှည်)
  • ကွမ်တုန်းပြည်နယ်မှ ကွမ်းတုန်လူမျိုး (အင်္ကျီတို၊ လက်တို)
  • ဖူကျန့်နှင့် ကွမ်တုန်းပြည်နယ်မှ ဟတ်ကားလူမျိုး (စက)

မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် ဟုတ်ကင်နှင့် ကွမ်တုန်းတို့မှာ ၄၅ % ခန့်ရှိသည်။ [၃] ဟတ်ကားလူမျိုးများကိုမူ ၎င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့် (福建省) မှလာသူကို အင်္ကျီရှည် ဟတ်ကားနှင့် ကွမ်တုန်း (廣東省) မှလာသူကို အင်္ကျီတို ဟတ်ကားဟု ထပ်မံခွဲခြားထားသည်။ မြန်မာရှိ တရုတ်များအနက် ကွမ်းတုန်လူမျိုးများသည် အဆင်းရဲဆုံး၊ အစိုးရဝန်ထမ်းများနှင့် အချိတ်အဆက်ကောင်းသည့် ဟုတ်ကင်များသည် အချမ်းသာဆုံးဟု မြန်မာများအကြားတွင် ရှေးရိုးစွဲအမြင်များ ရှိသည်။

အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့်ဒေသတွင် အခြေချသည့် တရုတ်လူမျိုးအများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုးပန်းသေးများနှင့် ကိုးကန့်လူမျိုးများ အဓိကဖြစ်သည်။ တောင်တန်းဒေသများတွင် တောင်ယာလုပ်ငန်းနှင့် အသက်မွေးသည့် ကိုးကန့်လူမျိုးများမှာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည်။ လက်တွေ့တွင်မူ ကိုးကန့်တို့သည် ရှမ်းများနှင့် ဘာသာစကား အပိုင်းမှာရော၊ မျိုးရိုးအပိုင်းမှာပါ ဆက်စပ်မှု မရှိချေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သည့် အရောင်းအဝယ် လုပ်ငန်းဖြင့် အသက်မွေးကြသူ မူဆလင် ပန်းသေးများကိုလည်း ဒေသခံများအဖြစ် ယူဆထားသည်မှာလည်း အချိန်ကာလ အတော်လေး ကြာမြင့်ပြီဖြစ်သည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာရှိ တရုတ်လူဦးရေ၏ ၂၁ % ခန့်ရှိသည်။[၃]ကျန်တရုတ်လူမျိုးများမှာ တရုတ် မြန်မာ 'ကပြား'များ ဖြစ်ကြသည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ဘာသာစကား[ပြင်​ဆင်​ရန်​]

မြန်မာရှိ တရုတ်များသည် များသောအားဖြင့် ဗမာစကားအား မိခင်ဘာသာစကားအဖြစ် ပြောဆို အသုံးပြုကြသည်။ တရုတ်ကျောင်းတက်သူများလည်း ရှိသောကြောင့် တရုတ်လို အလောတော် သို့မဟုတ် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း မနည်းပါ။ ဖူထုန်းဟွ (အင်္ဂလိပ်လို Mandarin) ခေါ် ရုံးသုံး တရုတ်စကားအပြင် အခြား ဒေသန္တရ ဘာသာစကားများ ဖြစ်သည့် ဟုတ်ကင် (မင်နန်) စကားကို အောက်မြန်မာပြည်တွင်လည်းကောင်း ထိုင်ဆန်းကွမ်းတုန်စကားနှင့် ယူနန်စကားကို အထက်မြန်မာပြည်တွင်လည်းကောင်း ပြောဆို အသုံးပြုကြသည်ကိုလည်း တွေ့ရှိနိုင်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈)အကြားတွင် တရုတ်ကျောင်းများအား ပိတ်ပင်ခဲ့သောကြောင့် တရုတ်စကား ပြောတတ်သူ လျော့နည်းခဲ့သည်။ သို့သော်လည်း ယနေ့ခေတ် ကမ္ဘာအဝှမ်းတွင် တရုတ်စာ၊ တရုတ်စကား အရေးပါလာသောကြောင့် မြန်မာနိုင်ငံတွင်လည်း တရုတ်ကျောင်း အရေအတွက် တိုးပွားလျက်ရှိသည်။ ယင်း တရုတ်ကျောင်းများတွင် တရုတ်လူမျိုးများသာမက ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးများပင် တက်ရောက်သင်ယူကြောင်း တွေ့ရှိရသည်။

