ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
ပုံပန်းသွင်ပြင်
ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ၆ မိုင်ခန့်အကွာ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်တွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၂၁၅ ဧက ဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၃ ဆက်သွယ်ရေး အလုပ်ရုံတပ်၏ မြေနှင့်အဆောက်အဦများကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန မှ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လွှဲပြောင်းရရှိခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Background Histroy။ 10 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |