တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

UTM.jpg ကိုဩဒိနိတ်: 22°01′15″N 96°06′04″E / 22.0207°N 96.1011°E / 22.0207; 96.1011

ပြည်‌ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ‌တော် အစိုးရသည်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ချမှတ်ထား‌သော ကျန်းမာ‌ရေးမူဝါဒများတွင် အကျုံးဝင်သည့် တိုင်းရင်း‌ဆေး သိပ္ပံ ‌ကျောင်းကို မန္တ‌လေးမြို့၊ မန္တ‌လေး‌တောင်‌ခြေအနီး၌ ၁၉ရ၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်‌နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ အကျယ် ငါးဧကရှိ ‌မြေကွက်တွင် အုပ်ချုပ်‌ရေးရုံး၊ စာသင်‌ဆောင်၊ ‌ဘော်ဒါ ‌ဆောင်၊ ‌ဆေးရုံ ‌ဆောင်မှစ၍ ၁၉၆၆ ခုနှစ်ကပင် စတင်‌ဆောက် လုပ်ခဲ့သည်။

အနည်းဆုံး ဆယ်တန်း‌အောင်ပြီးသူများကိုသာ ‌ကျောင်း သားအဖြစ် လက်ခံသည့်ပြင် ဆယ်တန်း ‌အောင်‌သော်လည်း ဝင်ခွင့်စာ‌မေးပွဲတွင် ‌ဖြေဆို‌အောင်မြင်မှသာ လက်ခံသည်။ ၁၉ရ၆ ခုနှစ်မှ ၁၉ရ၈ ခုနှစ်အထိ တစ်နှစ်လျှင်‌ကျောင်း သား ၃၀ မျှသာ လက်ခံနိုင်ခဲ့သည်။ ၁၉ရ၉ ခုနှစ်ကစ၍ တစ် နှစ်လျှင် ၅၀ လက်ခံခဲ့သည်။

သင်တန်းကာလမှာ လက်‌တွေ့သင်တန်းကာလ အပါ အဝင် သုံးနှစ်နှင့် ‌ခြောက်လမျှဖြစ်သည်။ သိပ္ပံနှင့်ယှဉ်‌သော တိုင်းရင်း‌ဆေး‌လောကသို့ ဟူ‌သော ‌ကြွေး‌ကြော်သံနှင့်အညီ ပထမနှစ်၌ တိုင်းရင်း ‌ဆေးပညာအတွက် အ‌ထောက်အကူ ဖြစ်‌စေမည့် သိပ္ပံဘာသာရပ်များကို သင်ကြား ‌ပေးသည်။ ဒုတိယနှစ်၊ တတိယနှစ်များတွင် တိုင်းရင်း‌ဆေးဘာ သာရပ်များကိုသာ ပဓာနထား၍ သင်ကြား‌ပေးသည်။ မြန်မာ့ရိုးရာ တိုင်းရင်း‌ဆေးပညာတွင် အချုပ်အားဖြင့် ‌လေးမျိုးရှိ‌လေသည်။ ယင်းတို့မှာ

  1. ၁။ အာယု‌ဗ္ဗေဒ‌ဆေးပညာ
  2. ၂။ ဘူတဝိဇ္ဇာ‌ဆေးပညာ
  3. ၃။ နက္ခတ်‌ဆေးပညာ
  4. ၄။ ‌ဒေသနာနယ‌ဆေးပညာ များဖြစ်‌လေသည်။