ကိုးကွယ်ယုံကြည်မှု[ပြင်​ဆင်​ရန်​]

ပဲခူးမြို့ရှိ ကွမ်ယင်မယ်တော် ဘုရားကျောင်း

မြန်မာရှိ တရုတ်အများစုမှာ တာအိုဘာသာမဟာယာနဗုဒ္ဓဘာသာ ရောယှက်လျှက်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ ကွမ်ယင်မယ်တော်အား ကိုးကွယ်ခြင်းမှာ သိသာထင်ရှားသည့် သာဓက တစ်ခုဖြစ်သည်။ တရုတ်နှစ်ကူး ကဲ့သို့သော တရုတ်ရိုးရာ ပွဲတော်များကိုလည်း ဘုံကျောင်းများတွင် ကျင်းပလေ့ရှိသည်။ ဘုံကျောင်းများသည်လည်း မြန်မာရှိ တရုတ်များ စုဝေးရာ၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအား ထိန်းသိမ်းရာ နေရာ ဖြစ်သည်။ ပန်းသေးများမှာမူ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

အမည်[ပြင်​ဆင်​ရန်​]

မြန်မာရှိ တရုတ်အများစုသည် မြန်မာအမည်ရော တရုတ်အမည်ပါ ရှိတတ်ကြသည်။ အချို့မှာ တရုတ်အမည်နှင့် အသံထွက် ဆင်တူသည့် မြန်မာအမည် မည့်တတ်ကြသည်။ ဥပမာ မြန်မာအမည် 'ခင်အောင်'ဟု ခေါ်သည့် တရုတ်တစ်ဦး၏ တရုတ်အမည်မှာ 慶豐 (ချင့်ဖုန်း) ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့ တရုတ် မြန်မာ ခပ်ဆင်ဆင် အမည် မမည့်သည့် တရုတ်လည်း အများအပြား ရှိသည်။

တရုတ်တို့၏ ဓလေ့အရ မျိုးဆက်သစ်များအား ကင်မွန်းတပ်ရာတွင် မျိုးရိုးအမည်ကို ပထမဆုံး စာလုံးအဖြစ် ပေးလေ့ရှိသည်။ ရန်ကုန်မြို့ရှိ ဘုံကျောင်းတာဝန်ခံတစ်ဦး၏ အဆိုအရ ရန်ကုန်တွင် အတွေ့များသည့် မျိုးရိုးအမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. လီ (李)
  2. ဖုန် (彭)
  3. ရှီ (時)
  4. တုန် (董)
  5. မင် (閔)
  6. နျို (牛)
  7. ပျဲန်း (邊)
  8. ရှင်း (辛)
  9. ကွမ်း (關)
  10. ရွှီ (徐)

အစားအစာ[ပြင်​ဆင်​ရန်​]

မြန်မာပြည်တွင် တွေ့ရှိရသည့် တရုတ်ဟင်းလျာမှာ ဖူကျန့်၊ ကွမ်တုန်းနှင့် ယူနန်ပြည်နယ် ဟင်းလျာများမှ ဆင်းသက်လာသည်။ ဥပမာအားဖြင့် ကော်ပြန့်စိမ်း၊ ကော်ရည်ခေါက်ဆွဲမှာ ဖူကျန့်အစားအစာများဖြစ်သည်။ ဆန်ပြုတ်မှာ လူကြိုက်များသည့် ကွမ်တုန်း အစားအစာတစ်မျိုး ဖြစ်သည်။ ကုန်းပေါင်ကြီးကျော်၊ မာလဟော့ပေါ့၊ ငါးခေါင်းမြေအိုးတို့မှာ ယူနန်၊ စိချွမ်းအစားအစာများ (川菜) ဖြစ်ကြသည်။ အောက်ဖော်ပြပါ အစားအစာများသည် မြန်မာ့နေ့စဉ် အစားအစာများဖြစ်လာသည့် တရုတ်အစားအစာများ ဖြစ်သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

