ညိုထွန်းအောင်

ဝီကီပီးဒီးယား မှ
ဒေါက်တာညိုထွန်းအောင်
၂၀၁၄ခုနှစ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံသို့ ရောက်ရှိစဉ်
မွေးဖွား (1981 -03-04) မတ် ၄၊ ၁၉၈၁ (အသက် ၄၃)
ကျောက်ဖြူမြို့ရခိုင်ပြည်နယ်
သစ္စာခံနိုင်ငံရက္ခိုင့်တပ်တော်
လက်နက်ကိုင်တပ်ရက္ခိုင့်တပ်တော်
အမှုထမ်း ကာလ၂၀၀၉–လက်ရှိ
ရာထူးအဆင့်ဗိုလ်မှူးချုပ်
ကွပ်ကဲသည့် ဌာနဒုစစ်ဦးစီးချုပ်၊ ရက္ခိုင့်တပ်တော်
ဝက်ဘ်ဆိုဒ်drnyotwanawng.com

ဒေါက်တာညိုထွန်းအောင်(ခေါ်) ဇော်မျိုးသက် သည် ရက္ခိုင့်တပ်တော် ၏ ဒုစစ်ဦးစီးချုပ်ဖြစ်သည်။[၁] ရက္ခိုင့်တပ်တော် အပတ်စဉ် (၁) သင်တန်းတွင်တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော် ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သောအခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ဂုဏ်သိက္ခာရှိသော ရခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်သည်။[၂]

နောက်ခံ[ပြင်ဆင်ရန်]

ဒေါက်တာညိုထွန်းအောင် (ခေါ်) ဇော်မျိုးသက် ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် မွေးဖွားခဲ့သည်။ အသက် ၁၈ အရွယ်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ဆေးပညာ သင်တန်း တက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော် ကို ကချင်ပြည်နယ်၌ စတည်ထောင်ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. AA ဒု-စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံမေးမြန်းချက်RFA Burmese။ ၂၃ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. AA ရဲ့ လာရာလမ်းIrrawaddy Burma။ ၅ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]