ဓာတုဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Chemistry is the science concerned with the composition, structure, and properties of matter, as well as the changes it undergoes during chemical reactions.
Chemistry is the study of interactions of chemical substances with one another and energy
ဓာတ်ခွဲခန်း၊ ဇီဝဓာတုဌာန၊ ကိုလုန်းတက္ကသိုလ်

ဓာတုဗေဒပညာရပ် သည် ဒြပ်ဝတ္တု တို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန် နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်သော အခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်း တိုကိုလဲ လေ့လာသော သိပ္ပံ ဘာသာရပ် တစ်ခုဖြစ်ပါသည်။ ဓာတုဗေဒသည် ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်မော်လီကျူးပုံဆောင်ခဲ နှင့် အခြား စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတု လမ်းစဉ်များ (chemical processes) ဖြစ်ပေါ်ခြင်း ပတ်သက်သော စွမ်းအင်နှင့် အင်ထရိုပီ သဘောတရားများကို လေ့လာသည်။ ခေတ်သစ် ဓာတုဗေဒသည် ဘိန်းဒေါ်ပညာရပ် မှ ဓာတု တော်လှန်ရေး (chemical revolution 1773) ဖြင့် ပေါ်ပေါက်လာသည်။

ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္ထုအပေါ်မူတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ ဩဂဲနစ် မဟုတ်သော ဓာတ်များကို လေ့လာသော အင်ဩဂဲနစ် ဓာတုဗေဒ၊ ဩဂဲနစ် ဓာတုဗေဒသက်ရှိ များတွင် ဖြစ်ပေါ်သော ဇီဝဖြစ်စဉ်များနှင့်သက်ဆိုင်သည့် ဇီဝဓာတုဗေဒ (biochemistry)၊ များလာသောအခါတွင် (at macro level) သို့မဟုတ်၊ မော်လီကျူလာနှင့် မော်လီကျူလာ ထက်သေးငယ်သော အခြေများ တို့ရှိ ဓာတုစနစ် (chemical system) ရှိ စွမ်းအင် ကိုလေ့လာသော ရူပဓာတုဗေဒ (physical chemistry) နှင့် ဓာတုဒြပ်ပေါင်းနှင့် ပုံသဏ္ဍာန်များကို ခွဲခြားစိတ်ဖြာလေ့လာသော ခွဲခြမ်းစိတ်ဖြာ ဓာတုဗေဒ (analytical chemistry)ဘာသာရပ်ခွဲများတို့ဖြစ်သည်။ ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွန်ယက်များကို လေ့လာသော နျူရို ဓာတုဗေဒ (neurochemistry)များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျှက်ရှိသည်။

အကျဉ်းချုပ်[ပြင်​ဆင်​ရန်​]

ဓာတုဗေဒသည် အက်တမ် သို့မဟုတ် ၎င်းတွင်ရှိ ပရိုတွန်အီလက်ထရွန်နှင့် နျူထရွန် တို့ပါဝင်သည့် ရုပ်ဝတ္ထုများ၏ အပြန်အလှန် သက်ရောက်သော အကြောင်းအရာကို သိပ္ပံနည်းကျကျ လေ့လာခြင်းဖြစ်သည်။[၁][၂]ဓာတုဗေဒကို တစ်ခါတစ်ရံ သိပ္ပံ၏ဗဟိုချက်ဘာသာရပ် အဖြစ် မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည်များမြှောင်လှစွာသော ဘာသာရပ်များဖြစ်သည့် နက္ခတ္တဗေဒရူပဗေဒmaterial scienceဇီဝဗေဒ နှင့် ဘူမိဗေဒ တို့ကို အချက်ကျကျ ဆက်သွယ်နေ၍ဖြစ်သည်။ [၃]

