မာတိကာသို့ ခုန်သွားရန်

သရေစည်သူ

ဝီကီပီးဒီးယား မှ
သရေစည်သူ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
သရေစည်သူဘွဲ့တံဆိပ်
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားပြည်ထောင်စုစည်သူသင်္ဂဟ
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး
Precedence
နောက်ထပ် (ပိုမြင့်သော)မဟာသရေစည်သူ
နောက်ထပ် (ပိုနိမ့်သော)စည်သူ

သရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး စတုတ္ထတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ

[ပြင်ဆင်ရန်]
  1. အဂ္ဂမဟာသရေစည်သူ
  2. သတိုးမဟာသရေစည်သူ
  3. မဟာသရေစည်သူ
  4. သရေစည်သူ
  5. စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၃ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။

ချီးမြှင့်ခြင်း

[ပြင်ဆင်ရန်]

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[]

သရေစည်သူဘွဲ့ ရရှိခဲ့သူများ

[ပြင်ဆင်ရန်]

သရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-

၂၀၂၁ ခုနှစ်

[ပြင်ဆင်ရန်]
ချီးမြှင့်သည့်နှစ် အမည် ရာထူး အဖွဲ့အစည်း ချီးမြှင့်သူ
၂၀၂၁[] ဒုတိယဗိုလ်ချုပ်မှူးကြီး

စိုးဝင်း

ဒုတိယကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဦးဝင်းမြင့်

၂၀၂၃ ခုနှစ်

[ပြင်ဆင်ရန်]
ချီးမြှင့်သည့်နှစ် အမည် ရာထူး အဖွဲ့အစည်း ချီးမြှင့်သူ
၂၀၂၃[] ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယ ဥက္ကဋ္ဌ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) မင်းအောင်လှိုင်
ဘဒ္ဒန္တသဒ္ဓိယ ရွှေသုဝဏ် ဆရာတော်ကြီး ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၊  သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဒေါက်တာ ဘဒ္ဒန္တ သီလာနန္ဒာဘိဝံသ ပါမောက္ခချုပ်   ဆရာတော် (ငြိမ်း) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး
ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး

ကံမြင့်သန်း   

အရာရှိချုပ်၊                              ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ကာကွယ်ရေးဝန်ကြီးဌာန
ဗိုလ်ချုပ် ကိုကိုလွင် ကာကွယ်ရေးဝန်ကြီးဌာန
ဒေါက်တာ ညီလှငယ် နာယက အင်ဂျင်နီယာကောင်စီ


အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၃၉၅ - ၄၀၁။
  2. မော်ကွန်းတင်ပြီးမိတ္တူ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2020 တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ ၁၃၈၅ ခုနှစ် ၊ ဒုတိယဝါဆိုလဆန်း ၆ ရက် CINCDS။ 3 August 2025 တွင် ပြန်စစ်ပြီး။