မင်းရာဇာကြီး
မင်းရာဇာကြီး သတိုးဓမ္မရာဇာ Salim Shah | |
---|---|
ရခိုင်ဘုရင် | |
နန်းသက် | ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ |
ရှေ့မင်းဆက် | မင်းဖလောင်း |
ဆက်ခံသူ | မင်းခမောင်း |
ဝန်ကြီးချုပ် | မဟာပညာကျော် |
မွေးဖွား | ၁၆ စတင်ဘာ ၁၅၅၇ (တနင်္လာနေ့ဖွား)[note ၁] Sittantin |
ကွယ်လွန် | ၄ ဇူလိုင် ၁၆၁၂ (အသက် ၅၄) မြန်မာသက္ကရာဇ် ၉၇၄၊ ဝါဆိုလဆန်း ၈ ရက် (ဗုဒ္ဓဟူးနေ့)[၁] မြောက်ဦး |
ကြင်ရာတော် | ဝိဇလ (မိဖုရားခေါင်) နှင့် မိဖုရားကြီး ၈ ဦး မိဖုရားငယ် ၁၁ ဦး[၁] |
သားသမီးများ | မင်းခမောင်း အပါအဝင် သားသမီး ၁၅ ဦးကျော်[၁] |
ခမည်းတော် | မင်းဖလောင်း |
မယ်တော် | စောမိတော် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မင်းရာဇာကြီး (ရခိုင် အသံထွက်: [máɴ ɹàzà ɡɹí]; Salim Shah ဟုလည်း သိကြ (ခန့်မှန်း ၁၅၅၇–၁၆၁၂) သည် မြောက်ဦးနေပြည်တော်ကို ၁၅၉၃ ခုနှစ်မှ ၁၆၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]မင်းရာဇာကြီးကို ၁၅၅၇ ခုနှစ် စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့တွင် အဖမင်းဖလောင်း နှင့် အမိစောမိတော်တိုမှ မွေးဖွားခဲ့သည်။ မိဘများမှာ ဘုရင်မင်းဗာကြီး၏ သားသမီးများဖြစ်ကြပြီး ဝမ်းကွဲမောင်နှမ တော်စပ်သည်။ မင်းရာဇာကြီးအား ဖခင်မင်းဖလောင်းမြို့စား အဖြစ် ၁၅၅၀ ဆယ်စုနှစ်မှ ၁၅၇၂ အထိ အုပ်ချုပ်ခဲ့သော စစ်တံတင် တွင် မွေးဖွားခဲ့ခြင်းဖြစ်သည် ဟုယူဆကြသည်။[note ၂] ၁၅၇၂ ခုနှစ်တွင် မင်းဖလောင်းသည် ဘုရင် မင်းစကြကွယ်လွန်ပြီနောက် ထီးနန်းကို ဆက်ခံခဲ့ပြီး သားတော်အကြီးဆုံး ဖြစ်သူ မင်းရာဇာကြီးအား သတိုးဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့သည်။ ထိုအချိန်တွင် မင်းရာဇာကြီးသည် မင်းစကြာ၏ သမီးတော် နန်းထက်ဖွား မင်းသမီးအားလက်ထပ်ခဲ့သည်။[၂]
ဘုရင်ဘဝ
[ပြင်ဆင်ရန်]မင်းရာဇာကြီး သည် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ အထိ မြောက်ဦးနေပြည်တော်ကို အုပ်ချုပ်ခဲ့သည်။ မင်းရာဇာကြီ လက်ထက် တွင် မြောက်ဦးနေပြည်တော်သည် စီးပွားရေး နိုင်ငံရေး စစ်ရေး ကောင်းမွန်ခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]မင်းရာဇာကြီးသည် ပေါ်တူဂီများ ကျူးကျော်ခြင်းကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ၁၆၁၂ ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး အကြီးဆုံးသားဖြစ်သူ မင်းခမောင်းက ထီးနန်းဆက်ခံခဲ့သည်။[၁]
ကောင်းမှုများ
