မာတိကာသို့ ခုန်သွားရန်

ဝေသာလီခေတ်

ဝီကီပီးဒီးယား မှ

ဝေသာလီခေတ် (အေဒီ ၄ ရာစု - ၉ ရာစု) သည် ရခိုင်သမိုင်းတွင် မြို့ပြယဉ်ကျေးမှု အခိုင်အမာ ထွန်းကားခဲ့သော ခေတ်တစ်ခေတ် ဖြစ်သည်။ ဓညဝတီခေတ်၏ အဆက်အနွယ်အဖြစ် ပေါ်ထွန်းလာပြီး ဝေသာလီမြို့ဟောင်းနေရာမှာ ယနေ့ခေတ် မြောက်ဦးမြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရခိုင်ရာဇဝင်များတွင် အေဒီ ၃၂၇ မှ ၈၁၈ အထိဟု သတ်မှတ်လေ့ရှိသော်လည်း၊ ခေတ်သစ်ရှေးဟောင်းသုတေသန အထောက်အထားများနှင့် အာနန္ဒစန္ဒြကျောက်စာ (အေဒီ ၈ ရာစု) အရ ဝေသာလီယဉ်ကျေးမှုသည် အေဒီ ၄ ရာစုဝန်းကျင်တွင် စတင်အခြေခိုင်ခဲ့ကြောင်း တွေ့ရှိရသည်။[] ဤခေတ်တွင် စိုးစံခဲ့သော "စန္ဒြ" မင်းဆက်များသည် မြန်မာနိုင်ငံ၌ အစောဆုံးသော ငွေဒင်္ဂါးစနစ်ကို စနစ်တကျ အသုံးပြုခဲ့သည့် ယဉ်ကျေးမှုများထဲတွင် ပါဝင်ပြီး၊ အဆိုပါ ငွေဒင်္ဂါးများပေါ်ရှိ လက်ခတ်ပုံ (Srivatsa) နှင့် နန္ဒီနွားပုံများသည် ဝေသာလီ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို သက်သေပြနေသည်။[] ဝေသာလီနိုင်ငံတော်သည် ပင်လယ်ကမ်းရိုးတန်းနှင့် နီးကပ်စွာ တည်ရှိသဖြင့် အနောက်ဘက်ရှိ အိန္ဒိယနိုင်ငံ၊ အာရပ်နှင့် ပါရှန်ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်ရေး အားကောင်းခဲ့ပြီး အရှေ့တောင်အာရှနှင့် တောင်အာရှအကြား ယဉ်ကျေးမှုတံတားသဖွယ် တည်ရှိခဲ့သည်။[] ထိုခေတ်တွင် နေထိုင်ခဲ့ကြသူများမှာ အဓိကအားဖြင့် တိဗက်-ဗမာအနွယ်ဝင် သက်မြို နှင့် ခမီး တို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ ဝင်ရောက်လာသော အင်ဒို-အာရိယန် အုပ်စုများနှင့်လည်း ရောနှောနေထိုင်ခဲ့ကြသည်။[] စာပေအနေဖြင့် သင်္သကရိုက်ဘာသာ (Sanskrit) ကို အဓိက အသုံးပြုခဲ့ကြပြီး ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ ရောနှောထွန်းကားခဲ့သည်။ အေဒီ ၉ ရာစုခန့်တွင် ပြည်တွင်းမငြိမ်မသက်ဖြစ်မှုများနှင့် အရှေ့ဘက်မှ တိဗက်-ဗမာအနွယ်ဝင် ဗမာစုများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုများကြောင့် ဝေသာလီမြို့တော်သည် ဆုတ်ယုတ်လာကာ လေးမြို့ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့သည်။[]

အက္ခရာ

[ပြင်ဆင်ရန်]
  • အေဒီ- ၃၂၇ မှ အေဒီ ၈၁၈ခုနှစ်အထိ အသုံးပြုခဲ့သောရခိုင်ဝေသာလီခေတ်သုံးဗျည်း၃၅လုံး။

(ကကြီး)

(ခငေ)

(ဂဂွေ)

(ခကျောက်ရှေ)

(င)

(စလုံး)

(ဆလိမ်)

(ဇဂွေး)

(စမျှင်ဆွဲ)

(ည)

(ဋသီချိပ်)

(ဌဝမ်းခွေး)

(ဍသံကောက်)

(ဎရီမှုတ်)

(ဏကြီး)

(တဝမ်းတတ်)

(ထဝမ်းစိ)

(ဒဇွယ်)

(ဓဝမ်းယှိပ်)

(နငေ)

(ပဦးစောက်)

(ဖဖေါက်လိပ်)

(ဗလုံး)

(ဘဗုံးယှိပ်)

(မ)

(ယ)

(ရကောက်)

(လ)

(ဝ)

(သ)

(ဆျ)

(သျှ)

(ဟ)

(ဠကြီး)

(အ)

ကိုးကား

[ပြင်ဆင်ရန်]
  1. ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)၊ ရခိုင်ရှေးဟောင်းမြို့တော်များ၊ စာ-၅၄
  2. Pamela Gutman, "Burma's Lost Kingdoms: Splendours of Arakan", p.36
  3. ဘီဘီစီမြန်မာပိုင်းသတင်း၊ ၁၀ ဧပြီ ၂၀၁၉
  4. Jacques P. Leider, "Forging a Reputation: The Early Career of Sanda Thudhamma", p.12
  5. တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ - ရခိုင် (၁၉၇၆)၊ စာ-၁၄၃