ဤ‌လေးမျိုးတို့တွင် အာယု‌ဗ္ဗေဒ‌ဆေးပညာနှင့် ‌ဒေသနာ နယ ‌ဆေးပညာတို့ကိုသာ တိုင်းရင်း‌ဆေးသိပ္ပံ‌ကျောင်းတွင် သင် ကြား‌ပေးသည်။ ကျန်နှစ်မျိုးတို့ကို သင်ကြားခြင်းမပြု‌ပေ။ နတ်၊ စုန်းစသည်တို့ ဖမ်းစားလျှင် ကုသ‌သောအတတ် ပညာမျိုးကို ဘူတဝိဇ္ဇာဟု ‌ခေါ်သည်။ပ‌ယောဂ အတတ်ပညာ၊ ‌မှော်အတတ်ပညာ စသည်တို့သည်လည်း ဤအတတ်ပညာပိုင်း တွင် အကျုံးဝင် ကြ‌လေသည်။ ဤဘူတဝိဇ္ဇာအတတ်ပညာမျိုး သည် အာယု‌ဗ္ဗေဒ ‌ဆေးပညာ၏ အပိုင်းကဏ္ဍကြီး ရှစ်မျိုးတို့တွင် တစ်မျိုးအဖြစ် ပါဝင်ခဲ့‌သော်လည်း ဝိညာဉ် ‌လောကနှင့် ဆက်စပ် ‌နေသည့်အတိုင်း နိုင်ငံ‌တော်တွင် အကျိုးရှိမှုထက် အကျိုးမဲ့ ရှုပ် ‌ထွေးမှု များစွာတို့ကို ဖြစ်‌စေနိုင်‌သော‌ကြောင့် လည်း‌ကောင်း၊ လမ်းစဉ်သ‌ဘောတရားနှင့် မကိုက်ညီ‌သော‌ကြောင့် လည်း‌ကောင်း တိုင်းရင်း‌ဆေး သိပ္ပံဘာသာရပ် အဖြစ်ထည့်သွင်း သင်ကြားမှုမပြု ‌ပေ။

နက္ခတ် ‌ဆေးပညာ[ပြင်ဆင်ရန်]

နက္ခတ်ပညာကို အ‌ခြေပြု၍ ‌ပေါက်ပွားလာ‌သော ပညာမျိုး ဖြစ် သည်။ ‌ရှေး‌ဟောင်းနက္ခတ်ပညာအရ ဂြိုဟ်၊ နက္ခတ်တို့၏တည် ‌နေရာများ၊အကြီးအ‌သေးနှင့် အကွာအ‌ဝေး တိုင်းထွာချက်များမှစ ၍် သိပ္ပံနည်းကျပြန်လည်ဆန်းစစ်ရန် လိုအပ်လှ‌ပေသည်။အဘယ့် ‌ကြောင့် ဆို‌သော်အ‌ခြေခံအကျဆုံး အချက်အလက်များမှန်ကန်တိ ကျမှသာလျှင် အခက်အလက်သဖွယ်ဖြစ်‌သော အ‌သေးစိတ် အ ချက်အလက် (အယူအဆ) များ မှန်ကန်တိကျဖွယ် ရှိနိုင်‌သော ‌ကြောင့် ဖြစ်သည်။

အာယု‌ဗ္ဗေဒ‌ဆေးပညာ[ပြင်ဆင်ရန်]

တိုင်းရင်း‌ဆေးသိပ္ပံ ‌ကျောင်းသားများအား သင်ကြား‌စေ သည့် အာယု‌ဗ္ဗေဒ‌ဆေးပညာဆိုသည်မှာ ‌ဒေါသ ၃ ပါး၊ ဓာတ် ရ ပါး၊ မလ (ခေါ်အညစ်အ‌ကြေး) ကြီးငယ်တို့ကိုလည်း‌ကောင်း၊ လျှာအရသာ ၆ ပါး၊ ဝိပါက‌ခေါ် ဝမ်းမီးမီးချက်ပြီး အရသာ ၃ ပါး၊ ‌ဆေး၏ ဂုဏ် ၂၀၊ ကိစ္စ ၁၉ စသည်တို့ကိုလည်း‌ကောင်း၊ အများဆုံး အ‌ခြေခံထား‌သော ‌ဆေးပညာဖြစ်သည်။

‌လေ၊ သည်း‌ခြေ၊ သလိပ်တို့ကို ‌ဒေါသ ၃ ပါးဟု ‌ခေါ် သည်။ ရသဓာတ်၊ အ‌သွေးဓာတ်၊အသားဓာတ်၊ အဆီဓာတ်၊အရိုး ဓာတ်၊ ခြင်ဆီဓာတ်၊ သုတ်ဓာတ်တို့ကို ဓာတ်(စဉ်) ရပါးဟုသတ် မှတ်သည်။ ကျင်ကြီး ကျင်ငယ်နှင့် ‌ချွေးတို့ကို မလကြီး ၃ ပါး အဖြစ်ဖြင့် လည်း‌ကောင်း၊ ‌ခြေသည်း၊ လက်သည်း၊ မျက်ရည် မျက်‌ချေး၊ နဖာ‌ချေး၊ စသည်တို့ကို မလငယ်များအဖြစ်ဖြင့်လည်း ‌ကောင်း သတ်မှတ်သည်။

ယင်း‌ဒေါသ၊ ဓာတ်၊ မလတို့‌ကြောင့် ဤခန္ဓာကိုယ်ကြီး သည် ကာလရှည်စွာ ဖြစ်ပွားတည်‌နေနိုင်ခြင်း ဖြစ်သည်ဟု ယူဆ သည်။ ယင်း‌ဒေါသ၊ ဓာတ်၊ မလတို့တွင်လည်း ‌ဒေါသ ၃ပါးတို့ သည် ပိုမို၍ ပဓာနကျ ‌လေသည်။ ပိုမို၍ အရင်းကျ‌လေသည်။ ဤခန္ဓာကိုယ်ကြီးကို စတင်တည်‌ဆောက်စဖြစ်‌သော ကာလ‌ေ၇ ကြည် ကာလကပင်လျှင် ‌လေပကတိ၊ သည်း‌ခြေ ပကတိ၊သလိပ် ပကတိ ဟူ‌သော ပကတိ ၃ မျိုးတို့၏ လွန်ကဲမှု၊ ယုတ်‌လျော့မှု အားဖြင့် (ဤခန္ဓာကိုယ်ကြီးကို) ချယ်လှယ်စီမံခဲ့သည်ဟုယူဆ သည်။ အရွယ်‌ရောက်လာ‌သောအခါ ကိုယ်ပိုင်းအသားအ‌ရေကို လည်း‌ကောင်း၊ ဆံပင်ကို လည်း‌ကောင်း၊ သွားကိုလည်း‌ကောင်း၊ အသံကိုလည်း‌ကောင်း၊ စိတ်ဓာတ်ကိုလည်း‌ကောင်း ကြည့်ခြင်း အားဖြင့် ကာလ‌ရေကြည်ကာလကမည်သည့် ပကတိဦး‌ဆောင်၍ ပဋိသ‌န္ဓေတည်‌နေခဲ့‌ကြောင်း သိနိုင်‌လေသည်။ ဥပမာ-လေပကတိ ဖြင့်ဦး‌ဆောင်၍ သ‌န္ဓေတည်ခဲ့လျှင် ကိုယ်ကာယ မ‌ပြေမပြစ်ရှိမည် ပိန်ကြုံမည်၊ အားနည်းမည်၊အသားအ‌ရေ ကြမ်းမည်၊ တွန့်မည်၊ ညို မည်၊ဆံပင် နည်းမည်၊ ကြမ်းမည်၊ ‌ခြောက်မည်၊ နက်မည်၊ သွားကျဲမည်၊ ကြမ်းမည်၊ ‌သေးမည်၊ အသံကျယ်မည်၊ ကွဲအက် မည်၊ စိတ်ဓာတ် လန့်တတ်၊ ‌မေ့တတ်၊ ငြင်းတတ်၊ ‌ဒေါသထွက် လွယ်တတ်၊ အသိဉာဏ်နည်းပါးတတ်ဖြစ်မည်။(ဤကားအာယု‌ဗ္ဗေ ‌ဆေးပညာတွင် သ‌န္ဓေ‌ဗေဒ၏ လမ်းစတစ်စိတ်တစ်‌ဒေသနှင့် ‌ယေ ဘုယျသ‌ဘောမျိုးဖြစ်‌လေသည်။