ဓာတုဗေဒ ပညာရပ်၏ အစဦးပုံကို ဆန်းစစ်လျှင် လက်တွေ့ပညာများဖြစ်သည့် ဗိန်းတော ပညာရပ်မှ စလာသည်ကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ ကမ္ဘာ အရှေ့အလယ်ပိုင်းရှိ အထောက်အထားများအရ သိနိုင်သည်။

ကျွနု်ပ်တို့ အသုံးပြုနေကြဖြစ်သော အရာဝတ္တု ပုံသဏ္ဌာန်နှင့် သဘောသဘာဝများမှာ ၎င်းဒြပ်ဝတ္တု၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ အပြန်အလှန် ဒြပ်သက်ရောက်မှု များပင်ဖြစ်သည်။ ဥပမာ သံမဏိ သည် သံထက်မာကြောသည် အဘယ်ကြောင့်ဆိုသော် သံမဏိ၏ အက်တမ်များသည် ပိုမို၍ခိုင်မာသော ပုံဆောင်ခဲအကွက် (crystalline lattice) များဖြင့် တွယ်ဆက်ထား၍ဖြစ်သည်။ သစ်သားစများသည် မီးလောင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်စုံတစ်ခုသော အပူချိန် အထက်တွင် အောက်စီဂျင် နှင့် အလိုအလျောက် ဓာတ်ပြုပြီး ဓာတ်လျော့ (oxidation) သွားသောကြောင့် ဖြစ်သည်။ ဆား နှင့် သကြား တို့မှာ ရေတွင် ပျော်ဝင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မော်လီကျူး သတ္တိတို့မှာ သာမန် အခြေတွင် ပျော်ဝင်ခြင်းက အကောင်းဆုံးအခြေကို ရောက်ရှိခြင်းကြောင့်ဖြစ်သည်။

ဒြပ်ပြောင်းလည်းခြင်းကို ဓာတုနည်းဖြင့် လေ့လာရာတွင် မတူညီသော ဓာတုပစ္စည်းများ သို့မဟုတ် အရာဝတ္တုနှင့် စွမ်းအင် ခြားနားခြင်းကြောင့် ဖြစ်သည်။ သာမန်အားဖြင့် ဓာတုပညာကို စူးစမ်းမှုပြုရာတွင် ဓာတ်ခွဲခန်းများရှိ laboratory glassware များကို အသုံးပြုသည်။

ကောလိပ် တစ်ခုရှိ ဓာတ်ခွဲခန်း

ဓာတ်ပြုခြင်းတွင် အရာဝတ္တုများသည် တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလည်းသည်။ ၎င်းကို ဓာတု ညီမျှခြင်းများသုံး၍ သင်္ကေတများဖြင့် ဖော်ပြနိူင်သည်။ ညီမျှခြင်း ဘယ်ဖက်နှင့် ညာဖက်ရှိ အက်တမ် အလုံးရေးမှာ အမြဲလိုလို တူညီကြသည်။ ဓာတ်ပြုခြင်း၏ သဘောသဘာဝမှာ အရာဝတ္တုများ ထိုသို့ပြောင်းလည်းကြရာတွင် မလွဲမသွေ လိုက်နာကြမည့် အချင်းအရာများရှိပြီး ၎င်းတို့ကို ဓာတု နိယာမဟု ခေါ်ဆိုသည်။

ဓာတုဗေဒ လေ့လာမှုအားလုံးတွင် စွမ်းအင်နှင့် အင်ထရိုပီတို့ကို စဉ်းစားကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဓာတု ဒြပ်ဝတ္တုတို့ကို ၎င်း၏ structure ဖြင့် သက်မှတ်နိုင်ပြီး ၎င်း၏အခြေကို ဓာတုပေါင်းစပ်ပုံ များဖြင့် သတ်မှတ်နိုင်သည်။ ၎င်းအချင်းအရာများကို spectroscopychromatography စသည့် chemical analysis များသုံး၍ လေ့လာနိူင်သည်။

