မာတိကာသို့ ခုန်သွားရန်

ခြူးလေး

ဝီကီပီးဒီးယား မှ
ခြူးလေး
၂၀၂၀ တွင် တွေ့ရသည့် ခြူးလေး
မွေးဖွားစန်းသော်တာ
(1993-10-05) အောက်တိုဘာ ၅၊ ၁၉၉၃ (အသက် ၃၂)
သံတွဲ, ရခိုင်ပြည်နယ်, မြန်မာ
နိုင်ငံလူမျိုးရခိုင်
မိခင်ကျောင်းရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၂-ယနေ့ထိ
အရပ် ft ၄ in (၁.၆၃ m)
ရရှိသည့်ဆုများ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု (၂၀၂၄)

ခြူးလေး (အင်္ဂလိပ်: Chue Lay; ၅ အောက်တိုဘာ ၁၉၉၃ မွေး)သည် ယခင်က နေအဉ္ဇရာ ဟုလူသိများခဲ့ပြီး MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများလာသော မြသရုပ်ဆောင်တစ်ဦး ဖြစ်သည်။[][]မိုးပန်းပွင့်ရဲ့သင်္ကေတ ရုပ်ရှင်၌ ဇာတ်နှင့်လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်မှုကြောင့် ၂၀၁၈ ခုနှစ်မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။[]၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ဘိုးတော်ကင်းဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။

အစောပိုင်းဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

သရုပ်ဆောင် ခြူးလေး ကို ရခိုင်ပြည်နယ်သံတွဲမြို့ တွင် ၁၉၉၃ အောက်တိုဘာ ၅ ၌ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ စန်းသော်တာ ဖြစ်ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးဖြစ်သည်။ အင်းစိန် အမှတ်(၄)အခြေခံပညာအထက်ကျောင်း၌ အထက်တန်းပညာသင်ယူခဲ့ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့သည်။[]

အနုပညာ

[ပြင်ဆင်ရန်]

၂၀၁၂-၂၀၁၃: ပွဲဦးထွက်ကာလ

[ပြင်ဆင်ရန်]

၂၀၁၂ တွင် မျက်နှာသစ်သရုပ်ဆောင်ရွေးချယ်ပွဲ ဖြစ်သော ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် MRTV-4 ရုပ်သံနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကြယ်တာရာတိုက်ပွဲရုပ်ရှင်၌ သရုပ်ဆောင်သင်တန်းမှ သူငယ်ချင်းများနှင့်အတူ ပွဲဦးထွက်သရုပ်ဆောင်ခဲ့သည်။ ၎င်းနောက်၊ ဟိန်းဝေယံအပြိုင် အင်တင်တင်ဂွင်၌လည်းကောင်း၊ ပြေတီဦးနှင့်အပြိုင် Twist ၌လည်းကောင်း သရုပ်ဆောင်ခဲ့သည်။[]

၂၀၁၄: ရေပန်းစားမှု

[ပြင်ဆင်ရန်]

၂၀၁၄ ဖေဖော်ဝါရီ တွင် MRTV-4 မှ ထုတ်လွှင့်သော ပွဲဦးထွက်ရုပ်သံဇာတ်လမ်းတွဲ ထာဝရမန္တလေး ၌ သရုပ်ဆောင် အောင်မင်းခန့်၊ ဟန်လင်းသန့်၊ အောင်ရေချမ်းမေမီကျော်ကျော်တို့နှင့်အတူ အဓိကဇာတ်ရုပ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဤဇာတ်လမ်းတွဲသည် မြန်မာရုပ်သံဇာတ်လမ်းတွဲသမိုင်းတွင် အကြီးအကျယ် အောင်မြင်မှု ရရှိသည်။ ထို့နောက် ဒုတိယရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော ပန်းနုသွေး(ဇာတ်ထုပ် ၂)၌ ပါဝင်ရာ၊ ထိုနှစ်မှာပင် MRTV-4 က ထုတ်လွှင့်သည်။ ထိုတွင် သူ့ဇာတ်ရုပ်ဖြစ်သော ခြူးလေးကို ဝိုင်းဝန်း၍ အားပေးကြရာ၊ လူအများပါးစပ် ရေပန်းစားလာသည်။ နောက်ပိုင်းတွင် သူ့အမည်ကို နေအဉ္ဇရာမှ ခြူးလေးဟု ပြောင်းသည်။[][]

