ဆေးတက္ကသိုလ် (တောင်ကြီး)

ဝီကီပီးဒီးယား မှ
တောင်ကြီးဆေးတက္ကသိုလ်
University of Medicine, Taunggyi
ဥပဌာနံ အနုကမ္ပာ ဒယာ
Service, Sympathy, Humanity
upaṭhānaṃ, anukammā, dayā
ဆေးတက္ကသိုလ် (တောင်ကြီး)
{{{အမည်}}}
တည်ထောင်ခုနှစ် အောက်တိုဘာ ၃၊ ၂၀၁၅ (၂၀၁၅-၁၀-၀၃)
ပါမောက္ခချုပ် ဒေါက်တာဒေါ်လှဝင်းမြင့်
တည်နေရာ နောင်လေကျေးရွာ၊ တောင်ကြီးမြို့ရှမ်းပြည်နယ်
အကျယ်အဝန်း ၄၆ ဧက
ပိုင်ဆိုင်မှု ကျန်းမာရေး ဝန်ကြီးဌာန


ဆေးတက္ကသိုလ်(တောင်ကြီး) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ဆေးတက္ကသိုလ်ဖြစ်ပြီး [၁]ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း(၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ)[၂]စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည်။[၃][၄][၅]ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးများ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများလည်း တက်ရောက်ခဲ့သည်။[၆]

ဆေးတက္ကသိုလ် (တောင်ကြီး) သည် အကျယ်အဝန်း မြေဧရိယာ ၄၆ ဧကပေါ်တွင် တည်ဆောက်ထားသည့် သုံးထပ်အဆောက်အအုံ ဖြစ်သည်။ သုံးထပ် ပင်မဆောင်၊ သုံးထပ်သင်ကြားရေးဆောင်၊ လူ (၂၅၀) ဆံ့ စာသင်ဆောင်၊ [၇]အမှုထမ်းအိမ်ရာ၊ အရာထမ်းအိမ်ရာ ၄ ခန်းတွဲ လေးထပ်ဆောင်၊ ပါမောက္ခချုပ်နေအိမ်၊[၈] အရာထမ်းဆောင်၊ Lecture Theatre၊ စားသောက်ဆိုင်၊ ကျောင်းသူ အိပ်ဆောင်၊ ဧည့်ရိပ်သာ ၄ ခန်းတွဲ သုံးထပ်ဆောင်၊ ကျောင်းသား အိပ်ဆောင်၊ ဒုတိယ ပါမောက္ခချုပ် နေအိမ်[၉]၂ထပ်၊[၁၀]စာကြည့်တိုက်၊ E-Language Lab ၊ E-Library တို့ ပါဝင်သည်။

ဆေးတက္ကသိုလ် (တောင်ကြီး) မှ ကျောင်းသား ကျောင်းသူများအား သင်ကြား ပေးနိုင်ရေးအတွက် စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံတို့အား သင်ကြားရေး ဆေးရုံကြီးများအဖြစ် စီစဉ်ဆောင်ရွက်ထားရှိသည်။

ဆေးတက္ကသိုလ် (​တောင်ကြီး)တွင် ဘွဲ့ရ​​​ကျောင်းသားများမရှိ​သေးဘဲ ယခုအမြင့်ဆုံးသင်ကြား​နေ​သောအတန်းမှာ နောက်ဆုံးနှစ် အပိုင်း (က) ဖြစ်သည်။

တောင်ကြီးဆေးတက္ကသိုလ်

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဂျွန်ချစ်ငြိမ်း (၄ အောက်တိုဘာ ၂၀၁၅)။ တောင်ကြီးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်ဆေးတက္ကသိုလ်ဖွင့်ပွဲသို့ သမ္မတတက်ရောက်ဖွင့်လှစ်။ 7Day Daily။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ရွှေတည်။ "ဆေးတက္ကသိုလ် (တောင်ကြီး) ရာနှုန်းပြည့်နီးပါး ပြီးစီး"၊ မြဝတီ၊ ၃၀ ဧျပီ ၂၀၁၅။ နိုဝင်ဘာ ၂၆ ၂၀၁၅ တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  3. တောင်ကြီးဆေးတက္ကသိုလ်ဖွင့်ပွဲ။ RFA (၆ အောက်တိုဘာ ၂၀၁၅)။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆေးတက္ကသိုလ် (တောင်ကြီး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်။ နိုင်ငံတော်သမ္မတရုံး။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  5. ထွန်းဝင်းနိုင် မော်စီ။ မြန်မာနိုင်ငံ၏၅ခုမြောက် ဆေးတက္ကသိုလ်။ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  6. "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆေးတက္ကသိုလ်(တောင်ကြီး) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်"၊ MRTV၊ ၃ အောကျတိုဘာ ၂၀၁၅။ နိုဝငျဘာ ၂၆ ၂၀၁၅ တွင် ပြန်စစ်ပြီး 
  7. "ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းအားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)နှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တို့အား ကြည့်ရှုစစ်ဆေး"၊ Ministry of Information၊  နိုဝင်ဘာ ၂၁ ၂၀၁၄။ အောက်တိုဘာ ၂၆ ၂၀၁၅ တွင် ပြန်စစ်ပြီး 
  8. လွတ်လပ်ရေးရပြီး ၆၇ နှစ်ကျော်၌ ရှမ်းပြည်နယ်တွင် ပထမဆုံးဆေးတက္ကသိုလ်ဖွင့်လှစ်။ မဇ္ဈိမ (၅ အောက်တိုဘာ ၂၀၁၅)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  9. အိသဉ္ဇာကျော် (၂၅ ဇွန် ၂၀၁၅)။ ဆေးတက္ကသိုလ် (တောင်ကြီး) ကို ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၁၂၀ လက်ခံမည်။ Eleven။ ၆ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  10. "ယခုပညာသင်နှစ်မှစ၍ ဆေးတက္ကသိုလ်(တောင်ကြီး)ကိုဖွင့်လှစ်ပြီး"၊ Eleven Myanmar၊ ၂၅ ဇွန် ၂၀၁၅။ နိုဝင်ဘာ ၂၆ ၂၀၁၅ တွင် ပြန်စစ်ပြီး