ကူကီးလူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မာတိကာ

ကူကီးလူမျိုး[ပြင်ဆင်ရန်]

ဆင်းသက်လာကြပုံ အကြောင်း[ပြင်ဆင်ရန်]

မိမိတို့ ကူကီးလူမျိုးများသည် ရှေးပဝေသဏီ အချိန်က (Khul) ဂူ မှတဆင့် တိုက်ရိုက်ဆင်းသက်လာခဲ့ကြသည်ဟူ၍ ကူကီးလူမျိုးများမှ သမိုင်းစဉ်အဆက်ဆက် အခိုင်အမာ ယုံကြည်လက်ခံလာခဲ့ကြသည်။ Khulကို NoiMang-Gam ဟုလည်း ခေါ်ဆိုပြီး NoiMang-Pa ဘွဲ့အမည်ကိုခံယူကြသည့် အကြီးအကဲများ (ရှင်ဘုရင်များ)မှ အုပ်ချုပ်ကြသည်။

ကူကီးအမည်နာမနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ကူကီးဟူသော ဝေါဟာရမှာ မည်သည့်အချိန်မှစ၍ ပေါ်ပေါက်လာကြောင်း ခုနှစ်သက္ကရာဇ် အတိအကျ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော်လည်း ခရစ်သက္ကရာဇ် ၁၇ရာစုက လူမျိုးများအကြောင်းကို ရေးသားခဲ့ကြသော အနောက်တိုင်းပညာရှင်တို့ သုတေသနလုပ်ခဲ့ကြသည့် စာအုပ်များတွင် စတင်မှတ်တမ်းတင်ခဲ့ကြပြီးဖြစ်ရာ အိန္ဒိယ−မြန်မာ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့်လူမျိုးများအနက် ရှေးအကျဆုံးသောအုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ ထိုသုတေသီတို့၏ မှတ်တမ်းများအရ ကူကီးဟူသောအမည်နှင့် ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ အချို့မှတ်တမ်းများတွင် ကူကီးဟူသောဝေါဟာရမှာ ဘင်္ဂါလီစကားဖြစ်သော ကူဆီး(Cuci)မှ ဆင်းသက်လာကြောင်း ဆိုသည်။ ထို CUCI မှတဆင့် KOOKIES ဟူ၍ထပ်မံသုံးစွဲလာကြသည်။ အချိန်ကာလ ကြာလာသည်နှင့်အမျှ ယနေ့ အများစု သိရှိနားလည်ကြသည့် KUKI ဟူသော ဝေါဟာရ ပေါ်ပေါက်လာသည်ဆို၏။ သို့ဖြစ်၍ မူလဝေါဟာရ Cuciဟူသည်မှာ ဘင်္ဂါလီစကားအရ ချုပ်ချယ်မှုကို မနှစ်သက်သူများ၊ မိမိ၏ သဘောဆန္ဒအရ နေထိုင်ခြင်းဟု အဓိပ္ပာယ်ရပေသည်။ ဥပမာအားဖြင့် Mera Cuci He ဟူသော ကုလားစကားမှာ ကျွန်ုပ်သဘောပဲဟူ၍ အဓိပ္ပာယ် ရရှိသကဲ့သို့ Upka Cuci He ဟူသည်မှာလည်း ခင်ဗျားရဲ့သဘောပဲ ဟူ၍ အနက်ရ၏။ သို့ဖြစ်၍ Cuci ဟူသော ဝေါဟာရမှာလွတ်လပ်သူများ (သို့) လွတ်လပ်မှုကို မြတ်နိုးသူများဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ ထို့အပြင် ရှေးကူကီးလူမျိုးများအနေဖြင့် တောတောင်ဒေသများတွင် အုပ်စုလိုက်ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အမဲလိုက်ခြင်း၊ သားငါးတို့ကိုရှာဖွေခြင်းနှင့်တောင်ယာများတွင် အလုပ်လုပ်ကိုင်ခဲ့ကြရင်းအလုပ်စချိန်၊ အလုပ်သိမ်းချိန်တို့အပြင် အိမ်ပြန်ချိန်တို့တွင် ဟိုဘက်ဒီဘက်လူပုဂ္ဂျိလ်အချင်းချင်းအကြားကူးဟု လညျးကောငျး၊ ကီး ဟူ၍လညျးကောငျး အပွနျအလှနျ အခကျြပေးလေ့ရှိကွသညျ။ ထို့ကြောင့်လည်း ၎င်းတို့၏အိမ်နီးချင်းလူမျိုးတို့မှ ထိုအသံကို အစွဲပြုရင်း(ကူး)သို့မဟုတ် (ကီး)ဟုအော်ဟစ်သူများဟု ပြောဆိုခဲ့ကြရာမှ ကူကီးဟူသောအမည်နာမ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရပေသည်။ ထိုနည်းတူ အချို့မှတ်တမ်းများအရ ကူကီးလူမျိုးများသည် (Khul)ဂူမှဆင်းသက်လာခဲ့ကြသော လူမျိုးများဖြစ်ကြသည် နှင့်အညီ လူမျိုးခြားများထံ မိမိတို့ကိုမိမိတို့ မိတ်ဆက်ကြရာ၌ ခူလ်မီး(Khulmi) ဟူ၍ပြောဆိုကြကြောင်း သိရှိရပေသည်။ ကူကီး ဘာသာဖြင့် ခူလ်ဟူသောဝေါ်ဟာရမှာ မြန်မာဘာသာဖြင့် ဂူဟုအဓိပ္ပါယ်ရရှိပြီး (မီး)မှာ လူသား ဟူ၍အဓိပ္ပါယ်ရရှိသည်။ သို့ဖြစ်၍ (Khulmi)ဟူသော ကူကီးဝေါ်ဟာရမှာ မြန်မာဘာသာဖြင့် ဂူသား(သို့မဟုတ်)ဂူမှ ပေါက်ဖွားသူများဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေ သည်။ ကူကီးလူမျိုးအုပ်စုတွင် အချို့လူမျိုးများသည် ယနေ့အထိ Khulmi (ဂူသား)ဟူသောအမည်ဖြင့်ရပ်တည်နေကြဆဲဖြစ် သည်ကို တွေ့မြင်နေရပေသည်။ ဥပမာအားဖြင့် မဏိပူပြည်နယ်ရှိ ချန်ဒေလ် ခရိုင်တွင်နေထိုင်လာခဲ့ကြပြီး သုတေသီတို့မှ (Old Kuki)ရှေးကျသော ကူကီးလူမျိုးများ မှတ်တမ်းတင်ခြင်းခံ ခဲ့ကြသည့် Kom, Chothe, Anal, Maring, Mujol, Lamkang, Khoibu, Monsang,စသည့်လူမျိုးစုအသီးသီး တို့သည် ယနေ့အထိ Khulmi(ဂူသား)ဟူသောအမည်ကို ခံယူကြဆဲဖြစ်သည့် အပြင်၊ ၎င်းတို့နေထိုင်ရာဒေသကိုလည်း Khulmi Region ဂူမှဆင်းသက်လာသူများ၏ဒေသဟူ၍ပင်သတ်မှတ်ကြလေသည်။

ထိုနည်းတူ ကူကီးလူမျိုးများ၏ဆင်းသက်လာပုံ သမိုင်းကြောင်းအရ Khul(ဂူ)မှဆင်းသက်လာခဲ့ကြသူများအနက် (Pu Vanthang)မှ အုပ်စုဝင်များသည် ဤဒေသသို့ အဦးဆုံးရောက်ရှိလာခဲ့ကြသည့် အုပ်စုဖြစ်သည်ဟုခံယူခဲ့ကြသည်။ ထိုကြောင့် လည်း ထိုအုပ်စုဝင်တို့သည် ၎င်းတို့အား(Milui)လူဟောင်းဟုအဓိပ္ပါယ်ရရှိသော သီးသန့်အမည်နာမကိုခံယူ ထားကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ကူကီးလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာမှစ၍ မိမိတို့ဘိုး ဘွားပိုင်နယ်မြေတွင် လွတ်လပ် စွာနေထိုင်လာခဲ့ကြသော တအူတုံဆင်းညီရင်းအစ်ကို တော်စပ်သူများဖြစ်ခဲ့ကြသည်ကို ကာယကံရှင်ဖြစ်သည့် Old Kuki, NewKuki တို့အပြင် Pu Vanthang အုပ်စုတို့၏ တူညီသောနောက်ခံသမိုင်းကြောင်း၊ ပထဝီနယ်မြေဒေသ၊ ကိုယ်ပိုင်စကား တို့အပြင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို တွေ့မြင်ရုံဖြင့်ခန့်မှန်းနိုင်သည်။ ထိုနည်းတူ အထက်ပါကူကီးအုပ်စုဝင် အသီးသီးတို့ သည် ပြည့်ဝသောအမျိုးသားရေး၏ ဂုဏ်အင်္ဂါရပ်များကို ပိုင်ဆိုင် ကြသည်နှင့်အညီ သမိုင်းစဉ်တလျှောက်လုံး မည်သည့်လူမျိုး ခြားတို့ကိုမျှဩဇာခံဖူးခြင်းမရှိခဲ့ကြသော လွတ်လပ်သည့် လူမျိုးများပင်ဖြစ်ကြပေသည်။

ဆင်းသက် ပြန့်နှံ့လာခဲ့ကြပုံ[ပြင်ဆင်ရန်]

ကူကီးလူမျိုးများအကြောင်းကို လေ့လာမည်ဆိုပါက(Khul)မှဆင်းသက်လာသည်ဟု ခံယူလာကြသူများနှင့် Pu. Vanthang မျိုးဆက်များဟု ခံယူလာခဲ့ကြသူတို့၏ သမိုင်းကြောင်းကို သိရှိရန်လိုအပ်ပေသည်။ ထိုနည်းတူ သမိုင်းကြောင်းအရ မည်မျှပင်ကွဲ ပြားမှုရှိစေကာမူ Vangthang ၏မျိုးနွယ်စုဟူ၍ ခံယူသူများမှာ ထာဒိုဟု သတ်မှတ်ခြင်းခံရသည့် မျိုးနွယ်စုများနှင့် မည်သို့မျှ မခွဲခြားနိူင်ကြောင်းကို သိရှိခြင်းအားဖြင့် ကူကီးလူမျိုးများ၏ ထူးခြားမှုအပေါ်တစုံတရာပိုမိုသိရှိနိူင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကာမူ လူမျိုးတိုင်းအနေဖြင့် မိမိတို့၏သမိုင်းကြောင်းကို မိမိတို့ကိုယ်တိုင်လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်ရှိ သည်နှင့်အညီ ကူကီးလူ မျိုးများနှင့် ပတ်သတ်ပြီးကာယကံရှင် အသီးသီးတို့မှ လက္ခံယုံကြည်လာခဲ့ကြသည့် သမိုင်းမှတ်တမ်း များကိုအခြေခံပြီးတင်ပြလို ပေသည်။

ကူကီးအစ ဂူသားက[ပြင်ဆင်ရန်]

ကူကီးလူမျိုးများအနေဖြင့် မိမိတို့လူမျိုးများမှ သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက်မှစ၍ ယုံကြည်စွာဆုပ်ကိုင်လာခဲ့ကြသည့် ဆင်းသက်လာပုံသမိုင်းကြောင်း အကျဉ်းချုံ့မှာ အောက်ပါအတိုင်းဖြစ်သည် ကူကီးလူမျိုးအများစုတို့ ၎င်းတို့အား ရှေးပဝေသဏီ အချိန်က khul (ဂူ)မှတဆင့် ဆင်းသက်လာခဲ့သောရှင်ဘုရင်တပါး၏ ညီတော်ဖြစ်သူ Pu Songthu ၏မျိုးဆက်ဖြစ်ကြသည်ဟု ယုံကြည်လာခဲ့ကြသည်။ ထို (Khul) အားအချို့မှ Noi gam ဟုလည်းခေါ်ဆိုခဲ့ကြသည် ကူကီးစကားဖြင့် Khul မှာ ဂူဟုအဓိပ္ပါယ် သက်ရောက်ပြီး သဘာဝကျေက်ဂူ၊ လှိုင်ဂူတို့ကိုလည်း Khul ဟုပင်ခေါ်ဆိုသည်။ အချို့မှတ်တမ်းအရ ထိုဂူ khul ကို Noigam ဟုလည်းသိရှိရသည် Noigam မှာ Noi (အောက်)နှင့် Gam (တိုင်းပြည်)ဟု အဓိပ္ပါယ်ရရှိသည်ဖြစ်ရာ Khul နှင့် Noigam မှာ အနှစ်သာရအားဖြင့် တူညီနေပေသည် ထိုရာဇဝင်သမိုင်းကြောင်းအရ ထို Khul (သို့)Noigam ကို Noi mangpa မှ အုပ်ချူပ်ခဲ့ သည်ဟုသိရသည်။ Noi mangpa ဟူသည်မှာ အောက်ပြည်၊ အောက်နိုင်ငံ၏ အုပ်ချူပ်သူဟု အဓိပ္ပါယ်ရရှိသည်။ ထို Noi mang pa ရာထူးဆက်ခံခဲ့ကြသူများအနက် ပထမဆုံအုပ်ချူပ်သူမှာ Tungchin ဖြစ်ပြီ ဒုတိယအုပ်ချူပ်သူမှာ ၎င်း၏သား Chon kim ဖြစ်ကာ တတိယမင်းဆက်မှာ Chonkim ၏သား Taichin ဖြစ်သည်။ Taichin သည် Chongthu,Chonghen နှင့် Chongmang ဟုခေါ်သော သားသုံးယောက်ထွန်းကာခဲ့သည်။ ထိုသားသုံးယောက်အနက် Chongthu မှာ ကူကီးလူမျိုးများ ဖခင်ဖြစ်ကြောင်း ရာဇဝင်မှတ်တမ်းအရသိရသည်။ ထိုသမိုင်းကြောင်းကိုယုံကြည်လာခဲ့ကြသော ထာဒိုကူကီး လူမျိုးများမှ မိမိတို့ သည် Khul ဟု ခေါ်သော ကမ္ဘာ့မြေကြီး၏ မြေမျက်နှာပြင်အောက် (Bowels of earth)တွင်နေထိုင်ခဲ့သည့် Pu songthu မှဆင်း သက်လာခဲ့ကြ သူများဖြစ်သည်ဟု ခံယူခဲ့ကြသည်။ Pu songthu သည် Noigam(အောက်ပြည်)မှ အထက်ပြည်အထက်ရွာ (Chunggam)မှ လက်ရှိဒေသတို့ ရောက်ရှိလာခဲ့ပုံမှာ အောက်ပါဖော်ပြထားသည်အတိုင်းဖြစ်သည်။ Pu songthu သည် Khul (သို့) Noigam ဟုခေါ်သော အောက်ပြည်အောက်ရွာရှိ ၎င်း၏ခမည်းတော် Taichin ၏အုပ်ချူပ်မှုအောက်တွင်အစစအရာရာ လိုလေသေးမရှိဘဲ အဆောင်အယောင်အပြည့်ဖြင့် နေထိုင်လာခဲ့သည်။ ထို Taichin ကို Noimangpa ဟုလည်းခေါ်ဆိုရာ၎င်းကို အောက်ပြည်၏ ပြည့်ရှင်မင်း (သို့) အရှင်သခင်ဟု အဓိပ္ပါယ်ရရှိသည်။ ဤသို့ဖြင့် Pu songthu သည် ထိုဒေသတွင်ပျော်ရွင်စွာ နေထိုင်ခဲ့ရင် တနေ့သောအခါ သူ၏ခွေးနှင့် အမဲလိုက်သွားခဲ့ရာမှ နယ်ကျွံပြီ လက်ရှိလူသားများနေထိုသည့် ဤကမ္ဘာမြေကြီးသို့ ရောက်ရှိခဲ့ သည်ဟုထိုရာဇဝင်သမိုင်းအရ သိရှိရသည်ထိုနေရာသည် အလွန်သာယာသည့်အပြင်အသားငါးများပေါများပြိီ နေချင်စဖွယ် ဖြစ်သောကြောင့် Pu songthu သည် ထိုနယ်မြေသစ်တွင်နေထိုင်ရန် ဆန္ဒရှိလာခဲ့လေသည်။ ထိုကြောင့်လည်း Pu Songthu သည်ဖခင်ရှိရာ Noikhopi ဒေသသို့ ပြန်လာခဲ့ပြီး တချိန်တည်းတွင်လည်း ထိုဒေသသို့ရောက်ရှိနိုင်မည် နည်းလမ်းကို ရှာဖွေ ကြံစလာလေသည်။ ဖခင်ရှိရာ Noikhopi သို့ ပြန်ရောက်လာချိန်တွင် Pu Song thu သည် ၎င်း၏ ခမည်းတော် Tai chin ခေါ်သော Noimangpa (အောက်ပြည်အောက်ရွာကိုအုပ်ချုပ်အစိုးရသူ)နှင့် ဦးလေးတော်သူ Pu Chong ja တို့ထံ မိမိသည် အမဲလိုက်သွားရင်အထက်အရပ်၌ နယ်မြေသစ်ကို တွေ့ရှိခဲ့ကြောင်းနှင့် ထိုဒေသတွင် အသားငါးများပေါများကြွယ်ဝသည့် အပြင် တချိန်တည်းတွင်လည်းမိမိသည် ထိုဒေသသို့ နေထိုင်လိုသဖြင့် ခွင့်ပြုရန်တောင်းဆိုခဲ့လေသည်။သို့ရာတွင် ၎င်း၏ဖခင် Noimangpa နှင့် ဦးရီးတော်သူတို့မှသဘောတူခြင်း မရှိခဲ့ကြသောကြောင့် စိတ်မကောင်းစွာ ဖြစ်ခဲ့ရလေသည်။ PU Chongthu သည် ခမည်းတော်၏ ခွင့်ပြုချက်မရရှိသောလည်းထိုဒေသတိို့ အခြေချနေထိုင်လိုစိတ်မှာ အလွန်ပြင်းပြခဲ့သည်ဖြစ်ရာ အချိန်ရှိ သ၍ ထိုဒေသ (Chonggam) သို့ အခြေချနိူင်ရန်နည်းမျိုးစုံဖြင့် အကြံထုတ်ခဲ့လေသည်။ ဤသို့ဖြင့်နောက်ဆုံးတွင် Pu songthu သည် သူ၏အပေါင်းအသင်းတို့၏အကြံပေးချက်အရသူ၏ ခမည်းတော် Noimangpa ပွဲတော်တည်နေအချိန်တွင် ပြဿနာ ဖန်တီးပြီး ထိုမှတဆင့် မိမိဖြစ်လိုတော်အခြေအနေသို့ ရောက်ရှိနိုင်၇န်ဆက်လက်ပြီ မီးစင်ကြည့်ကလျက် မရရအောင် အကောင် အထည်ဖော်ရန်ဆုံးဖြတ်ချက် ချခဲ့လေသည်။ ထိုကြောင့်လည်း Pu songthu သည်သူ၏ အစီအစဉ်အတိုင်း ခမည်းတော် Noimangpa ပွဲတော်တည်နေတွင် အသုံးပြုရန် ၎င်း၏ဓါးအား အစွမ်းကုန် သွေးထားကာ ဓါးအိမ်ထဲတွင် စနစ်တကျသိမ်းထား ခဲ့လေသည်။ ထိုပွဲတော်သည်အလွန်စည်းကာတော်ပွဲတော်ဖြစ်သည်နှင့်အညီ Pu songthu သည်လည်းထိုပွဲတော်တွင် အထူး အစီအစဉ်တရပ်အနေဖြင့် ကရမည်ဖြစ်သည်။ ဤသို့ဖြင့် Pu songthu သည် သူကမည်အလဲရောက်သောအခါ သူ၏ဓါးကို ကိုင်ဆောင်ပြီးပွဲတော်သို့ရောက်လာသူများကို တယောက်ပြီးတယောက် ပိုင်လိုက်ရာ ထိုပွဲတော်အတွင်းတွင် သွေးချောင်းစီးပြီး ကြည့်မကောင်းမြင်မကောင်းဖြစ်ခဲ့ကြသည်။ ထိုအဖြစ်ကြောင့် ပရိသတ်များမှာ ထိန့်လန့်ကျပြီ ထိုပွဲတော်မှာလည်း ကြောက်မက် ဖွယ်ရာ နိဂုံးချုပ်ခြင်းခံခဲ့ရ သည်။ ဤသို့ဖြင့် သားတော်၏ လုပ်ရပ်ကြောင့် လူပုံအလယ်တွင်အရှက်တကွဲ အကျိုးနညး်ခဲ့ရသူ Noimangpa သည်၎င်း၏ သားတော် Pu songthu အားဆဲဆိုပြီး ထိုပွဲတော်အတွင်မှ မောင်းထုတ်ခဲ့လေသည်။ ဤသို့ဖြင့် ဒီယုန်မြင်၍ ဤခြံထွင်သော Pu songthu သည် ခမည်းတော်၏ ဆဲဆိုကြိမ်မောင်းမူအပေါ် အခွင့်ကောင်းယူကာ မိမိကြိုတင် စီစဉ်ခဲ့သည်အတိုင်း အခြွေအရံနောက်လိုက်များနှင့် Chungkhopi ဟုခေါ်သော် အထက်အရပ် ဒေသသို့စတင်ထွက်ခွာ လာခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။ ဤသို့ဖြင့် Pu songthu နှင့် ၎င်း၏အဖွဲ့သားတို့မှာ Chung Kho pi သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ထို Chongkhopi မှာ ယနေ့ ကျွန်ုပ်တို့နေထိုင်ကြသော ကမ္ဘာမြေကြီးပင်ဖြစ်ကြောင့် ထိုမှတ်တမ်းအရသိရှိရလေသည်။ Pu songthu သည် Chungkhopi ခေါ် အထက်အရပ်သို့ ပြောင်းရွေးလာခဲ့ချိန်တွင် ရှင်ဘုရင်တပါးကဲ့သို့ အခြွေအရံအဆောင်အယောင်အပြည့်ဖြင့် ရောက်ရှိလာခဲ့ ကြောင်းသိရှိရသည်။ Pu songthu နှင့် အတူပါလာသော အခြွေအရံအပေါင်းအသင်းများမှာ 1 .A thu te , 2 . A be te , 3. A soh te, 4. A se mang နှင့် ApaChong တို့ဖြစ်ကြသည်။ အချို့သော သမိုင်းမှတ်တမ်းများတွင် ဤကမ္ဘာမြေကြီးပေါ်သို့ရောက်ရှိရန် ဦးဆောင်သူသည် ထို Noikhopi( Bowels of earth) ကိုအုပ်ချူပ်ခဲ့သောရှင်ဘုရင်၏ သားတော်ဖြစ်သည်ဟု မှတ်တမ်းတင်ထားကြသောလည်း အချို့မှတ်တမ်းများတွင် ညီဖြစ်သည်ဟု တွေ့ရှိရလေသည်။ ဥပမာ အားဖြင့် Tuck နှင့် Betteran တို့၏ The Chin hill စာအုပ် Vol. 1, Chapter 12 ဖော်ပြချက်တွင် ရှင်ဘုရင်၏ညီ (King's brother )ဟုမှတ်တမ်းတင်ထားလေသည်။ သို့ရာတွင် (Tarun Goswami )၏ (Kuki life lore) စာအုပ်မှ ဖော်ပြချက်အရ Pu songthu မှာ Noimangpa ၏ သားတော်ဖြစ်ကြောင့်သိရှိရသည်။ သို့ဖြစ်၍ အထက်ပါမှတ်တမ်းအသီသီတို့ တွင် မည်သို့ပင်ဆိုစေကာမူ ၎င်းမှတ်တမ်းများအနက် တခုတည်းသော တူညီမူမှာအောက်ပြည်ဖြစ်သော (Khul)မှ အထက်အရပ် တို့ ရောက်ရှိလာသူမှာ Pu songthu သာလျင်ဖြစ်ကြောင်းကိုထင်ရှားစွာ မြင်တွေ့သိရှိနိုင်ပေသည်။ထိုအချက်ကို သုံးသပ်ခြင်း အားဖြင့် အချိန်ကာလ ကြာရှည်မူအပေါ်တွင် အုပ်စုတခုနှင့် တခုအကြား မှတ်တမ်းများအနည်းငယ် စီကွဲပြားလာခြင်းဖြစ်နိုင် သည်ကိုတွေ့ရှိရသည်။ ထို့အပြင် Pu.songthuနှင့် အတူပါလာသည့် အကြီးအကဲတို့၏ အမည်နာမများကို KUKI LIFE AND LORE စာအုပ်တွင် အောက်ပါအတိုင်းရေးသားထားလေသည်။ ထိုပုဂိ¾ုလ်တို့၏ အမည်များမှာ--