မြန်မာရှိ တရုတ်များ ပညာရေးအား အလေးထားပုံကို ဆေးပညာ၊ အင်ဂျင်နီယာနှင့် ပါရဂူဘွဲ့ရသူ လူတန်းစားတွင် တရုတ်တို့၏ အချိုးအဆ များပြားသည့် အချက်မှ တွေ့ရှိနိုင်သည်။ အကယ်၍ မြန်မာနိုင်ငံ၏ နိုင်ငံသားစိစစ်ရေးကဒ် (တိုင်းရင်းသား မှတ်ပုံတင်ကဒ်) မရှိသူ အက်ဖ်အာစီကဒ် ကိုင်ဆောင်သူ တရုတ်များ တက္ကသိုလ်တွင် ဆေး၊ အင်ဂျင်နီယာကဲ့သို့ အသက်မွေးဝမ်းကျောင်း လိုင်းမတက်ရဟု ကာလကြာမြင့်စွာ ပိတ်ပင်ထားခြင်း မရှိလျှင် အဆင့်မြင့် ပညာအရည်အချင်းဘွဲ့များ ရရှိသူ တရုတ်ဦးရေ အခုထက် ပိုမိုများပြားနိုင်ခြေ ရှိသည်။ ယနေ့တွင် ပြည်တွင်း ကန့်သတ်ချက်များကြောင့် ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုး မိဘများသည် မိမိတို့၏ သားသမီးများအား ထိုင်းမလေးစင်္ကာပူ သို့မဟုတ် အမေရိက စသည့် နိုင်ငံခြားတိုင်းပြည်များသို့ ပို့ဆောင်ကာ တက္ကသိုလ် ပညာကို ဆက်လက် ဆည်းပူးစေသည်။ [၄]

သမိုင်း[ပြင်​ဆင်​ရန်​]

မန္တလေးမြို့ရှိ ယူနန်ဘုံကျောင်း

သမိုင်းမှတ်တမ်းများအရ တရုတ်လူမျိုးများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည့် အစောဆုံးကာလမှာ တရုတ် ဆုန့်မင်းဆက် (အေဒီ ၉၆၀ မှ ၁၂၇၉)၊ ပုဂံခေတ်ကာလ ဝန်းကျင်တွင် ဖြစ်သည်။ ၁၈ ရာစုနှစ်ပိုင်းတွင် မင်မင်းဆက်မှ သမီးတော်တစ်ဦးသည် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကိုးကန့်ဒေသတွင် အခြေချခဲ့သည်။ တရုတ်ကုန်သည်များမှာမူ ဧရာဝတီမြစ်ဝှမ်းရှိ ဗန်းမော်မြို့အထိ သွားရောက် ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်က မြို့တော် အမရပူရမြို့တွင် အခြေချ နေထိုင်လာကြသည်။ ၁၈၅၉ ခုနှစ် မင်းတုန်းမင်းက မြို့တော်ကို အမရပူရမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ချိန်တွင် တရုတ်ရပ်ကွက်သာလျှင် အမရပူရတွင်ပင် နေရစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

၎င်းတို့၏ နောက်လာနောက်သားများသည် ဒေသခံများနှင့် စုလျားရစ်ပတ်ကြကာ အမရပူရမြို့ခံ ဖြစ်လာတော့သည်။ မြန်မာနိုင်ငံသို့ အလုံးအရင်းလိုက် ပြောင်းရွှေ့သည့် တရုတ်လူမျိုး နောက်တစ်သုတ်မှာ ၁၈၀၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိသျှ ကိုလိုနီခေတ်တွင် ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီအစိုးရက တရုတ်နှင့် အိန္ဒိယနိုင်ငံသားများ မြန်မာသို့ ပြောင်းရွှေ့ နေထိုင်ရေးကို အားပေးသည်။ ထို့အပြင် ကြီးပွားချမ်းနိုင်သည့် အခွင့်အလှမ်းများလည်း ရှိသောကြောင့် တရုတ်လူမျိုး အမြောက်အမြား မြန်မာပြည်သို့ ရောက်လာကြသည်။ တချို့မှာ မလေးရှားနိုင်ငံမှ တဆင့် ရောက်လာကြသည်။ [၃]

ထို့နောက်တွင် အမြတ်အစွန်းများသည့် ဆန်စပါးနှင့် ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းများတွင် တရုတ်တို့ ဝင်ရောက်လာသည်။ နောက်ပိုင်းတွင် ကုန်သည်ကြီးများ ဖြစ်လာသည့် အပြင် လက်လီ၊ လက္ကား လုပ်ငန်းရှင်းကြီးများ ဖြစ်လာကြသည်။ ၎င်းတို့၏ အောင်မြင်ပုံကို ငွေကို တရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့ ဟူသည့် အဆိုတွင် ထင်ဟပ်ပြသ နေသည်။ မြန်မာပြည်ရောက် တရုတ်များသည် ဒေသခံများနှင့် ဆက်ဆံရေး ကောင်းမွန်သည်ကိုလည်း တရုတ်တို့အား မြန်မာတို့၏အခေါ် ပေါက်ဖော် ဆိုသည့် ဝေါဟာရမှ သိရှိနိုင်သည်။ [၅]

၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တို့က ကွန်မင်တန်ပါတီနှင့် တိုက်ခိုက်သည့် ပြည်တွင်းစစ်ပွဲကို အနိုင်ရကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်စဉ် မြန်မာနိုင်ငံသည် တရုတ်ကွန်မြူနစ်အား ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ထိုစဉ်က မြန်မာအစိုးရသည် မြန်မာပြည်တွင်းရှိ တရုတ်များအား နိုင်ငံခြားသားများ အဖြစ် ဆက်ဆံခဲ့သည်။ မြန်မာပြည်ရှိ တရုတ်လူမျိုးများအား နိုင်ငံခြားသားကဒ် (FRCကဒ်) များ ထုတ်ပေးပြီး တရုတ်နိုင်ငံသားဟု သတ်မှတ်ကာ အခွင့်အရေး အမျိုးမျိုးကို ကန့်သတ် ထားသည်။ မြန်မာပြည်ရောက် ကုလား (အိန္ဒိယနိုင်ငံသား) များကိုလည်း အလားတူပင် ပြုမူ ဆက်ဆံခဲ့သည်။ [၆]

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာသည်။ သူကိုယ်၌က တရုတ်သွေးစပ်သည့် ကပြား ဖြစ်သော်လည်း မြန်မာပြည်တွင်း၌ တရုတ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။ တရုတ်များ မြန်မာပြည်မှ ထွက်ခွာသွားရန် နည်းအမျိုးအမျိုးဖြင့် ကြံစီခဲ့သည်။ ထိုစဉ်အခါက ဖြစ်ပွားခဲ့သည့် တရုတ် - ဗမာ လူမျိုးရေး အဓိကရုဏ်းကို နေဝင်းအစိုးရက ကန့်လန့်ကာနောက်ကွယ်မှ အားပေးအားမြောက်ပြုသည်ဟု အများက ယုံကြည်ထားကြသည်။[၆] ပြည်သူလူထုမှာ လူသုံးကုန်ပစ္စည်းရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း စသည့် ပြဿနာများမှ လူမျိုးရေး အဓိကရုဏ်းဘက်သို့ အာရုံပြောင်းသွားကြသည်။

ဗိုလ်ချုပ်နေဝင်းက မြန်မာပြည်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး အရပ်သားပိုင် ပစ္စည်းဥစ္စာများနှင့် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ တရုတ်ကျောင်းများအပါအဝင် ကျောင်းအားလုံး ပြည်သူပိုင် အသိမ်းခံရသည်။ တရုတ်ပိုင် လုပ်ငန်းများ အသိမ်းခံရပြီးနောက် တရုတ်လူမျိုး ၁ သိန်းခန့်သည် မြန်မာပြည်ကို စွန့်ခွာကာ အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း သွားကြသည်။[၆][၇] ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ဤကဲ့သို့ ခွဲခြားဆက်ဆံမှုများအပြင် စီးပွားရေး ချွတ်ခြုံကျလာသောကြောင့် တရုတ်အတော်များများသည့် တိုင်းတပါးသို့ ပြောင်းရွှေ့ကုန်ကြသည်။

ယနေ့ မြန်မာပြည်တွင် ကျန်ရစ်နေသည့် တရုတ်များသည် အများအားဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးပဲခူး စသည့် မြို့ကြီးများနှင့် အနီးတဝိုက်တွင် နေထိုင်ကြသည်။ Global Witness ၏ စာရင်းအရ မန္တလေးမြို့လူဦးရေ၏ ၃၀ % ခန့်မှာ တရုတ်လူမျိုးများ ဖြစ်သည်ဟု သိရသည်။

မြန်မာရှိ ထင်ရှားသူ တရုတ်များ[ပြင်​ဆင်​ရန်​]