၂၀၁၅-မျက်မှောက်: ရုပ်ရှင်ကားကြီး၌ ပါဝင်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၅ တွင်၊ ဟန်လင်းသန့်၊ မေမြင့်မိုရ်တို့နှင့် အပြိုင် မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီးနေရာ၌ ဦးစွာ သရုပ်ဆောင်လာသည်။[]၂၀၁၈ စက်တင်တာ ၁၄ ၌ ရုံတင်ပြသရာ၊ ၂၀၁၈ မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် စကာတင်စာရင်း ဝင်သွားသည်။[][]

ထို့နောက် လူရည်ချွန် (၂၀၁၅)၊ ၂၀၁၆ တွင် ပို၍လှသောမနက်ဖြန်ကံကံ၏အကျိုး၊ ၂၀၁၈ တွင် ရသမော်ကွန်းအလင်္ကာရွှေဖူးစာဆုံရာမြေ၊ Happy Beach: Season 2၊ ၂၀၁၉ တွင် ချစ်ရပါသောနွေနွေလယ်ညရဲ့လမင်းဟူသော မြောက်မြားလှသော ရုပ်သံစီးရီးများတွင် ပါဝင်လာသည်။[]၂၀၁၉ တွင် ကျော်ကြားအမွှေစိန်ဝိဉာဉ်၊ ၂၀၂၀ တွင် သောင်းတိုက်ကကြားစေသား ရုပ်ရှင်တို့တွင် ပါဝင်သည်။ စာရေးဆရာမ ခင်နှင်းယု ရေးသော နာမည်ကျော် ဝတ္ထုဖြစ်သည့် သရဖူ ဇာတ်လမ်းတွဲတွင် ပါဝင်သည်။[၁၀]

ရုပ်ရှင်ရုပ်သံ

[ပြင်ဆင်ရန်]

ရုပ်ရှင်

[ပြင်ဆင်ရန်]
ခုနှစ် ဇာတ်ကားအမည် ဇာတ်ကောင် တွဲဖက်သရုပ်ဆောင် မှတ်ချက်
၂၀၁၂ ကြယ်တာရာတိုက်ပွဲ ပွဲဦးထွက်ရုပ်ရှင်
၂၀၁၃ အင်တင်တင်ဂွင် ဟိန်းဝေယံ
Twist ပြေတီဦး
၂၀၁၄ ကောက်ကြောင်းမျဉ်းပြိုင် နေတိုး ဝတ်မှုံရွှေရည် ဇေရဲထက်

ရုံတင်ရုပ်ရှင်

[ပြင်ဆင်ရန်]
ခုနှစ် ရုပ်ရှင်အမည် မှတ်ချက်
၂၀၁၈ မိုးပန်းပွင့်ရဲ့သင်္ကေတ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုစာရင်းဝင်
၂၀၁၉ ကျော်ကြားအမွှေစိန် ဝိညာဉ်
ဘာညာဘာညာ
၂၀၂၀ သောင်းတိုက်ကကြားစေသား
၂၀၂၄ ဘိုးတော်ကင်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရရှိ

ရုပ်သံ

[ပြင်ဆင်ရန်]
ခုနှစ် ဇာတ်လမ်းတွဲအမည် ကွန်ယက် မှတ်ချက်
၂၀၁၄ ထာဝရမန္တလေး MRTV-4
၂၀၁၅ ပန်းနုသွေး အတွဲ၂ MRTV-4
လူရည်ချွန် MRTV-4
၂၀၁၆ ပို၍လှသောမနက်ဖြန် MRTV-4
ကံ ကံ၏အကျိုး MRTV-4
၂၀၁၇ ပဉ္စလက်ရွာ MRTV-4
၂၀၁၈ ရသ ​မော်ကွန်း အလင်္ကာ MRTV-4
ရွှေဖူးစာဆုံရာမြေ MRTV-4
Happy Beach: Season 2 MRTV-4
၂၀၁၉ ချစ်ရပါသောနွေ MRTV-4
နွေလယ်ညရဲ့လမင်း MRTV-4