ထို့ပြင် အရွယ်‌ရောက်လာ‌သော အခါ၌လည်း ခန္ဓာ ကိုယ်တွင် ဤ‌ဒေါသ ၃မျိုးနှင့်ကင်း‌သော အစိတ်အပိုင်းဟူ၍ မရှိ‌ပေ။ အကျိုးပြုလျှင် ကျန်းမာသည်။ ပုံမှန်အကျိုးမပြုလျှင် မကျန်းမာဟု ယူဆသည်။

အချုပ်အားဖြင့် ဆိုခဲ့‌သော ‌ဒေါသ၊ ဓာတ်၊ မလဟူ‌သော အုပ်စုကြီး ၃ မျိုးတို့‌ကြောင့် ကျန်းမာခြင်းလည်း ဖြစ်ရသည်။ မကျန်းမာခြင်းလည်းဖြစ်ရသည်။ ထင်ရှား‌အောင်ဆိုရလျှင် ‌ဒေါသ ဓာတ်၊ မလများလှုပ် ရှားသွားလာမြဲအတိုင်း လှုပ်ရှားသွားမှုမပြုပဲ တစ်‌နေရာတည်း၌စုကာ၊ ငုပ်ကာ၊ ‌အောင်းကာပွားမှု (=စယ)ဖြစ် ‌နေလျှင်‌သော်လည်း‌ကောင်း၊ ကုန်ခန်းခြင်း (=ခီဏ)၊ ပျက်စီးခြင်း (=‌ကောပ) ဖြစ်‌နေလျှင်‌သော်လည်း‌ကောင်း၊ မကျန်းမမာ‌ရောဂါ၇ ‌လေ ‌တော့သည်။

ယင်းတို့၏ ပွား၇‌ကြောင်း၊ ခန်း၇‌ကြောင်း၊ ပျက်၇ ‌ကြောင်း ဟူ‌သော နိဒါန်းအသီးသီးတို့ကိုလည်း ‌ကောင်း၊ ပွား၊ ခန်း၊ ပျက်လက္ခဏာ အသီးသီးတို့ကိုလည်း‌ကောင်း ကြည့်ကာ ပွားလျှင် ယုတ်‌လျော့‌အောင်၊ ခန်းလျှင်ပြည့်‌အောင်၊ ‌ဖောက်ပြန် ပျက်စီးလျှင် ပုံမှန်ဖြစ်‌အောင် ပြု‌ပေးခြင်းသည် အာယု‌ဗ္ဗေဒ ‌ဆေး ပညာ၏ အ‌ခြေခံ အကျဆုံးကုသ‌ရေး စနစ်ဖြစ်သည်။ ယင်းသို့ကုသရာတွင် (၁) ပူရပ်‌အေးရပ် စ‌သော‌ဒေသ၊ (၂) ပူချိန် ‌အေးချိန် စ‌သောကာလ၊ (၃) ငယ်-လတ်-ကြီး ဟူ ‌သောအရွယ်၊ (၄) ခန္ဓာကိုယ်အ‌နေအထား (၅) ခွန်အားအ‌ခြေ အ‌နေ၊ (၆) ခံနိုင်ရည်၊ (ရ) နုံ့ထက်စ‌သော ဝမ်းမီးအ‌ခြေအ‌နေ၊ (၈) သင့်‌လျော်‌သော‌ဆေးဝါး၊ (၉) သင့်‌လျော်‌သောအစာ၊ (၁၀) ပကတိရုပ်ဓာတ်အခံ၊ (၁၁) ‌ရောဂါ၏ အ‌နေအထားတို့ကိုပါ ချင့်ချိန်တိုင်းဆကာ ကုသ၇‌ပေသည်။

