ကဒူးလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကနန်းနှင့် ကဒူးသည် မျိုးနွယ်တူပင်ဖြစ်သည်။ ကဒူးစကားလုံးအချို့မှာ ကချင်စကားလုံးများနှင့် တူညီသည်ကို တွေ့ရသည်ဖြစ်ရာ ကချင်လူမျိုးနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သည်။ ကချင်လူမျိုးများကဲ့သို့ ဗမာလူမျိုးစု၏ဝေးကွာသော အဆက်အနွယ်ဖြစ်နိုင်သည်။ အချို့က တကောင်းခေတ်ပျူလူမျိုးများမှ ဆင်းသက်သည်ဟုလည်း ယူဆကြပြီး သုသေသနပြုလျက် ရှိကြသည်။ ကဒူးလူမျိုးများသည် ဝန်းသိုကောလင်းထီးချိုင့်ကသာအင်းတော်ဗန်းမောက်ပင်လယ်ဘူးအင်းတော်ကြီးအိုင်ဝန်းကျင်တို့တွင် ရှမ်းနီလူမျိုးများနှင့် ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ရိုးသားအေးချမ်းစွာ နေထိုင်ကြပြီး အချို့မှာ ဆင်ဖမ်းပြီး အသက်မွေးကြသည်။ ကဒူးလူမျိုးဟူ၍ သတ်မှတ်ရန် ဘာသာစကားတစ်ခုသာ မြန်မာဘာသာစကားနှင့် ကွဲပြားပြီး စာပေယဉ်ကျေးမှုအဝတ်အစားအစားအသောက်ပွဲလမ်းသဘင်တို့မှာ ဗမာလူမျိုးများနှင့် အတူတူပင်ဖြစ်ရာ ယခုအခါ ပျောက်ကွယ်လုနီးပါး ရှိနေပြီဖြစ်သည်။

ကဒူး လူမျိုးများမှာ ရှေးကျလှသော သက်လူမျိုးစုတွင် ပါဝင်၍ ထိုလူမျိုးစုဝင် လူမျိုးငယ် (၅)မျိုး အနက် လူဦးရေ အများဆုံးဖြစ်သည်။ ၁၉၃၁-ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးအားဖြင့် လူဦးရေ ၃၆၀ဝ-ခန့် ရှိ၍ ကဒူးဘာသာစကားကို ပြောဆိုသူများ ဦးရေမှာ ၂၀၀၀၀ မျှ ရှိသည်။

ကဒူးတို့သည် မိမိတို့ကိုယ်ကို အ-သက်၊ သက်ဟူ၍ သညာ တပ်ခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာတို့တွင် ထိုသူတို့ကို ကန္တူဟု ရေးသားဖေါ်ပြ၍၊ တရုတ်မှတ်တမ်း တို့တွင်ကား “ချိုင်တု”ဟု ရေးသားသည်။ ပုဂံခေတ်ကျောက်စာများအရ ထိုခေတ်က ကဒူတို့သည် တကောင်းမြို့ပတ်ဝန်းကျင်ဖြစ်သော သင်းတွဲပြည်နှင့် မူးမြစ်ဝှမ်း အထက်ပိုင်းဒီပဲရင်းဒေသတို့တွင် နေခဲ့ကြကြောင်း သိရသည်။

(၁၃)ရာစုနှစ် အဦးပိုင်း ပုဂံခေတ်အတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြို့ပြပြည်ရွာ တည်ထောင်ခဲ့ပြီးသော မြန်မာတို့သည် မြောက်ဖက်သို့ ပျံ့နှံ့ရွှေ့ပြောင်း နေထိုင်ကြရာ၌ ကဒူးတို့၏ ဒေသကိုပါ သိမ်းသွင်းခဲ့ကြ၏။ ထိုအချိန်မှစ၍ ကဒူးတို့နှင့် ဆက်သွယ်မှု ပိုမိုများပြား လာခဲ့သည်။

မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူပြီးနောက် ကဒူးတို့သည် ဝန်းသိုဒေသမှ မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသည်။ ယခုအခါတွင် သူတို့ကို ကသာခရိုင်တွင်းရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသ၌ အများဆုံးတွေ့ရသည်။ မြောက်ဘက်ဗန်းမော်ခရိုင်မြစ်ကြီးနားခရိုင် နှင့် အနောက်မြောက်ဘက် အထက်ချင်းတွင်းခရိုင်တို့၌လည်း ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။

နေထိုင်ရာဒေသ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးပင်လယ်ဘူးမြို့နယ်ဗန်းမောက်မြို့နယ်အင်းတော်မြို့နယ်တို့တွင် အများဆုံးနေထိုင်ပြီး ဝန်းသိုမြို့နယ်ကသာမြို့နယ်နှင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသတို့တွင်လည်း နေထိုင်ကြသည်။ အဓိက မဲဇာမြစ်ဝှမ်းဒေသတွင် အများဆုံးနေထိုင်ကြသည်။