  1. Chongthu (Suppreme-Chief (or)King)
  2. Pu.Thangtol,(Semangpa).
  3. Khongthang (Khongpo (or)Drummer.)
  4. Dalsiempu,(Dahchal Choi(or)Gong player)
  5. Sanglhu (Neichingpa,(or)Treasurer
  6. Hangmipa ,( Fearles warrior)
  7. Jahong General Caretaker
  8. Khupngam Care taker of chongthu's dogs.
  9. Lankhoul (Road Guide)
  10. Thangthudip (Personal attendent)
  11. Santhuh (Massenger)
  12. Vangalpa Lifter of Store boulders.
  13. Thangchoi ( Curry of arrows and poson)တို့ဖြစ်သည်။


ဤသို့ဖြင့် Pu songthu ဦးဆောင်သောအဖွဲ့သည် Chungkhopi သို့ဦးတည်လာခဲ့ကြရာ လမ်းခရိီးတွင် Gulheupi ဟုခေါ်သော ဧရာမမြွေကြီးတကောင်၏ ပိတ်ဆို့နှောက်ယှက်ခြင်းကိုခံခဲ့ကြသောကြောင့် Pu songthu သည် သူ၏(Joudi-Chem) ဓါးကို ထုတ်ပြီခုတ်ရာ ထိုမြွေကြီးမှာခုနှစ်ပိုင်းတိတိ ပြတ်သွားသည်ဟုသိရှိရသည်။ ထိုနောက်ခရီးဆက် ခဲ့ကြရာ Pi nemneh ဟုအမည်ရသော မုဆိုးမအဖွားကြီးတဦးသည်။ လမ်းခုလတ်တွင်၎င်း၏ အရေးကြီးသော ပစ္စည်းတချို့ကို မေ့ကျန်ခဲ့သောကြောင့်ထိုပစ္စည်းများကို ပြန်ယူရန်မူလ Noikhopi သို့ပြန်သွားခဲ့သည်။ ထိုပစ္စည်းများမှာ-

  1. Nihsan (အနီရောင်အောက်ခံထဘီ)
  2. Adumdip (ဆေးရွက်ထည့်သည်အိတ်)
  3. Patkong (ချည်ငြင်သည့်ကိရိယာ)
  4. Juchih koi na belbing(အရက်ပြင်းထည့်သည်အိုး)နှင့်
  5. Muchi Chivo(မျို့စေ့)များပင်ဖြစ်ကြသည်။

ဤသို့ဖြင့် Pu.Chongthu နှင့် အဖွဲ့သည် Pi nemneh ကိုအစောင့်ဘဲ Khulkot (ဂူ၏ထွက်ပေါက်) ကိုအလွန်ကြီးမား သောကျောက်တုံးဖြင့်ပိတ်ဆို့ကာထိုခရီးကိုဆက်ခဲ့ကြလေသည်။khulkotကိုပိတ်ဆို့ခဲ့ကြသောထိုဧရာမ ကျောက်တုံကြီးမာ Vangalpa သာလျင်မနိုင်သည်ဖြစ်ရာ Pu.songthu သည် သူ၏လက်ကိုလည်ရိုက်ချိုးခဲ့လေသည်။ထိုသို့ပြုလုပ်ရခြင်းမှာလည်း Noimangpa နှင့်၎င်း၏အဖွဲ့သားများသည် မိမိတို့နောက်ကိုမလိုက်နိုင်ရန်ပင်ဖြစ်သည်။

ဤသို့ဖြင့် အချိန်အတန်ကြာပြီးနောက် မိမိ၏မေ့ကျန်ခဲ့သော ပစ္စည်းများကို ပြန်ယူခဲ့သည့် Pi.Nemneh သည်မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း Pu.Songthu နှင့်အဖွဲ့သည် မစ္စည်းမေ့ကျန်ခဲ့သူ Pi.Nemneh ကိုမစောင့်ယုံမျှမကဘဲ ထိုထွက်ပေါက်ကိုပါ ထပ်မံပိတ်ဆို့ထားခဲ့ကြရာ ကာယကံရှင် Pi.Nemneh သည်အလွန်ဒေါသထွက်ပြီး မိမိကို ချန်ရစ်ခဲ့ကြသည့် Pu.Songthuအုပ်စုအားအောက်ပါအတိုင်းကြိမ်ဆိုခဲ့သည်။                                                                                      " Netnan juiin, Satna juijui, gunat changnat nan juijun, Hitse gausen juijun, Gamin tup min, juijun,gelkel dangchah in juijun"ဟူ၍ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ရောက်ရာနေရာတိုင်းတွင် ဖျားနာခြင်း၊ သေဆုံးခြင်း၊ ငတ်ပြတ်ခြင်းနှင့် ဒုက္ခဆင်းရဲအပေါင်းတို့ကို ရင်ဆိုင်ကြပြီး ဖိစီးမှုမျိုးစုံတို့သည် သွားလေရာနေရာတိုင်းတွင် အရိပ်လိုကပ်ပါစေဟု ဆီလျှော်အောင်အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေသည်။ ဤသို့ဖြင့် Pi.Nemneh သည် အထက်ပါအတိုင်း ကျိန်ဆဲပြီးနောက် (Khulkot)ခေါ် ဂူ၏ထွက်ပေါက်ကိုပိတ်ဆို့သည့် ကျောက်တုံးအားသူ၏ တံတွေးဖြင့်ထွေးရာ ထိုတံတွေးမှာ ကျောက်တုံးနှင့်ထိတွေ့ပြီး မီးတောက် လာသည်ဟုသိရှိရသည်။ အထက်ပါအတိုင်း ကျိန်စာတိုက်ပြီးနောက် Pi.Nemneh သည်ထိုနေရာမှတဆင့် မူလနေရာ Noikhopiသို့ပြန်သွားခဲ့ကြောင်းသိရှိရလေသည်။                                                                                        အထက်ပါသမိုင်းကြောင်းနှင့် ပတ်သတ်၍ထိုအချိန်က ဖြစ်ပေါ်ခဲ့သောကလ၊ ဒေသနှင့် ပယောဂအခြေအနေများအပါ် ဆက်စပ်ကြည့်ပါက ကူကီးလူမျိုးများသည် Pu.Songthu မခွဲထွက်ခင် ကာလကပင် မိခင်အုပ်စိုးသော ကာလကိုကျော်လွန်ခဲ့ပြီး ဖခင်အုပ်စိုးသောကာလသို့ ရောက်ရှိနေကြပြီးဖြစ်ကြောင်းသိရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် Pu.Songthu၏ ခမည်းတော် ဖြစ်သော Noimangpa မှပွဲတော်တည်ခြင်း(သို့) အလှူမင်္ဂလာပြုလုပ်ချိန်တွင် ဓါးလှံများကို ကြွယ်ဝစွာအသုံးပြုခဲ့ကြပြီး ဖြစ်သည့် အပြင် ဝတ်ဆင်ခဲ့ကြသည့် အဝတ်အစားများ အပါအဝင် လူအသုံးအဆောင်ပစ္စည်းများပါ ပြည့်စုံကြွယ်ဝခဲ့ကြပြီဖြစ်ကြောင်း Pu.Songthu မျိုးဆက်တို့၏ Lapi ခေါ်ရဲရင့်ကျူးကဗျာအရ ထင်ရှားစွာ သိရှိနိုင်ပေသည်။ ထိုရဲရင်ကျူးကဗျာမှာ-

" Khula kapennin kachunle kajon thangnam chembang ei-oie. kajon eichoi e thangnam chemphabangin eichoije, Thangnam eichoiie, Nam chempha bangin eichoie, Thangnam eichoie, Namchem eichoie."ဟူ၍ သီဆိုကြွေးကြော် လာကြပေသည်။

   ထိုရဲ့ရင့်ကျူးဧသံဖြစ် ကဗျာလင်္ကာ၏ အဓိပ္ပါယ်မှာ ကျွန်ုပ် Khul (ဂူ)မှာ ဖွားမြင်ခဲ့သည့်အချိန်တွင် ကျေးဇူးရှင်မိဘနှစ်ပါးတို့မှ အစွမ်းထက်သော ဒါးလက်နှက်ပမာ အားကိုးသမူပြုခဲ့ကြသည်ဟု မိမိမွေးဖွားခြင်းအပေါ် ဂုဏ်ဖော်ခြင်းပင် ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် Pu. Songthu နှင့်သူ၏ အဖွဲ့သားများမှာ အထက်အရပ် (Chungkhopi)သို့ ရောက်လာကြသော အခါ ချက်ချင်းဆိုသလို အိမ်ယာဆောက်လုပ်နိုင်ခြင်းအရှိသေးဘဲ အိုးမဲ့အိမ်မဲ့ဘဝဖြင့် ဆုတ်ယုတ်သည့်ဘဝ သို့ပြန်ရောက်ခဲ့ကြ ဟန်တူပေသည်။ အဘယ့်ကြောင့်ဆိုသော် တကယ့်ရှေ့းဦး ကျောက်ခေတ်လူသားဘဝတွင် လူသားများသည် အချင်းချင်းစကား များပင်မပေါက်ကြဘဲ ကိုယ်ဟန်လက်ဟန်ဖြင့်သာ အပြန်အလှန် ဆက်သွယ်နေခဲ့ကြသည်ဖြစ်သော်လည်း Pu.Songthu အုပ်စုသည် ဂူ (Khul) မှတဆင့် အထက်အရပ်သို့ ရောက်ရှိချိန်တွင် အချင်းချင်းအကြား ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနေခဲ့ကြပြီး ဖြစ်ယုံမျှမက မင်းဘုရင်ကဲ့သို့အဆောင်အယောင် အချွေအရံတို့ဖြင့် ထွက်ခွါလာခဲ့ကြကြောင်း ထိုမှတ်တမ်း အရသိရှိရပေသည်။ သို့သော်လည်းမိမိတို့ရောက်ရှိလာကြသည့် နယ်သစ်ပယ်သစ်တွင် သဘာဝရာသီဥတုဘေးဒဏ်နှင့် သားရဲတိရိစ္ဆာန်တို့၏ ဘေးရန်မှကာကွယ်ရှောင်တိမ်နိုင်ရန် ဂူအောင်းရင်း မူလဘဝသို့ ပြန်လည် ရောက်ရှိကြခြင်း ဖြစ်နိုင်ဘွယ်ရာ ရှိပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် ကလေးမွေးဖွားရာတွင် ဝေဒနာပြင်းပြစွာ ခံစားကြသည်နှင့်အညီ ထိုအချိန်တွင် ၎င်းတို့အတွက် ခိုလုံရန်အရိပ် အာဝါသလိုအပ်လာမည်ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အနေဖြင့် လေဒဏ်မိုးဒဏ်တို့မှ ရည်ရှည်တွင် အကာအကွယ်ရရှိစေရန်ကျောက်ဂူ၊ ကျောက်ကြား၊ သစ်ခေါင်း၊ လှိုင်ခေါင်းကြီးများကို အိမ်ရိပ် သဖွယ်ပြုလုပ် ကြခြင်းဖြစ်သည်မှာ ယုံမှားသံသယ ရှိစရာမလိုသော ဆင်ခြေနှင့် ကြောင်းကျိုးဆက်နွယ်မူပင်ဖြစ်ပေသည်။ ဤသို့ ဖြစ်လာရခြင်းမှာလည်း Noikhopi မှထွက်ခွါလာစဉ် အချိန်က Pi.Nemneh ၏ကျိန်ဆိုခြင်းကို ခံခဲ့သောကြောင့် ဒုက္ခရောက်ကြရခြင်း ဖြစ်သည်ဟုယုံကြည်ကြသည်။ မည်သို့ပင် ဆိုစေကာမူ Pu.Songthu 2မှ ဆင်းသက်ပေါက်ဖွားလာခဲ့ကြသည့် မျိုးဆက်တို့သည် မည်မျှပင် မြားပြားပြီး မည်သည့်နေရာသို့ ရောက်ရှိကြစေကာမူ ၎င်းတို့၏ကြွေးကြော်သံကို ကြားရခြင်းဖြင့် အချင်းချင်းအကြား နားလည်သိရှိနိုင် ကြပေသည်။ Pu.Songthu မျိုးဆက်တို့သည် မိမိတို့ကြုံတွေ့ခဲ့ကြသော ပြဿနာများကို မကြောက်မရွံ့ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြချိန်တွင် ရဲရင့်ကျူးအဖြစ် " Tah chapa Pu.Songthu tupa Khulla Kon" ဟူ၍ ဇာတိဂုဏ်ကိုဖော်ကျူးခဲ့ကြပေ သည်။ အဓိပ္ပါယ်မှာ ငါဟဲ့ယောက်ကျား Pu.songthu ရဲ့မျိုးရိုး၊ ငါ့ကိုဘယ်သူယှဉ်ဝံ့သလဲဟူ၍ ဆိုလို ခြင်းဖြစ်သည်။ ထို့ကဲ့သို့ ကြွေးကြော်ခြင်းဖြင့် မိမိတို့၏သတ္တိနှင့် ရဲရင့်မူများကို ဂုဏ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ထိုနည်းတူ Pu.Songthu မျိုးဆက်တို့သည်၊ ကျား၊ ဆင်၊ ခြ့င်္သေ့ စသော သားရဲတိရိစ္ဆာန်များကို သတ်ဖြတ်ကြချိန်တွင်း၎င်း၊ ရန်သူများကို အောင်ပွဲခံခဲ့ကြချိန်များတွင်၎င်း၊ အောက်ပါအတိုင်း ကြွေးကြော်လာခဲ့ကြသည်။

" Kathange Kathange , Namtin Khovaiphei laija. Chonghi tuson kathange. Kajon eichoie, Namchem phabang eichoie. Chunnin eichoie. Aikep pha bang eichoie." "(Khovaiphei ရွာသားကျွန်ုပ်သည် ကမ္ဘာတလွှားရှိ လူမျိုးတကာတို့၏ အလယ်တွင်ဘုန်းတန်ခိုး ထွန်းတောက်ကျော်ကြားသည့် Pu.Songthu ၏မျိုးဆက်ဖြစ်သည်။ ကျွန်ုပ်၏ဖခင် မှအစွမ်းထက်သည့် ဓါးရတနာ်ကဲ့သို့၊ မိခင်မှ Aikep ပမာမြတ်နိုးယုယစွာဖြင့် အကျွပ်န်ုကို မွေးခဲ့ရကျိုးနပ်ပေသည်" ဟု အဓိပ္ပါယ် ရရှိသည်။ ထိုကြွေးကြော်သံမှာ Pu.Songthu ၏မြေးဖြစ်သော် Pu.Thangpi၏ Chon ပွဲတော်ကျင်းပချိန်မှစပြီး ကြွေးကြော်လာ ခဲ့ခြင်းဖြစ်သည်။ ထိုအပြင်အစဉ်အလာအရ Thangpi ခေတ်မှစ၍ သားရဲတိရိစ္ဆာန်များနှင့် ရန်သူများကိုသတ်ဖြတ် ကြချိန်တွင် ထိုအလောင်းဘေး၌အောက်ပါအတိုင်းဂုဏ်ယူဝံ့ကြွားစွာဖြင့်ကြွေးကြော်လာခဲ့ကြလေသည်။ " Tahchapa Chongthu chapa, Napu kei pujou lou napa keipa joulou nangin la keinei joulou"ဟူ၍ဖြစ်သည်။ အထက်ပါ ကြွေးကြော်သံ၏ အဓိပ္ပါယ်မှာ "ယောက်ကျားဘသား Pu Chongthu ရဲ့အမျိုး မင်းရဲ့အဘိုးသည် ငါ့အဘိုးကိုမယှဉ်နိုင်ခဲ့၊ မင်းအဖေသည်ငါ့အဖေကိုမယှဉ်နိုင်ခဲ့ ၊ အသင်လည်းငါ့ကိုယှဉ်နိုင်မည်မဟုတ်" ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ နောက်ပိုင်တွင် လူဦးရေများပြားလာသည်နှင့်အမျှ ဆွေမျိုးစုအလိုက်ရွာတည်လာကြရာ ထိုမှတဆင့် ၎င်းတို့သည်မိမိတို့ဆွေမျိုးအမည်နှင့် နေထိုင်ခဲ့သည့် ရွာများကို အခြေခံလာ ခဲ့ကြသော်ကြောင့် ကြွေးကြော်သံများမှာလည်း ဆွေမျိုးအလိုက်ကွဲပြားလာခဲ့ရလေသည်။

        Pu. Songthu အုပ်စုအနေဖြင့်လူဦးရေတိုးပွားလာသည်နှင့်အညီ Khovaiphi မှတဆင့်အခြားရွာများကိုလည်းထူထောင် နိုင်ခဲ့ကြရာ ပထမဆုံတည်ထောင်ခဲ့သည်ရွာများမှာ ManHaom, ManChuh နှင့် Makong စသည်တို့ဖြစ်ကြပြီး ထိုရွာသုံးရွာမှာ Laili တောင်အနီးတွင် ဖိုခနောက်ဆိုင်ကြကြောင့် သိရှိရသည်။ 
      အထက်ပါသမိုင်းကြောင်းနှင့်ပတ်သတ်၍ ဆန်စစ်ပါက ဂူ(Khul)မှာ ကမ္ဘာဦးကျောက်ခေတ်လူသားဘဝက ကျောက်ဂူလှိုင်ဂူ များတွင်နေထိုင်ခဲ့ကြသည် ကျောက်ခေတ်လူသားဘဝကိုဆိုလိုခြင်းဖြစ်မည်ဟုအချို့ပုဂိ¾ုလ်တို့မှယုံကြည်ကြသည်။
   သို့သော်လည်းထိုသမိုင်းအကြောင်းအရ ကူကီးလူမျိုးများသည် ဂူ(Khul) တွင် နေထိုင်စဉ်ကပင် ဓါး၊လှံ၊လေးမြှားစသည် တို့ကို အသုံးပြုခဲ့ကြပြီဖြစ်သည်ကို ဆန်းစစ်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် ကျောက်ကြမ်းခေတ်ကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်ကြောင်း သိရှိ နိုင်ပေသည်။ ထိုနည်းတူအချို့သုတေသီတို့၏ သုံးသပ်ချက်အရ ကူကီးလူမျိုးများမှာ တိဘက်တို ဘာမင်အုပ်စုဝင်ဖြစ်ကြသည်နှင့် အညီ ဂူ(Khul)ဟူသည်မှာ မိမိတို့ မွန်ဂိုလီယန်း ကုန်ပြင်မြှင်တွင် လှည့်လှယ်ခဲ့စဉ်က နေထိုင်ခဲ့ကြသည် သဘာဝကျောက်ဂူ (သို့) အချို့ ပုဂ္ဂိုလ်တို့ အနေဖြင့်လည်း ဂူ(Khul)ဟူသည်မှာ တရုတ်နိုင်ငံရှိ ဂရိတ်ဝေါ(Greatwall) ကို ဆိုလိုခြင်းဖြစ်နိုင်သည်ဟုသုံးသပ် ကြလေသည်။ 
    ရှေ့းကူကီးလူမျိုးများအနေဖြင့် မိမိတို့သည်ဘုရာသခင်၏ အလိုတော်အရကမ္ဘာကြီး၏ မြေမျက်နှာပြင်အောက်ဘက်ရှိ ဂူ (Khul)ဟု ခေါ်ဆိုသော် နေရာမှဆင်းသက်ပေါက်ဖွားလာခဲ့ကြခြင်းဖြစ်သည်ဟု ခေတ်အဆက်ဆက်မှစ၍ ယုံကြည်လာခဲ့ ကြသည်။ ထိုကြောင့်လည်းကူကီးရိုးရာအရ မိမိတို့လူမျိုးများအတွင်းတွင် ဝါစဉ်ကိုလိုက်ပြီး ကြီးစဉ်ငယ်လိုက် အုပ်ချုပ်သော် အုပ်ချူပ်ရေးစနစ်ကို ကျင့်သုံးလာခဲ့ကြရာတွင် ဝါငယ်သူမှ ဝါကြီးသူအား ၎င်းတို့သတ်ဖြတ်ခဲ့ကြသည့် သားကောင်၏ ကျောသား ကိုဆက်သရပေသည်။ ထိုသို့ ဝါစဉ်အလိုက် တဆင့်ပြီတဆင့် ဆက်သကြရာတွင် ဝါအကြီးဆုံဖြစ်သူဟု သတ်မှတ်ခြင်း ခံရသူအနေဖြင့်၎င်းတို့ ရရှိကြသော သားကောင်၏ကျောသားကို ကျောက်ဂူ လှိုင်ဂူတို့နှင့် လှိုင်ခေါင်း သစ်ခေါင်းများ အတွင်း ချထားခဲ့ကြလေသည်။ ထိုသို့ ပြုလုပ်ရသည့်အကြောင်းမှာလည်း ၎င်းတို့သည် ဝါအကြီးဆုံးဖြစ်သည်နှင့် အညီ၎င်းတို့ဆင်းသက် ခဲ့ကြသည့်နေရာမှာ ဂူ (Khul)ဟုခေါ်သည့် အဆိုပါမြေဂူ ၊ လှိုင်ဂူ အစရှိသည့် နေရာဒေသများဖြစ်သည်ဟု ခံယူလာကြသော  ကြောင့် ထိုကဲ့သို့ ပြုလုပ်ကြခြင်းပင်ဖြစ်သည်။                

