သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

ဝီကီပီးဒီးယား မှ

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အောင်မြေသာစံမြို့နယ် တွင်တည်ရှိသော ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်တစ်ခု ဖြစ်သည်။ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရမှ တည်ထောင်ကာ ၂၀၀၉ ဩဂုတ်လ ၅ (မြန်မာသက္ကရာဇ် ၁၃၇၁ ဝါခေါင်လပြည့်) တွင်စတင် ဖွင့်လှစ်ခဲ့သည်။

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) သည် မန္တလေးမြို့မြောက်ဘက်၊ မန္တလေးတောင် ခါးပန်းအလယ်တွင်တည်ရှိသည်။ ဤတက္ကသိုလ်ကို ဒေါက်တာ အရှင်ဝေဠုရိယဉာဏလင်္ကာရက ကျောင်းအုပ်အဖြစ် စတင်တာဝန်ယူခဲ့သည်။[၁] ဒီပလိုမာတန်း၊ ဘီအေတန်း၊ အမ်အေတန်းများကို ဖွင့်လှစ်၍ သင်ကြားလျက်ရှိသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကို မန္တလေးမြို့၊ ဝါးတန်းရပ်နေ ဦးအေးမောင်တို့မိသားစုက စတင်ဆောက်လုပ်ခဲ့ကြ၍ ၁၉၈၉ တွင် ပြီးစီးခဲ့သည်။ ၂၀၀၉ ဩဂုတ်လ ၅ တွင် သီတဂူဆရာတော်အား လှူဒါန်းခဲ့ကြ၏ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)။ 29 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2021 တွင် ပြန်စစ်ပြီး။
  2. Sitagu Buddhist Academy Mandalay