အာယု‌ဗ္ဗေဒ ‌ဆေးပညာတွင် (ပြဆိုခဲ့‌သော) ရသ၊ ဝိပါက၊ ဂုဏ်၊ ကိစ္စ စသည်တို့သည် သက်ရှိသက်မဲ့ အားလုံး အတွက် ‌ရှေး‌ဟောင်း ဓာတ်ခွဲနည်းများဖြစ်သည်ဟု ဆိုနိုင်သည်။ ‌ဆေးပစ္စည်းဆိုသည်မှာလည်း ပထဝီ၊ အာ‌ပေါ၊‌တေ‌ဇော၊ ဝါ‌ယော၊ အာကာသဟူ‌သော ဘုတ်ကြီးငါး ပါး (=ပဉ္စဘုတ်) ၌ အမှီပြု‌ကြောင်းကိုလည်း‌ကောင်း၊ ‌ဆေးပစ္စည်း၏ ဂုဏ် ၂ဝအနက် မည်သည့် ဂုဏ်များ လွန်ကဲလျှင် ဓာတ်ကြီးငါးပါးအနက် မည် သည့်ဓာတ် လွန်ကဲ‌သော‌ဆေးမျိုး ဖြစ်သည်ကို လည်း‌ကောင်း၊ မည်သည့်ဓာတ်များ လွန်ကဲလျှင် မည်သည့်‌ဒေါသမျိုးကို ငြိမ်ဝပ် ‌စေသည်။ ဆုတ်နစ်‌စေသည်၊ ပွား‌စေသည်ဟူ‌သော အချက်များကို လည်း‌ကောင်း၊ အရသာ ၆ ပါး အနက် မည်သည့်ဓာတ်လွန်ကဲ ‌သော‌ကြောင့် မည်သည့်အရသာ ဖြစ်ရသည်ကို လည်း‌ကောင်း အကျယ်တဝင့် ‌ဖော်ပြထားချက်များပါသည်။ ဤအချက်များကို ‌ထောက်ပါက အရင်းခံအကျဆုံးမှာ ပဉ္စဘုတ်‌ခေါ် ဓာတ်ကြီးငါး ပါးသာလျှင် ဖြစ်‌ကြောင်း သိသာ‌ပေသည်။

စင်စစ်ကား(ပြဆိုခဲ့သည့်) ‌ဒေါသ ၃ ပါးဆိုသည်မှာ လည်း ဓာတ်ကြီးငါးပါးပင်အ‌ခြေခံဖြစ်‌လေသည်။ ခန္ဓာကိုယ်ရှိ ‌လေဓာတ်တွင် ဝါ‌ယောဓာတ်နှင့် အာကာသဓာတ် အ‌ခြေခံ ‌ကြောင်းကို လည်း‌ကောင်း၊ သည်း‌ခြေ ဓာတ်တွင် ‌တေ‌ဇောဓာတ် အ‌ခြေခံ‌ကြောင်းကိုလည်း‌ကောင်း၊ သလိပ်ဓာတ်တွင် ပထဝီဓာတ် နှင့် အာ‌ပေါဓာတ် အ‌ခြေခံ‌ကြောင်းကိုလည်း‌ကောင်း အာယု‌ဗ္ဗေဒ ကျမ်းများတွင် ပြဆိုကြသည်။ ‌ဒေသနာနယ‌ဆေးပညာ ‌ဒေသနာနယ ‌ဆေးပာဆိုသည်မှာ ဗုဒ္ဓဘုရား‌ဟော ကြား‌တော်မူသည့် သ‌ဘောတရားဆိုင်ရာ‌ဒေသနာ‌တော်ကို အရင်း ခံ၍ ‌ဆေးပညာအတွက် တီထွင်ကြံစည်ထား‌သော စနစ်ဖြစ် သည်။