ဆုနှင့် စကာတင်

[ပြင်ဆင်ရန်]
ခုနှစ် ဆု အမျိုးအစား လက်ရာ ရလဒ်
၂၀၁၈ မြန်မာရုပ်ရှင်အကယ်ဒမီဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်
၂၀၁၈ ကြယ်ပွင့်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်
၂၀၁၈ ကြယ်ပွင့်ဆု အကောင်းဆုံးအမျိုးသမီးမျက်နှာသစ်ဆု မိုးပန်းပွင့်ရဲ့သင်္ကေတ ဆန်ခါတင်
၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ဘိုးတော်ကင်း ဆုရရှိ

ရရှိခဲ့သောဆုတံဆိပ်များ

[ပြင်ဆင်ရန်]

သရုပ်ဆောင်ခြူးလေးသည် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဘိုးတော်ကင်း ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု) ကိုရရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၆) ဖြင့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ချီးမြှင့်ခြင်းခံရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး" (in my)၊ The Irrawaddy၊ 21 October 2019။
  2. "ပိတောက်နဲ့အလှချင်းပြိုင်နေတဲ့ သရုပ်ဆောင်ခြူးလေးရဲ့ သင်္ကြန်ဖက်ရှင်"၊ Democratic Voice of Burma၊ 4 April 2019။
  3. 1 2 ""ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ ခေတ်ဖြစ်နေတယ်"လို့ သရုပ်ဆောင် ခြူးလေး ပြော"၊ The Irrawaddy၊ 19 May 2019။
  4. "ပရိသတ်တွေမုန်းသွားမှာ စိုးရိမ်နေတဲ့ နေအဉ္ဇရာ"၊ Popular News Journal၊ 17 July 2017။[လင့်ခ်သေ]
  5. 1 2 "ဟာသကားတွေ ရိုက်ရင် မရယ်မိအောင် ကြိုးစားနေရသေးတယ်လို့ ပြောတဲ့ ခြူးလေး"၊ The Irrawaddy၊ 29 April 2019။
  6. "ခြူးလေးဆိုတဲ့နံမည်ပြောင်းလိုက်တာကြောင့်ထူးခြားမူ့တွေရှိလာတဲ့အကြောင်း - နေအဥ္ဇရာ"၊ Pyone Play၊ 28 January 2019 22 September 2020 တွင် ပြန်စစ်ပြီး Archived from the original on 1 October 2020။
  7. "မိုးပန်းပွင့်ရဲ့ သင်္ကေတ ဇာတ်ကားကြီးမှာ အပြိုင်ဇာတ်ရုပ်အဖြစ် ပါဝင်ခွင့်ရလို့ ပျော်ပါတယ်ဆိုတဲ့ ခြူးလေး"၊ Kumudra၊ 8 September 2018 22 September 2020 တွင် ပြန်စစ်ပြီး Archived from the original on 1 October 2020။
  8. "သရုပ်ဆောင် ခြူးလေး(ရုပ်သံအစီအစဉ်)"၊ Eleven Media Group၊ 30 April 2019။
  9. ""နွေလယ်ညရဲ့လမင်း" ဇာတ်လမ်းတွဲမှာ ဗီလိန်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ခြူးလေး"၊ The Irrawaddy၊ 13 November 2019။
  10. "ဗီလိန်ဇာတ်ရုပ် ရိုက်ကူးမှုတွေကို ခြူး (ခြူးလေး) ဘာကြောင့် နားထားရသလဲ"၊ Popular News Journal၊ 16 January 2018 12 October 2020 တွင် ပြန်စစ်ပြီး Archived from the original on 1 October 2020။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]