လူဦးရေ[ပြင်ဆင်ရန်]

မိခင်ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်သူ (၅၀ဝ၀ဝ) ခန့်မိခင်ဘာသာ စကားမပြောနိုင်သူ တစ်သိန်းဝန်းကျင်ခန့် ရှိသည်။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ကဒူး အမည် စာရင်းထည့်ခံထားရသူ (၃၀ဝ၀ဝ) ကျော်ရှိပြီး ဗမာ အမည်စာရင်းပေါက်နေသူ (၁၀ဝ၀ဝ၀) ဝန်းကျင်ခန့် ရှိသည်။ လက်ရှိ စုစုပေါင်း လူဦးရေ(တစ်နိုင်ငံလုံး) (၂၀ဝ၀ဝ၀)ခန့် ရှိသည်။

ကိုးကွယ်သည့်ဘာသာ[ပြင်ဆင်ရန်]

အများစု ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်သည်။ အခြားဘာသာကိုးကွယ်မှု မရှိသလောက် နည်းပါ;သည်။

စီးပွားရေး[ပြင်ဆင်ရန်]

တောင်သူများ ဖြစ်ကြသည်။ ရွှေလုပ်ငန်း ဆောင်ရွက်မှု အနည်းငယ်ရှိသည်။ ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေး၊ အိုးလုပ်ငန်း၊ နပန်းတောင်းယက်သည့် လုပ်ငန်းများ၊ ဖျာယက်လုပ်ငန်း စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ရှိသည်။ ရိုးရာယက်ကန်းလုပ်ငန်းများကို ပင်လယ်ဘူးမြို့ နယ်တွင်သာ တွေ့ရသည်။ အခြားမြို့ နယ်များတွင် ပျောက်ကွယ်နေပြီဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ခေတ်ပညာတတ်လူငယ်များ နည်းပါးသည်။ အဓိက အစိုးရပညာရေးစနစ် ဖြစ်သည်။ ခေတ်ပညာထက် ဘာသာရေးစာပေကို လေ့လာကြသည်က ပိုများသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကားလမ်းဖြင့်သာ အဓိက သွားလာကြသည်။ မိုးတွင်ကာလတွင် ရေကြောင်းဆက်သွယ်ရေး အနည်းငယ်ရှိသည်။ ဆက်သွယ်ရေး ခက်ခဲသည့် ဒေသတစ်ခုဖြစ်သည်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာအတိုင်း၊ ဝတ်စားဆင်ယင်မှုအတိုင်း ဝတ်ဆင်ကြသည်။ ယခုအခါ ရိုးရာဝတ်စုံ သတ်မှတ်ဝတ်ဆင်တော့မည် ဖြစ်သည်။ နားတောင်းကြီးကြီး ပန်သော ကဒူးများလည်း ရှိပြီး ၎င်းတို့ကို ရှေးက ငနားကြီးဟု ခေါ်ကြသည်။ (ပုဂံ၊ ရွှေစည်းခုံကျောက်စာတွင် ကန်တု ငနားကြီး ဟု ဖော်ပြသည်ကို တွေ့ရ၏။)

စာပေ[ပြင်ဆင်ရန်]

ယခင်က စာပေမရှိခဲ့ပေ။ ယခုအခါ ဒေသတွင်း စာပေပညာရှင် ဦးထွေးမောင်ကျော်(ဘာသာဗေဒပညာရှင်)၏ ကြိုးပမ်းမှုဖြင့် စာပေများ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ဂရီယွန် စာရေးနည်းစနစ်(Gre-Rom Writing System )ဖြစ်သည်။ ကမ္ဘာက လက်ခံထားသည့် နောက်ဆုံးပေါ် သရအလုံး(၅၀) နှင့် ရေးရသည့် စာရေးနည်းစနစ် ဖြစ်သည်။ သင်ရလွယ်ကူပြီး အတိုဆုံးလက်ရေးဖြင့် ရေးနိုင်ပါသည်။ ကမ္ဘာပေါ်မှာရှိသော မည်သည့် ဘာသာစကားကိုမဆို ရေးသားနိုင်ပါသည်။ တိုင်းရင်းသား စုံညီအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပြီး ဖြစ်သည်။ မြန်မာလူမျိုးရှမ်းလူမျိုးတို့နှင့် ရောနှော နေထိုင်ကြသဖြင့် ထိုလူမျိုးတို့၏ ယဉ်ကျေးမှု ထုံးစံဓလေ့အချို့ကို ရရှိထားသူများ ဖြစ်ကြသည်။ ကဒူးတို့ ပြောဆိုသော ဘာသာစကားတွင် မြန်မာစကား အများပင် ပါဝင်နေသည်ကို တွေ့ရ၏။ ဈေးအသုံးအနှုန်း၊ ရေတွက်မှု အသုံးအနှုန်းတို့တွင်ကား ရှမ်းဘာသာစကားကို အများဆုံးသုံးစွဲကြသည်။ သို့ရာတွင် သူတို့၏ မူရင်းဘာသာစကားမှာ မြန်မာစကား၊ ရှမ်းစကား တို့နှင့် မတူပေ။

