ရခိုင်ရိုးရာစည်တော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

စတင်ပေါ်ပေါက်လာရခြင်းအကြောင်း[ပြင်ဆင်ရန်]

ရက္ခပူရတိုင်း ဓညဝတီရခိုင်ပြည်ကြီးတွင် တူရိယာအနီဖြင့် ရှိပဝေသဏီကာလ ဒွါရာဝတီ ဝါသုဒေဝမင်းလက်ထက်ကပင် စည်တော်တီးလျှက် သုခုမအနုပညာရိုးရာကို နန်းတွင်းယဉ်ကျေးမှုအဖြစ် စတင်တီထွင် ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုး၊ ရခိုင်ပြည်ဟု စတင်တည်ထောင်ခသော ဥတ္တရမဓူရမြို့တော်သည် သာဂရမင်း၏ ညီတော် ဥဿပရမင်းသည်(ကံသမင်း)၏ သမီးတော် (ဒေဝဂမ္ဘာ)မင်းသမီးနှင့် ထီးနန်းစိုးစံစဉ် ထူးခြားသော ဘုန်းသမ္ဘာနှင့်ပြည့်စုံသော သားတော်တကျိပ်ရို့ကိုဖွားမြင်တော်မူသည်။ ၎င်းမင်းသားရို့သည် ဆင်ပြောင်ငါးစီးအားနှင့် ပြည့်စုံတော်မူကြ၏။

၎င်းမင်းသားရို့မှာ ါသုဒေဝမင်း၊ ဗလဒေဝမင်း၊ သူရိယဒေဝမင်း၊ စန္ဒာဒေဝမင်း၊ အဂ္ဂိဒေဝမင်း၊ မစ္စုဒဒေဝမင်း၊ ဝရုဏ္ဏဒေဝမင်း၊ ရောဟနေယျဒေဝမင်း၊ ပဋမပဏ္ဍိတဒေဝမင်း၊ အင်္ဂုရဒေဝမင်း ဟူ၍ သားတော်တကျိပ်နှင့် သမီးတော်အဉ္ဇနဒေဝီရို့ ဖြစ်ကြသည်။ ၎င်းဝါသုဒေဝညီနောင် တကျိပ်ရို့သည် ဒွါရာဝတီ(အာကာပျံဝဲမြို့သံတွဲ)ကို စောင့်ယှောက်သော မြို့စောင့်ဘီလူးမကြီးရန်အား နှိမ်နှင်းပြီးသော် သိမ်းပိုက်စိုးစံတော်မူကြလီသည်။

ထိုအချိန်ကာလကပင် ကဿပဘုရားသခင်သာသနာ ဆုပ်ကပ်ကာလဖြစ်သည်။ ထိုအချိန်ကာလတွင် ဟိမဝန္တာတောကြီး တောင်ကြီးများထဲမှာ အလွန်ကျော်ဇောထင်ရှားသော (ကုဏ္ဍရ)အိုင် (သက္ကဋဂူ)တွင်းကြီးတွင် ခိုအောင်းနီသော ပုဇွန်ကြီးတကောင်သည် များစွာကြီးထွားသန်မာလျှက် လွန်စွာကြောက်မက်ဖွယ် ကောင်း ကာ သူ၏လက်မ (ခြီမ) နှစ်ခုဖြင့် လာသမျှသော ရီသတ္တဝါ၊ ကုန်သတ္တဝါအပေါင်းရို့အား ညှပ်သတ်ဖြတ်လျှက် သီစီရလီသည်။

ထိုကာလမကြာမြင့်မီ ဟိမဝန္တာတောကြီးအတွင်း၌ အင်မတန်ခွန်အားဗလနှင့်ပြည့်စုံသော ကြောက်မက်ဖွယ်ကောင်းသော (ဆင်ဟတ္ထိ)ကြီးတကောင်သည် ထင်ရှားပေါ်ပေါက်လာ လီသည်။ ၎င်းဆင်ကြီးသည် အဆိုပါ (သက္ကဋဂူ)တွင် မင်းမူနီသော ပုဇွန်ကောင်ကြီးအား နင်းသတ်လျှက် လက်မ(ခြီမ)ကြီးနှစ်ချောင်းကို နှာမောင်းဖြင့် ချိုးဖဲ့ကာ မြစ်ထဲသို့ပစ်ချ လိုက်လီသည်။

