ရှမ်းနီလူမျိုး
တိုင်းလျန် သို့မဟုတ် ရှမ်းနီလူမျိုး (ရှမ်းနီ: တႆးလꧥင်, /taj˧˧.lɛːŋ˥˧/; ရှမ်း: တႆးလႅင်; အင်္ဂလိပ်: Tai Laeng) သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် တိုင်လူမျိုးစုတစ်စုဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားများထဲမှ တစ်ခုဖြစ်သည်။ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသများတွင် ပြန့်နှံ့နေထိုင်လျက်ရှိပြီး ခရာ-ဒိုင်ဘာသာစကားပြောအုပ်စုတွင်ပါဝင်သည်။[၁][၂]
| တႆးလꧥင် | |
|---|---|
ရှမ်းနီလူမျိုးများ | |
| လူဦးရေ စုစုပေါင်း | |
| ၃သန်း ခန့်မှန်း | |
| အများစု နေထိုင်သည့် နေရာ | |
| ဘာသာစကား | |
| ရှမ်းနီဘာသာ, မြန်မာဘာသာ | |
| ကိုးကွယ်မှု | |
| ထေရဝါဒဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ရှမ်း, မောရှမ်းလူမျိုး,ခန္တီးရှမ်း,အခြားတိုင်လူမျိုးများ |
မြန်မာပြည် အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။
ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။[၃]တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Yoshihiro Tsubouchi, The Tai Languages of Myanmar, Journal of Southeast Asian Studies, 2019.
- ↑ Enfield, N. J., Languages of Mainland Southeast Asia, Cambridge University Press, 2021.
- 1 2 https://www.shanstategovernment.com/tine-loe-tine-lu-tine-lynn/