Pu. Vang Thang မျိုးဆက်များဆင်းသက်လာကြပုံ

    ကူကီးလူမျိုးများအတွင်းတွင် Pu. Vang Thang ၏မျိုးနွယ်စုများသည် Pu. Songthu မျိုးဆက်များနှင့်သမိုင်းကြောင့်အရ ကွဲပြားခြားနားမူများရှိကြပေသည်။၎င်းတို့၏မှတ်တမ်းရ မိမိတို့မှာအစောပိုင်ကာလကတည်းက ဤဒေသကိုရောက်ရှိခဲ့ကြပြီဖြစ် သည်ဟုခံယူခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဂူ(Khul)မှဆင်းသက်လာခဲ့သည့်အဖြစ်ကိုမူ အချို့မှလက်ခံခြင်းမရှိကြပေ။ သို့ဖြစ်၍ ဒဏ္ဍာရီပုံပြင်ဆန်လှသော Pu . Vangthang မျိုးနွယ်စု၏ဆင်းသက်လာပုံသမိုင်းကြောင်းနှင့်ပတ်သက်ပြီး ကာယကံရှင်တို့မှ မှတ်သားလာခဲ့ကြသည့်အတိုင်း အောက်တွင် အကျဉ်းချုံ့ပြီးဖော်ပြလိုက်ပေသည်။ 
      လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာအချိန်တွင် ကြယ်တာရာအသွင်သဏ္ဍာန်တခုသည် ကောင်းကင်မှမြေကြီးပေါ်သို့ကျလာ ခဲ့သည်။ ထိုကြယ်တာရာသဏ္ဍာန်အရာသည် (Twisoget)ဟု ခေါ်သော ပင်လယ်ကမ်းပေါ်သို့ကျလာခဲ့ရာ ထိုအရာမှာ လူတဦးအဖြစ်သို့ပြောင်းလဲခဲ့သည်။ ထိုသို့ကောင်းကင်မှကျလာသည်ကို အစွဲပြုပြီး Vangthang ဟုအမည်တွင်ခဲ့လေသည်။ Vangthang သည်(Doithu) ဂါထာမန္တာန်အတတ်ပညာကျွမ်းကျင်ပြီးမိမိဖြစ်လိုသည့် အရာကိုဖြစ်နိုင်သောကြောင့် ကြယ်တာရာ သဏ္ဍာန်ဖြင့် ကောင်းကင်မှမြေကြီးသို့ ကျလာနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဤသို့ဖြင့် ကမ်းစပ်သိုကျလာသော Vangthang သည် Twisoget ပင်လယ်ကမ်းစပ်တွင် နေထိုခဲ့သည်။ တနေ့သော်အခါ ထိုသူမှာကမ်းနဘေးရှိ တုံးတခုပေါ်တွင် အိပ်ပျော်နေစဉ် ထိုပင်လယ်ရှိမြွေနဂါး(နတ်မြွေ)တကောင်မှ ၎င်း၏ကိုယ်ခန္ခာကို ရစ်ပတ်ထားသည်။ သို့ဖြစ်၍ ဦးVangthang နိုးလာသောအခါ ၎င်း၏ကိုယ်ခန္ခာအား ဧရာမမြွေကြီး၏ ရစ်ပတ်ထားခြင်းခံရသည်အဖြစ်ကြောင့်အလွန်စိုးရိမ်ခြောက်ခြားခဲ့လေ သည်။ သို့ရာတွင် သူသည်(Doithu) ဂါထာမန္တာန်အတတ်ပညာကျွမ်းကျင်သူဖြစ်သောကြောင့် သူ၏ဂါထာပညာဖြင့် ထိုမြွေကို တိုက်ရန်ကြံရွယ်ခဲ့ရာ ထိုဧရာမမြွေကြီးမှာ ချက်ချင်းမြွေအဖြစ်မှ အလွန်ချောမောလှပသော မိန်းမပျိုအသွင်သို့ကူးပြောင်းလာခဲ့ လေသည်။ သို့ဖြစ်၍ Pu.Vangthang မှာ၎င်းကို မသတ်ရက်ယုံမျှမကဘဲ ထိုမိန်းမပျိုအပေါ်တွင် ချက်ချင်းပင်သံယောဇဉ်ညှိတွယ် လာခဲ့လေသည်။ 
           ဤသို့ဖြင့် Pu.Vangthang သည်လည်း ထိုအပျိုမအားမည်သူမည်ဝါဖြစ်ကြောင်းကို မေးမြန်ခဲ့ရာ ထိုအပျိုမမှ မိမိမှာ Twisoget ပင်လယ်၏အောက်ခြေရှိ မြေလွှာခုနှစ်ထပ်၏အောက်ဆုံးအထပ်တွင်းနေထိုင်ကြောင်း ပြောပြပြီးရုတ်တရက်ပျောက် ကွယ်သွားလေတော့သည်။ 
        ထိုအချိန်မှစ၍ Pu.Vangthang သည် ခဏတာအတွင်း တွေ့ဆုံးခဲ့သောထိုအပျိုမကို လွန်စွာချစ်ကြိုက်သည့်စိတ်ကြောင့် မနေနိုင်လောက်အောင်ဖြစ်ကာ ထိုပင်လယ်ကမ်းစပ်နေရာအနှံ့အပြားသို့ လှည့်လည်ရှာဖွေလေတော့သည် ဤသို့နေရာအနှံ့ရှာ ဖွေခဲ့သောလည်းမတွေ့ရှိသဖြင့် နောက်ဆုံးတွင်ပင်လယ်ကမ်းခြေရှိညောင်ပင်တပင်၏ အကိုင်ပေါ်တွင်အိပ်ပျော်လေသည်။ ထိုသို့ အိပ်ပျော်နေစဉ်တွင်း သူ၏အိပ်မက်၌ ယောက်ကျားတဦးရောက်လာပြီး ၎င်းမှသင်လိုက်ရှာနေသည့်အပျိုမမှာ Twisoget အရှင်သခင်၏ သမီးဖြစ်ကြောင်းထိုသူမကို တွေ့လိုပါကဤနေရာမှ အတန်ကြာသွားလျှင် မြင်းဖြူတကောင်ကိုတွေ့မည်ဖြစ်ပြီး ထိုမြင်ဖြူကိုစီးပြီး မြဲမြံစွာဆုပ်ကိုင်ပါက နောက်ဆုံးတွင်သင်လိုက်ရှာနေသည့်အပျိုမထံရောက်ရှိလိမ့်မည်ဟု ကြားလေသည်။
     ဤသို့ဖြင့် Pu.Vangthang သည်အိပ်ရာမှနိုးလာသောအခါ အိမ်မက်ကိုသတိရသောကြောင့် ထိုနေရာမှအနည်းငယ် ဆက်သွားခဲ့ရာ မြင်ဖြူတကောင်ကိုအမှန်တကယ်ပင်တွေ့ရှိလေသည်။ ထို့ကြောင့်လည်း အိမ်မက်တွင်းကြားခဲ့သည့်အတိုင်း ထိုမြင်းဖြူကိုစီးရင် မြဲမြံစွာတွယ်ဖက်ခဲ့ရာ ထိုမြင်းသည်ပင်လယ်ပြင်အတွင်းသို့ ခုန်းဆင်းပြီး နောက်ဆုံးတွင် မိမိအမြဲတမ်းတသော အပျိုမထံသို့ ရောက်ရှိခဲ့လေသည်။ ထိုအပျိုမမှာ Tuisoget အရှင်သခင်၏ တဦးတည်သော သမီးပျိုဖြစ်သည့်အပြင် သူမ၏ အမည်မှာ Lhangminu ဟုခေါ်ဆိုသည်။ Pu.Vangthang မှာ Lhangminu နှင့် တွေ့ဆုံသည့်နောက်ပိုင်းတွင် ကာလအတန်ကြာ အတူတူနေထိုင်ကြရာမှ တဦးပေါ်တဦး အပြန်အလှန်ချစ်ကြိုက်ခဲ့သည်။ သို့ဖြစ်၍ Pu.Vangthang သည် Lhangminu ကိုလက် ထက်ရန်သူ၏မိဘများထံ တောင်းရမ်းခဲ့လေသည်။ Lhangminu ၏ ဖခင်သည် ငြင်းပယ်ရန် မကောင်းတတ် သောကြောင့် အကယ်၍သူ၏သမီးကို လက်ထက်လိုပါက အောက်ပါတို့ကိုဆောင်ရွက်မှသာ လက်ထက်ခွင့်ပြုမည်ဟု မဖြစ်နိုင်သောအရာ များကိုတောင်းဆိုခဲ့လေသည်။ ထိုတောင်းဆိုချက်များမှာ-

၁။ တိရိစ္ဆာန်နှင့် ငှက်သတ္တဝါများ ထိတွေ့ဘူးခြင်းမရှိသည့် ရေကြည်(၇)အိုးကိုမည်သည့်သတ္တဝါမျှထိတွေ့ဘူးခြင်းမ၇ှိသည့် ငှက်ပျောဖက်နှင့် သယ်လာရန်၊ ၂။ ချုပ်ရိုးမရှိသော စောင်တထည်ကိုယူလာရန်၊ ၃။ အဖြူရောင်အမွေးပါသော ဘဲတကောင်ကိုယူလာရန်။ စသည်ဖြင့် ထိုအချက်များအပေါ်ဆောင်ရွက်နိုင်မှသာလျင်မိမိသမီးကို လက်ထက်နိုင်မည်ဟုပြောကြားခဲ့လေသည်။ Vangthang မှာ (Doithu) ဂါထာပညာကျွမ်းကျင်သူဖြစ်သည်နှင့်အညီ ထိုအရာ အားလုံးကို အခက်အခဲမရှိဘဲ ဖြည့်စွက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း Vangthang သည် Lhangminu အားလက်ထပ်ကာ ၎င်း၏နေအိမ်သို့ခေါ်လာခဲ့ကြသည်။ Vangthang နှင့် Lhangminu သည်သားနှစ်ယောက်ထွန်းကာခဲ့ကာ ၎င်းတို့၏အမည်များမာု Dathang နှင့် Dapa တို့ဖြစ်ကြသည်။ Dathang နှင့် Dapa တို့မွေးဖွားပြီးနောက် Lhangminu သေဆုံးခဲ့ရာ Pu.Vangthang သည် Meithainu ဟုခေါ်သော အမျိုးသမီးတဦးနှင့် ထပ်မံအိမ်ထောင်ပြုခဲ့လေသည်။ ထို Meithainu သည် Pu.Vangthang ၏သားနှစ်ယောက်ဖြစ်သော Dathang နှင့် Dapa ကို အလိုအရှိသောကြောင့် နေ့စဉ်နှင့်အမျှ အပြစ်ရှာပြီး အမျိုးမျိုးနှိပ်စက်ခဲ့လေ သည်။ ထိုမျှမကဘဲ သူ၏ယောက်ကျာ်း Pu.Vangthang ထံတွင်လည်း ထိုကလေးနှစ်ယောက်ကိုမောင်းထုတ်ရန် အမြဲပူရှာခဲ့ရာ Pu. Vangthang သည်နောက်ဆုံးတွင် သူ၏သားနှစ်ယောက်အား၎င်းတို့မသိနိုင်သော တောနှက်ရာဒေသသို့ခေါ်ဆောင်သွားပြီး ချန်ရစ်ကာ သူတယောက်တည်း ပြန်ခဲ့လေသည်။ ထိုသူနှစ်ဦးသည် ငယ်ရွယ်သူများပီပီ အိမ်သို့မပြန်တတ်ဘဲ တောထဲရှိသစ်သီး ဝလံများကို စားသောက်ရင်း ရပ်တည်လာခဲ့ကြသည်။ ဤသို့ဖြင့်တနေ့သောအခါ ၎င်းတို့နှစ်ဦးသည် အစာရှာကြရင်း အောက်ချင်းငှက် (Vaphol)၏ အသိုက် တခုကိုတွေ့ရှိကြရာအငယ်ဖြစ်သူ Dapa မှာထိုအပင်ပေါ်သို့မတက်နိုင်သောကြောင့် အကြီးဖြစ်သူ Dathang သည် ထိုအပင်ပေါ်သို့တက်ကာ ထိုအပင်ပေါ်တွင်ငှက်ဥကိုတွေ့ရှိသောကြောင့် သောက်ကြည့်ရာ အမွေးများပေါက်လာပြီးချက်ချင်းပင်အောက်ချင်း ငှက်အဖြစ်ကူးပြောင်းခဲ့လေသည်။ ထို့နောက်ညီဖြစ်သူDapa မှာထိုတောထဲ တွင်တယောက်ထဲလှည့်လှည်ခဲ့ရာထိုညီငယ်ဖြစ်သော Dapa မှာ ဘုရားသခင်ထံမှကောင်းကြီးကို ခံစားရသောကြောင့် ထိုတော ထဲမှတဆင့် လူသူနေရှိသော ရွာတရွာသို့ ရောက်ရှိကာ နောက်ဆုံးတွင်သူ၏အစွမ်းသတ္တိကြောင့် နယ်မြေတခုကိုအုပ်ချူပ်သော အကြီးအကဲ ဖြစ်လာခဲ့လေသည်။ ဤသို့ဖြင့် ၎င်း၏မျိုးဆက်များမှာလည်း အမြောက်အမြားရှိလာခဲ့သည်ဟု ထိုရာဇဝင်တွင် ပါရှိလေသည်။


Pu.Vangthang သည် Dathang နှင့် Dapa ကိုတောထဲသို့သွားပို့ပြီးနောက် Meithainu နှင့်သားနှစ်ယောက်ထပ်မံရရှိခဲ့ရာ ၎င်းတို့အမည်မှာ Tomlou နှင့် Tamang တို့ဖြစ်ကြသည်။ ဤသို့ဖြင့် ယနေ့ Khongsai ဟုမိမိကိုယ် မိမိတို့ ခေါ်ဆိုကြသူအားလုံး မှာ Pu.Vanthang ၏ ပထမမိန်းမနှင့် ဒုတိယမိန်းမတိို့မှ ရရှိခဲ့သည့် ယောက်ကျား(သုံးယောက်) တို့၏ မျိုးဆက်များပင် ဖြစ်ကြကြောင်း ထိုရာဇဝင်အရသိရှိရသည်။

ကူကီးလူမျိုးအဖြစ်ခံယူသူများအတွင်းတွင် Pu.Vanthang ၏ မျိုးနွယ်စုများဖြစ်သည်ဟု ခံယူလာကြသူများနှင့် Pu.Songthuအုပ် စုအဖြစ် ခံယူလာခဲ့ကြသူများကို လေ့လာသုံးသပ်ခြင်းအားဖြင့် ဆင်းသက်လာပုံ သမိုင်းကြောင်းမှာ ကွဲပြားမူများရှိကြသော်လည်း ၎င်းတို့၏ ဘာသာစကား၊ ကိုးကွယ်မူ၊ ရိုးရာယဉ်ကျေးမူနှင့် ဓလေ့ထုံးစံစသည်တို့တွင် ကွဲပြားခြားနားမူမရှိကြောင်း သိရှိရသည်။ ထိုနည်းတူ ထိုအုပ်စုနှစ်စုတို့သည် နယ်မြေတခုအတွင်းတွင် နှစ်ပေါင်းမြောက်မြားစွာ အချိန်မှစ၍ တမြေထဲနေတရေထဲသောက် သုံးလာကြသူများ ဖြစ်သည်နှင့်အညီ များမှာ၎င်းတို့အား Khongsai အုပ်စုဟုခံယူကြသည်နှင့်အညီ ၎င်းတို့အနေဖြင့် တူညီသော သမိုင်းအကြောင်းများကိုအတူတကွ ပိုင်ဆိုင်လာကြသူများလည်းဖြစ်ကြပေသည်။


ဆန်စပါး၊ ဆား၊ အိမ်မွေးတိရိစ္ဆာန်များကို တွေ့ရှိလာခဲ့ကြခြင်း[ပြင်ဆင်ရန်]

ကူကီးရာဇဝင် သမိုင်းကြောင်းအရ ၎င်းတို့မှာမည်သည့်လူမျိုးခြား တို့နှင့် အတူတကွနေထိုင်ခဲ့ဘူးခြင်း မရှိခဲ့ကြကြောင်းမှတ် သားလာခဲ့ကြသည်နှင့်အညီ မိမိတို့၏သမိုင်းမှတ်တမ်းတွင် လူသားများအတွက် မရှိမဖြစ်သော လိုအပ်ချက်များဖြစ်ကြသည့် ဆန်စပါး၊ ပြောင်း၊ ဂျုံစသည်တို့အပြင် နွားနောက်၊ ဆိတ်၊ ကြက်နှင့် အခြားသော အိမ်မွေးတိရိစ္ဆာန်များအား မည်သို့မည်ပုံ တွေ ရှိလာခဲ့ကြကြောင်းကိုခေတ်အဆက်ဆက်မှစ၍ မှတ်သားလာခဲ့ကြရာတွင် Pu.Chongthu နှင့် Pu. Vanthang တှိိုု့၏ သမိုင်းမှတ် တမ်းတို့အကြားတွင် ကွဲပြားခြားနားမူများရှိခဲ့ကြသည်။ သို့ရာတွင် ထိုသမိုင်းကြောင်းအသီးသီးတို့မှာ အပြင်ပန်းအားဖြင့် ကွဲပြား နေသယောင်ယောင် ထင်မြင်ရသော်လည်း အနှစ်သာရအားဖြင့် တူညီနေကြောင်းကိုတွေ့ရှိရပေသည်။ Pu.Chongthu အုပ်စု၏ မှတ်တမ်းအရ အထက်ပြည်သို့ရောက်ရှိလာခဲ့ကြသော Pu.Chongthu အုပ်စုတို့သည် လူဦးရေ တိုးပွား လာသည်နှင့်အညီ Man haom,Manchuh နှင့် Makong အစရှိသည့် ရွာသုံးရွာတို့တွင် ဖိုခနောင်ဆိုင်ပြီး နေထိုင်ခဲ့ကြစဉ် Pu.Chongthu နှင့် Khul မှတဆင့် အတူတူရောက်ရှိလာခဲ့သူဖြစ်သော Pu.Khupngam ဟုခေါ်သူမှ ထိုရွာသုံးရွာအနီးရှိ Laili တောင်ပေါ်တွင် နွားနှောက်တစ်ကောင်ကို တွေ့ရှိပြီး ထိုနွားနှောက်ကို စတင်မွေးမြူကြခြင်းဖြစ်ကြောင်း ထိုရာဇဝင်အရ သိရှိရ သည်။ ဤသို့ဖြင့် Pu.Songthu အုပ်စုသည်မိမိတို့ မျိုးနွယ်စုအတွင်းရှိ သာရေး၊ နာရေးအစရှိသည့် လူမူကိစ္စများ၌နွား နောက်ကို စတင်အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်ဟု ထိုရာဇဝင်အရတွေ့ရှိရသည်။ ထိုမှတဆင့် ကူကီးလူမျိုးများသည် သာရေး၊နာရေးစသည့် လူမူကိစ္စမှန်သမျှတွင် သာမကဘဲ အမျိုးသမီးများကိုတင်တောင်းရာတွင်လည်း အသုံးပြုလာခဲ့ကြလေသည်။


ထိုအပြင် Pu.Songthu အုပ်စုသည် မိမိတို့ဒေသအတွင်း လှည့်လှည်နေကြစဉ် တနေ့သ၌ Twihat ဟူသောမြစ်တခုမှ သစ်တုံး တတုံးမျောပါလာရန် ထိုသစ်တုံးပေါ်တွင် Juthel (ရှဥ့်)တစ်ကောင်သည် ၎င်း၏ အသိုက်မမြုံနှင့် ပါလာသည်ကိုတွေ့ရှိကြသည်။ သို့ဖြစ်၍သစ်တုံးကိုဆယ်ယူရန် ထိုအပေါ်တွင်ပါလာသည် Juthel ၏အသိုက်ထဲတွင် စပါးစေ့များကို တွေ့ရှိခဲ့ကြသည်။ ဤသို့ဖြင့် Pu.Songthu အုပ်စုသို့မှ ဆန်စပါးကို စတင်စိုက်ပျိုးလာခဲ့ကြခြင်းဖြစ်သည်ဟု ရာဇဝင်တွင်ဖော်ပြထားပေသည်။

     သို့ရာတွင် PuVangthang မှစတင်တွေ့ရှိခဲ့ကြပုံမှာ အောက်ပါအတိုင်းပင်ဖြစ်ပေသည်။ PuVangthangသည် Twinanghem ခေါ်မြစ်ကမ်းနားဘေးတလျှောက်တွင် လှည့်လည်သွားလာခဲ့ရာမှ တစ်နေ့တ၌ ထိုမြစ်တွင် ရှဉ့်(Juthel)တစ်ကောင်မျှောပါ လာသည်ကိုတွေ့ရှိလေသည်။ ထိုရှဉ့်မှ၎င်း၏အမှီးကိုခွေထားခဲ့ရာ Pu Vangthang ၏အမြင်တွင် အလွန်လှပသော ပန်းပွင့်တပွင့် ဟု ယူဆသောကြောင့် ထိုအရာကိုဆယ်ယူခဲ့ရာ ရှဉ့်တစ်ကောင်မှ ၎င်း၏အမှီးကိုခွေနေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ Pu Vangthang သည်လည်း ထိုရှဉ့်၏ခွေနေသော အမြီးကိုဖြေကြည့်ရာ စပါး၊ပြောင်း၊ဂျူံအစရှိသည့် မျိုးစေ့များကိုတွေ့ရှိခဲ့လေ သည်။ ထို့နောက် Pu Vangthang သည်လည်း ထိုရှဉ့်ကို သတ်ပြီး ၎င်းမှသယ်ယူလာသော မျိုးစေ့များကို အိမ်သို့ယူသွားရန် စိတ်ကူးရှိခဲ့သည်နှင့်အညီ Pu Vangthangမှ ထို Juthel ကို သတ်ဖြတ်ခဲ့ရာ ထိုသို့သတ်ဖြတ်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်မှာ မဲမှောင်လာပြီး အရှိန်ပြင်းစွာသော မုန်တိုင်းနှင့်အတူ မိုးရွာခဲ့လေသည်။ တချိန်တည်းတွင်လည်း Pu Vangthang သည် ကောင်းကင်မှလာသော အသံတစ်သံကို ထူးခြားစွာကြားခဲ့လေသည်။ ထိုအသံရှင်မှ ပြောပြခဲသည်မှာ "သင်သည် Juthel ထံမှရရှိသည့် မျိုးစေ့များကိုစိုက်ပျိုးရမည်။ ထိုသို့စိုက်ပျိုးရာတွင် ထိုမျိုးစေ့များရှင်သန်ကြီးထွားစေရန် Daiphuကို ပြုလုပ်ရမည်ဖြစ်ပြီး ထိုDaiphu ပြုလုပ်ရာ၌ကြက်ဥကိုနှစ်ခြမ်းခွဲရမည်ဟု မိန့်ကြာခဲ့လေသည်။" Pu Vangthang သည်လည်း မိမိကြားနေရသော အသံရှင်အားမည်သူမည်ဝါဖြစ်ကြောင်းမေးမြန်းခဲ့ရာ ထိုအသံရှင်မှ မိမိမှာ ဘုရား(၇)ဆူကိုကိုယ်စားပြုသော သင်မြင်ရသည့် သက်တန့်(၇)ရောင်ဖြစ်သည်ဟု မိန့်တော်မူခဲ့လေသည်။ သို့ဖြစ်၍ Pu Vangthang သည်လည်း အသံရှင်ထံမှ ကြားသိရသည့်အတိုင်းမိုးကောင်းကင်ကိုလှည့်ကြည့်ရာ အရောင်ခုနှစ်မျိုးဖြာထွက်လာသည့် သက်တန့်ရောင်စုံအား တွေ့ရှိခဲ့လေ သည်။ ထိုအချိန်မှစ၍ Pu Vangthang မှဆန်စပါးကို စတင်ပြီးစိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်ဟု ထိုရာဇဝင်တွင်ပါရှိပေသည်။