အထူးသဖြင့် ဗုဒ္ဓဘုရား‌ဟောကြား‌တော်မူသည့် ပထဝီ၊ အာ‌ပေါ၊ ‌တေ‌ဇော၊ ဝါ‌ယောဟူ‌သော မဟာဘုတ်‌လေးပါးသ‌ဘော များကိုလည်း‌ကောင်း၊ (အဋ္ဌကထာဋီကာ ဆရာတို့၏ ဖွင့်ပြချက် များကို လည်း‌ကောင်း) ယင်းမဟာဘုတ်‌လေးပါးတို့ကိုစွဲမှီ၍ ဖြစ် ‌သော ဥပါဒါရုပ် သ‌ဘောများကို လည်း‌ကောင်း အထူးသဖြင့် အာကာသ သ‌ဘောကိုလည်း‌ကောင်း အများဆုံးအ‌ခြေခံ ဥပါဒါ ရုပ်တို့တွင်ထား၍ တီထွင်ကြံစည်ထားသည့် စနစ်ဖြစ်‌ပေသည်။ ယင်းမဟာဘုတ်‌လေးပါးနှင့် အာကာသဟူ‌သောဘုတ် ငါးပါး (ပဉ္စဘုတ်) ကို အ‌ခြေခံ‌သော‌ဆေးပညာ သ‌ဘောများ သည် အိန္ဒိယနိုင်ငံ၌ ‌စော‌စောကပင် ‌ပေါ်‌ပေါက်ခဲ့သကဲ့သို့မြန်မာ နိုင်ငံသို့လည်း ‌စော‌စောကပင်‌ရောက်ရှိခဲ့သည့် အ‌ထောက်အထား များ‌တွေ့ရသည်။ မြန်မာနိုင်ငံတွင် ‌စော‌စောပိုင်းကပင် ပဉ္စဘုတ် ‌ဆေးပညာ နှင့် ပဉ္စဘုတ်‌ဆေးကျမ်းများ ထွန်းကားခဲ့‌သော်လည်း ယင်းတို့တွင် ဗုဒ္ဓဘာသာကျမ်းလာ ‌ဒေသနာနည်းများ‌ပြောပ ‌လောက်‌အောင် စနစ်တကျ ပါဝင်ခြင်းမရှိ‌ပေ။

ထို့‌ကြောင့် မန္တ‌လေး‌ခေတ် မင်းတုန်မင်း လက်ထက် ‌တောင်သာဆရာကြီး ဦးမှုန့်တီထွင်သည့် ‌ခြောက်လုံး‌ကောက် ‌ဆေးပညာကိုသာလျှင် ‌ဒေသနာနယ ‌ဆေးပညာစနစ်အစစ် ဖြစ်သည်ဟု ဆို၇‌ပေမည်။