[ပြင်ဆင်ရန်]၁၅၉၆ခုနှစ်တွင် မင်းရာဇာကြီးက အံတော်သိမ် အား ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ သူ၏ နန်းတက်ရက်နှင့် ကွယ်လွန်ရက်ရှိ သူ၏အသက်ကို ဖော်ပြထားသော ရာဇဝင်ကျမ်းများအရ သူသည် ၇ ဇွန် ၁၅၅၇ နှင့် ၂၀ ဇွန် ၁၅၅၈ အကြားတွင် မွေးဖွားခဲ့သည်။ စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉။ စာ ၅၄၊ ၈၇ အရ သူသည် မြန်မာသက္ကရာဇ် ၉၅၅ ဝါဆိုလဆန်း ၆ ရက်၊ အသက် ၃၅ တွင် ထီးနန်းရခဲ့ပြီး အသက် ၅၄၊ မြန်မာသက္ကရာဇ် ၉၇၄ ဝါဆိုလန်း ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ထို့်ကြောင့် သူသည် မြန်မာသက္ကရာဇ် ၉၁၉၊ ဝါဆိုလဆန်း ၈ ရက် (၄ ဇွန် ၁၅၅၇) နောက်ပိုင်းနှင့် မြန်မာသက္ကရာဇ် ၉၂၀ ဝါဆိုလဆန်း ၆ ရက် (၂၁ ဇွန် ၁၅၅၈) အကြားတွင် မွေးဖွားခဲ့သည်။ တနင်္လာနေ့ဖွားဖြစ်သောကြောင့် ၇ ဇွန် ၁၅၅၇ မှ ၂၀ ဇွန် ၁၅၅၈ အကြား ဖြစ်သည်။
- ↑ ရခိုင်ရာဇဝင်သစ်ကျမ်း (စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၃၄-၃၅) တွင် ဖခင် မင်းဖလောင်းအား ဘုရင် မင်းဗာက စစ်တံတင် အား စားစေသည်ဟု ဆိုသည်။ မင်းဖလောင်းသည် ၁၅၇၂ ခုနှစ်အထိ စစ်တံတင်မြို့စား ဖြစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]ကျမ်းပြုစာစုစာရင်း
[ပြင်ဆင်ရန်]- Gutman၊ Pamela (2001)။ Burma's Lost Kingdoms: Splendours of Arakan။ Bangkok: Orchid Press။ ISBN 974-8304-98-1။
- Hall၊ D.G.E. (1960)။ The Rise and Fall of the Kingdom of Mrohaung in Arakan။
- Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
- Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
- မြင့်ဦး၊ သန့် (2006)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6။
- Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
- တော်ဝင် သမိုင်းကော်မရှင် (1832)။ မှန်နန်း ရာဇဝင် (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: ပြန်ကြားရေး ဝန်ကြီးဌာန။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁–၂ (၁၉၉၇ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- ဒေါက်တာသန်းထွန်း (2011)။ "23. Nga Zinga and Thida"။ Myanmar History Briefs (Burmeseဘာသာစကားဖြင့်)။ Yangon: Gangaw Myaing။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Topich၊ William J.; Keith A. Leitich (2013)။ The History of Myanmar။ ABC-CLIO။ ISBN 9780313357244။
မင်းရာဇာကြီး မွေးဖွား ၁၅၅၇/၅၈ ကွယ်လွန် ၄ ဇူလိုင် ၁၆၁၂
| ||
Regnal titles | ||
---|---|---|
ယခင်က မင်းဖလောင်း |
မြောက်ဦးဘုရင် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ |
ဆက်ခံသူ မင်းခမောင်း |
ယခင်က မင်းစောလှ |
အိမ်ရှေ့မင်း ၇ ဖေဖော်ဝါရီ ၁၅၇၂ – ၄ ဇူလိုင် ၁၅၉၃ |
ဆက်ခံသူ မင်းခမောင်း |
ဤ မြန်မာမင်းမျိုးမင်းနွယ် အတ္ထုပ္ပတ္တိမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |