မာတိကာသို့ ခုန်သွားရန်

လေးဖြူ

ဝီကီပီးဒီးယား မှ
လေးဖြူ
၂၀၁၃ မေလတွင် ဖျော်ဖြေမှု ပြုလုပ်နေသော လေးဖြူ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဝင်းလှိုင်စိုး
မွေးဖွား (1965-05-19) ၁၉ မေ၊ ၁၉၆၅ (အသက် ၅၉)
မူလတိုင်းပြည်အင်းလေးရှမ်းပြည်နယ်မြန်မာနိုင်ငံ
ဂီတဟန်Hard rock, heavy metal, soft rock
အလုပ်အကိုင်ဂီတပညာရှင်၊ ဂီတထုတ်လုပ်သူ
တူရိယာဂစ်တာ၊ ဒရမ်
တက်ကြွသည့်နှစ်များ၁၉၉၂ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီIron Cross Entertainment
ပူးတွဲ ပါဝင်မှုIron Cross, LMN

လေးဖြူ (၁၉ မေ ၁၉၆၅ ဖွား) သည် အင်းလေးဇာတိ မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်သည်။ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အကို အရင်းလည်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ [၁]

ဂီတဖြတ်သန်းမှု

[ပြင်ဆင်ရန်]

သူသည် မွေးရပ်ဇာတိ အင်းလေး မှ ရန်ကုန် သို့ ပြောင်းရွှေ့ပြီး သူ၏ ဂီတဘဝ ကို အိုင်းရင်းခရော့စ် နှင့်အတူ ၁၉၉၃ ခုနှစ်က စတင်ဖြတ်သန်းရင်း ဝင်ရောက်ခဲ့သည်။[၂][၃] လေးဖြူသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ စင်မြင့်ဂီတ ဖျော်ဖြေပွဲများ၌ ပါဝင် သီဆိုခွင့်မရရှိဘဲ ခေတ္တရပ်နားခဲ့ရသည်။ ၂၀၀၉ ခုနှစ်မှ စ၍ စင်မြင့်ဖျော်ဖြေပွဲများ၌ Iron Cross Band နှင့်အတူ ဆက်လက် သီဆိုခွင့်ရရှိခဲ့သည် ။ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်သော စင်မြင့်ဖျော်ဖြေပွဲ၌ အဆိုတော်လေးဖြူအား အားပေးကြိုဆိုသော သူ၏ အမာခံပရိသတ်များကြောင့် ရန်ပုံငွေ အများအပြား ရရှိခဲ့သည်။

ဝေဖန်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ရက် နေ့က ပြုလုပ်သည့် သူ၏ နေပြည်တော် VIP စားသောက်ဆိုင် ဖျော်ဖြေပွဲ အတွင်း Boycott ဆိုသည့် အဓိပ္ပာယ်အား မသိဟု တုန်ပြန့်စကားကြောင့် ပရိတ်သတ်များ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ထို့အပြင် ၎င်း၏ သီချင်းအချို့အား ဖန်တီးပေးခဲ့ကြသည့် တေးရေးဆရာများကြသော တေးရေးဆရာ သော်ဒီဝေ နှင့် ကိုမိုးဃ်းသွေး တို့ကလည်း လူသိထင်ရှားဝေဖန်မှတ်ချက်ပြုခဲ့ကြသည်။[၄]

မိသားစု

[ပြင်ဆင်ရန်]

ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။

ထွက်ရှိပြီးသောသီချင်းခွေများ

[ပြင်ဆင်ရန်]
  • ကန္တာရ လမင်း
  • ပင်လယ်အော်သံ
  • ကန္တာရ ပင်လယ် လမင်းအော်သံ(လိုက်ဖ်ရှိုး)
  • ဂီတ မဉ္ဇူရီ
  • ပါဝါ ၅၄ (Power 54)
  • ကမ္ဘာသစ်တေး
  • ကျိန်စာ
  • သားကောင်
  • ရာစုသစ် (မျိုးကြီးအငဲ တို့နှင့်တွဲဖက်၍)
  • အိပ်မက်ကဗျာ
  • လိပ်ပြာ
  • Iron Cross Band, Unplugged show
  • Iron Cross Band, Live show for 15th anniversary
  • Iron Cross Band, 15th anniversary celebration
  • မံမီများ
  • LMN (မျိုးကြီး၊ အငဲ နှင့်တွဲဖက်၍)
  • ခဏလေးများ
  • င်္ဂလား ပင်လယ်အော် (Bay of Bengal)
  • ဒိုင်ယာရီ
  • ဒါအချစ်လား (Single)
  • ကျောခင်းတံတားများ (Single)
  • မြူ (Single)
  • မိစ္ဆာမ (Single)
  • ဘဝ (single)
  • ဇာတိဘုံ (single)
  • လူ့အန္ဓ (single)
  • လုပ်လိုက် (single)

"ဘင်္ဂလားပင်လယ်အော်" စီးရီးမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။ [၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ကိုလေးဖြူရဲ့ ၁၃ ခုမြောက် "ဘင်္ဂလားပင်လယ်အော်"[လင့်ခ်သေ]
  2. Iron Cross Music Band နှင့်အတူ ၁၉၉၃ ခုနှစ်မှ စတင်ပြီးMyanmar Celebrity (၂၀ မေ ၂၀၂၁)။ ၂၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. အသက် (၅၇) နှစ် ပြည့်သွားတဲ့ ရော့ခ်အဆိုတော် လေးဖြူMyanmar Celebrity (၂၀ မေ ၂၀၂၂)။ ၂၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော် လေးဖြူThe Irrawaddy (၅ ဇူလိုင် ၂၀၂၄)။ ၂၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။