  • Aung Gyi[၆] - leading army dissident and Ne Win's former deputy/co-conspirator in the 1962 coup
  • Aw Boon Haw (Hakka) - Inventor of Tiger Balm
  • Aw Boon Par (Hakka) - Brother of Aw Boon Haw
  • U Shwe, Chairman of Shwe Thazin Syndicate, War War Win Bean Factory, Shwe Nan Daw, Sein Nan Daw, Yadanar Nan Daw, War War Win Gold Shop - The Notorious Liaison between SPDC & Chinese Communist Gov to support the Longevity of Junta & its murder of monks.
  • Eike Htun[၈] (Kokang) - Managing director of Olympic Construction Co. and deputy chairman of Asia Wealth Bank, two large conglomerates in Burma
  • Kyin Pein aka Loo Kyin Pein of Shwe Latha Company-The Notorious Nationwide Non-Attorney Bribing Brokers for Cases at Courts& Police Stations who was responsible for Mass Gathering of Swan Ar Shin Gangsters to kill & beat monks in September 2007.
  • Khun Sa (Kokang) - Major Southeast Asian druglord
  • ခင်ညွန့် (Hakka) [၉] - မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း (၂၀၀၃ - ၂၀၀၄)၊ ထောက်လှမ်းရေး အကြီးအကဲ (၁၉၈၃ - ၂၀၀၄)
  • Lo Hsing Han (Kokang) - Major Southeast Asian druglord
  • Steven Law (also known as Tun Myint Naing; Kokang) - Managing director of Asia World Company, a major Burmese conglomerate and son of Lo Hsing Han
  • ဗိုလ်ချုပ်ကြီးနေဝင်း (Hakka)[၁၀] - နိုင်ငံတော် အကြီးအကဲ (1960s - 1980s)
  • Pheung Kya-shin - leader of Kokang Special Region and Myanmar National Democratic Alliance Army
  • စန်းယု (Hakka) - သမ္မတ (၁၉၈၀ ပြည့်လွန်နှစ်များ)
  • Serge Pun[၁၁] - Proprietor of Yoma Bank, a major banking chain in Myanmar and chairman of First Myanmar Investment Co. Ltd (FMI), one of Myanmar's leading investment companies[၁၂]
  • Taw Sein Ko (Hokkien)[၁၃] - eminent Director of Archaeology (1901-1915)
  • Thakin Ba Thein Tin[၆] - Communist leader from the 1970s to the 1990s
  • Maung Aye - Vice chairman of SPDC and Chief of Staff of Armed Forces
  • Major General Kat Sein - former Minister of Health
  • Dr. Kyaw Myint - (Minister of Health)
  • Myo Thant - Former Minister of Information under SLORC
  • Colonel Tan Yu Sai - Minister of Trade under Ne Win's government
  • Colonel Kyi Maung- NLD member (1989-2004) and Army Commander of Rangoon in 1960s
  • U Thaung - Minister of Labour & Technical Science, Retired Legion and Ambassador
  • Lun Thi - Minister of Energy
  • Thein Sein - First Secretary of SPDC
  • Kyaw Ba - General Formal Minister of Hotel and Tourism

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Hooker, Michael Barry (2002). Law and the Chinese in Southeast Asia. Institute of Southeast Asian Studies. ISBN 981-230-125-9. 
  2. "China's Ambitions in Myanmar", July 2000. 
  3. ၃.၀ ၃.၁ ၃.၂ Mya Than (1997). in Leo Suryadinata: Ethnic Chinese As Southeast Asians. ISBN 0-312-17576-0. 
  4. Win, Htet. "The Road To Riches?", The Irrawaddy, 2004-07. Retrieved on 2006-06-05. 
  5. Aung, Pho Thar. "Tango with China", The Irrawaddy, 2003-09-16. Retrieved on 2006-06-05. 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ Martin Smith (1991). Burma - Insurgency and the Politics of Ethnicity. London,New Jersey: Zed Books, 153–154,225–226,98,39. 
  7. Steinberg, David L. (2002). Burma: The State of Myanmar. Georgetown University Press. ISBN 0-87840-893-2. 
  8. Backman, Michael. "Burma's banking meltdown goes unnoticed beyond its borders", The Age, 2003-03-30. Retrieved on 2006-06-22. 
  9. Kuppuswamy, C.S. (2004-09-11). MYANMAR: The shake- up and the fall out.. South Asia Analysis Group. Retrieved on 22 May 2006
  10. Leong, S.T. (1997). Migration and Ethnicity in Chinese History. Stanford University Press. 
  11. Backman, Michael. "Burma's banking meltdown goes unnoticed beyond its borders", The Age, The Age, 2003-03-30. Retrieved on 2006-06-22. 
  12. Zaw Htet. "FMI profits beat the business blues", The Myanmar Times, 2006-11-13. Retrieved on 2006-11-26. 
  13. Strachan, Paul (1989). Pagan - Art and Architecture of Old Burma. Kiscadale. 

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]