မာတိကာသို့ ခုန်သွားရန်

ဖော်ကာ

ဝီကီပီးဒီးယား မှ
ဖော်ကာ
မွေးဖွားထိန်မင်းဇော်
(၁၉၈၆-0၈-0၂) ဩဂုတ် ၂၊ ၁၉၈၆ (အသက် ၃၉)
စစ်တွေမြို့ရခိုင်ပြည်နယ်
နိုင်ငံလူမျိုးရခိုင်လူမျိုး
အလုပ်အကိုင်အဆိုတော် + တေးရေးဆရာ
အိမ်ထောင်ဖက်(များ)ပွင့်ဖြုအောင်
မိဘ(များ)ဦးဘဖြူ + ဒေါ်ဦးခင်အေး

ဖော်ကာ (၂ ဩဂုတ် ၁၉၈၆ ဖွား) သည် WANTED Band ​၏ အဆိုတော် နှင့် တေးရေးဆရာတစ်ဦးဖြစ်သည်။ ရော့ခ် အဆိုရှင်တစ်ဦးအဖြစ် လူသိများပြီး သူ၏ ဘယ်လိုငြိမ်းသတ်ရမလဲ အသဲကွဲသီချင်းသည် လူငယ်ပရိ သတ်များကြား လူသိများသည်။

၁၉၈၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဦးဘဖြူနှင့်ဒေါ်ဦးခင်အေးတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထိန်မင်းဇော် ဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သည်။မွေးချင်း ၄ဦးအနက် အငယ်ဆုံးသားဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၀၂ ခုနှစ်တွင် အောင်မြင်ခဲ့ပြီးနောက် ဂီတလောကထဲ ဝင်ရောက်ကာ ဂီတအလုပ်ကိုပင် အဓိက လုပ်ဆောင်ခဲ့သည်။ သူသည် ၂၀၀၅ ခုနှစ်ကစပြီး အဆိုတော် ရေမွန် နှင့် တေးသီချင်းများစွာအတူ ဖန်တီးခဲ့သူလည်းဖြစ်သည်။ သူသည် လူငယ်ဂီတ အဖွဲ့ (၄)ဖွဲ့ ဖြင့် ၂၀၁၀ ခုနှစ်က ဖွဲ့စည်းခဲ့သော SIR အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။[]၂၀၁၆ခုနှစ်နောက်ပိုင်း အဖွဲ့ကွဲသွားသည့် SIR ကျန်အဖွဲ့ဝင်အချို့ နှင့်အတူ ဂီတများကို ဆက်လက် ဖန်တီးနေခဲ့သည်။[] ဖော်ကာသည် တေးစီးရီးများကို အချိန်ယူကာ ထုတ်ဝေခဲ့ပြီး တေးစီးရီးတစ်ခုလျှင် အနည်းဆုံးအချိန်ကာလ ၄နှစ်အထိ ယူတတ်သည်။၂၀၂၀ ပြည့်နှစ် ဇူလိုင်လက ၎င်းကိုယ်တိုင် အကဲဖြတ်အမှတ်ပေးသည့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို JOOX Myanmar အပလီကေးရှင်း နှင့် ပူးပေါင်း စီစဉ်ခဲ့သည်။[]

ထွက်ရှိခဲ့သောတေးစီးရီးများ

[ပြင်ဆင်ရန်]
  • ရောင်ခြည်
  • ငါ့ဂီတ ငါ့ဗီဇ
  • တစ်ယောက် တစ်နေရာ (၂၀၁၃)
  • စိတ်နဲ့လူ

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မပွင့်ဖြူအောင်နှင့်အိမ်ထောင်ကျပြီး သားတစ်ဦးနှင့်သမီးတစ်ဦးထွန်းကားခဲ့သည်။[] []

ကိုးကား

[ပြင်ဆင်ရန်]
  1. လူငယ်ဂီတသွေးနဲ့ ဖွဲ့တည်ထားတဲ့ SIR The Irrawaddy (၁၇ ဖေဖော်ဝါရီ ၂၀၁၄)။ ၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. SIR အဖွဲ့မှ နုတ်ထွက်ကြောင်း Reason နှင့် Idiots အဖွဲ့များက ဇူလိုင် ၁ ရက်တွင် တရားဝင် ထုတ်ပြန် Eleven Media Group (၄ ဇူလိုင် ၂၀၁၆)။ ၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ရော့ခ်အဆိုတော် ဖော်ကာ အကဲဖြတ်အမှတ်ပေးမည့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ(ရုပ်သံ) DVB Burmese (၂၅ ဇူလိုင် ၂၀၂၀)။ ၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. အဆိုတော် ဖော်ကာရဲ့ ဇနီးဖြစ်သူ သားဦးလေး မွေးဖွား (၃ ဩဂုတ် ၂၀၁၈)။
  5. အဆိုတော် ဖော်ကာ နဲ့ ချစ်သူ ပွင့်ဖြူအောင် တို့ရဲ့ မင်္ဂလာဧည့်ခံပွဲ Popular Journal (၁၆ အောက်တိုဘာ ၂၀၁၇)။ ၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]