နိုင်ငံရေး[ပြင်ဆင်ရန်]

ရှေးယခင်ကတည်းက မြန်မာမင်းများ လက်အောက်ခံအဖြစ် အမှုထမ်းခဲ့သည်။ သီပေါမင်းပါတော်မူသည်အထိ ကဒူးတပ်ရင်း သီးသန့်ရှိခဲ့သည်။ ဘုရင့်ဘဏ္ဍာအတွက် ရွှေခွန်ဆက်သရသည့်အတွက် ရွှေဝန်ရာထူးကို ထမ်းဆောင်ရသည့် လူမျိုးလည်းဖြစ်ခဲ့သည်။ အင်္ဂလိပ်လက်ထက်တွင် သစ္စာတော်မခံသည့်အတွက် အိန္ဒိယသို့ ရွှေဝန်ဦးကွတ်တီလည်း အပို့ခံရသည်။ မြန်မာသမိုင်းတွင် အရေးပါသည့် ပြည်ထောင်စုမပြိုကွဲစေသည့် ဖြစ်စဉ်ကို ကဒူးအမျိုးသားများ ဆောင်ရွက်နိုင်ခဲ့သည်။ အလောင်းမင်းတရားဟု လူသိများသည့် ကဒူးလူမျိုး ဦးအောင်ဇေယျသည် မြန်မာပြည်ထောင်စု မပြိုကွဲအောင် ဆောင်ရွက်ခဲ့သလို ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတွင် ကချင်၊ တရုပ်နှင့် ရှမ်းစော်ဘွားများသည် မြန်မာပြည်အထက်ပိုင်းကို သိမ်းပိုက်ရန် မဟာမိတ်ဖွဲ့၍ ကြိုးပမ်းခဲ့သည်။ ထိုအချိန်တွင် ကချင်-ကဒူးစစ်ပွဲတွင် ကဒူးတို့ အောင်ပွဲဆင်နိုင်ခဲ့သလို တရုပ်-မြန်မာစစ်ပွဲတွင်လည်း မြန်မာနေပြည်တော်မှ တိုက်ခိုက်မအောင်နိုင်သည့် စစ်ပွဲကို ကဒူးသူရဲကောင်း ဦးကွတ်တီ၏ စိတ်ဓာတ်စစ်ဆင်ရေးဖြင့် အောင်မြင်ခဲ့သည်။ တရုပ်ခေါင်းဆောင် ငစက်ကျင်ကို သူ့ငယ်သားများကိုယ်တိုင် ခေါင်းဖြတ်ဆက်သ ခဲ့ရသည်အထိ စိတ်ဓာတ်စစ်ဆင်ရေး အောင်မြင်ခဲ့သည်။ ထိုစစ်ပွဲနှစ်ပွဲတွင် ကဒူးတိုင်းရင်းသားများ အောင်ပွဲဆင်ခဲ့၍ ယခုပြည်ထောင်စုတွင် ကချင်နှင့် ရှမ်းပြည်နယ် ပါဝင်နေခြင်းဖြစ်သည်။ ထိုစစ်ပွဲနှစ်ပွဲတွင် စစ်ပန်းနေပြီဖြစ်၍ အင်္ဂလိပ်ကို ပြန်လည်တော်လှန်ရန် လူသူလက်နက်အင်အား နည်းခဲ့ရသည်။ နောက်ဆုံးစစ်ပွဲဖြစ်သည့် တရုပ်မြန်မာစစ်ပွဲတွင် ကဒူး အမျိုးသားများ အကျအရှုံးများခဲ့သည်။ လွတ်လပ်ရေးဆွေးနွေးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကဒူးတိုင်းရင်းသားများအား ညှိနှိုင်းခြင်းမရှိပဲ ကဒူးနယ်မြေမျာအား ကချင်ပြည်နယ်သို့ သတ်မှတ်ပေးလိုက်သည်။ အင်္ဂလိပ်လက်ထက်မှ၍ ကဒူးတိုင်းရင်းသားများ၏ စည်းရုံးရေးပြိုကွဲခဲ့ပြီး နိုင်ငံရေးနယ်ပယ်တွင် စိတ်ဝင်စားမှု နည်းလာကြသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ကဒူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ လက်ရှိတွင် နိုင်ငံရေးပါတီ တည်ဆောက်နိုင်မည့် အလားအလာ နည်းနေသည်။ လူမျိုးစု တိုင်းရင်းသားခေါင်းဆောင်ကောင်း လိုအပ်နေသေးသည်။ လက်ရှိလူငယ်များ စည်းရုံးပြီး တိုင်းရင်းသားများ ပြန်လည်စည်းလုံးအောင် စတင်ဆောင်ရွက်နေသည်။

ကိုးကား[ပြင်ဆင်ရန်]