အစိုးရနည်းပညာသိပ္ပံ(ပြင်ဦးလွင်)

ဝီကီပီးဒီးယား မှ
အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)
Government Technical Institute (Pyin Oo Lwin)
အခြားအမည်
GTI Pyin Oo Lwin
ယခင်အမည်
အစိုးရနည်းပညာအထက်တန်းကျောင်း
တည်ထောင်၂၀၁၇ (၂၀၁၇)
နှီးနွယ်အဖွဲ့အစည်းပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန
ကျောင်းအုပ်ကြီးဒေါက်တာဝင်းထိုက်အောင်
ဆရာဦးရေ
၆၉
သင်တန်းသား၄၃၄ ဦး
တည်နေရာပြင်ဦးလွင်မြို့, မန္တလေးတိုင်းဒေသကြီး

အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အား၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် AGTI ပထမနှစ် ကျောင်းသား/သူဦးရေ (၁၂၁)ဦးဖြင်စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အားအောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိသည်-

(က) နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးသို့တက်ရောက်လိုသူများ(မသန်စွမ်းသူများ၊ အခွင့်အလမ်း နည်းပါးသောသူများ စသည်တို့အပါအဝင်) သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်။ (ခ) လုပ်သားဈေးကွက်၏လိုအင် နှင့် လိုက်လျောညီထွေရှိသည့် သက်မွေးပညာသင်တန်းများကို သင်ကြားပေး နိုင်မည့်လေ့ကျင့်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်။

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

  • သုတနည်းပညာအင်ဂျင်နီယာဌာန
  • အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုအင်ဂျင်နီယာဌာန
  • စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာန

ဘွဲ့ဒီဂရီများ[ပြင်ဆင်ရန်]

ဘွဲ့ကြိုသင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
သုတနည်းပညာအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (IT) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (MP) ၃ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EP) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (ME) ၃ နှစ်
မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (ATM) ၃ နှစ်
စက်မှုလုပ်ငန်းအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (IE) ၃ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. GTC/GTI/THS - Department of Technical and Vocational Education (DTVE)။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ)။ 1 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။