ဂေခိုလူမျိုး
ပုံပန်းသွင်ပြင်
ဂေခိုလူမျိုး သို့မဟုတ် ကယန်းကဒေါ့ သည် တောင်ပေါ်ကရင်အနွယ်ဝင် ဖြစ်သည်။ ရမည်းသင်းနှင့်တောင်ငူခရိုင် တောင်တန်းများတွင် နေထိုင်ကြသည်။ လူဦးရေ မှာ ၁၉၈၃ ခုနှစ် စာရင်းများအရ ၉၅၀ဝ ဖြစ်သည်။ ဂေခိုလူမျိုးများသည် ကယားပြည်နယ် အတွင်းရှိ လွိုင်ကော်၊ ဒီးမောဆို၊ နှင့် ဖားဆောင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ဂေခိုလူမျိုးများ၏ ထင်ရှားသော ပွဲတော်များမှာ တောင်ယာ မီးရှို့ပွဲ၊ စပါးပျိုးကြဲပွဲ၊ ကောက်ရိတ်သိမ်းပွဲနှင့် ကယ်ဒီးခူး (ခေါ်) စပါးဦး စားပွဲ တို့ ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဂေခိုတိုင်းရင်းသားလူမျိုးများ။ ကယားပြည်နယ် အစိုးရအဖွဲ့။ 3 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။