ထို‌ဆေးပညာ၌ ဘုတ်ငါးပါးတို့တွင် ‌တေ‌ဇောဓာတ် (ဥဏှ‌တေ‌ဇော၊ သီတ‌တေ‌ဇော) တို့ကိုအ‌ကြောင်း ဓာတ်အဖြစ် သတ်မှတ်သည်။ ကျန်‌လေးပါးတို့ကို အကျိုးဓာတ်အဖြစ်သတ် မှတ်သည်။ကျန်ဓာတ်‌လေးပါး တို့ကိုလည်း နှစ်မျိုးစီ ခွဲခြားကာ နူးညံ့ပထဝီ၊ ယိုစီးအာ‌ပေါ၊ လှုပ်ရှားဝါ‌ယော၊ ပိုင်းခြားအာကာသ တို့၏ အ‌ကြောင်းခံကို ဥဏှ‌တေ‌ဇောဟုသတ်မှတ်သည်။ ခက်မာ ပထဝီ၊ ဖွဲ့စည်းအာ‌ပေါ၊ ‌ထောက်ကန်ဝါ‌ယော၊ အ‌ပေါက်အာကာ သတို့၏ အ‌ကြောင်းခံကို သီတ‌တေ‌ဇောဟု သတ်မှတ်သည်။ ထို့ပြင် ပထဝီဓာတ်နှင့် အာ‌ပေါဓာတ်၊ ဝါ‌ယောဓာတ်နှင့် အာကာသဓာတ်၊ ‌တေ‌ဇောဓာတ်နှင့်ဝါ‌ယောဓာတ်တို့ကို မိတ်ဓာတ် အဖြစ် သတ်မှတ်သည်။ ပထဝီဓာတ်နှင့် ဝါ‌ယောဓာတ်၊ အာ‌ပေါ ဓာတ်နှင့် အာကာသဓာတ်တို့ကို ရန်ဓာတ်အဖြစ်သတ်မှတ်သည်။ ပထဝီဓာတ်နှင့် အာ‌ပေါဓာတ်တို့ကို အ‌လေးဓာတ်၊ အသက်ဓာတ် အဖြစ်သတ်မှတ်သည်။ ‌တေ‌ဇောဓာတ်နှင့် ဝါ‌ယောဓာတ်တို့ကို အ‌ပေါ့ဓာတ်၊ အတက်ဓာတ်အဖြစ် သတ်မှတ်သည်။ အချုပ်အားဖြင့် အပူအ‌ကြောင်းခံ‌သော အနာ‌ရောဂါ ၃ မျိုး၊ အ‌အေး အ‌ကြောင်းခံ‌သော အနာ‌ရောဂါ၊ ၃မျိုး၊ (ပေါင်း ၆မျိုး) အဖြစ် မူတည်ကာ ‌ရောဂါ‌ပေါင်း သက်ရှိသက်မဲ့ ‌ဆေး ပစ္စည်း‌ပေါင်း‌ဆေးအမျိုး‌ပေါင်း ‌ခြောက်ဆယ်၊ ‌ခြောက်ရာ၊‌ခြောက် ‌ထောင်၊ ရှိ‌စေဦး‌တော့ ဤ ၆ မျိုး၌ အကျုံးဝင်ရမည် ဟူ‌သော ခံယူချက်ဖြင့် တီထွင်ခဲ့ခြင်း ဖြစ်‌လေသည်။ ကာလအတန်ကြာ ‌သောအခါ အပူနာ၌တစ်မျိုး၊အ‌အေးနာ၌ တစ်မျိုးတိုးကာ ၈ မျိုး ဖြစ်လာသည်။ သဘာဝဓမ္မ ဆရာ‌တော်ဟု ထင်ရှား‌သော ဆရာ ‌တော် ဦးဣန္ဒြိယသည် ယင်း‌တောင်သာ‌ဆေး ပညာကိုအများဆုံး ဖြည့်စွက်ပြင်ဆင် တိုးချဲ့ကြံစည်နိုင်‌သော ဆရာ‌တော်အဖြစ် ထင် ရှား‌လေသည်။ သ‌ကေင်္တ ပြုပုံကအစ အပူနာ‌လေးမျိုးကို(က-၁) (က-၂) (က-၃) (က-၄) ဟူ၍ လည်း‌ကောင်း၊အ‌အေးနာ‌လေး မျိုး ကို (ခ-၁) (ခ-၂) (ခ-၃) (ခ-၄) ဟူ၍ လည်း‌ကောင်း လွယ်ကူ‌ခေတ်မှီ‌အောင် ပြုပြင်တီထွင် ခဲ့‌လေသည်။ ဤ‌ဒေသနာနယ ‌ဆေးပညာစနစ်အရ ‌ရောဂါအသီးသီး တို့၏ ဖြစ်‌ကြောင်း (နိဒါန်း) များ၊ လက္ခဏာများ၊ ကုဖွယ်‌ဆေး များကိုပါ သိမြင်ဆုံးဖြတ်နိုင်စွမ်း ရှိ‌ပေသည်။ ဆိုခဲ့‌သော အာယု‌ဗ္ဗေဒ ‌ဆေးပညာနှင့် ‌ဒေသနာနယ ဆေးပညာတို့သည် မြန်မာ့ရိုးရာ တိုင်းရင်း‌ဆေး ပညာအဖြစ် နှစ်‌ပေါင်းများစွာကပင် အခိုင်အလုံ အကျိုးပြုခဲ့သည်နှင့်အညီ တိုင်းရင်း‌ဆေး သိပ္ပံ‌ကျောင်းတွင် ‌ကြောရိုးအ‌ခြေခံ အဖြစ်သင် ကြားရ‌လေသည်။

