စစ်တွေတက္ကသိုလ်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
| ဆောင်ပုဒ် | ပညာသမာ အာဘာနတ္တိ |
|---|---|
| တည်ထောင် | စက်တင်ဘာ ၁၈၊ ၁၉၉၆ |
| ပါမောက္ခချုပ် | ဒေါက်တာခင်မောင်ဇော် |
| တည်နေရာ | တက္ကသိုလ်ရိပ်သာလမ်း၊ ဘုမေရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| ဝဘ်ဆိုဒ် | stu.edu.mm |
![]() | |
စစ်တွေတက္ကသိုလ် (အင်္ဂလိပ်: Sittway University) သည် ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ စစ်တွေတက္ကသိုလ်သည် ရခိုင်ပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သော တက္ကသိုလ်တစ်ခုဖြစ်သည်။ ပေးအပ်ချီးမြှင့်သောဘွဲ့များမှာ ဝိဇ္ဇာဘွဲ့၊သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာဥပဒေဘွဲ့များနှင့် ပါရဂူဘွဲ့တို့ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက် ၁၉၅၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ၂နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က စစ်တွေကောလိပ်ကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် ၂နှစ်သင်ကောလိပ်မှ ၄နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၈ ခုအားသင်ကြားပိုချလျက်ရှိရာ နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။[၁]
ပါမေက္ခချုပ်များ
[ပြင်ဆင်ရန်]| အမည် | တာဝန်ထမ်းဆောင်သည့်ရက် | ရင်းမြစ် | |
|---|---|---|---|
| ဒေါက်တာ ရီရီဦး | မေ ၂၇၊ ၂၀၂၅ | [၂] |
ပေးအပ်သောဘွဲ့များ[၃]
[ပြင်ဆင်ရန်]ဝိဇ္ဇာဘွဲ့ (Bachelor of Arts)
[ပြင်ဆင်ရန်]- မြန်မာစာ
- အင်္ဂလိပ်စာ
- ပထဝီ
- သမိုင်း
- ဒဿနိက
- စိတ်ပညာ
- ဥပဒေပညာ
- အရှေတိုင်းပညာ
- စိတ်ကြိုက်မြန်မာစာ
- ရသစာေပ
- စီးပွားစီမံ
သိပ္ပံဘွဲ့ (Bachelor of Science)
[ပြင်ဆင်ရန်]- ဓာတုဗေဒ
- ရူပဗေဒ
- သင်္ချာ
- ရုက္ခဗေဒ
- သတ္တဗေဒ
- ဘူမိဗေဒ
- ဇီဝဓာတုဗေဒ
- အဏုဇီဝဗေဒ
- အဏ္ဏဝါသိပ္ပံ
ဥပဒေဘွဲ့ (Bachelor of Law)
[ပြင်ဆင်ရန်]- ဥပဒေပညာ
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 22 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 October 2022 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၄/၂၀၂၅
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2022 တွင် ပြန်စစ်ပြီး။
