ကိုင်ဇာ
ပုံပန်းသွင်ပြင်
| ကိုင်ဇာ (အဆိုတော်) | |
| ကိုင်ဇာ
| |
| မွေးသက္ကရာဇ် | ၁၈ ရက် ဖေဖော်ဝါရီလ ၁၉၆၁ |
| အမည်ရင်း | ညီညီ |
| မိဘအမည် | |
| မွေးရာဇာတိ | ထားဝယ်မြို့ |
| နိုင်ငံ | |
| အလုပ်အကိုင် | အဆိုတော် |
| ထင်ရှားကျော်ကြားမှု | |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ကိုင်ဇာ သည် မြန်မာ သီချင်းရေးဆရာ နှင့် အဆိုတော် တစ်ဦး ဖြစ်ပြီး ၁၉၇၀ နှစ်နောက်ပိုင်း ၁၉၈၀ ပြည့်နှစ် တို့တွင် ကျော်ကြားခဲ့သည်။ ထားဝယ်သားတစ်ဦးဖြစ်ပြီး သူ၏ ရော့ခ် သီချင်းများမှာ လူကြီးရော လူငယ်များပါ နှစ်သက်ခဲ့ကြသည်။ သူ၏ သီချင်းရေး ဆရာများမှာ စောဘွဲ့မှူး ၊ နိုင်မြန်မာ ၊ စိုးလွင်လွင် ၊ မောင်မော်ဈာန် ၊ သုခမိန်လှိုင် တို့ဖြစ်ပြီး သူ၏ ကျော်ကြားသောသီချင်းများကိုရေးသူမှာ နိုင်မြန်မာ နှင့် စောဘွဲ့မှူးတို.ဖြစ်ကြသည်။ ကိုင်ဇာ သည် အောင်မြင်သော သီချင်း ရေးသူလည်း ဖြစ်ပြီး မေဆွိ၊ မေခလာ တို့ နှင့် စုံတွဲသီဆိုခဲ့သော သီချင်းများမှာ အောင်မြင်ခဲ့သည်။
ထွက်ရှိခဲ့သောတေးစုများ
[ပြင်ဆင်ရန်]- အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ (၁၉၇၇)
- အလွမ်း (၁၉၇၈)
- အနမ်းပန်း (၁၉၇၉) (မေဆွိ)
- သီချင်းရှင်ကိုကြင်နာပါ
- မနိုးပါစေနဲ့ မိုးရယ် (၁၉၈၀)
- နောက်တစ်ခေါက်လောက်ထပ်ပြောပါ (၁၉၈၁)
- တူနှစ်ကိုယ်တိုင်းပြည် (၁၉၈၃) (မေဆွိ)
- ကမ္ဘာတည်ရှိသရွေ့ (၁၉၈၈)
- အိပ်မက်များကိုတီထွင်သူ (၁၉၈၅)
- လူတွေသိလေ ပိုကောင်းလေ (မေဆွိ)
- ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်
- ကစ္ဆပနဒီလှိုင်သံ
- မောင့် ဒေဝစ္ဆရာ (၁၉၈၈)
- နှလုံးသားဟစ်ကြွေးသံများ (၁၉၈?)
- ဂန္ထဝင်ရုပ်ရှင်တေးများ
- ချိုသော သီချင်းများ
- ရွှေမန်းဆီသို့
- နိုင်ငံကျော် (၁၉၉၇)
- သူငယ်ချင်းသုံးယောက် (မေဆွိ မေခလာ)
- မြန်မာပြည်ကိုလွမ်းတယ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ YouTube