သင်ကြားသည့်ဘာသာရပ်များ[ပြင်ဆင်ရန်]

University of Traditional Medicine

ပထမနှစ် ( BMTM )

ဒုတိယနှစ် ( BMTM )

တတိယနှစ်

  • -ဆေးပစ္စည်းအာနိသင် (တတိယပိုင်း)
  • -ရောဂါနိဒါန်းနှင့် ကုထုံး (ဒုတိယပိုင်း)
  • -ဆေးဝါး‌ဗေဒ (ဒုတိယပိုင်း)
  • -အနာဘက်ဆိုင်ရာကုထုံး
  • -အ‌ကြောပြင်ပညာ
  • -ပြည်သူ့ကျန်းမာ‌ရေး
  • -ဆေးဘက်ဆိုင်ရာစာရင်းအင်း
  • -မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ သ‌ဘောတရား

(တိုင်းရင်း‌ဆေး) ပြည်သူ့‌ဆေးရုံ ကူးစက်မြန်‌သော ‌ရောဂါများမှတစ်ပါး အခြား‌ရောဂါများကို ကုသ‌ပေး‌နေသည့် ကုတင် ၂၅ လုံးဆံ့ ‌ဆေးရုံကိုလည်း ၁၉၇၆ ခု ‌အောက်တိုဘာလ ၄ ရက်‌နေ့ကစတင်ဖွင့်လှစ်ခဲ့သည်။ ယင်းတွင် ‌ကျောင်းသားများ အတွက် တိုင်းရင်း‌ဆေးဝါးများ ဖြင့် လက်‌တွေ့ကုထုံးများကို သင်ကြား‌ပေးရန် ဖြစ်သည့်ပြင်သု‌တေသနလုပ်ငန်းအတွက်လည်း အသုံးချရန်ဖြစ်သည်။ သုံးနှစ်ပြည့်လျှင် ထို‌ဆေးရုံ၌ ‌ခြောက်လမျှ လက်‌တွေ့လေ့လာရသည်။

စာတမ်းလည်း ‌ရေးတင်ကြရသည်။ ‌ဆေးပင်ဆိုလျှင် ၅ ပင်မှ ၂၅ ပင်အထိ၊ သို့မဟုတ်-ကြိုက်ရာ ‌ရောဂါတစ်ခုခုကို‌ရေး တင်ကြရသည်။

ဆေးဥယျာဉ်[ပြင်ဆင်ရန်]

‌ဆေးဘက်ဝင် ပစ္စည်းများ အလွယ်တကူ၇ရှိ‌ရေး၊ ‌ဆေး ပင်မျိုးဆက် မ‌ပျောက်‌အောင် ထိန်းသိမ်း‌ရေး၊ ‌ဆေးပင်အတုအစစ် ခွဲခြားသိမြင်နိုင်‌ရေး၊ ‌ကျောင်းသားများအား ‌ဆေးပစ္စည်းအာနိသင် ကို သင်ကြားရာတွင် အ‌ထောက်အကူ ဖြစ်‌ရေးစ‌သော ရည်ရွယ် ချက်များဖြင့် တိုင်းရင်း‌ဆေး သိပ္ပံ‌ကျောင်းဝင်း အတွင်း၌ ‌ဆေး ဥယျာဉ်တစ်ခု စိုက်ပျိုးခဲ့‌ပေသည်။ အမျိုး‌ပေါင်းတစ်‌ထောင်‌ကျော်၊ ‌မြေချ၍စိုက်ပြီး အပင်‌ပေါင်း ငါးရာ‌ကျော်ရှိသည်။ ယခုအခါ စုစု‌ပေါင်း ‌မြေဧက ၃၁ ဧက ၇ရှိပြီးဖြစ်သည့်အတိုင်း တိုးချဲ့စိုက် ပျိုးရန် စီမံစိုင်းပြင်းလျက်ရှိသည်။ သင်တန်းပြီးဆုံး ‌အောင်မြင်သူ များအား ဒီပလိုမာ လက်မှတ်‌ပေးအပ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