Pu Songthu နှင့် Pu Vanthang မျိုးနွယ်စုတို့၏ဆက်စပ်ပုံ[ပြင်ဆင်ရန်]

Pu Songthuအုပ်စု၏ သမိုင်းမှတ်တမ်းအရ မိမိတို့သည် အထက်အပ်ဒေသသို့ ရောက်ရှိလာသောအခါ မိမိတို့တွင် မီးမရှိသဖြင့် မီးကိုရှာဖွေကြရာတွင် မီးခိုးထွက်နေသောတောင်ပို့တစ်ခုကို တွေ့ခဲ့ကြပြီး ထိုတောင်ပို့အထဲတွင် ဗုံသံများကိုလည်း ကြားကြသောကြောင့် ထိုတောင်ပို့ကို တူးဖော်ကြည့်ကြရာ အထဲတွင် Pu Lunkim အုပ်စုကိုတွေ့ရှိကြသည်။ သို့ဖြစ်၍ Pu Songthu အုပ်စုသည် Pu Lunkim အုပ်စုနှင့် အဆွေခင်ပွန်းဖွဲ့ပြီးနောက် Pu Lunkim တို့အုပ်စုထံမှ မီးကိုရရှိခဲ့ကြသည်ဟု သိရှိရသည်။ ထိုဖြစ်စဉ်အရ အဆိုပါအုပ်စုနှစ်ခုတို့မှာ တွေ့တွေ့ခြင်း မီးကိုတောင်းယူခြင်း၊ အဆွေခင်ပွန်းဖွဲ့ခြင်းများ ရှိခဲ့ကြသည်ကို ဆန်းစစ်ခြင်းအားဖြင့် ထိုအုပ်စုနှစ်ခုစလုံး အနေဖြင့် ဘာသာစကားတစ်ခုတည်းကို အခြေခံပြီးပြောဆိုခဲ့ကြကြောင်းကို ပေါ်လွင်စေပေသည်။ ထိုနည်းတူ အထက်ပါရာဇဝင်နှစ်ခုကိုကြည့်ခြင်းအားဖြင့် ဆန်စပါး၊ ဆပ်၊ ပြောင်း၊ ဂျုံ စသည်တို့အား စတင်တွေ့ရှိခဲ့ကြပုံ ကို ဆန်းစစ်ကြည့်ပါက Pu Songthu မျိုးဆက်များနှင့် Pu Vanthang မျိုးဆက်များအကြားတွင် ဖော်ပြချက်အနည်းငယ်ကွဲပြားမှု ရှိခဲ့ကြသော်လည်း အနှစ်သာရအားဖြင့် တူညီနေပေသည်။ ဥပမာအားဖြင့် ထိုစပါးကို သယ်ဆောင်လာသူမှာ Juthel ဖြစ်သည်ကို ထိုသမိုင်းကြောင်းနှစ်ခုစလုံးအရသိရှိရသည်။ ထိုနည်းတူ ထိုJuthel မျှောလာသော မြစ်မှာ Pu Songthu၏ သမိုင်းအရ Twihat ဖြစ်ပြီး Pu Vangthang၏ သမိုင်းအရ Twinanghem ဟုခေါ်ဆိုပေသည်။ Twinanghem မှာ နှီးကဲ့သို့ထက်သောမြစ်ဟု အဓိပ္ပါယ်ရရှိပြီး Twihat မှာလည်း ရေစီးသန်သည့်မြစ်ဟူ၍ အဓိပ္ပါယ်ရရှိရာ ထိုမြစ်နှစ်ခု၏ သဘောသဘာဝနှင့် အနှစ်သာရ တို့မှာလည်း အတူတူပင်ဖြစ်ကြောင်းသိရှိနိုင်ပေသည်။ သို့ဖြစ်၍ ၎င်းတို့အချင်းချင်းသည် သီးခြားစီအဖြစ်ခံယူခဲ့ကြပြီး မည်မျှပင် ဝိဝါဒကွဲပြားနေကြစေကာမူ ခွဲခြား၍မရနိုင်သော တူညီချက်များရှိကြပေသည်။ သို့ဖြစ်၍ Pu Songthu မျိုးဆက်များနှင့် Pu Vanthang ၏ မျိုးဆက်များတွင် ဘာသာစကား၊ ရိုးရာထုံးစံနှင့် ကိုးကွယ် ယုံကြည်မှုတို့အရ ကွဲပြားခြားနားမှုမရှိပေ။ ထိုနည်းတူသမိုင်းစဉ်တလျှောက်မှစ၍ ယနေ့အထိကြုံတွေ့လာသောဒုက္ခ၊သုခ အသီး သီးတို့အား အေးအတူပူအမျှ၊ ဆိုးတူကောင်းဘက်မျှဝေခံစားလာသည်ကို သုံးသပ်ခြင်းအားဖြင့် မိမိတို့မှာ မည်မျှကွဲပြားသည်ဟု ယူဆကြစေကာမူ တချိန်ကတအူတုံဆင်း ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြကြောင်း မှန်ကန်စွာအဖြေထုတ်ယူ နိုင်ပေသည်။

ကမ္ဘာမြေကြီးတွင် အမှောင်ထုလွမ်းမိုးခဲ့ခြင်း(Thimjin)[ပြင်ဆင်ရန်]

Pu Vanthang မှ ဆင်းသက်ပေါက်ဖွားလာခဲ့ကြသည့် အုပ်စုဝင်များ၏ သမိုင်းကြောင်းတွင် မိမိတို့သည်(Thimjin) ဟုခေါ်သော အမှောင်ထုလွမ်းမိုးမှုကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသူများ ဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ ထိုသမိုင်း မှတ်တမ်းအရ Pu Vanthang သား Dapa ၏ ဒုတိယမြောက်သား Pallen မှ အိပ်မက်တခုမက်ခဲ့ရာ ထိုအိပ်မက်အရ ကမ္ဘာကြီးကို အမှောင်ထုမှ လွမ်းမိုးမည်ဖြစ်ပြီး ထိုအချိန်တွင် မျက်စိမှိတ်သူနှင့် အိပ်ပျော်သူများ သေဆုံးလိမ့်မည်ဟု အသိပေးခဲ့လေသည်။ ထိုအိမ်မက်မက်ပြီး မကြာမီတွင် ကမ္ဘာကြီးကိုအမှောင်ထုမှလွမ်းမိုးခဲ့လေသည်။ ထိုအမှောင်ထုလွမ်းမိုးခဲ့စဉ်တွင် လူသားများမှ သတ်ဖြတ်ခဲ့ကြသော သားကောင်များအနှက်(Sa-Ai)ပွဲတော်မပြုလုပ်ရသေးသည့် သားကောင်တို့၏ ဦးခေါင်းနှင့်ဦးချိုများပင်လျှင် မူလသားကောင်ဘဝသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။ ထို့နည်းတူ ထိုအချိန်အတွင်း မျက်စိမှိတ်သူများနှင့်ငိုက်မြည်းအိပ်ပျော် သူတို့မှာ သစ်ငုပ်နှင့် ကျောက်ရုပ်များအဖြစ်သို့ရောက်ရှိကြသည်။ ထို့ကြောင့်လည်း Pu Lunkim အုပ်စုသည် အသက်မသေဘဲ အမှောင်ထုကို ကျော်ဖြတ်နိုင်ရန်မီးဖိုကာ ဗုံတီးခြင်း၊ သီချင်းဆိုခြင်းတို့ဖြင့် အချိန်ကုန်လွန်စေရန် ကျိုးစားခဲ့ကြသည်။ သို့ရာတွင် ထိုအမှောင်ထုလွမ်းမိုးချိန်မှာ (၇)ရက်တိတိ ရှည်ကြာခဲ့သည်ဖြစ်ရာ ထိုမျှရှည်ကြာသောကာလအတွင်း မိမိတို့မီးဖိုသုံးထင်း ချောင်းများ ကုန်ဆုံးသည့်တိုင် ထိုအမှောင်ထုမှာ မကုန်ဆုံးနိုင်သောကြောင့် အိမ်နံရံတွင်ချိတ်ဆွဲထားသော Sa-Ai ပွဲတော်ပြု လုပ်ပြီးသည့် သားကောင်၏ ဦးခေါင်းနှင့်ဦးချိုတို့ကို မီးစိုက်ခဲ့ကြလေသည်။ သို့ရာတွင် Pu Lunkim အုပ်စုသည် အချိန်ကြာ လာသည်နှင့်အမျှ မောပန်းလာခဲ့ကြသည်။ ထို့ကြောင့်လည်း ၎င်းတို့အနေဖြင့် မျက်စိမမှိတ်စေရန် ၎င်းတို့၏ မျက်ခွံနှစ်ဘက်ကို အထက်အောက် နှီးဖြင့်ထောက်ထားခဲ့ကြရာ အိပ်ပျော်နေကြစေကာမူ မျက်စိမှိတ်ခြင်းမရှိကြတော့ဘဲ အမှောင်ထုကိုကျော်ဖြတ် ခဲ့ကြသောကြောင့် သေခြင်းမှလွတ်မြောက်ခဲ့ကြသည်ဟု ထိုရာဇဝင်မှတ်တမ်းအရ သိရှိရပေသည်။ ထို့ကြောင့်လည်း pu Lunkim တို့သည်။ Mujin kheh-nin အမှောင်ထုလွမ်းမိုးချိန်၌(Laapi)ကို သီဆိုကြရင်းမိမိကို မိမိဂုဏ်ဖော်လာခဲ့ကြသည်။

ထာဒို အစ ဟန်လင်းက[ပြင်ဆင်ရန်]

ကူကီးလူမျိုးများအနက် ထာဒိုကူကီးအနွယ်ဝင်များအနေဖြင့် မိမိတို့မှာ မြင့်မြတ်သော မင်းမျိုးမင်းနွယ်မှဆင်းသက် လာခဲ့သူများဖြစ်ကြသည်ဟု သမိုင်းစဉ်ဆက်တလျှောက်လုံးခံယူလာခဲ့ကြသည်။ ထိုသို့ခံယူကြရာတွင် ပုဂံခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့ဘူးသော ဟန်လင်းခေတ်ကို အခြေခံခဲ့ကြလေသည်။ သို့ဖြစ်၍ ထိုဟန်လင်းနိုင်ငံသည် ကူကီးလူမျိုးများမည်သို့ မည်ပုံဆက်နွယ်မှုများရှိခဲ့သည်ကို တင်ပြလိုက်ရပေသည်။ ကူကီးရာဇဝင်အရ BC(၁)ရာစုခန့်တွင် သတိုး(Thado)ဟုအမည်ရသောမင်းတပါးသည် မိမိတို့၏ဆွေမျိုးအသိုင်းအဝိုင်း များနှင့်နီးစပ်ရာ မိတ်ဆွေသင်္ဂဟများကိုစုစည်းပြီး တိုင်းပြည်တခုကို ထူထောင်ခဲ့ရာ ထိုတိုင်းပြည်ကို (Hantlen)ဟတ်လင် ဟု အမည်ပေးခဲ့ကြောင်းသိရှိရသည်။ ဟတ်လင်ဟူသည်မှာ ကြီးမြတ်ခြင်းဟု အဓိပ္ပါယ်ရသည်ဖြစ်ရာ ထိုနိုင်ငံမှာ ကြီးမြတ်သော တိုင်းပြည်(သို့မဟုတ်)ဘုန်းတန်ခိုး ထွန်းတောက်သောတိုင်းပြည်ဟု အဓိပ္ပါယ်ရရှိသည်။ ဤသို့ဖြင့် ကူကီးအနွယ်ဝင်ဖြစ်သော Thado -Kuki လူမျိုးစုများမှ ဟံလင်းမှာမိမိတို့၏ရှေးဟောင်းနိုင်ငံဖြစ်ခဲ့ကြောင်း ခေတ်အဆက်ဆက်မှစ၍ မှတ်သားလာခဲ့ကြ ပေသည်။ ထာဒိုကူကီးရာဇဝင်အရ(Hatlen)နိုင်ငံစတင်တည်ထောင်ခဲ့သည့် ရှင်ဘုရင်၏အမည်မှာ (Thado)သတိုးမင်းဖြစ်ပြီး ထိုရှင်ဘုရင်အား ၎င်း၏မျိုးဆက်များဖြစ်ခဲ့ကြသော ရန်ပေါင်(Yampao), ရမ်ခိုင်(Yamkhai),ရန်မန်(Yammang)တို့မှ ဆက်ခံ ခဲ့ကြသည့်အပြင် ထိုဟန်လင်းနိုင်ငံကို မင်းဆက်သည်(၆)ဆက်ကြာမျှ ထိမ်းနိုင်ခဲ့ကြသည်ဟု သိရှိရသည်။ ထိုသမိုင်းကြောင်းအရ ဟန်လင်းခေါ်(Hatlen)တိုင်းပြည်သည် တခေတ်ပြီးတခေတ် ပိုမိုတိုးတက်လာခဲ့သည်နှင့်အညီ နောက်ဆုံးမင်းလက်ထက်တွင် ထိုနိုင်ငံတော်ရှိ မင်းမျိုးမင်းနွယ်အတွင်း၌ မိန်းကလေးတဦးသည် ထူးခြားစွာဖွားမြင်ခဲ့ရာ ထို ကလေးအား ထုံးစံအရ သီတင်းပတ်အပြီးတွင် အမည်နာမကင်ပွန်းတပ်ခြင်းနှင့် နှားဖောက်မင်္ဂလာပွဲကို စည်ကားစွာကျင်းပခဲ့ကြ သည်။ ထိုကလေးမှာမင်းမျိုးမင်းနွယ်ဖြစ်သာမကဘဲ ထူးဆန်းစွာမွေးဖွားခဲ့သောကြောင့် (Hatlen)ကို အစွဲပြု၍ Lenchonghoi ဟုအမည်ပေးခဲ့ကြသည်။ ဤသို့ဖြင့် Lenchonghoiသည် အရွယ်ရောက်လာသည်နှင့်အမျှ တစ်နေ့တခြားချောမောလှပလာခဲ့ရာမှ ၎င်း၏သတင်းမှာလည်း နေ့ချင်းညချင်းပြန့်နှံ့ခဲ့လေသည်။ ဤသို့ဖြင့် ထိုနိုင်ငံသည်လည်း Lenchonghoi ၏ လှပမှုအရှိန်ကြောင့်ပိုမို၍ထင်ပေါ်လာခဲ့လေသည်။ တနေ့သ၌ ထိုမင်းသမီး Lenchonghoi သည် သူမ၏အချွေအရံများနှင့်အတူချောင်းသို့ဆင်းပြီးရေချိုးခဲ့ရာမှ ၎င်း၏ဆံပင်တစ်ပင်သည် ထိုချောင်း၏ရေစီးအတိုင်းမျောပါသွားခဲ့လေသည်။ ထို့ကြောင့်လည်းထိုချောင်း၏အောက်အရပ်တွင်နန်းစိုက်သည့် Khalvompu ဟုခေါ်သောမင်းတစ်ပါး၏ရေးချိုးချိန်နှင့် တိုက်ဆိုင်နေခဲ့သည်ဖြစ်သောကြောင့် ထိုဆံပင်အား Khalvompuမှတွေ့ရှိခဲ့လေသည်။ သို့ဖြစ်၍ Khalvompu သည်လည်း ဤမျှရှည်လျားသောဆံပင်ကို တခါမျှပင်တွေ့ဘူးခဲ့ခြင်းမရှိသည်ဖြစ်ရာ ဆံပင်ပိုင်ရှင်အား သိရှိလိုစိတ်ပြင်းပြခဲ့လေသည်။ ထို့ကြောင့်လည်း Khalvompu3 သည် ၎င်း၏အချွေအရံများကို ထိုချောင်းအတိုင်းဆန်တက် စေရင်း ဆံပင်ပိုင်ရှင်အမျိုးသမီးကို ရှာပုံတော်ဖွင့်စေကြသောကြောင့် နောက်ဆုံးတွင် ထိုဆံပင်ပိုင်ရှင်ကို ဟန်လင်း(Hatlen) တိုင်းပြည်၌တွေ့ရှိခဲ့ကြသည်။ ထိုသို့တွေ့ရှိပြီးနောက် ထိုမင်းမူမင်းထမ်းများသည် အကြောင်းစိုကို လျှောက်ထားခဲ့ကြရာ မင်းကြီးသည် မင်းမူထမ်းများကို ထိုဟပ်လင်းပြည်သို့စေလွတ်ခဲ့ပြီး လက်ဆောင်းပဏာများကို ဆက်သစေကြသည့်အပြင် မကြာမီတွင် ၎င်းကိုယ်တိုင်လည်း ဟံလင်းမင်းနှင့် အဆွေခင်ပွန်းဖွဲ့ခဲ့ကြသည်။ ထိုသို့လည်ပတ်ရခြင်းမှာလည်း Lenchonghoiကို သိမ်းပိုက်နိုင်ရန်ဉာဏ်ဆင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း အချိန်ကြာလာသည်နှင့်အမျှနောက်ဆုံးတွင် ထိုအကြံကိုအကောင် အထည်ဖော်မည့်အခွင့်အရေးကို တွေ့ရှိလာခဲလေသည်။ ထိုအခွင့်အရေးမှာ ဟံလင်းမင်းနှင့်ကြွေကစားပြီးအနိုင်ရရှိပါက ထို အပျိုးမကို သိမ်းယူရန်ပင်ဖြစ်ပေသည်။ ဤသို့ဖြင့် Khalvompu သည် တစ်နေ့သောအခါ ဟံလင်းမင်းထံအလည်အပတ်သွားပြီး ကြွေကစားခြင်းဖြင့် ရှုံးသူမှနိုင်သူအား နိုင်ငံတဝက်နှင့် ထိုနိုင်ငံအတွင်းရှိ မိမိတို့ ကြိုက်နှစ်သက်သော မိန်းကလေးကိုယူရန် ကမ်းလှမ်းလာခဲ့ရာ ၎င်း၏အကြံကိုရိပ်မိခြင်းမရှိသော ဟံလင်းမှ Khalvompuအား၎င်း၏မိတ်ဆွေရင်းချားကဲ့သို့ သဘောထား လျက် သူတောင်းဆိုသမျှကို ယုံကြည်စွာ ကတိပေးခဲ့လေသည်။ ဤသို့ဖြင့် ရှင်ဘုရင်နှစ်ဦးတို့သည် ကစားကြရာမှ နောက်ဆုံး တွင် Khalvompuရှုံးနိမ့်ခဲ့ကြောင်း ထိုရာဇဝင်အရ သိရှိရလေသည်။ သို့ဖြစ်၍ မှန်းချက်နှင့် နှမ်းထွက်မကိုက်သော Khalvompu သည် မိမိတို့ဆုံးဖြတ်ချက်ကိုလိုက်နာမည်ဟု ကတိပေးလျှက် ၎င်း၏နေပြည်တော်သို့ပြန်သွားခဲ့လေသည်။ သို့သော်လည်းလက် တွေ့တွင် Khalvompu သည် ကတိမတည်ယုံမျှမက စစ်အင်အားအလုံးအရင်းဖြင့် ဟံလင်းနိုင်ငံတော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ တော့သည်. ထို့ကြောင့်လည်း အငိုက်တွင်လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခြင်းခံရသော ဟံလင်းနိုင်ငံသားများသည် စစ်ရှုံးပြီး အထက်အရပ်သို့ဆုတ်ခွါခဲ့ကြလေသည်။ ထိုသို့ဆုတ်ခွါခဲ့ကြရာတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ရင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ထပ်မံဆန်တက်ခဲ့ကြသည်။ ထိုမှတဆင့် လုံခြုံသောနေရာဖြစ်သည့် Twikika မြစ်ဘေးတွင် စခန်းချခဲ့ကြသည်ဟု ထိုရာဇဝင်မှတ်တမ်းအရသိရသည်။ Twikikia ဟူသည်မှာ မြစ်နှစ်ခွဆုံရာနေရာဟု အဓိပ္ပါယ်ရရှိပြီး လက်ရှိချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ဆုံရာဒေသကိုခေါ်ဆိုခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုမြစ်သာမြစ်ကို Gundung အဖြစ် ကူကီးလူမျိုးများမှ ခေါ်ဆိုခဲ့ကြလေသည်။ ထို့နည်းတူ ၎င်းတို့စခန်းချခဲ့ကြသည့်နေရာ Kholkip, Kholjang ဟု ခေါ်ဆိုခဲ့ကြရာ လက်ရှိကလေးမြို့နှင့် ကလေးဝတို့ပင်ဖြစ်ကြောင်းသိရှိရသည်။ ဤသို့ဖြင့် ကူကီးလူမျိုးများသည် ဟန်လင်း မှတဆင့် Kholkip,Kholjang သို့ရောက်ရှိခဲ့ကြပြီး ထိုမှတဆင့်ယနေ့အခြေချနေထိုင်ကြသော ကလေးကဘော်ဒေသသို့ ရောက်ရှိ လာခဲ့ကြခြင်းဖြစ်ကြောင်းသမိုင်းမှတ်တမ်းအရသိရှိရပေသည်။ ထိုအချိန်ကာလ၌ ကူကီးလူမျိုးများမှာစစ်ပြေးဒုက္ခသည်ဘဝတို့ရောက်ရှိခဲ့ကြချိန်ဖြစ်သည်နှင့်အညီမိမိတို့အကြား လမ်းညွန်းမှုကင်းမဲ့နေချိန်လည်းဖြစ်သောကြောင့် စစ်ရှုံးသူများအတွင်းဖြစ်ပေါ်တတ်လေ့ရှိသော သဘာဝအတိုင်း ကူကီးလူမျိုးများ အတွင်းတွင်းအုပ်စုအသီးသီးနှင့် ဂိုဏ်ဂနအသီးသီးပေါ်ပေါက်ခဲ့ချိန်လည်းဖြစ်ပေသည်။ သို့ဖြစ်၍ ထိုအုပ်စုအသီးသီးတို့သည် ၎င်းတို့လုံးခြုံမှုရှိမည်ဟုယူဆရသောနယ်မြေများကို ရွေးခြယ်လာခဲ့ကြရာမှ အချို့သည် တောင်ပေါ်ဒေသများသို့ ပြောင်းရွေးခဲ့ကြ ရင်ချင်းတောင်တန်းတလျှောက်တွင် နေထိုင်ခဲ့ကြသကဲ့သို့ အချို့သည်လည်း ထိုနေရာမှတဆင့် နောက်ဖက်ဒေသသို့ဦးတည်ခဲ့ ကြရင်လူရှည်တောင်တန်း၊ မဏိပူတောင်တန်းတို့အပြင် ကခြားနှင့်အာသံဒေသများအထိပါပြန့်နှံ့လာခဲ့ကြခြင်းဖြစ်ကြောင်း ထိုဒေသရှိ ဌာနေတိုင်းရင်သားလူမျိုးစုအသီးသီးတို့၏ သမိုင်းကြောင်းအရသိရှိရပေသည်။ ဥပမာအားဖြင့် အလွန်အေးမြသော တောင်ပေါ်ဒေသတွင် နေထိုင်ကြသူများဖြစ်သည်။ ၎င်းတို့နေထိုင်သည့်ဒေကိုအခြေခံလျက်လူမျိုးအမည်ကို မီရိုး(သို့)ရိုးမီ အဖြစ် ၎င်းထိုနည်းတူမြောက်ဘက်ဒေသတို့နေထိုင်ကြသူများသည်လည်း ထိုဒေသကိုအစွဲပြုပြီး ၎င်းတို့၏လူမျိုးအမည်ကို Mhar(မှာလ်) ဟူ၍လည်းကောင်း အလယ်ဗဟိုတွင်နေထိုင်ကြသူများမှ လိုင်းမီ ဟူ၍လည်းကောင်း တောင်ဘက်ရှိလူမျိုးများမှ Simte (တောင်ဘက်သားများ)အစရှိသည်ဖြင့်မိမိတို့လူမျိုးအမည်နှင့် ပတ်သတ်၍နယ်မြေဒေသများကို အခြေခံခဲ့ကြခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့်အချိန်ကြာလာသည်နှင့်အမျှထိုလူမျိုးများသည်ပင်အပြောအဆို၊အနေအထိုင်နှင့် အပြုအမူများ ကွဲပြားခြားနားလာခဲ့ကြ သောကြောင့် လူမျိုးတမျိုးအဖြစ်မှ လူမျိုးပေါင်းများစွာပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ တွေ့ရှိရပေသည်။ ဤသို့ဖြင့် " အနေဝေးတော့အစားကွဲ၊အစားကွဲတော့စကားကွဲ၊ စကားကွဲတော့သွေးကွဲ၊ သွေးကွဲတော့လူမျိုးကွဲ" ဟူသောစကား နှင့်အညီ" တကျောင်းတကာထာ တရွာတပုဒ်ဆန်း" လာခဲ့ကြစေ ကာမူအရင်းစစ်လျှင်မြေမှာအမြှစ်ဟူသည့်အတိုင်း တအူးတုံ ဆင်း ညီရင်းအစ်ကိုများပင် ဖြစ်ကြပေသည်။ ဟန်လင်းနိုင်ငံနှင့်ပတ်သတ်၍မြန်မာ့သမိုင်းဆရာများသည် မြန်မာမူအဖြစ် ဖန်တီးခဲ့ကြသည်နှင့်အညီ Hatlen(ဟန်လင်) မှဟန်လင်း(Hanlen)အဖြစ်သမုတ်လာကြခြင်းဖြစ်ကြောင်းကူကီးလူမျိုးတို့မှခံယူကြသည်။ မြန်မာ့သမိုင်း၌အထူးသဖြင့် မှန်နန်းရာ ဇဝင်တွင်အဆိုပါ ဘုရင်းများမှာမင်းဆက် (၈)ဆက်ထိကြာရှည်ခဲ့သည်ဟုဖော်ပြထားသည်အပြင် ထိုတိုင်းနိုင်ငံတော်မှာလည်း သရေခေတ္တရာအဖြစ် မှတ်တမ်းတင်ခြင်းခံရပေးသည်။ ထိုသမိုင်းကြောင်းနှင့်ပတ်သတ်ပြီးမှန်နန်းရာဇဝင်၏ စာမျက်နှာ(၁၇၇) တွင်အောက်ပါအတိုင်းဖော်ပြထားပေသည်။ ဒွတ္တရန်မင်းကစ၍ သီရိရာစ်မင်းတိုင် မင်းရှစ်ဆက်တို့အကြောင်း သာသနာ့တော်သက္ကရာဇ် တရာ့ခုနှစ်ဆယ့်တခုနှင့် ရောက်သောအခါ ထိုမင်း၏ သားတော် ဒွတ္တရန်မင်းဖြစ်တော်မူ၏။ အိမ်နိမ့်(၅၉)နှစ် စည်းစိမ်(၂၂)နှစ်၊ သက်တော်(၈၁)နှစ်တွင် အနိစ္စရောက်တော်မူ၏။ အနိကျရောက်လိုသော်တနေ့တည်းတွင် မိုးကြိုး ခုနှစ်ချက်ကျ၏ ။ သာသနာ့တော်သက္ကရာဇ် (၁၃၃)ခုသော် ထိုမင်း၏သားတော် ရန်ပေါင်းမင်းဖြစ်တော်မှု၏ အလှူကောင်း မှု၌ မွေးလျော်တော်မူ၏။ ပညာရှိတို့နှင့်ပေါင်းဘက်၍ ဉာဏ်ပညာကြီး၏။ သာသနာ့သက္ကရာဇ်(၂၉၃) ခုနှစ်တွင်းထိုမင်း၏ သားတော် ရန်မန် မင်းဖြစ်တော်မှု၏။ ထိုမင်းကာအကျင့်သဘောလစ်လျူရှုတတ်၏။ သက်တော်(၈၀)သော် မနိစ္စရောက်တော် မူ၏။ သာသနာ့တော်(၄၉၃)ခုရောက်သောအခါ ထိုမင်း၏သားတော် ရက္ခန်မင်းဖြစ်တော်မူ၏။ အရောင်အဆင်းလည်းဝ၏။ မိဖုရားလည်းပေါ၏စသည်ဖြင့် ထိုမင်းဆက်တို့၏ အကြောင်းကို ရေးသားထားကြောင်းတွေ့ရှိရသည်

