ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)
Computer University, Sittwe
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၄ စက်တင်ဘာ ၂၀၀၀
တည်နေရာ စစ်တွေမြို့၊ ရခိုင်ပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၄.၈၆၄ ဧက

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၏ဘေးတွင် တည်ရှိပြီး ၄.၈၆၄ ဧက ကျယ်ဝန်းသည်။ [၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို ၂၀ဝ၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (စစ်တွေ)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်၊ ဧပြီလတွင် အစိုးရနည်းပညာကောလိပ် ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]