နည်းပညာတက္ကသိုလ်(ကလေး)

ဝီကီပီးဒီးယား မှ

နည်းပညာတက္ကသိုလ်(ကလေး) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်၏ တောင်ဘက် ၅ မိုင်ခန့်အကွာ ကလေး−ဂန့်ဂေါ ကားလမ်း၏ အနောက်ဘက် ထိုမာကျေးရွာအုပ်စု၊ သာယာဝတီ ကျေးရွာအနီးတွင် တည်ရှိပြီး ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နည်းပညာတက္ကသိုလ်(ကလေး)တွင် ဘာသာရပ်အသီးသီးအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို တက်ရောက်နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကလေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(ကလေး) အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (ကလေး) အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။[၁]

သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ[ပြင်ဆင်ရန်]

  1. မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering)
  2. အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် (Electronic Engineering)
  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် (Electrical Engineering)
  4. စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]