ကဘော်သမိုင်း[ပြင်ဆင်ရန်]

ဟံလင်းနိုင်ငံပျက်စီးပြီးနောက် ကူကီးလူမျိုးများသည် ဟံလင်းတဆင့် Kholkip,Kholjang သို့ရောက်ရှိလာခဲ့ကြရာ ထိုမှတဆင့် ကလေးကဘော်ဒေသသို့ရောက်ရှိခဲ့ကြသည်။ ကူကီးရာဇဝင်အရ မိမိတို့သည် ထိုကဘော်နယ်မြေတွင်နေထိုင်ကြစဉ်တွင် ဘုရင့်နိုင်ငံတော်တခုကိုတည်ထောင်ခဲ့ကြသည်ဟု သိရှိရသည်။ ကဘော်ချိုင့်ဝှမ်းဒေသသည် ပထဝီအနေအထားအရသော်လည်းကောင်း၊ ရာသီဥတုအရသော်လည်းကောင်း၊ ပျော်ရွှင် စရာကောင်းသည့်ဒေသဖြစ်သည့်အပြင် နယ်မြေနှင့်မလိုက်အော်ငကောက်ပဲသီးနှံနှင့် ဆန်စပါးပေါမြားကြွယ်ဝရာနယ်မြေဖြစ် သောကြောင့်လည်း ထိုဒေသသည်တွေ့ရှိသူတိုင်းအတွက်အားကျစရာ ဖြစ်ပေါ်စေခဲ့လေသည်။ ထို့ကြောင့်လည်း အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြားတွင်ပင် ဤကဘော်ဒေသနှင့်ပတ်သက်၍ ယနေ့အထိမကျေလည်မှုများရှိကြသည်ကို တွေ့မြင်နေရဆဲပင် ဖြစ်သည်။ ထိုနည်းတူမဏိပူကသည်းတို့သည် ရန္တတပိုစာချူပ်အရ ကဘော်ဒေသအား ဗမာအုပ်ချူပ်ရေးနယ်မြေသို့ရောက်ရှိ ရခြင်းဖြစ်ကြောင်း၊ အတိုပါစာချူပ်ပါအချက်အလက်အရ ကဘော်နယ်မြေကိုပြန်လည်ရရှိနိုင်ရန် အရစ်ကျစနစ်ဖြင့်လျှော်ကြေးပေး ခဲ့ကြရာ ကျေပြီဖြစ်သောကြောင့် မိမိတို့သည် ထိုနယ်မြေအားပြန်လည်ပိုင်ဆိုင်သင့်ပြီဟူသော အသံများသည်လည်း မျက်မှောက် ခေတ်တွင် စဉ်ဆက်မပြတ်ကြာနေ့ပေသည်။ ကဘော်ဒေသနှင့်ပတ်သက်၍ရေးသားထားသည့် မှတ်တမ်းများအရ အစပိုင်းတွင် ကဘော်ကို Kuboဟူ၍ မှတ်တမ်းတင်ထားခဲ့ရာမှ နောက်ပိုင်းတွင် Kabaw ဟူ၍ရေးသားထားကြောင်းတွေ့ရှိရသည်။ သို့သော်လည်းထိုဒေသ၏ဌာနေတိုင်းရင်းသားများဖြစ်ကြသော ကူကီးလူမျိုးများသည် ကဘော်အားယနေ့အထိ Kangmang ဟုခေါ်ဆိုကြဆဲဖြစ်ကြောင်းသိရှိရသည်။ ထိုအချက်ကိုသုံးသပ်ခြင်းအားဖြင့် ကဘော်ဟူသောဝေါ်ဟာရမှာ မူလအမည်မဟုတ် ကြောင်းကိုပေးလွင်စေပေသည်။ အချို့နိုင်ငံရေးသမားများထံမှ ကြသိချက်အရကဘော်သည် အိန္ဒိယနိုင်ငံ၏ပထမဆုံးဝန်ကြီးချူပ်ဖြစ်ခဲ့သော ဂျဝါလာ နေဒူးနှင့်မြန်မာနိုင်ငံ၏ပထမဆုံးဝန်ကြီးချူပ်ဦးနုတို့သည် လွတ်လပ်ရေးအကြိုကာလများတွင် နှစ်နှင်ငံအကြာရှိနယ်နိမိတ်များ အားခွဲဝေသတ်မှတ်ခဲ့ကြရာတွင် အပြန်အလှန်အားဖြင့်နှစ်နိုင်ငံစလုံးအတွ်ကတူညီသော အကျိုးစီးပွားကို မျှော်ကိုးကြရင်းနယ်မြေ များကို ခွဲဝေခဲ့ကြရာမှ ဤကဘော်ဒေသသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် အင်္ဂလိပ်အစိုးရ၏သိမ်းပိုက်ခြင်းမခံရမီ ပဒေသရာစ်စနစ်ခေတ်များတွင် ကဘော်ဒေသ၏ ဒေသခံများသည် ဗမာပြည်မ ထက် အာသံမဏိပူတို့နှင့် ကူးလူးဆက်ဆံမှုပို၍ရှိခဲ့သည်ဟုသိရှိရသည်။ အခြားတဖက်တွင်လည်း အိန္ဒိယနှင့်မြန်မာနိုင်ငံတို့၏လွတ်လပ်ရေးအကြိုကာလများတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် နယ်စပ်ဒေသရှိလူမျိုးစုအသီးသီးတို့၏နယ်မြေများကို ခွဲဝေကြခြင်းအားဖြင့် လူမျိုးစုအသီးသီးတို့ကို နိုင်နင်းစွာ အုပ်ချူပ်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဌာနေတိုင်းရင်းသားများ၏ နိုင်ငံရေးအမြော်အမြင်နည်းပါးမှုအပေါ်တွင် အခွင့်ကောင်းယူကြခြင်း ဖြစ်သည်ဟုသိရှိရပေသည်။ ထိုအဆိုအရ ထိုစဉ်က အက်ဒမန်ကျွန်းသည် ဗမာပိုင်နှက်နယ်မြေဖြစ်ခဲ့သော်လည်း ထိုကျွန်းတွင် နေထိုင်သူများမှာ ကုလားအနွယ်ဝင်များဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် ဗမာခေါင်းဆောင် တို့သည် အကျိုးတူပူးပေါင်းကြရင်း ကူကီးပိုင်ကဘော်နယ်ကို အက်ဒမန်ကျွန်းနှင့် အလှဲအလှယ်ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ မည်သို့ပင်ဆိုစေကာမူ ကဘော်နယ်မြေသည် သမိုင်းကြောင်းအရ ကူကီးလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေဖြစ်ခဲ့ရာ ကူကီးလူမျိုးများ၏ ဆန္ဒမပါဘဲ အထက်ပါအတိုင်း လူမျိုးခြားတို့၏ချယ်လှယ်မှု ခံလာခဲ့ရသည်မှာ မည်သည့်ရှုထောင့်မှကြည့်ကြည့် တရားမျှတမှုမရှိကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက်တွင် အငြင်းပွားဘွယ်ရာအဖြစ်ကျန်ရှိ နေသော ကဘော်သမိုင်းနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက်မှစ၍ ကူကီးလူမျိုးများမှ ဘိုးဘွားစဉ်ဆက်မှတ်သားလာခဲ့ကြသော သမိုင်းမှတ်တမ်းများအပါအဝင် လူမျိုးစုအသီးသီးတို့၏ သမိုင်းကြောင်းတို့အပေါ်တွင် ဆက်စပ်အခြေပြီးအကျဉ်းချုံ့တင်ပြလိုက် ရပေသည်။ ကဘော်ဟူသောဝေါဟာရနှင့်ပတ်သက်ပြီးမည်သည့်ဘာသာ စကားတွင်မျှတိကျသော အဓိပ္ပါယ်သတ်မှတ်ချက် မရှိသည်ကို သိရှိရပေသည်။ ဆိုလိုသည်မှာ ကဘော်ဟူသောဝေါဟာရမှာ ဗမာစကားမဟုတ်သကဲ့သို့ ကုလားစကားလည်း မဟုတ်ပေ။ အချို့ပုဂ္ဂိုလ်တို့၏စကားအရ ကဘော်ဟူသောဝေါဟာရမှာ ကသည်းစကားဖြစ်ပြီး ဗမာလူမျိုးများကို ကသဲတို့မှ ကဘော်ဟုခေါ်ဆိုခြင်းဖြစ်ကြောင်းသိရှိရသည်။ သို့သော်လည်း ထိုအထောက်အထားမှာ မှန်ကန်ခြင်းမရှိကြောင်းသိရှိရလေ သည်။ အဘယ့်ကြောင့်ဆိုသော် မဏိပူသမိုင်းအရ ၎င်းတို့သည် ကုန်းဘောင်ခေတ်တွင် ဗမာတို့၏ သိမ်းပိုက်မှုကိုခံခဲ့ကြရာ ထိုသမိုင်းနှင့်ပတ်သက်ပြီး မဏိပူသမိုင်းတွင် (Ava-lan)ဟုမှတ်တမ်းတင်ခြင်းခံရသည်။ ထိုနည်းတူလက်ရှိ မဏိပူပြည်နယ် Lamlai မြို့အနီးရှိImphal- Ukhurl ကားလမ်းဘေးတွင်တွေ့ရှိရသော တာရိုးမှာ မဏိပူကိုလာရောက်တိုက်ခိုက်ခဲ့သော ဗမာ ဘုရင်တပ်မတော်မှဖို့ထားခဲ့သည့်တာရိုးဖြစ်သည်ဟူ၍ပါရှိခဲ့ရာထိုတာရိုးကိုလည်း ဗမာတာရိုး(Ava Leipal)ဟူ၍ပင် ယနေ့အထိ ခေါ်ဝေါနေဆဲဖြစ်သည်ကိုသိရှိရသည်။ ထိုသမိုင်းမှတ်တမ်းအရ ကသည်းလူမျိုးများသည် ဗမာကို AVAဟူ၍ခေါ်ဝေါခဲ့ကြ ကြောင်းသိရှိရသည်။ သို့ဖြစ်၍ ထိုအချက်အပေါ်သုံးသပ်ခြင်းအားဖြင့် ကဘော်ဟူသောစကားမှာ ကသည်းတို့မှ ဗမာလူမျိုးများကို ခေါ်ဝေါခဲ့ကြသည့်ဘာသာစကား မဟုတ်ကြောင်း သိရှိနိုင်ပေသည်။ ထိုနည်းတူ အချို့ကူကီးလူမျိုးများ၏ မှတ်တမ်းအရ ကဘော်ဟူသောဝေါဟာရမှာ (Kamao)ဟူသောဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုမှတဆင့် Kangmangဟူသောအသံထွက်အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြရာ ကာလကြာရှည်လာ သည်နှင့်အမျှ ကဘော်ဟူသောဝေါဟာရပေါ်ပေါက်လာရခြင်းဖြစ်သည်ဟုသိရပေသည်။ ထိုသမိုင်းကြောင်းအရ ကဘော်ဒေသ သည် အလွန်စိန်းလန်းစိုပြေပြီ သားငါးတိရိစ္ဆာန်ပေါများခဲ့သည့်အပြင် ကောက်ပဲသီးနှံအလွန်ဖြစ်ထွန်းခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်းထိုဒေသတွင် လူနေမှုအလွန်နည်းပါးခဲ့သောကြောင့် ရောဂါဘယထူပြောခဲ့ပေသည်။ ထို့ကြောင့်လည်းထိုဒေသသို့ ပထမဦးစွာဝင်ရောက်နေထိုင်သူများသည် ထိုကဲ့သို့ ရောဂါဘယထူပြောပြီး အသေအပျောက်များပြားခဲ့သည့် အဖြစ်ကိုအစွဲပြုပြီး ထိုဒေသအား(Kamaona-gam)ဟုခေါ်ဆိုကြခြင်းဖြစ်ရာ အဓိပ္ပါယ်မှာ ဝမ်းနဲငိုကြွေးရာနယ်မြေဒေသဟူ၍သိရှိရသည်။ ထိုမှတဆင့် ကာလရှည်ကြာသည်နှင့်အမျှ Kamaogam အဖြစ်လည်းကောင်း၊ ထိုမှတဆင့် Kangmangအဖြစ်သို့လည်းကောင်း ခေါ်ဆိုလာ ကြခြင်းဖြစ်သည်ဟုသိရှိရသည်။ ကဘော်တွင် ရောဂါထူပြောမှုကြောင့် အခြားနေရာသို့ပြောင်းရွေ့ခဲ့ကြသည့် အဆိုပါသမိုင်းမှတ် တမ်းနှင့်ပတ်သက်ပြီး ကူကီးလူမျိုးများမှဘိုးဘွားစဉ်ဆက် မှတ်သားလာခဲ့ကြသော ကဗျာလင်္ကာတပုဒ်ရှိခဲ့ပေသည်။ ထိုကဗျာ လင်္ကာမှ i(Amoulgonggo, hedamdei goul lungtoh, Tongso kenga Jang kolva hamtante.)ဟူသော ကဗျာပင်ဖြစ်သည်။ အဓိပ္ပါယ်မှာ မိမိတို့သည်ဤဒေသ၌မည်မျှပင်ပျော်ရွှင်ကြစေကာမူ ရောဂါထူပြောမှုကြောင့် စွန့်ခွာရတော့မည်ဖြစ်သည်။ အကယ်၍ မိမိတို့အနေဖြင့် စွန့်ခွါသွားခဲ့ပါမူ ဤဒေသတွင် လူသံတိတ်ဆိတ်ပြီး သာရကာကျေးငှက်တို့၏ တေးသံများသာလျှင် ဖုံးလွမ်း ပေမည်ဟု အဓိပ္ပါယ်ရရှိပေသည်။ ထို့အပြင် ကဘော်နှင့်ပတ်သက်၍ ထိုစဉ်က ကူကီးလူမျိုးများနှင့် နယ်မြေခြင်းထိစပ်ခဲ့သော အိမ်နီးချင်း ကဒူးကဏန်း တို့၏အဆိုအရ ၎င်းတို့၏ သမိုင်းမှတ်တမ်းတွင် ကဘော်ဒေသကို Khangmangဟုခေါ်ဆိုခဲ့ကြကြောင်း သိရှိရသည်။ ကဒူးကနန်း ဘာသာဖြင့် ကူကီးလူမျိုးများကို ခန်း(Khang)ဟုခေါ်ဆိုပြီးMang(မန်) ဟူသည်မှာနယ်မြေဟု အဓိပ္ပါယ်ရရှိသည်။ သို့ဖြစ်၍ ခန်းမန်(Khangmang) ဟူသော ကဒူးကနန်း ဝေါဟာရမှာ ကူကီးလူမျိုးများကြီးစိုးရာနယ်မြေ(သို့မဟုတ်) ကူကီးလူမျိုးတို့၏ အုပ်ချူပ်ရနယ်မြေဟု အဓိပ္ပါယ်သက်ရောက်လေသည်။ ထိုမှတဆင့် ကာလကြာရှည်သည်နှင့်အမျှ ခန်းမန် (Khangmang)မှ ကန်မန်(Kangmang) အဖြစ်လည်းကောင်း၊ ထိုမှတဆင့် ယနေ့အများစုမှ သိရှိသော (Kabaw) ကဘော်အဖြစ်သို့ ပြောင်းလဲလာ ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ကဒူးကနန်း မှတ်တမ်းအရ ကူကီးလူမျိုးများမှာ ကဘော်ဒေသသို့ အစောဆုံးရောက် ရှိ်ကြသော လူမျိုးများဖြစ်သည့်အပြင် ဤနေရာ၌ ကိုယ့်ထီးကိုယ်နန်းဘဝဖြင့်နေထိုင်ခဲ့ကြကြောင်း ပါရှိလေသည်။ ထိုစဉ်က ထိုတိုင်းပြည်မှာ အလွန်တိုးတက်ခဲ့သည်နှင့်အညီ ရွာပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်ပိုင်ဆိုင်သည့် တိုင်းပြည် ဟုလည်း အိမ်နီးနားချင်း ကဒူးကနန်းတို့မှ တင်စားခဲ့ကြလေသည်။ ထိုနည်းတူ ကူကီးလူမျိုးများမှ မှတ်သားလာခဲ့သည့် မှတ်တမ်း အရလည်း မိမိတို့အနေဖြင့် ကဘော်ချိုင့်ဝှမ်း(သို့) Kangmangphai တွင် လွန်ခဲ့သောနှစ်ပေါင်း မြောက်များစွာအချိန်က မင်းနိုင်ငံ ထူထောင်ခဲ့ကြသည်ဟု သိရှိမှတ်သားလာခဲ့ကြသည်။ သို့ဖြစ်၍ အကျဉ်းချုံ့ဖော်ပြလိုပေသည်။ ထိုသမိုင်းကြောင်းမှာii အောက်ပါအတိုင်းဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ကူကီး(ခန်း)လူမျိုးတို့သည် ကဘော်(ခန်းမန်)နယ်မြေတွင် ကိုယ့်ထီးကိုယ့်နန်း ဘဝဖြင့် ထီးနန်းထူထောင်ခဲ့ကြလေသည်။ ထိုစဉ်အချိန်က ကဘော်တွင် ဒေသန္တတရ အုပ်ချူပ်ရေးနယ်မြေ ဗဟိုသုံးခုခွဲထားခဲ့ရာ ထိုအုပ်ချူပ်ရေးဗဟိုဌာနများ ယနေ့အခေါ်အရ ကလေးမြို့။ ခမ်းပတ်နှင့် ဂေါမတ္တဟုခေါ်သော ခုံမွန်းဏ(မြို့သစ်အနီး)အစရှိသော နေရာများပင်ဖြစ်ကြသည်။ ၎င်းတို့အနက် ဂေါမုတ္တမြို့သည် မြောက်ဘက်အစွန်ဆုံး နန်းစိုက်ရာဒေသဖြစ်ကြောင်း သိရှိရလေ သည်။ ရာဇဝင်အရ ထိုအုပ်ချူပ်ရေးနယ်မြေ သုံးနေရာစလုံးတွင်(Longthing)ဟုခေါ်သည့် အလွန်ကြီးမားသော သစ်ပင်တပင်၏ ပင်စည်ကို ဗုံ(စည်ကြီး)သုံးလုံးအဖြစ် ပြုလုပ်ခဲ့ကြသည်။ ထိုဗုံအား ၎င်းတို့၏နေရာဒေသအလိုက် အရင်းကို တောင်ဘက်အစွန် ဆုံးဖြစ်သော ကလေးမြို့တွင်လည်းကောင်း၊ အလယ်ဗဟိုကို ခမ်းပတ်တွင်လည်းကောင်း၊ အဖျားကို ဂေါမုတ္တတွင်လည်းကောင်း ထားရှိခဲ့ကြသည်။ ထိုဗုံများကို ပြုလုပ်ခဲ့ကြရာတွင် သစ်ပင်၏အဖျားပိုင်းဖြင့်ပြုလုပ်ထားသောဗုံအား မြောက်ဘက်အစွန်ဆုံးတွင် ထားရှိသည်ကိုအစွဲပြုပြီး ထိုနေရာကို (Khogmunnah)ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ (Khong)မှာ ဗုံဟုအဓိပ္ပါယ်ရရှိပြီး Munnahမှာ မြောက်ဘက်ဒေသကိုဆိုလိုသည်ဖြစ်ရာ Khongmunnah ဟူသည်မှာ မြောက်ဘက်အစွန်ဆုံးရှိ ဗုံဟုအဓိပ္ပါယ်ရရှိသည်။ သို့ဖြစ်၍ ကာလကြရှည်လာသည်နှင့်အမျှ (Khongmunnah)ခုံမွန်ဏမှဂေါမုတ္တဟူသောဝေါဟာရအဖြစ်သို့ကူးပြောင်းလာရခြင်းဖြစ်ကြောင်း ထိုသမိုင်းမှတ်တမ်းအရသိရှိရပေသည်။ ထိုအချိန်က ကူကီးလူမျိုးများတွင် ကျစ်လစ်ခိုင်မာသော သွေးစည်းညီညွတ်မှုရှိခဲ့ကြ သောကြောင့် မည်သူမဆို ကူကီးလူမျိုးများကို ကြောက်ရွ့ခဲ့ကြကြောင်း ထိုရာဇဝင်အရသိရှိရလေသည်။ ကူကီးလူမျိုးများသည် ထိုနေရာ၌ကာလအတန်ကြာ နေထိုင်လာခဲ့ကြပြီးနောက် ၎င်းတို့၏ ပျော်ရွှင်လွတ်လပ်မှုအပေါ် မနာလိုသည့်ရန်သူများမှ ထိုနယ်မြေကိုသိမ်းပိုက်နိုင်ရန် မိတ်ဆွေယောင်ဆောင်ရင်း မသမာသောနည်းများကို ကျင့်သုံးခဲ့ကြသော ကြောင့် ကူကီးလူမျိုးများ၏ မင်းနိုင်ငံပျက်စီးခဲ့ရခြင်းဖြစ်သည်ဟုသိရှိရသည်။ ထိုသမိုင်းကြောင်းအရ ထိုနယ်မြေကို သိမ်းပိုက် သောရန်သူတို့သည် ထိုနယ်မြေရှိဂေါမုတ္တမြို့စားနှင့် အဆွေခင်ပွန်းဖွဲ့ခဲ့သည်။ ၎င်းတို့၏အကြံကိုမရိပ်မိသော ထိုဂေါမုတ္တနယ်စား သည်လည်း ၎င်းတို့၏အပေါ်မိတ်ဆွေရင်းချာကဲ့သို့ ရိုးသားစွာဆက်ဆံခဲ့လေသည်။ ထိုသမိုင်းကြောင်းအရ တစ်နေ့သောအခါတွင် ထိုမိတ်ဆွေယောင်ဆောင်သော ရန်သူသည် ထိုနယ်စား၏ ဗုံအားနားထောင်လိုသောကြောင့် တီးပြရန်တောင်းဆိုလာခဲ့ရာ ထိုနယ်စားသည် ငြင်းဆိုရန်အားနာပြီး ထိုဧည့်သည်၏တောင်းဆိုမှုကို လိုက်လျှောရင်း ထိုဗုံကိုတီးပြရန် ၎င်း၏နောက်တော် ညီတော်များဖြစ်ကြသော ခမ်းပတ်နယ်စားနှင့် ကလေးနယ်စားတို့မှာ စစ်တပ်အင်အား အလုံးအရင်းဖြင့်ရောက်ရှိလာခဲ့ကြသော် လည်း ဂေါမုတ္တနယ်စားမှာမည်သည့်ရန်သူကမျှတိုက်ခိုက်ခြင်းမရှိကြောင်းတွေ့ရှိကြသောကြောင့်မိမိတို့ဒေသအသီးသီးသို့ပြန်သွား ခဲ့ကြလေသည်။ ထိုအချက်ကိုသိရှိထားသော အချိန်အတန်ကြာပြီးနောက် ထိုနယ်စားအား ဗုံတီးပြရန် ထပ်မံ၍မေတ္တာရပ်ခံ ခဲ့ပြန်ရာ ထိုနယ်စားမှ ထပ်မံလိုက်လျှောခဲ့ပြန်သည်။ ထိုအကြိမ်တွင်လည်း ခမ်းပတ်နှင့် ကလေးနယ်စားတို့သည်လည်း ထပ်မံ၍ ချီတက်လာကျြဘသည်။ သို့ရာတွင် ထူးခြားမှုတစုံတရာမှ မရှိသောကြောင့် ထိုနယ်စားအသီးသီးတို့မှာလည်း မကျေမနပ်ပြန်သွား ခဲ့ကြလေသည်။ ထိုဖြစ်ပျက်မှုအလုံးစုံတို့ကို သိရှိပြီးဖြစ်သောရန်သူသည် မိမိလိုချင်သော အခြေအနေသို့ရောက်ရှိပြီးဖြစ်သည်နှင့် အညီ မကြာမီအချိန်အတွင်း ၎င်း၏စစ်သည်တော်များကို အလျှင်အမြန်ခေါ်ယူပြီး ထိုမြို့ကို စစ်တပ်အလုံးအရင်းဖြင့် ချီတက် တိ်ုက်ခိ်ုက်ခဲ့တော့သည်။ ဤသို့ရန်သူ၏ တိုက်ခိုက်ခြင်းခံရသော နယ်စားကြီးသည်။ ၎င်း၏ဗုံကြီးကို အဆက်မပျက်တီးစေခဲ့ရာ သူ၏နောက်တော်ညီတော်တို့သည် ပထမနှင့်ဒုတိယအကြိမ်တွင်ချီတက်ခဲ့ကြသော်လည်းထူးခြားမှုတစုံတရာမျှမရှိခဲ့သောကြောင့် စစ်ကူမစေလွတ်ဘဲ ထားခဲ့ရာ ဂေါမုတ္တမြို့မှာ ရန်သူလက်တွင်းသို့ ကျရောက်ခဲ့ရသည်။ ထိုမှတဆင့် ကျန်သည့်နယ်စား များသည် လည်း တနယ်ပြီးတနယ်ရန်သူ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရလေသည်။ ထိုအချိန်ကာလ၌ အချင်းချင်း စစ်တိုက်ခိုက်ခဲ့ကြရာ တွင် နိုင်သူမှရှုံးသူ၏နယ်မြေကို သိမ်းပိုက်ပြီး ကျွန်ဘဝအောက်သို့ကျရောက်ခဲ့ကြခြင်းမဟုတ်စေကာမူ အုပ်ချူပ်သူရှင်ဘုရင်များ ကို သတ်ဖြတ်ခြင်း။ သမီးပျိုသားပျိုများကို သိမ်းပိုက်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်စီးခြင်း။ ရွှေငွေရတနာနှင့် ဥစ္စာ ပစ္စည်းများကိုလုယူခြင်း အိမ်ယာမြေများကို မီးလောင်တိုက်သွင်းခြင်း စသည်တို့ကြောင့် ကူကီးလူမျိုးများမှာ ထိုအချိန်က လူနေမှု စနစ်အတော်အတန်မြင့်မားခဲ့ကြပြီဖြစ်စေကာမူ စစ်ရှုံးသူတို့အပေါ် လူမဆန်စွာနှိပ်စက်မှုများကြောင့်လူနေမှုစနစ်အလိုအလျှောက် ပြန်လည်ဆုတ်ယုတ်လာခဲ့ကြခြင်းပင်ဖြစ်ပေသည်။

ကူကီးစာပေ[ပြင်ဆင်ရန်]

ကူကီးရာဇဝင်အရ မိမိတို့သည် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာအချိန်က ကိုယ်ပိုင်စာပေရှိခဲ့ကြပြီး ထိုစာပေမှာ သားရေပေါ်တွင် ရေးသားထားသည်ဟုသိရှိရသည်။ ထိုစာပေအားအစဉ်အဆက်ထိမ်းသိမ်းလာခဲ့ကြရာမှ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် မည်ကဲ့သို့ပျောက်ဆုံးခြ့သည်ကိုမူ တဦးနှင့်တဦးအကြားဖော်ပြချက်အနည်းငယ်စီကွဲပြားကြသည်။ အချို့ မှတ်တမ်းအရမိမိတို့ဘိုးဘွားများသည် ရေကြည်ရာမြက်နုရာကို သွားလာခဲ့ကြရင်း ထိုသားရေမှာ မိုးရေစို သဖြင့်နေလှမ်းခဲ့ကြရာမှ ခွေးချီခြင်းခံခဲ့ရသည်ဟုသိရှိရသည်။သို့ရာတွင်အချို့သုံးသပ်သူတို့၏အဆိုအရတရုပ်မင်းသည် ကူကီးလူမျိုးများတွင်ထိုစာပေကို ပိုင်ဆိုင်ခြင်းအားဖြင့် တချိန်ချိန်တွင် မိမိတို့ထက်သာလွန်မည်ကိုစိုးရိမ်ခဲ့သောကြောင့် ထိုစာကိုဖျက်ဆီးပြီး ပိုင်ရှင့်ဖြစ်သော ကူကီး လူမျိုးများထံ ခွေးချီသွာပြီဟု လိမ်ညာပြောဆိုခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ထိုသို့ကူကီးလူမျိုးများသည် ကိုယ်ပိုင်စာပေပျောက်ဆုံးခဲ့ကြသည်ဖြစ်စေ၊မရှိခဲ့ကြသည်ဖြစ်စေ မိမိတို့ဘိုးဘွားစဉ်ဆက် သမိုင်းကြောင်းနှင့်ပတ်သက်၍ မှတ်တမ်းတင်ထားသောစာပေ၊ ပုရပိုက်နှင့်ကျောက်စာစသော သမိုင်းဆိုင်ရာအချက်အလက်များ မှာ အလွန်နည်းပါးခဲ့သည်။ မိမိတို့၏သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက်မှစ၍ နုတ်အားဖြင့်လက်ဆင့်ကမ်းမှတ် သားလာခဲ့ကြသည့် ပါးစပ်ရာဇဝင်များကိုသာတွေ့ရှိရသည်။ စာပေမရှိခဲ့သောကြောင့် ၎င်းတို့ကြုံတွေ့ခဲ့ကြသည့် အဖြစ်ပျက်များ၏ အချိန်ကာလများကို အခြားသူများထံ ပြောဆိုကြရာတွင်မည်သူမှ ပွဲတော်ကျင်းပသည့်နှစ် (သို့မဟုတ်)မည်သည့်နေရာတွင် တောင်ယာခုတ်သည့်နှစ် စသည်ဖြင့် အတိတ်ကာလဖြစ်ပျက်မှု၏ အချိန်ကာလတခုခုကိုမူတည်ပြီးပြောဆိုခဲ့ကြသည်။ ဥပမာ- အင်္ဂလိပ်နှင့်စစ်ဖြစ်ခဲ့ချိန်၊ ဂျပန်ခေတ်၊ Poigal စသည်ဖြင့်အတိတ်က အဖြစ်အပျက်တခုခု၏ အချိန်ကာလကိုမူတည်ပြီးနားလည်မှု ယူခဲ့ကြလေသည်။

စာပေရှိသောလူမျိုနှင့်စာပေမရှိသောလူမျိုးများသည် ရိုးရာဓလေ့ထုံးစံနှင့် ထဥိကျေးမှုများအပြင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးစသည့်ဘက်ပေါင်းစုံတွင် မြောက်များစွာကွာခြားသွားမည်ဖြစ်သော်လည်း ကူကီးလူမျိုး များတွင် ကိုယ်ပိုင်စာပေမရှိခဲ့သော်လည်း ၎င်းတို့ကျင့်သုံးလာခဲ့ကြသော ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများအပေါ် ပြန်လည်သုံးသပ် ခြင်းအားဖြင့် မျက်မှောက်ခေတ်ကာလအထိ ကျင့်သုံးရန်သင့်တော်သည့်ပြည့်စုံကြွယ်ဝသည့် ယဉ်ကျေးမှုများကို ပိုင်ဆိုင်ခဲ့ကြ ကြောင်းတွေ့မြင်ရပေသည်။ ထိုအချက်ကိုသုံးသပ်ခြင်းအားဖြင့် ကူကီးလူမျိုးများအနေဖြင့်လွန်ခဲ့သောအချိန်က မိမိတို့တွင်ကိုယ် ပိုင်စာပေရှိခဲ့ကြသည်ဟူသော ခံယူချက်နှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည်ဟုဆိုရပေမည်။

ကူကီးစာပေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ချင်းပြည်နယ်တွန်းဇံမြို့နယ်အတွင်းရှိ ကူကီးရွာ ဟောင်းဖြစ်ခဲ့သော Yampi ရွာဟောင်းတွင်ကျောက်တိုင်တခုအပေါ်၌ ရေးသားထားခဲ့သည့်ကျောက်စာကိုတွေ့ရှိခဲ့ကြသည်။ ဒေသခံများ၏ပြောစကားအရ ထိုကျောက်စာတွေ့ရှိသည့်နေရာမှာ Yampi ဟုခေါ်သော ထာဒိုမျိုးနွယ်စုများ၏ ရွာဟောင်းဖြစ် သည်ဟု သိရှိရသည်နှင့်အညီ ထိုရွာဟောင်းကိုအစွဲပြုပြီး ထိုကျောက်စာရေးသားထားသည့်ကျောက်တိုင်အား Yampi-Molsong ဟုခေတ်အဆက်ဆက်မှစ၍ ယနေ့ထိခေါ်ဝေါ်သမုတ်လာခဲ့ကြသည်။ ထိုစာအားမည်သူကမျှဖတ်၍မရကြောင်း သိရသည့်အပြင် ထိုကျောက်စာနှင့်ပတ်သက်၍ ဘာသာဗေဒဆိုင်ရာပညာရှင်တို့၏ သုတေသနပြုချက်အရ မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သမျှသော ကျောက်စာများအနှက် ရှေးအကျဆုံးဖြစ်သည်ဟုသိရသည်။ အမှန်အားဖြင့်လည်း(Yampi)ဟူသောရွာ အမည်သည် ထာဒိုကူကီး မျိုးနွယ်စုအတွင်းရှိ(Sitlhou)ဆွေမျိုးစုများမှခေတ်အဆက်ဆက်တွင် မှည့်ခေါ်ခဲ့ကြသည့် ရွာအမည် ပင်ဖြစ်သည်။

ဤသို့ဖြင့် Yampiဟူသောရွာအမည်မှာ အဆိုပါSit-lhouမျိုးနွယ်စုများအနေဖြင့် မည်သည့်နေရာဒေသတွင် နေထိုင်လာ ခဲ့ကြစေကာမူ ၎င်းတို့တည်ခဲ့သည့်ရွာ၏အမည်ကို Yampiဟူ၍ပင်မှည့်ခေါ်လာခဲ့ကြသည်ဖြစ်ရာ ထိုရွာအမည်မှာ Sitlhou မျိုးနွယ်စုတို့၏ မူပိုင်ရွာအဖြစ်ထင်ကျန်လာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်းထိုမျိုးနွယ်စုများတည်လာခဲ့ကြသည့် ရွာဟောင်း များကို လက်ရှိအိန္ဒိယမြန်မာနယ်စပ်ဖြစ်သည့် ချင်းပြည်နယ်။မဏိပူလ်ပြည်နယ်နှင့် အထက်ချင်းတွင်းဒေသများတွင် ခိုင်မာသည့် အထောက်အထားများနှင့်တကွတွေမြင်နိုင်ပေသည်။ ထာဒိုကူကီးသမိုင်းတွင်လည်း မိမိတို့သည်လွန်ခဲ့သောနှစ်ပေါင်း မြောက်မြား စွာအချိန်က Yampiရွာကို တည်ထောင်းခဲ့ကြကြောင်းပါရှိသည်သာမကဘဲ ထိုရွာနှင့်ပတ်သက်သည့် ရွာဇဝင်တခုရှိခဲ့လေသည်။

ထိုရာဇဝင်အရ လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာအချိန်တွင် မိမိတို့သည်ရွာတစ်ရွာကိုတည်ခဲ့ကြရာ ထိုရွာ၏အမည် အား Yampiဟုမှည့်ခေါ်ခဲ့ကြသည်ဟုသိရှိရပေသည်။ ထိုရာဇဝင်အရ ထိုရွာတွင် Mulaupi ဟုခေါ်သည့် လူသားစားသော ဧရာမ ငှက်ဘီလူးတစ်ကောင်ရှိရာ ၎င်းကိုတနေ့လျှင်လူတစ်ယောက်စီ ဆက်သရသည့်အပြင် အကယ်၍ထိုသို့ ဆက်သခြင်းမရှိပါက ထို ငှက်ဘီလူးသည် ရွာတွင်းသို့ဝင်လာကာရွာသားများကို အစုလိုက်အပြုံလိုက်သတ်စားလေ့ရှိသည်။ ဤသို့ဖြင့် Yampi ရွာသားများ သည် ငှက်ဘီလူးအားနေ့စဉ်နေ့တိုင်းရွာသားတစ်ဦးစီဆက်သခဲ့ကြရာ အချိန်ကြာလာသည်နှင့်အမျှရွာသူရွာသားများမှာ ပပျောက် လုမတတ်ဖြစ်ခဲ့ရသည်ဟု ထိုရာဇဝင်အရသိရသည်။ သို့ရာတွင်ကံကောင်းထောက်မစွာဖြင့် ရွာသားများပပျောက်လုနီး အချိန်တွင် ထိုရွာ၌သူရဲကောင်းတစ်ဦးမွေးဖွားခဲ့ကာ ထိုဂဠုန်ကိုသတ်ဖြတ်ခဲ့လေသည်။ ထို့ကြောင့်လည်း ထိုရွာ၏အကြီးအကဲသည် ဂဠုန်ကို သတ်ဖြတ်သည့်အထိမ်းအမှတ်အဖြစ် ကျောက်တိုင်စိုက်ထူကြရာ ၎င်းကိုYampi ကျောက်တိုင်(သို့)Yampi-Moulsong ဟုခေါ်ဆို ကြခြင်းဖြစ်သည်။ ထိုကျောက်တိုင်တွင် ထိုသူရဲကောင်းမှသတ်ဖြတ်ခဲ့သည့် Mulaupiပုံ၊ သူ၏လက်နက်များအပြင် နေလုံးပုံတို့ရေး ဆွဲထားပြီး ၎င်းတို့အောက်တွင် ကျောက်စာ(၇)ကြောင်းမျှရေးသားထားသည်ဟု မျက်မြင်သက်သေများ၏ပြောစကားအရသိရှိရ သည်။ ထို့ကြောင့်လည်းအချို့ကူကီးလူမျိုးများအနေဖြင့် ထိုကျောက်စာမှာ မိမိတို့ဘိုးဘွားများမှပျောက်ဆုံးခဲ့သည့် စာပေဖြစ်နိုင် သည်ဟု ယုံကြည်ကြသည်။ ထိုကျောက်စာအား မဆလခေတ်တွင်ပြက္ခဒိန်အဖြစ် ထုတ်လုပ်ခဲ့ကြရာ အာဏာပိုင်တို့မှတားမြစ်ခဲ့ သောကြောင့် နောက်ပိုင်းတွင်

ထိုကျောက်စာနှင့်ပတ်သက်ပြီး ပြည်သူလူထု၏အာရုံစူးစိုက်မှုနည်းပါးလာခဲ့သည်။ အချို့မှထို ကျောက်စာကို အာဏာပိုင်တို့မှဖျက်စီးကြပြီဟုပြောဆိုကြကြောင်း ဝမ်းနည်းစွာသိရှိရသည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ် အစိုးရ အနေဖြင့် ကူကီးနယ်မြေကိုသိမ်းပိုက်ခဲ့ပြီးနောက် ရောမအက္ခရာကို အခြေခံပြီး ကူကီးစာပေကိုတီထွင်ပေးခဲ့ကြလေသည်။ ထိုအချက်သည်ပင် ကူကီးလူမျိုးများအတွက် တိုင်းတပါး၏လက်အောက်သို့ကျရောက်ခဲ့ကြစေကာမူ ထိုစာပေကို ပိုင်ဆိုင်နိုင်ခဲ့ကြ သောကြောင့် အရှုံးထဲကအမြတ်ရရှိခဲ့ကြသည်ဟု ဆိုရမည်သာဖြစ်ပေသည်။သို့သော်လည်း မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက်တွင် အုပ်ချူပ်သူအစိုးရ အဆက်ဆက်တို့မှ ကူကီးလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအား လွတ်လပ်စွာထုတ်ဖော်ခွင့်မပြုခြင်းသည်ပင်ယနေ့ကူကီးလူမျိုးများကိုအခြားလူမျိုးများထက်ဘက်ပေါင်း စုံမှနောက်ကျကျန်ရစ်စေပေသည်။

ကူကီးယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ[ပြင်ဆင်ရန်]

