ဆေးတက္ကသိုလ် (မကွေး)
| ဆောင်ပုဒ် | ဥပဌာနံ အနုကမ္မာ ဒယာ |
|---|---|
အင်္ဂလိပ် ဆောင်ပုဒ် | Service, Sympathy, Humanity |
| အမျိုးအစား | အများဆိုင် |
| တည်ထောင် | မေ ၂၂၊ ၂၀၀၁ |
| ပါမောက္ခချုပ် | ဒေါက်တာဌေးလှ |
| တည်နေရာ | |
| နှီးနွယ်အဖွဲ့အစည်းများ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
| ဝဘ်ဆိုဒ် | ummg.gov.mm |
![]() | |
မကွေးဆေးတက္ကသိုလ် (အင်္ဂလိပ်: University of Medicine, Magway) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး (အနောက်ဘက်လမ်း) လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ (၆) မိုင်ခန့် ကွာဝေးသည်။
စတင် တည်ထောင် သူမှာ ဒေါက်တာ သန်းမြင့် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကောင်မရှင်တွင် အဖွဲ့အဝင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ဆေးတက္ကသိုလ် မကွေးကို အားတက်တရော တည်ထောင်သူအဖြစ် ဗိုလ်ချုပ်ခင်ညွန့် အား သိထားကြသည်။ သို့ရာတွင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ဆရာဝန် ဦးရေ အလွန်နည်းသောကြောင့် ထိုစဉ်က ဗိုလ်ချုပ် သန်းရွှေ အမိန့်ချ စီမံခဲ့သည်ဟုလည်း သိရသည်။ ဆေးတက္ကသိုလ် မကွေး တည်ထောင်စဉ် တာဝန်ရှိသော ကျန်းမာရေး ဝန်ကြီးမှာ ဒေါက်တာ ကျော်မြင့် ဖြစ်သည်။
သင်တန်းကာလမှာ ၅ နှစ်၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများအား တက်ရောက်ရယူနိုင်သည်။ ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဆေးတက္ကသိုလ်မကွေး ၏ ဆယ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။
ဆေးတက္ကသိုလ်(မကွေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။
လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးလှ ဖြစ်သည်။ ဒုတိယ ပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာအေးအေးဦး ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား)မှာ ဒေါက်တာလှဝင်းမြင့် ဖြစ်သည်။
အုပ်ချုပ်သူများ
[ပြင်ဆင်ရန်]ဆေးတက္ကသိုလ် (မကွေး)ကို ပါမောက္ခချုပ်များက ဦးဆောင်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ
- ပါမောက္ခဒေါက်တာသန်းမြင့် (ဧပြီ ၂၀၀၁ - မတ် ၂၀၀၆)
- ဒေါက်တာမောင်မောင်ဝင်း (ဧပြီ ၂၀၀၆ - ဩဂုတ် ၂၀၁၀)
- ပါမောက္ခဒေါက်တာဝင်းမြတ်အေး (ဖေဖော်ဝါရီ ၂၀၁၁-မေ ၂၀၁၄)
- ပါမောက္ခဒေါက်တာအေးထွန်း (ဇွန် ၂၀၁၄-ဇန်နဝါရီ ၂၀၁၇)
- ပါမောက္ခဒေါက်တာခင်ဇော် (မတ် ၂၀၁၇-ဇူလိုင် ၂၀၁၈)
- ပါမောက္ခဒေါက်တာဌေးလှ (ဖေဖော်ဝါရီ ၂၀၁၉-ဇူလိုင် ၂၀၂၀)
- ဒေါက်တာအေးအေးဦး (ဧပြီ ၂၀၂၁-?)
- ပါမောက္ခဒေါက်တာခင်မာမြင့် (ဇွန် ၂၀၂၅-လက်ရှိ)
သင်ကြားပေးသော ဘာသာရပ်များ
[ပြင်ဆင်ရန်]ပထမနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- မြန်မာစာ (Myanmarsar)
- အင်္ဂလိပ်စာ (English)
- သင်္ချာ (Mathematics)
- ဓာတုဗေဒ (Chemistry)
- ရူပဗေဒ (Physics)
- သတ္တဗေဒ (Zoology)
- ရုက္ခဗေဒ (Botany)
- တိုင်းရင်းဆေး (Traditional Medicine) တို့အား သင်ကြားရသည်။
ဒုတိယနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- ခန္ဓာဗေဒ (Human Anatomy)
- ဇီဝဓာတုဗေဒ (Biochemistry)
- ဇီဝကမ္မဗေဒ (Physiology)
တတိယနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- အထွေထွေရောဂါဗေဒ (General Pathology)
- အဏုဇီဝဗေဒ (Microbiology)
- ဆေးဝါးဗေဒ (Pharmacology)
- ဆေးပညာ လက်တွေ့ (Medicine)
- ခွဲစိတ်ကုပညာ လက်တွေ့ (Surgery) တို့အား သင်ကြားရသည်။
နောက်ဆုံးနှစ် အပိုင်း (က) အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- ရောဂါဗေဒ (Systemic Pathology)
- ကာကွယ်ရေးနှင့် လူမှူရေး ဆေးပညာ (Preventive and Social Medicine)
- ဥပဒေရေးရာ ဆေးပညာ (Forensic Medicine)
- ဥပဒေရေးရာဆေးပညာ လက်တွေ့ ကွင်းဆင်းလေ့လာရေး (Field Trip)
- ဆေးပညာ (Medicine)
- ခွဲစိတ်ကုပညာ (Surgery)
- သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
- ကလေးကျန်းမာပညာ (Paediatrics)
နောက်ဆုံးနှစ် အပိုင်း (ခ) အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- ဆေးပညာ (Medicine)
- ခွဲစိတ်ကုပညာ (Surgery)
- သားဖွားနှင့်မီးယပ်ပညာ (Obstetric and Gynaecology)
- ကလေးကျန်းမာပညာ (Paediatrics)
အလုပ်သင် ဆရာဝန်
[ပြင်ဆင်ရန်]နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးသော သင်တန်းသားများသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်ခန့် လေ့ကျင့်သင်ကြားရသည်။ အလုပ်သင်ဆရာဝန်အဖြစ် သက်မှတ်ကာလပြည့်မီအောင် လေ့ကျင့်ပြီးစီးသော သင်တန်းသားများကိုသာလျှင် အမ်ဘီဘီအက်စ်ဘွဲ့ အား ချီးမြင့်သည်။
အောက်ပါမြို့များရှိ ဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် လျောက်ထားနိုင်သည်။
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]ပြင်ပလင့်ခ်
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ဆေးတက္ကသိုလ် (မကွေး) နှင့်ပတ်သက်သော မီဒီယာများ- University website 25 August 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- List of Universities registered under WHO 1 February 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဆေးတက္ကသိုလ်