ဓာတုဗေဒ ဘာသာရပ်ကို အဆင့်မြင့် အခြေခံပညာ နှင့် ကောလိပ် အစပိုင်းနှစ်များတွင် အဓိက ဘာသာအဖြစ် ပါရှိသည်။ ၎င်းလေ့လာမှု့များမှာ များမြှောင်လှစွာသော အခြေခံများကို စတင်ပေးသော ယေဘုယျ ဓာတုဗေဒ ဘာသာရပ်ဖြစ်သည်။ ၎င်းမှသည် လေ့လာသူ အနေဖြင့် အဆင့်မြင့် ဓာတု လမ်းခွဲများကို ဆက်လက်လေ့လာနိုင်သည်။ ဓာတု သုတေသနတွင် လုပ်နေသော သိပ္ပံပညာရှင်ကို ဓာတုပညာရှင် (chemist) ဟုခေါ်သည်။ အများအားဖြင့် ဓာတုပညာရှင်မှာ ဓာတုဘာသာရပ်ခွဲ တစ်ခုကိုသာ အထူးပြု လုပ်ကိုင်လေ့ရှိသည်။

မြန်မာနိုင်ငံနှင့် ဓာတုဗေဒ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဓာတုဗေဒ ဓာတ်ဆေး (Chemicals) များကို ပုဂံခေတ် ကတည်းကစ၍ သုံးစွဲတတ်သည့် အလေ့အထ ရှိနေပြီဖြစ်ကြောင်း ကျောက်စာ အထောက်အထားအရ သိရပါသည်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရားအနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာတွင် တွေ့နိုင်ပါသည်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရသည်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရသည်။ မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀ဝ ကျော် ဖော်ပြထားသည်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေသည်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာသည်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါသည်။

  1. ဆင်စွယ်လုပ်ငန်း - အစိမ်းဆိုးနည်း၊ ဆင်စွယ်ပျော့နည်း။
  2. သင်္ဘောဆေးနှင့် ငွေမင်လုပ်နည်း (၃) နည်း။
  3. အရိုး အနက်ဆိုးနည်း၊ အရိုးပျော့နည်း။
  4. ပုလဲတု လုပ်နည်း။
  5. ရွှေလုပ်ငန်း - ရွှေရေး ရွှေချနည်း၊ သံပေါ် ရွှေရေးနည်း၊ ရွှေချနည်း (၂) နည်း၊ ရွှေပင် ငွေပင် စိုက်နည်း (၄) နည်း၊ ရွှေမှုန့် စားဆေးဖော်နည်း (၂) နည်း၊ သံ ရွှေရောင်တင်နည်း၊ ရွှေရောင်ရေးနည်း (၂) နည်း ရွှေ အတုချက်နည်း။
  6. ကြေးနီလုပ်ငန်း - ကြေးနီဖြူနည်း (၂) နည်း၊ ကြေးဝါ ကြေးနီ ဖော်နည်း၊ သံကြေးနီလုပ်နည်း။
  7. ရေပြင်း (Acid) လုပ်နည်း (၅) နည်း။
  8. မီးစုံး (Phosphorus) ချက်နည်း (၂) နည်း။
  9. သတ္ထု အရည်ပျော် အကူပစ္စည်း (Flux) လုပ်နည်း (၅) နည်း။
  10. ဒုတ္ထာ ဆီချက်နည်း (၃) နည်း။
  11. သန္ဓာ၊ ဥဿဘုရား နှင့် ကျောက်မျက် ရတနာ အတုလုပ်နည်း။
  12. သံပင် စိုက်နည်း။
  13. လောင်မီး ဖော်နည်း (၃) နည်း။
  14. ဖန်ချက်နည်း (၁၁) နည်း။
  15. သစ်ပင်ဆား (Potassium Carbonate) ထုတ်လုပ်နည်း။
  16. မိန်လာ မျိုးစုံ လုပ်နည်း (၁၂) နည်း။
  17. သစ်သား အရောင်တင်ဆီ လုပ်နည်း (၃) နည်း။
  18. သစ်သီး၊ သစ်စေ့၊ ကြက်ဥတို့မှ အဆီထုတ်နည်း။
  19. ပြဒါး သန့်စင်နည်း။
  20. လက်ချား ပြုလုပ်နည်း။
  21. ကန်ပွင့် ချက်နည်း။
  22. မှန်ပြဒါးတင်နည်း၊ ဆေးရေးနည်း။
  23. တရုတ် ပန်းကန် လုပ်နည်း။
  24. ချည် အဝတ်ဆိုးဆေး လုပ်နည်း (၆) နည်း။ ချုပ်ဆေး ဖော်နည်း။
  25. သစ်သီးများ တာရှည်ခံအောင် ထားသိုနည်း။
  26. သံလိုက်အိမ်မြှောင် လုပ်နည်း။
  27. တဏှာကျွဆေး ဖော်နည်း (၂) နည်း။
  28. သံဂုဏ်ဂမ္မံ အားဆေးဖော်နည်း (၂) နည်း။
  29. ဆံပင် မဖြူအောင် လုပ်နည်း။
  30. ဝက်ခြံပျောက်ဆေး ဖော်နည်း။

အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်သည်။ အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရိစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်သည်။

ထုတ်လုပ်မှု ကိရိယာများ[ပြင်​ဆင်​ရန်​]

အငွေ့ပျံ ပေါင်းခံရန် လံဘိကာပ (Alembic) ပေါင်းချောင်၊ စဥ့်သုတ်အိုးကောက်၊ ခံအိုး (Condenser Receiver)၊ ဖန်ခံအိုး၊ ခဲမဖြူ ပွတ်ခံအိုး၊ အလိုက်ကလိုက်။ အရည်ကျိုရန်၊ ပြုတ်ရန်၊ လှော်ရန် မြေအိုး၊ ကြေးအိုး၊ သံအိုး၊ ဖန်အိုး၊ သမ္ပရာပိုင်း။ မီးပြင်းတိုက်၍ ကျိုရန် လုံ၊ မိုက်၊ မိုက်လုံ၊ မိုက်ခွက်၊ စဥ့်သုတ်မိုက်၊ စဥ့်ဖြူသုတ်မိုက်၊ စဥ့်ဖြူလိမ်းမိုက်၊ ဖန်ဖြူ အတွင်းပြီးမိုက်၊ မိုက်စောက်၊ စလောင်းပါမိုက်။ အရည်စိမ်၊ အရည်ဖျော်၊ အနည်ထိုင်ရန် စဥ့်အိုး၊ ကြွေအိုး၊ အင်တုံ၊ မြေပုံး၊ ဖန်ဖလား၊ ဖန်အိုးလက်ရှည်၊ ပုလင်းကြီး၊ ညောင်ရေအိုး အဝကျယ်။ မွှေရန် သံဇွန်း၊ သံယောင်းမ။ အမှုန့်ကြိတ်ရန် ကြေးဆုံ၊ ကျောက်ပြင်။ စကာချရန် အဝတ်၊ ပုဆိုး။ ဆီထုတ်ရန် အရည်စစ်သားရေအိတ်၊ အိတ်ကို ညစ်ယူရန် အပူပေးနိုင်သည့် ကြေးညှပ်၊ သံပြားညှပ်။ ပုဂံကြွေရည်သုတ် ရာတွင် ညှိပေးသည့် ယုန်မွှေးစုတ်တံ၊ နွားမွှေးစုတ်တံ။ အထွေထွေသုံးရန် ဖန်ခွက်၊ ပန်းကန်ပြား၊ ဖန်လုံး၊ မှန်ပြား၊ စက္ကူဖြူ၊ ရေပြင်းချက်ဖို၊ အိုးထိန်းစက်။

ဓာတုဗေဒ ပစ္စည်းများ[ပြင်​ဆင်​ရန်​]

ရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပုရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒါန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆဝရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇဝက်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အာရကော် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။

အပင်ထွက် ပစ္စည်းများ[ပြင်​ဆင်​ရန်​]

ဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။

လူတိရစ္ဆာန်တို့၏ ပစ္စည်းများ[ပြင်​ဆင်​ရန်​]

လူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ဝက်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ဝမ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။ ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံဩရလောက်အောင် တိကျမှုရှိသည်။ စနစ်ကျသည်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းသည်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မဝင်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းသည်။ ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရသည်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါသည်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ဝိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးသည်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါသည်။ [၄]

အခြေခံ သဘောတရားများ[ပြင်​ဆင်​ရန်​]

ဓာတုဗေဒကို လေ့လာရာတွင် များစွာသော အရေးပါသည့် အခြေခံ သဘောတရားများ ရှိသည်။ ၎င်းတို့များ - [၅]

အက်တမ်[ပြင်​ဆင်​ရန်​]


အက်တမ်သည် ဒြပ်စင်၏ အခြေခံ ယူနစ် ဖြစ်သည်။ အက်တမ်တစ်ခုတွင် ပုရိုတွန်နှင့် နျူထရွန်များပါဝင်သော အဖိုဓာတ်ရှိ မံတိုင်ရှိပြီး ၎င်းကို တူညီသော အမဓာတ် ပမာဏရှိ အီလက်ထရွန်ကဝန်းရံ ထားသည်။ အက်တမ်သည် ဒြပ်စင်တစ်ခု၏ electronegativity, [[ionization potential], oxidation state, coordination number, bond စသည့် ဓာတု ဂုဏ်သတ္တိကိုလေ့လာမည်ဆိုလျှင် အသေးငယ်ဆုံး ဖြစ်သည်။

ဒြပ်စင်[ပြင်​ဆင်​ရန်​]


ဒြပ်စင်ဆိုသည်မှာ ဓာတု အမြင်အရဆိုလျှင် ဓာတုပစည်း နှင့်ပါတ်သက်သည်။ ဓာတုဒြပ်စင် တစ်ခုကို ၎င်း၏ အက်တမ်ရှိ နျူကလိယမှ ပရိုတွန်အရေအတွက်ဖြင့် ဆုံးဖြတ်သည်။ ၎င်းအရေအတွက်ကို ၎င်းဒြပ်စင်၏ atomic number ဟုခေါ်သည်။

ဒြပ်စင်များကို အကောင်းဆုံးဖော်ပြရန်မှာ atomic number အရ အုပ်စုခွဲထားသော periodic table ပင်ဖြစ်သည်။ periodic table သည် ညဏ်ကျယ်ကျယ်ဖြင့် စနစ်တကျစီစဉ်ထားသောကြောင့် ၎င်းဇယားတွင် အုပ်စု (ဒေါင်လိုက်) နှင့် နရီ (period) (အလျားလိုက်) ဒြပ်စင်၏ တူရာ ဂုဏ်သတ္တိအလိုက် စီစဉ်ထားသည်။

ဒြပ်ပေါင်း[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. Matter: Atoms from Democritus to Dalton by Anthony Carpi, Ph.D.
  2. Theodore L. Brown, H. Eugene Lemay, Bruce Edward Bursten, H. Lemay. Chemistry: The Central Science. Prentice Hall; 8 edition (1999). ISBN 0-13-010310-1. Pages 3-4.
  3. It is sometimes called the central science because it is seen as occupying an intermediate position in a hierarchy of the sciences by "reductive level", between physics and biology. See Carsten Reinhardt. Chemical Sciences in the 20th Century: Bridging Boundaries. Wiley-VCH, 2001. ISBN 3-527-30271-9. Pages 1-2.
  4. ဒေါက်တာမျိုးသန့်တင် ရေး ရှေးခေတ်မြန်မာသိပ္ပံကျမ်းများ
  5. General Chemistry Online - Companion Notes: Matter [၁]


Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။