ကမ္ဘာ့လူသားအသီးသီးတို့တွင် ပထဝီရေမြေဒေသများအပြင် တောတောင်ရာသီဥတုအလိုက် နေထိုင်ရာဒေသများ ကွဲပြားခဲ့သည် နှင့်အညီ ထိုလူသားများသည် ထိုမတူညီသောသဘာဝ၏ ကွဲပြားခြားနားမှုကိုလိုက်၍ လူသားများတွင်အနေအထိုင်၊အပြောအဆို တို့အပြင် ဝတ်စားဆင်ယင်မှုများသည်လည်း ကွဲပြားလာခဲ့ရပေသည်။ ထိုမတူညီကွဲပြားမှုများသည်လည်း နယ်မြေဒေသကိုလိုက် ၍ အပူပိုင်းနှင့် အအေးပိုင်း၊တောင်ပေါ်နှင့်မြေပြန့်၊ စိုစွတ်သောဒေသနှင့် ခြောက်သွေ့သောဒေသအစရှိသည်ဖြင့် လူသားများ၏ အကျင့်စာရိုက်မှာလည်း ကွဲပြားလာခဲ့ပြန်လေသည်။ ဤသို့ဖြင့် ယနေ့ကမ္ဘာ့လူသားများအတွင်းတွင် ဘာသာစကား၊ယုံကြည်မှု၊ ဝတ်စားဆင်ယင်ပုံနှင့် အသားအရောင်များသာမကဘဲ စိတ်ပိုင်းဆိုင်ရများတွင်ပင် လူတမျိုးနှင့် အခြားလူမျိုးတမျိုးအကြာတွင် ကွဲပြားမှုကို ပေါ်ပေါက်စေသည်ဟု သိပံပညာရှင်တို့မှရှာဖွေတွေ့ရှိလာခဲ့ရလေသည်။ ထိုနည်းတူကမ္ဘာကြီးသည်နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာခဲ့သည်နှင့်အညီ လူသားများသည်လည်း ထိုပြောင်းလဲမှုနှင့်အတူ ကျောက်ခေတ်လူသားအရိုင်းဘဝမှ ယနေ့အထိတိုးတက်ပြောင်းလဲလာခဲ့သည်ကိုတွေ့မြင်နေရပေသည်။ ဤသို့ဖြင့် ပြောင်းလဲလာသော လူနေမှုစနစ်ကိုလိ်ုက်၍ လူသားများသည်လည်း ခေတ်နှင့်အညီမိမိတို့၏ ယဉ်ကျေးမှုများအပေါ်ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာခဲ့ကြပေသည်။ ထိုနည်းတူ ယနေ့တိုးတက်လာခဲ့သည့် ကမ္ဘာကြီးတွင်လူသားများအနေဖြင့် ကျင့်သုံးလာခဲ့ကြသော ယဉ်ကျေးမှုစနစ်သည်လည်း ကျောက်ခေတ်လူသားအရိုင်းဘဝနှင့်များစွာကွဲပြားလာခဲ့ရပေသည်။ သို့ဖြစ်၍ ယဉ်ကျေးမှုဟူသည်မှာ လူမျိုးများ၏အဆင့်အတန်း ကိုတိုင်းတာသော ကိရိယာသဖွယ်ဖြစ်လာခဲ့ရလေသည်။ ထိုနည်းတူလူသားများအနေဖြင့် နေ့စဉ်နှင့်အမျှမိမိတို့၏စားဝတ်နေရေးအတွက်လူမှုရေးနယ်ပယ်အသီးသီးတွင် ရုန်းကန် လှုပ်ရှားကြရာ၌ မိမိတို့သင့်တော်သည့် ယုံကြည်မှုတခုအပေါ်အခြေခံပြီးကျင့်ကြံလာခဲ့ကြရာတွင် ထိုအနေအထိုင်အပြောအဆိုနှင့် အပြုအမူများသည်ပင်လျှင် ကာလကြာရှည်စွာ ကျင့်သုံးလာကြချိန်တွင် သက်ဆိုင်ရာလူမျိုးများအတွက်ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ ထုံးစံအဖြစ်သို့ ပြောင်းလဲလာခဲ့သည့်အဖြစ်များကိုလည်းတွေ့မြင်ရပေသည်။ မည်သို့ပင်ဆိုစေ ကူကီးလူမျိုးများသည် လူမျိုးတမျိုး ၏အင်္ဂါရပ်များနှင့်ပြည့်စုံသည့် လူမျိုးများဖြစ်ကြသည်နှင့်အညီ ရှေးအစဉ်အဆက်မှစ၍ပြည်စုံသော ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများ ကို ပိုင်ဆိုင်လာခဲ့ကြကြောင်း အောက်ပါကူကီးယဉ်ကျေးမှုများအရ သိရှိနိုင်ပေသည်။ ယနေ့ကူကီးဟူ၍ ခံယူကြသူများသည် ရှေးပဝေသဏီမှစ၍ ၎င်းတို့ကြုံတွေ့ဖြတ်သန်းလာခဲ့ကြသော အဖြစ်ပျက်များကို စာပေအားဖြင့်မှတ်တမ်းတင်ခြင်းမရှိသော်လည်း နူတ်အားဖြင့်သားစဉ်မြေးဆက် စတင်မှတ်သားခဲ့ကြလေသည်။ ခေတ်အဆက် ဆက်တွင် မိမိတို့မှာ မြင့်မြတ်သူများအဖြင့်ခံယူခဲ့ကြသောကြောင့်လည်း မျိုးရိုးကိုနိူင်နင်းစွာထိန်းသိမ်နိူင်ခဲ့ကြပေသည်။ ဤသို့ ထိ်န်းသိမ်နိူင်ခဲ့ကြသည့် အဓိကအကြောင်းရင်မှာလည်း ကူကီးလူမျိုးများအနေဖြင့် မိမိတို့၏ ဖြစ်တည်မူအပေါ်တွင် ဂုဏ်ယူနိူင် ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကူကီးလူမျိုးများအနေဖြင့် လူမျိုးခြားတို့နှင့် သွေးနှောသူများသည် မိမိတို့လူမှု အတိုင်အဝိုင်း၏ ဝိုင်းကျင်ခြင်းခံရသောကြောင့် ထိုသူမှာ မည်သူမဆိုဂုဏ်သိက္ခာကျဆင်းရစမြဲပင်ဖြစ်သည်။ အထူးသဖြင့် လူပျိုအပျိုများအကြားတွင် ပိုမိုတွေ့ရှိနိူင်လေသည်။ ထိုကြောင့်လည်း ကူကီးလူမျိုးများတွင် ကိုယ်ပိုင်စာပေမရှိခဲ့ကြစေကာမှု လူမျိုးပပျောက်ခြင်းမရှိဘဲ မိမိတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတို့ကို ယနေ့ထိ ထိန်းသိမ်နိူင်ကြခြင်းပင်ဖြစ်သည်။ ထို့အပြင်ကူကီး လူမျိုးများတွင် ခေတ်အဆက်ဆက်မှစ၍ သူတပါး၏ အားနည်းချက်အပေါ်အခွင့်ကောင်းယူလိုသည့် စိတ်ဓါတ်မရှိကြပေ။ မိမိတို့မှလွတ်လပ်မူကို မြတ်နိုးသည့်နည်းတူသူတပါး၏ လွတ်လပ်မှုကိုလည်း ချုပ်ချယ်လိုခြင်း၊ ဖိနှိပ်လိုသည့် စိတ်ဓါတ်မရှိဘဲ ငြိမ်းချမ်းရေးကို အစဉ်တစိုက်ထိန်းသိမ်နိူင်ခဲ့ကြပေသည်။ ကူကီးလူမျိုးများသည်ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်ခြင်းမရှိမှီ အချိန်တွင်ပင် ၎င်းတို့၏ရိုးရာယဉ်ကျေးမူအရ လူသားများမှာ ဘုရားသခင်မှ ဖန်းဆင်ခြင်းဖြစ်ပြီး ထိုဘုရားရှင်သည် လူသားအချင်းချင်း ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ဖိနှိပ်ခြင်း ကိုနှစ်သက်ခြင်းမရှိသကဲ့သို့ သူတပါးအပေါ်မတရားသဖြင့် ဖိနှိပ်အနိူင်ကျင့်စော်ကားသူများသည် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို မလွဲမသွေခံရမည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုနည်းတူဘုရားသခင်သည် စင်္ကြာဝဠာ တခုလုံး၏ဖန်ဆင်းရှင်ဖြစ်ပြီး ထိုဘုရားရှင်အနေဖြင့် လူသားအချင်းချင်းအကြား အပြန်အလှန် ချစ်ခြင်းမေတ္တာထားရှိကြရန် အလိုရှိသည်ဟု စွဲမြဲစွာယုံကြည်ခဲ့ကြသည်။ ထိုကြောင့်လည်း ရှေးခေတ်ကူကီးလူမျိုး များသည် ၎င်းတို့၏လွတ်လပ်မှုကို ထိပါးခြင်းမရှိသ၍ မည်သည့်လူမျိုးခြားကိုမှ ဖိနှိပ်ခြင်းမရှိခဲ့ကြပေ။ ထိုစဉ်က တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများတွင် ကျွန်စနစ်ရေပန်းစားပြီးအင်အားကြီးသူက အားနည်းသူတို့ကိုသတ်ဖြတ်ခြင်း၊ ကျွန်ပြုခြင်းများ ပြုလုပ်ခဲ့ကြချိန်တွင်ပင် ကူကီးလူမျိုးများသည် လူသားအချင်းချင်းအကြား ကြီးနိူင်ငယ်ညှင်း အနိူင်ယူမှုများနှင့် မတရားကျွန်ပြု နှိပ်စက်မှုများကို အတတ်နိူင်ဆုံးရှောင်ကြဉ်ခဲ့ကြလေသည်။ ထိုအတူကူကီးလူမျိုးများတွင် လောဘလွန်ကဲခြင်း၊ တကိုယ်ကောင်း ဆန်ခြင်းများကို မတွေ့ရဘဲ ဘုံစနစ်ဆန်ဆန် ဝိုင်းလုပ်ဝိုင်းစားခြင်း၊ အေးအတူပူအမျှ ကောင်းတူဆိုးဖက် နေထိုင်လာခဲ့ကြပေ သည်။ ရွာတိုင်းရွာတိုင်တွင် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနိူင်ခြင်းမရှိသူများ၊ သားသမီးမထွန်းကာနိူင်သည့်သက်ကြီး ရွယ်အိုများနှင့် လူမမာများအပါအဝင် မိဘမဲ့ကလေးသူငယ်များပါ အုပ်ချုပ်သူအကြီးအကဲတို့မှ အခါအားလျှော်စွာကူညီခဲ့ကြ သည်။ ထိုကဲ့သို့ရပ်ရွာအတွင်း မိသားစုစိတ်ဓါတ်ကိုအခြေခံသော လူနေမှုစနစ်ကြောင့်လည်းစိုးရိမ်ကြောင့်ကျခြင်းမရှိဘဲ တင်းတိမ် ရောင့်ရဲ နိူင်ခဲ့ကြပေသည်။ ထိုသို့မည်သည့်လုပ်ငန်းတွင်မဆို ဝိုင်းလုပ်ဝိုင်းစားသည့် ဘုံစနစ်သည်နက်ရိုင်းစွာ အမြစ်တွယ်ခဲ့သောကြောင့် ကူကီး လူမှုအသိုင်းအဝိုင်းတွင် လူတန်းစားကွာဟမှုများ၊ အချင်းချင်းအကြားတွင် မနာလိုဝန်တိုခြင်း၊ လောဘလွန်ကဲခြင်းမရှိဘဲ အား နည်းသူကိုကူညီလိုသည့် အရင်းခံစိတ်ဓါတ်များနှင့် ပြည့်ဝခဲ့ကြသည်။ ထိုအခြေအနေများသည်ပင်လျှင် လူတန်းစားကွာဟ မှုများကို ပပျောက်စေသည်သာမကဘဲ ရပ်ရွာ၏ငြိမ်းချမ်ရေး၊ တရားဥပဒေစိုမိုးရေးနှင့် ဒေသအတွင်းစည်းလုံညီညွတ်မှု ကျစ်လစ် ခိုင်မာ ရေးတို့ကိုများစွာ အထောက်အကူပြုစေခဲ့ပေသည်။ ထိုစဉ်အခါက ကူကီးလူမျိုးများသည် ခေတ်နှင့်အညီစိုးရိမ်ကြောင့်ကျမှု ကင်းမဲ့စွာ လက်သမားလုပ်ငန်း၊ ပန်းဘဲလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ကို လုပ်ကိုင်ကြသကဲ့သို့ တော တောင်သဘာဝ ရင်ခွင်ထဲတွင်အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ ဂိုဏ်းထောင်ခြင်းစသည့် ၎င်းတို့၏ဝါသနာပါသော လုပ်ငန်းများကို ပျော်ရွှင်စွာလုပ်ကိုင်ခဲ့ကြရင်း တင်းတိမ်ရောင့်ရဲစွာဖြင့် ငြိမ်းချမ်းသာယာသော လူမှုအဖွဲ့အစည်းကိုထူထောင်နိူင်ခဲ့ကြပေသည်။

အခေါ်အဝေါ်၊ဆွေမျိုးတော်စပ်ပုံနှင့် ယောက်ကျားကို အထွတ်အမြတ်ထားခြင်း[ပြင်ဆင်ရန်]

ကူကီးထုံးစံအရ အမြန်အလှန်ခေါ်ဆိုကြရာတွင် ညီအစ်ကိုမှ ဆင်းသက်မွေးဖွားလာကြသူများဖြစ်ပါက အသက်ကြီးသူမှ အသက်ငယ်သူကို ကျားမ မရွေး Naoဟုခေါ်ပြီး ငယ်သူမှကြီးသူအား Uဟုခေါ်ဆိုသည်။ သို့ရာတွင် မောင်နှမအချင်းချင်းတို့မှ မွေးဖွားသူများဖြစ်ပါက မိန်းကလေး၏သားသမီးများမှ ယောက်ကျား၏သားသမီးများအနှက် ၎င်းထက်ကြီးသည့် ယောက်ကျား များကို Puဟုခေါ်ဆိုပြီး မိန်းကလေးများကို Nuဟုခေါ်ရသည်။ ထိုနည်းတူယောက်ကျား၏သားသမီးများမှ အဖေ၏မွေးချင်း မိန်းကလေးများ၏ သားသမီးများအနှက် ၎င်းထက်အသက်ကြီးသူအား ကျားမမရွေး Uဟုလည်းကောင်း ငယ်သူများကိုမူ ယောက်ကျားဖြစ်ပါက Tupa ဟုလည်းကောင်း၊ မိန်းကလေးများကို Tunuဟုလည်းကောင်းခေါ်ဆိုကြသည်။ အဖေ၏မွေးချင်းများ အနှက် မိန်ကလေးများကို Niဟုခေါ်ပြီး ယောက်ကျားများအနှက် အဖေထက်အသက်ကြီးသူအား Palenဟု လည်းကောင်း၊ ငယ်သူများကို Paneuဟုလည်းကောင်းခေါ်ကြသည်။ အဖေနှင့်အမေနှစ်ယောက်စလုံးတို့၏အဖေ(အဖိုး)ကို Puဟုလည်းကောင်း၊ အမေ(အဖွား)ကိုPiဟုလည်းကောင်းခေါ်ဆိုသည်။ ထို့အပြင်အဖေ၏မွေးချင်းမိန်မများ၏ ယောက်ကျားများကိုမူ Gangဟုခေါ်ဆို ကြသည်။ သို့ရာတွင် ဆွေမျိုးစုဝင်များအတွင်း၌ ဝါကိုလိုက်ပြီး အဖေနှင့်ဝါတူညီသူများအား မည်မျှပင်ကြီးကြီးငယ်ငယ် Paဟု လည်းကောင်း၊ ထိုနည်းတူ အဖိုးနှင့်ဝါတူညီသူများကို Puဟူ၍လည်းကောင်းခေါ်ဆိုရသည်။ ဆက်လက်၍ မိမိနှင့် ဝါအရတူသူများ ဖြစ်ပါက ယောက်ကျားဖြစ်စေ မိန်းကလေးဖြစ်စေ အသက်ကြီးသူကို U ဟုလည်းကောင်း၊ ငယ်သူကိုမူ Naoဟုလည်းကောင်း၊ ထိုနည်းတူ အိမ်ထောင်ပြုသည့်မိန်းကလေးများအနေဖြင့် ၎င်း၏ယောက်ကျားအဖေကို Gang ဟုလည်းကောင်း၊ အမေကို Niဟု လည်းကောင်း၊ခေါ်ဆိုသည့်အပြင် သူ၏ယောက်ကျားများမှ သူမိန်းမအဖေကို Puဟုလည်းကောင်း အမေကိုPiဟုလည်းကောင်း ခေါ်ဆိုသကဲ့သို့ ၎င်း၏မိန်းမကဲ့သို့ အမေကို(Nu)အဖေကို(Pa)ဟုလည်းခေါ်ဆိုကြသည်။ ထို့အပြင်မိန်းကလေးတယောက်ကို အပျိုးဘဝ၌ မည်ကဲ့သို့ခေါ်ဆိုစေကာမူ ထိုသူမှာမိမိအစ်ကိုနှင့် အိမ်ထောင်ပြုပါက အမ(U)ဟုပင်ခေါ်ဆိုရပေသည်။ မိဘများ မှလည်း ၎င်းတို့၏ချွေးမကို(Mou)ဟုပင်ခေါ်ဆိုရသည်။ ဤသို့ဖြင့် ကူကီးထုံးစံအရ လူတစ်ယောက်ကိုခေါ်ရာတွင် ဝါကိုမူတည် သကဲ့သို့ အခြေအနေပေါ်လိုက်၍ ပြောင်းလဲခေါ်ဆိုသည့်ထုံးစံလည်းရှိပေသည်။


ကူကီးယဉ်ကျေးမှုကိုလေ့လာပါက ကျားနှင့်မအကြားတွင် ယောက်ကျားများကို အဓိကထားခဲ့ကြသည်။ မိန်းကလေးများ မှ မိဘမျိုးရိုးကို ဆက်ခံခွင့်မရှိသည့်အပြင် အမွေကိုလည်း ခံစားခွင့်မရှိချေ။ ထို့အပြင် သားယောက်ကျားမထွန်းကားသူများမှာ မိန်းကလေးမည်မျှမွေးဖွားစေကာမူ ၎င်းကိုမျိုးဆက်တုံး(Ingap)သည်ဟုသတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း သားမရနိုင်သည့် လင်မယားနှစ်ယောက်စလုံး ကွယ်လွန်ပါက ၎င်းတို့ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများကို အစ်ကိုအကြီးဆုံးမှ ပိုင်ဆိုင်ရပေသည်။ ၎င်းကို (Gamngah)ဟုခေါ်ဆိုကြသည်။ အကယ်၍ ထိုသားယောက်ကျားမရှိသူမှာ ၎င်း၏မွေးချင်းတို့အနှက် အကြီးဆုံးဖြစ်ပါက သူ၏အမွေကို ၎င်း၏ဒုတိယမြောက်ညီဖြစ်သူမှ ပိုင်ဆိုင်ရပေသည်။ သို့ရာတွင် ညီဖြစ်သူတို့၏အမွေကိုမူ ၎င်းတို့၏အစ်ကိုအကြီး ဆုံးသာ ပိုင်ဆိုင်ရပေသည်။ သို့ဖြစ်၍ ကူကီးထုံးစံအရ သားယောက်ကျားမထွန်းကားသူမှ သားယောက်ကျားရရှိနိုင်ရန် နောက်ထပ်တရားဝင် အိမ်ထောင်ပြုခွင့်ရှိသည်။ ထိုနည်းတူ ကူကီးရိုးရာအရ သားယောက်ကျားအမြောက်အများ မွေးဖွားနိုင်သူ များကို အမျိုးကောင်းအမျိုးမြတ်အဖြစ် သတ်မှတ်ကြသည်။


ထို့အပြင် ကူကီးရိုးရာအရ မျိုးနွယ်စုဆင်းသက်ပုံတွင်လည်း အမျိုးသားများ၏ ဆင်းသက်ပုံကိုသာ မှတ်သားကြပေသည်။ ကူကီးလူမျိုးများသည် မိမိတို့ဆွေမျိုးဆင်းသက်လာပုံအား စာဖြင့်မှတ်သားခြင်းမရှိခဲ့စေကာမူ နုတ်အားဖြင့် မှတ်သားခဲ့ကြသည်။ ထိုနည်းတူ ကူကီးလူမှုကိစ္စရပ်မှန်သမျှတို့တွင် ဝါစဉ်ကိုအခြေခံခဲ့ကြလေသည်။ သို့ဖြစ်၍လူတိုင်းအတွက် သူ၏မျိုးရိုးဆင်းသက် လာပုံအား သိရှိရန်မှာ အလွန်ပင်အရေးကြီးပေသည်။ ကူကီးယဉ်ကျေးမှုအရ လူတိုင်းသည် ၎င်းထက်ဝါကြီးသူအား သူရရှိသော သားကောင်၏ကျောသား(Sating)ကိုဆက်သရသည်။ ထိုသို့ဆက်သရာတွင်လည်း အတွင်းသား(Atingsung)နှင့် အပြင်သား (Atingpo)ဟူ၍ ျထပ်မံခွဲခြားလေသည်။ အဆိုပါကျောတွင်းသားနှင့် ကျောပြင်သားတို့ကိုလည်း သီးခြားစီ ဆက်သရပေသည်။ သို့ဖြစ်၍ ကူကီးအသိုင်းအဝိုင်းတွင် မည်သူကဝါကြီးပြီး မည်သူမှဝါငယ်ကြောင်းသိရှိနိုင်သည်။ ထိုသို့ဆက်သရာတွင် ဥပမာ အားဖြင့် ဖိုး(က)တွင် သားနှစ်ယောက်ရှိ်ပြီး ၎င်းတို့၏အမည်မှာ အဖိုး(A)နှင့် အဖိုး(B)တို့ဖြစ်သည့်အပြင် ၎င်းတို့အနှက် အဖိုး(A) သည် အစ်ကိုကြီးဟုဆိုကြပါစို့။ ၎င်းတို့အိမ်ထောင်အသီးသီးကျသည့်နောက်ပိုင်းတွင် အစ်ကိုကြီးဖြစ်သော ဖိုး(A)မှာ ဝါအရကြီး သောကြောင့် မိဘနှင့်အတူနေထိုင်ပြီး လုပ်အကျွေးပြုကာ အမွေကိုဆက်ခံမည်ဖြစ်သည်။ ဤသို့ဖြင့်၎င်းတို့ သီးခြားစီနေထိုင်ကြ ရာမှညီဖြစ်သူ ဖိုး(B)သ်ည အိမ်မွေးတိရိစ္ဆာန်ဖြစ်စေ၊ တောတိရိစ္ဆာန်ဖြစ်စေ သူသတ်ဖြတ်သည့် သားကောင်၏ ကျောတွင်းသား ကို မွေးချင်းများအနှက် အစ်ကိုကြီးဆုံးဖြစ်သည့် ဖိုး(A)ကို ဆက်သရပေသည်။ ကျောအပြင်သားကိုမူ သူ၏ဖခင် ဖိုး(က)မှ ကျောတွင်းသားကို ဆက်သခဲ့သည့် ပုဂ္ဂိုလ်ထံဆက်သရမည်ဖြစ်သည်။ သို့ရာတွင် အစ်ကိုကြီးဖိုး(A)မှာဖခင်၏အရိုက်အရကြို ခံယူသည်နှင့်အညီ သူရရှိသည့် သားကောင်၏ ကျောတွင်းနှင့် အပြင်သားနှစ်ခုစလုံးကို ဖခင်ဖြစ်သည့်ဖိုး(က)မှ ဆက်သခဲ့ သည့်အတိုင်း ဆက်လက်၍ ဆက်သရမည်ဖြစ်သည်။ ဤသို့ဖြင့် မိမိတို့ဆွေမျိုးဝင်စုများအကြား မည်သည့်နေရာတွင်မည်မျှ ပင်ဝေးကွာကြစေကာမူ ထိုကျောသားကိုပုံမှန်ဆက်သလာခဲ့ကြသည်။ ကျောသားအဆက်သခံသူမှာ ဆက်သသူမှ (UPA)ဟု လည်းကောင်း။ အဆက်သခံသူမှဆက်သသူကို Neojo(သို့)Naopa ဟုခေါ်ကြသည်။ ကူကီးလူမျိုးများ၏ ယုံကြည်ချက်အရ မိမိရရှိသည့် ကျောသားကို ရိုးရာအရ အထက်ပါအတိုင်း ဆက်သခြင်းမရှိပါက ကံဆိုးတတ်သည်ဟု ခံယူကြသကဲ့သို့ ဆက်သခြင်းဖြင့်လည်း ကောင်းကြီးရသည်ဟုယုံကြည်လာခဲ့ကြသည်။