ထိုအခါ လက်မကြီးနှစ်ချောင်းကို အသူရာမင်း ဆယ်ယူရဟိလီသဖြင့် စည်ကြက်ကာတီး ခတ်လီရာ ငြိမ့်ညောင်းသာယာဖွယ် အသံစုံဖြစ်ပေါ်လာလီသဖြင့် ထူးဆန်းစွာသော အသူရာနတ်စည်တော်ကို သိကြားမင်းက တိုက်ခိုက်သိမ်းပိုက်ကာ ယူဆောင်လားခသည်။

ကျန်သော တချောင်းသော ပုဇွန်လက်မ(ခြီမ)ကြီးသည် အစဉ်အတိုင်း ဂင်္ဂါမြစ်ဖျားက တဆင့် ပင်လယ်သို့မျောပါလာပြီးသော် လီပြင်းတိုက်ခတ်လီသောကြောင့် ဒွါရာဝတီ မြစ်ကမ်းနဖူး၌ ရီချိုးနီကြကုန်သော ဝါသုဒေဝမင်းညီနောင် တကျိပ်ရို့သည် ဆယ်ယူရဟိကြလီကုန်၏။

ထိုပုဇွန်လက်မ(ခြီမ) တက္ကဋကို စည်တော်ကြက်လျှက် နန်းတော်တွင်တီးခတ်ကြလီရာ အင်မတန်ထူးခြားအံ့ဩဖွယ်သော သံစုံတီးလျှက် ပေါ်ထွန်းလာပြီးသော် သာယာငြိမ့် ညောင်းဖွယ်သော အသံစုံလင်စွာဖြင့် ပေါ်ထွန်းလာလီသဖြင့် အသံစည်တော်နှင့် ကိုက်ညီအောင် သာခြင်း အခြင်းများဖော်လျှက် သုခုမပညာပြောင်မြောက်စွာဖြင့် စပ်ဆိုကာ သီဆိုက,ကွက်ထွင်ပြီး (စည်တော်ကြီးကို စတင်တီးခတ်ကြလီသည်။)

သို့ဖြစ်လီသောကြောင့် ရခိုင်ရာဇဝင်တော်ကြီးလင်္ကာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(ရိုးညွတ်ခပ်သိမ်း ရန်စစ်ငြိမ်း၍ မုဒိမ်း၊ ဓားပြ၊ ခိုးသူစသည် လန့်ထကြောက်ညှင်း ရန်မျိုးစင်မှ သောင်းခွင်ကြော်ကြား ထိုမင်းများတို့ (ရို့) ပျော်ပါးမြူးဆန်း မြို့ရွှင်ပျံ၌ ခြွေရံမှန်ပျင်း များလူရှင် (သျှင်)နှင့် နေ(နီ)ကျင်ပေါင်းရုန်း ဇမ္ဗူလုံးကို သိမ်းကျုံးဆည်ရ အဖို့ပြု၍ တခုမကြွင်း လုပ်ခွန်သွင်းလျှက် စံခြင်းများစွာ ထိုအခါ၌ မည်သာခေါ်ထ ကုဏ္ဍရဟု အိုင်းမက်၌ဝယ် ကြောက်မက်ဖွယ်သား၊ ကြီးကျယ်သန်လှ သက္ကဇူလို(ပိုင်) ပွပွသမ္ဘာ ဖူးငုံအာသာ၊ ပွင့်လာဘုန်းဟိ ဆင်ဟတ္ထိလျှင် နင်းဘိတန်းခိုး ရှတ်ရှတ်(ယှတ်ယှတ်)ကျိုးက စွယ်ကျိုးဘိန္န မြစ်သို့ချသော် လက်မထရံ မျိုးလေထုံ၍ ကြိတ်ကြိတ်ထိုခါ အသူရာတို့(ရို့) မဟာသမုတ် လှိုင်းခတ်ဖြုတ်က ဝရမ်ရေ(ရီ)ကြောင်း ဝင်လေ(လီ)ချောင်းသော် တချောင်းအကြွယ်(ကြွီ) ဆယ်ရဲလေ(လီ)၏။ မြဲတွယ်သည်မှ ဝှန်ပေါက်ပြဲသား၊ စည်မစည်ကြီး စည်သီရိဟု ပြုပြီးကုန်မှ၊ ဝါသဝနှင့် တွေ့(တွိ့)ကြရန်မှေ နတ်စစ်မြေ(မြီ)၌ ရှုံးလေ(ယှုံးလီ)ရကား ပါယ်စွန့်သွား(လား)သား သိကြားတမူ ရလေ(လီ)ယူမှ ဟိန်းဆူကျော်ကြား အလမ္ဗဟု တွင်ထအမည် သိနားလည်လော့၊ ထိုစဉ်အမျိုး အတူကျိုး၍ ရေ(ရီ)ရိုးလယာ မျောကြရာတွင် ဂင်္ဂါမြစ်ကြောင်း ပါလေ(လီ)သျှောင်း၍ တချောင်းကိုမူ ကျွန်းဇမ္ဘူဝယ် ရိပ်ဖြူဆောင်းဆောင်း တကျိပ်ပေါင်းသား၊ မင်းဇော်ပြီးဒသ သာဒကတို့(ရို့)၊ ဒွါရာဝတီ မြို့တောင်ဆီဝယ်၊ နဒီမြယဉ် ကမြူစဉ်၌ ဝဲရေ(ရီ)ချမ်းမြိုက်၊ ဆယ်ခွာလိုက်ဝယ်၊ တန့်ရိပ်မြည်လျက် မြောက်စည်ကြက်၍၊ မပျက်တီးက၊ သံဝှန်းဖြန့်သည်၊ ဒီ(ဒေ)ကျွန်းဇမ္ဘူ လွှမ်းပတ်တည်း။) ဟူ၍ပင်ပါဟိလီသည်။

