နည်းပညာတက္ကသိုလ်(လွိုင်ကော်)

ဝီကီပီးဒီးယား မှ
နည်းပညာတက္ကသိုလ်(လွိုင်ကော်)
ဆောင်ပုဒ်Technology for the nation, innovation for the future
တိုင်းပြည်အတွက်နည်းပညာ၊ အနာဂတ်အတွက်တီထွင်ဆန်းသစ်မှု
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၇ (၂၀၀၇)
နှီးနွယ်အဖွဲ့အစည်းအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ပါမောက္ခချုပ်ဒေါက်တာ ခိုင်​ဇော်နိုင်
တည်နေရာလွိုင်ကော်မြို့, ကယားပြည်နယ်, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်tuloikaw.edu.mm
ပင်မဆောင်

နည်းပညာတက္ကသိုလ်(လွိုင်ကော်) သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်မြို့တွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ISO 9001/2008 ကိုရရှိခဲ့သည်။[ကိုးကားချက်လိုသည်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(လွိုင်ကော်)ကို ၁၉၈၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

ပင်မ​ဆောင်

တည်နေရာနှင့်အကျယ်အဝန်း[ပြင်ဆင်ရန်]

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အုပ်စု ကွင်းအမှတ် (၂၆၀)၊ ရွာတန်းရှည်ကျေးရွာ အရှေ့ဘက် တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် (၈၇.၄၆)ဧက ရှိသည်။

ရည်ရွယ်ချက် နှင့်တာဝန်[ပြင်ဆင်ရန်]

ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မှီ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာပညာရှင် လူတော်လူကောင်းများကို ဒေသလိုအပ်ချက်နှင့်အညီ ပြုစုမွေးထုတ်ပေးရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။[၂]

တက္ကသိုလ်၏လုပ်ငန်းတာဝန်များမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်‌သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ ဒေသတွင်း အင်ဂျင်နီယာပညာရပ်များသင်ယူနိုင်ခွင့် အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ဖြစ်သည်။

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

ဘာသာရပ်များ[ပြင်ဆင်ရန်]

သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘွဲ့ B.E. (Civil) ၅ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဘွဲ့ B.E. (EC) ၅ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ B.E. (EP) ၅ နှစ်
စက်မှုအင်ဂျင်နီယာဘွဲ့ B.E. (MP) ၅ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (Civil) ၃ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EC) ၃ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EP) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (MP) ၃ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
နည်းပညာဘွဲ့ (မြို့ပြ) B-tech (Civil) ၅ နှစ်
နည်းပညာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးနည်းပညာ) B-tech (EC) ၅ နှစ်
နည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအား) B-tech (EP) ၅ နှစ်
နည်းပညာဘွဲ့ (စက်မှုစွမ်းအား) B-tech (MP) ၅ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. University Plans။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]