ထို့အပြင် လူတစ်ယောက်အနေဖြင့် သူ၏UPA ကိုတသက်တာအတွင်း မဆက်သခဲ့သောကြောင့် မျိုးရိုးမသိရှိသူများ သည် သိရှိလာချိန်တွင် ကျောသားဆက်သရန် နွားနှောက်တစ်ကောင်သတ်ရပေသည်။ ထိုသို့ပြုလုပ်ပြီးနောက် (UPA)မှ လည်းကြိုဆိုသည့်အနေဖြင့် ထိုသူအားနွား၊နွားနှောက်၊ ဝက်စသည်တို့ကို သတ်ပေးကာကောင်းကြီးပေးရလေသည်။ ထိုကဲ့သို့ ပြုလုပ်သည်ကို (Kilhalho)ဟုခေါ်ဆိုကြသည်။

ယူရမည့်အမျိုးနှင့် ပေးရမည့်အမျိုး (Tucha le Nupa)[ပြင်ဆင်ရန်]

ကူကီးရိုးရာအရ Tucha le Nupa (ပေးရမည့်အမျိုးနှင့် ယူရမည့်အမျိုး)ဟူ၍ တိကျသည့် သတန်မှတ်ချက်များရှိပေသည်။ ကူကီးယဉ်ကျေးမှုအရ လူတယောက်နေဖြင့် လက်ထပ်မည့်အမျိုးရှိသကဲ့သို့ ယူရမည့်အမျိုးလည်းရှိပေသည်။ ပေးရမည့်အမျိုးကို Tu te, Tucha ဟုခေါ်ပြီး ယူရမည့်အမျိုးကို Pute(သို့မဟုတ်)Nupa ဟုခေါ်ဆိုကြသည်။ ကူကီးရိုးရာအရ ယောက်ကျား တစ်ယောက်သည် အိမ်ထောင်ကျပြီး သားသမီးများထွန်းကားပါက သူ၏သမီးများသည် ထိုသူနှင့် မွေးချင်းမိန်းကလေးတို့၏ သားများမှလက်ထပ်ရသည်။ ထို့အပြင် အဖေ၏ ဆွေမျိုးမိန်းကလေးများမှ ပေါက်ဖွားလာသူတို့ကိုမူ Tu-teဟုခေါ်ဆိုသည်။ ထိုနည်းတူ မေဘက်၏ ဆွေမျိုးယောက်ကျားတို့မှ ပေါက်ဖွားလာသူမျိုးဆက်များကို လက်ထပ်နိုင်ရာ ၎င်းကို ယူရမည့်အမျိုး (Pute)ဟုခေါ်ဆိုကြသည်။


ကူကီးရိုးရာအရ ယုံကြည်လက်ခံလာခဲ့ကြသည်မှာ စုန်း၊ ကဝေ၊ သမန်းကျား စသည်တို့မှာ လူသားများအတွင်း ရောနှောတတ်သည်ဖြစ်ရာ ၎င်းတို့ကို သွေးမသန့်ရှင်းသူများဖြစ်ကြသည်ဟု သတ်မှတ်ခဲ့ကြပေသည်။ သို့ဖြစ်၍ ကူကီးဘိုးဘွား များအနေဖြင့် သွေးမစစ်သူများ။ အမိအဖ သေချာရေရာမှုမရှိသူများကဲ့သို့သော မသန့်ရှင်းသူများနှင့်သွေးနှေားခြင်းထက် သေရခြင်းသည်ပင် ပိုမို၍မြတ်သည်ဟု ခံယူထားခဲ့ကြသည်။ ထို့ကြောင့်လည်း ရှေးခေတ် ကူကီးလူမျိုးများသည် ၎င်းတို့အနေဖြင့် ခြေခြေမြစ်မြစ်မသိရှိကြသူများအား အမျိုးသမီးဖြ်စစေ အမျိုးသားဖြစ်စေ မည်မျှချမ်းသာကြွယ်ဝသည်ဖြစ်စေ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ရင်းသွေးနှောမည့်အစား မောင်နှမအချင်းချင်းပင်ဖြစ်စေ ယခုကဲ့သို့ ၎င်းတို့မှ ဃဃနန သိရှိထားကြသူအချင်းချင်း လက်ထပ်စေခြင်းဖြင့် မိမိတို့၏အမျိုးနှင့်သွေးကို ထိန်းသိမ်းခြင်းဖြစ်သည်ဟု ခံယူခဲ့ကြသည်။ ၎င်းကို ကာလအတန်ကြာ ကျင့်သုံးလာခဲ့ကြရာမှ ထိုစနစ်မှာ ကူကီးလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံသဖွယ်ဖြစ်လာခဲ့ဟန်တူကြောင်း သုံးသပ်နိုင်ပေသည်။ ထိုနည်းတူ မိန်းကလေးရှင်ဖြစ်သော Nupa (ပေးသူ)နှင့် ထိုမိန်းကလေးကိုယူရသည့် Tucha (ယူသူ)တို့အကြားတွင် Nupaမှပို၍ကြီးမြတ်သည်ဟုခံယူကြပေသည်။ သို့ဖြစ်၍ သဘောထားကြီးစရာရှိပါက Nupaမှပို၍ သဘောထားကြီးရပေသည်။ ထို့အတူ Tupa သည် Tuchaကို ကျိန်ဆိုနိုင်သော်လည်း Tuchaမှ Nupa ကို ကျိန်ဆို၍မရဟုခံယူခဲ့ကြသည်။ အကယ်၍ Tuchaမှ Nupa ကို ကျိန်ဆိုပါက ထိုဝဋ်ကြွေးအား ကျိန်ဆိုသူအပေါ်ပြန်လည်သက်ရောက်သည်ဟုခံယူကြသည်။ ထိုနည်းတူ ကူကီးရိုးရာ အရ Nupa သည်Tupa အိမ်၌သေဆုံးခွင့်မရှိချေ။ အကြောင်းအမျိုးမျိုးကြောင့် Tute အိမ်တွင် သေဆုံးမည့်အခြေအနေရှိပါက အိမ်ရှင်(Tucha)တို့သည် ဒုက္ခကြုံတတ်သည်ဟုယုံကြည်ခဲ့ကြသည်။ မသက်သာ၍ ထိုအဖြစ်မျိုးကို ရင်ဆိုင်ပါကလည်း သေဆုံး သူ၏ မိသားစုသည် အိမ်ရှင်တို့အတွက် ဘေးဒုက္ခကင်းဝေးစေရန် ဇာတာချေပေးသည့်အနေဖြင့် ရိုးရာယစ်ပူဇော်ပွဲပြုလုပ်ပေး ရသည်။ ၎င်းကို Tolthehဟုခေါ်ဆိုသည်။ ထိုယစ်ပူဇော်ခြင်းပြုလုပ်ရာတွင် သတ်ဖြတ်သည့်ယစ်ကောင်ကို အိမ်ရှင်တို့နှင့် ဝိုင်းစားရပေသည်။ သို့ရာတွင် Tute မှာ Nupa အိမ်၌သေဆုံးနိုင်သည်။ ထို့ကြောင့်လည်း ကူကီးရိုးရာအရ အမေ၏ဆွေမျိုးများ ဖြစ်သည့် Pute (သို့မဟုတ်)Nupaကို ရိုသေလေးစားလာခဲ့ကြခြင်းဖြစ်သည်။ ဤသို့ဖြင့် ကူကီးလူမှုရေးနယ်ပယ်၌ အချင်းချင်း အကြား အပြန်အလှန်ဆက်ဆံရာတွင် လူပုဂ္ဂိုလ်ကိုလိုက်၍ လိုက်နာကျင့်သုံးနေထိုင်ရမည့်ရိုးရာထုံးစံများရှိပေသည်။

ရွာတည်ခြင်း[ပြင်ဆင်ရန်]

ကူကီးလူမျိုးများသည် ရွတည်ရာတွင် ဆွေမျိုးစုအလိုက်ရွတည်သည့်စနစ်ကို ကျင့်သုံးခဲ့ကြပေသည်။ သို့ဖြစ်၍ လူတစ်ယောက်ယောက်သည် ၎င်း၏ရွာအမည်ကိုပြောယုံမျှဖြင့် ထိုသူသည် မည်သည့်ဆွေမျိုးစုဝင်ဖြစ်ကြောင်းအကြမ်းအားဖြင့် သိရှိနိုင်ပေသည်။ ဤသို့မျိုးရိုးအလိုက် ရွာတည်သည့်စနစ်ကို ကျင့်သုံးခဲ့ကြသောကြောင့် ကူကီးလူမျိုးများအတွင်းတွင် ဆွေမျိုးစုများပြားသည်နှင့်အမျှ ရွာလည်းများပြားလာသည်ကိုတွေ့ရှိရသည်။ ထိုသို့မိမိတို့သည် ဆွေမျိုးစုအလိုက်ရွာတည်ထောင် နိုင်သော အချိန်တွင် ထိုဆွေမျိုးစုများသည် မိမိတို့၏ခြေထောက်ပေါ်တွင် မိမိတို့ရပ်တည်နိုင်ကြပြီဟုခံယူခဲ့ကြသည်။ ဤသို့ သီးခြားရွာကို တည်ထောင်ခဲ့ကြရာတွင်လည်း ထိုဆွေမျိုးစုအသိုင်းအဝိုင်းအားလုံးအနှက် ဝါအကြီးဆုံးဖြစ်သူကိုသာလျှင် အကြီးအကဲအဖြစ်ခန့်အပ်ကာ အုပ်ချူပ်စေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ကူကီးရိုးရာအရ လူတစ်ယောက်သည်မည်မျှပင် ချမ်းသာကြွယ်ဝပြီး လက်ရုံးရည်နှလုံးရည်တို့နှင့် ပြည့်စုံစေကာမူ မိမိထက်ဝါကြီးသူများနေထိုင်သည့် ရွာကိုအုပ်ချူပ်ပါက ကံမကောင်းတတ်ဟု ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်၍ လူတစ်ယောက်တွင် လက်ရုံးရည်နှလုံးရည်တို့နှင့်ပြည့်ဝပြီး ချမ်းသာသူသည် ရွာ၏အကြီးအကဲဖြစ်လိုပါက မိမိထက်ဝါနုသူများကို စုစည်းပြီးသီးသန့်ရွာတည်ရသည်။ ကူကီးဘာသာဖြင့် ရွာ၏အုပ်ချူပ်သူ ပုဂ္ဂိုလ်များကို Haosa ဟုခေါ်ဆိုပေသည်။ ကူကီးရိုးရာယုံကြည်မှုတစ်ခုမှာ စင်္ကြာဝဋာအတွင်းရှိ တောတောင်ရေမြေစသည့် နေရာဒေသအသီးသီးတို့တွင် သူ့နေရာနှင့်သူအုပ်စိုးသည့် အရှင်သခင်ကိုယ်စီရှိကြပြီး ၎င်းတို့သည် လူသားများကို ဒုက္ခပေးနိုင် သည်ဟူသော အချက်ပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ထိုယုံကြည်ချက်အရ ရွာတည်ခြင်း(သို့)ရွာပြောင်းရွေ့ခြင်းတို့ကို ပြုလုပ်လိုပါက အဆိုပါရွာတည်မည့်နေရာ(သို့)ရွေ့ပြေင်းလိုသည့် နေရာသို့သွားပြီး ထိုနေရာဒေသ၏ အရှင်သခင်များဟု ယူဆရသောတောစောင့်နတ်နှင့်တောင်စောင့်နတ်များကို ဂါထာဆရာမှတဆင့် မေမြန်းရသည်။ နည်းမျိုးစုံကို ကျင့်သုံးနိုင် သော်လည်း များသောအားဖြင့် ကြက်ဥကိုအသုံးပြုပြီး မေးမြန်းခဲ့ကြသည်။ ကြက်ဥကိုအသုံးပြုပြီး ရွတ်ဆိုသော ဂါထာမှာ အောက်ပါအတိုင်းဖြစ်သည်။ Nang katui lung theng, Nang Katui lung vah. Kadoh ngai nahi kahoungai nahi. Kapun nadoh ngai kapan nadoh ngai nahi. Hiche mun hi ka lojou nah ding leh naphul hung phahen, Lojoupon nate natileh, hungpoh jal jengin. ဟူ၍ ရွတ်ဆိုရသည်။ ထိုဂါထာကို မြန်မာလို ဘာသာပြန်မည်ဆိုပါက- အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်သော ကြက်ဥအကျနုပ်၏ ဘိုးဘွားများသည် သင့်ကိုမေမြန်းခဲ့ကြသကဲ့သို့- အကျနုပ်သည်လည်း ဆက်လက်၍ မေးမြန်းလိုပေသည်။ ဤနေရာတွင် ရွာတည်ခြင်းဖြင့် သင့်တော်ပါမည်လော အကယ်၍သင့်တော်မည်ဆိုပါက နိမိတ်ပြပါ။ အကယ်၍ သင့်တော်ခြင်းရှိမည်မဟုတ်ပါကလည်း နိမိတ်ပြခြင်းဖြင့် သိစေတော်မူပါ။ ဟူ၍ အဓိပ္ပါယ်သက်ရောက်သည်။ ဤသို့ နတ်ဆရာမှ ဂါထာများကို အထက်ပါအတိုင်း ရွတ်ဆိုပြီးသည့်နောက် နိမိတ်အပြကောင်းမျသာ ထိုနေရာတွင် ရွာတည်ခဲ့ကြခြင်းပင်ဖြစ်သည်။


TaiChin (တာကျင်း) အမည်ရှိသော NoiMang-Pa ၏သားတော် PU.ChongThu သည်သူ၏ နောက်ပါအခြွေအရံများနှင့်အတူ Khul (ဂူ) မှ လက်ရှိလူသားများနေထိုင်ကြသော ကမ္ဘာ့မြေမျက်နှာပြင်ပေါ် (Chung Gam) သို့အခြေချနေထိုင်ရန် ထွက်ခွာလာခဲ့ကြသည်။ ကူကီးလူမျိုးဟု ခံယူကြသော ကူကီးလူမျိုးများသည် ဂူ(Khul) မှ ဆင်းသက်လာသည့် Pu.ChongThu ၏ မျိုးဆက်များပင် ဖြစ်သည်။

ထို (Khul) ဂူမှ ဆင်းသက်လာသည်ကို အဆွဲပြု၍ (Khulmi) ဂူအောင်းလူသား မှ အဆင့်ဆင့် ပြောင်းလဲ ခေါ်ဝေါ်လာရာ ယနေအသုံးပြု ခေါ်ဝေါ် ကြသော (Kuki) ကူကီး ဟူသော ဝေါ်ဟာရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည် ၊ ထို (Kuki) ကူကီး ဟူသောအမည်ကို ခရစ်သက့ရာဇ် ၁၇၇၇ တွင် ကမ္ဘာ့သုတေသီတို့မှ စတင်မှတ်တမ်း တင်လာခဲ့ကြသည်။

ကူကီးလူမျိုးများသည် မိမိတို့၏ ဘိုးဘွားစဉ်ဆက် လွတ်လပ်စွာနေထိုင်လာခဲ့ကြသော နယ်မြေဒေသများကို ဇလင်ဂါမ်(Zale’n-Gam )ဟူ၍ ခေါ်ဆိုကြသည်၊ ဇလင်ဂါမ် (Zale’n-Gam ) ဟူသောအမည်ကို တိုက်ရိုက်ဘာသာပြန်ဆိုလျှင် လွတ်လပ်သည့်နယ်မြေ လွတ်လပ်သည့်နိုင်ငံ ဟူ၍ဖြစ် သည်။

ဟန်လင်း နိုင်ငံအကြောင်း[ပြင်ဆင်ရန်]

ကူကီးလူမျိုးတို့၏ ရာဇဝင်သမိုင်းကြောင်း အရ ဘီစီ (၁) ရာစု ခန် ့တွင် သတိုး အမည်ရ သော မင်းတစ်ပါးသည် ဟန်လင်း (ကြီးမြတ်သောတိုင်းပြည်) ဟု အမည်ရသော တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုဟန်လင်းတိုင်းပြည်သည် သတိုးမင်းနှင့် သူ၏ မျိုးဆက်များ ဖြစ်ကြသော ရန်ပေါင်၊ ရန်မန်၊ ရန်ခိုင်တို့ အပါအဝင် မင်းဆက် ခြောက်ဆက်တိုင်အောင် တည်ရှိခဲ့သည်။ ဘီစီ (၃၅) ခန့်တွင် ဟန်လင်းတိုင်းပြည်သည် ရန်သူ့တိုက်ခိုက်မှုကြောင့် ကျဆုံး ပျက်စီးခဲ့ရသည်။ ဟန်လင်းပျက်စီးပြီး ဟန်လင်းပြည်သူများသည် ရန်သူတိုက်ခိုက်မှုကြောင့် စနစ်တကျ ပြောင်းရွှေ့နိုင်ခြင်း မရှိဘဲ အုပ်စုအသီးသီးကွဲကာ ဆုတ်ခွာလာခဲ့သည်။ အချို့ မကွေးခရိုင်ရှိ မြေပြန့်ဒေသ၊ အချို့ ချင်းတောင်တန်းဒေသ၊ အချို့ မီးဇိုရမ် တောင်တန်း ဒေသများစသည်ဖြင့် မိမိတို့ နီးစပ်ရာ အုပ်စုလိုက် ဆုတ်ခွာခဲ့ကြသည်။

ဟန်လင်း တိုင်းပြည်မှ ဆုတ်ခွာလာသည့် အုပ်စုကြီး တစ်ခုဖြစ်သည့် ကူကီးအမည်ကို ခံယူသည့် အုပ်စုကြီး တစ်ခုသည် ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ကြသည်။ ကူကီးအမည်ကို ခံယူသည့် ထိုအုပ်စုကြီးသည် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများနှင့် ကလေးကဘော် ဒေသများ၌လည်းကောင်း၊ မြန်မာပြည်ရှိ နာဂတောင်တန်း အချို့အစိတ်အပိုင်း ဒေသများနှင့် ချင်းပြည်နယ် အချို့အစိတ်အပိုင်း ဒေသများ၌ လည်းကောင်း၊ ယခု အိန္ဒိယနိုင်ငံရှိ နာဂလင်း အချို့အစိတ်အပိုင်း ဒေသများနှင့် မဏိပူရ် ပြည်နယ် တောင်တန်းဒေသတစ်ခုလုံး၌ လည်းကောင်း အေဒီ ၁ ရာစု အစောပိုင်းကာလကပင် ရောက်ရှိ အခြေချ နေထိုင်လာခဲ့ကြသည်။

သို့ဖြင့် ဟန်လင်းတိုင်းပြည်မှ အုပ်စုအသီးသီး ကွဲ၍ ဆုတ်ခွာလာခဲ့ကြသော အုပ်စုများသည် အနေဝေကွားကာ နှစ်ကာလ အချိန်ကြာလာသည်နှင့် အမျှ ပြောဆိုကြသော ဘာသာစကား အသုံးအနှုန်းများ၊ ရိုးရာဓလေ့ ထုံးစံ ယဉ်ကျေးမှုများ ကွဲပြားခြားနားပြီး ကူကီးလူမျိုး၊ မီဇိုးလူမျိုး၊ ဇိုမီးလူမျိုး၊ အရှို နှင့် ချင်းလူမျိုး ဟု သီးခြား လူမျိုးတစ်မျိုးစီ ဖြစ်လာခဲ့ကြတော့သည်။


ကလေးကဘော် (Khangmang-phai) ဒေသ တည်ထောင်ခဲ့သည့် နိုင်ငံအကြောင်း[ပြင်ဆင်ရန်]

ချင်းတွင်းမြစ် အထက်ပိုင်းဒေသနှင့် ကလေးကဘော် ဒေသတွင် အစောဆုံး ရောက်ရှိအခြေချ နေထိုင်ခဲ့သော ကူကီးလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ခန့်တွင် ကလေး (Kholjang)၊ ခန်းပတ် (Khampat)၊ ဂေါမုတ် (ခိုမွန်း) (Khomun-nah) ဟု အမည်ရှိသော မြို့ကြီး ၃မြို့ကို အခြေချ တိုင်းပြည်တည်ထောင်ခဲ့ကြသည်။ ထိုတိုင်းပြည်ကို အိမ်နီးချင်း လူမျိုးများက ရွာပေါင်းတစ်သောင်း၊ ကျောင်းပေါင်း တစ်ထောင် ထွန်းကားသည့် တိုင်းပြည်ဟု တင်စားခေါ်ဝေါ်ခဲ့ ကြသည်။

ထိုတိုင်းပြည်သည် ရန်သူများ ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်ကပင် ပျက်သုဉ်းခဲ့ရပြန်သည်။ ရန်သူများသည် ကူကီးလူမျိုးတို့ မြို့တိုင်းပြည်များ ကို ထပ်မံ ပြန်လည် မထူထောင် မရပ်တည်နိုင်ရန် ဖျက်ဆီး ချေမှုန်း ပစ်ပြီး အဖိုးတန်ပစ္စည်း ဥစ္စာများကို သိမ်းယူ၍ ပြန်လည် ထွက်ခွာသွားခဲ့ ကြသည်။ ထိုအချိန်မှစ၍ ကူကီး လူမျိုးတို့သည် ကြီးကျယ် ခမ်းနားသော မြို့ကြီးပြကြီးများကို ထပ်မံ မထူထောင်နိုင်တော့ဘဲ လူနေမှု စနစ် အသစ်တဖန် ပြန်လည် စတင်ကာ သာမန်မြို့ရွာများကိုသာ ထူထောင်နိုင်ခဲ့ ကြတော့သည်။