သို့ဖြစ်ပါ၍ (စာရွီးသူအနီဖြင့်) ရခိုင်စည်တော် တီးခတ်ရန်အလို့ငှါ ခြီဆင်းရတုအဖြစ် အောက်ပါအတိုင်း ရွီးစပ်တင်ပြအပ်ပါသည်။

(ရက္ခမဏ္ဍိုင် ပြည်ရခိုင်လေ ရခိုင်ညွန့်ဖူး ကြယ်သောက်ရှူးသို့၊ ကွန့်မြူးဂုဏ်ရောင် သေလာတောင်ဆိုင်း၊ ပြိုင်းကရိုင်းတည်း၊ အုံ့မှိုင်းဝီဝီ၊ ကမ်းခြေ(ခြီ)ဒေသ၊ မဏ္ဍလဝယ် ဝံသမျိုးမှန် တန်းခိုးလျှံ၍ ဝါသုဒေဝ ဒသပါတက ညီနောင်လှတို့(ရို့)၊ ဒွါရာဝတီ၊ မြို့သင်္ဂီကို၊ စိုးစံပိုင်သ၊ ထိုစဉ်ကပင်၊ ပုဇွန်လက်မ ကုဏ္ဍဟု နာမထင်ပေါ်၊ မြတ်စည်တော်ကို၊ ရာဇာရာဇ နရိန္ဒနှင့် ဒလိန္ဒဆုံး၊ တပြုံးပြုံးရွှင်၊ မင်္ဂလာခန်း၊ ရီစင်ဖြန်း၍၊ ထုံးတမ်းစိုင်လာ၊ ခိုင်အမာလေ၊ ရိုးရာမပျက်၊ ဒေနိမ့်ထက်တိုင်၊ တမြိုင်မြိုင်ကေ၊ ရခိုင်စည်ခြင်း၊ သံသာညှင်းဖြင့် မယွင်းဇာတိ သွီးမာန်ဟိအောင်၊ ကြံဆောင်ရည်စူး၊ မြတ်စည်တော်တီး ဗျာယ်ခတ်ကေ (ဗြိန်းလေး စောင်းစောင်း ဗြိန်း။၃)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သမိုင်းဆရာကြီး ဓညဝတီ အောင်ဇေယျ ရွီးရေ “ရက္ခပူရကြေးမုံကျမ်း” (ဒုတိယအကြိမ်ပုံနှိပ်) စာအုပ်မှ