တောင်ငူပညာရေးကောလိပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တောင်ငူပညာရေးကောလိပ်
အမျိုးအစား အများဆိုင်
တည်ထောင် ၁၉၉၈ ဒီဇင်ဘာ ၁; ၂၀ နှစ် အကြာက (၁-၁၂-1998)
တည်နေရာ တောင်ငူမြို့
ပဲခူးတိုင်းဒေသကြီး
ဝဘ်ဆိုဒ် taungooeducationcollege.moe.edu.mm

တောင်ငူပညာရေးကောလိပ် (အင်္ဂလိပ်: Taungoo Educational College) သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးတောင်ငူမြို့တွင် တည်ရှိသည်။ တောင်ငူရိုမန်ကက်သလစ်အသင်းတော်၏ ကွန်ဗင့်အထက်တန်းကျောင်း ဖြစ်ခဲ့ပြီး ပြည်သူပိုင်အဖြစ် သိမ်းလိုက်ပြီးနောက် ဆရာအတတ်သင်ကောလိပ် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် တောင်ငူပညာရေးကောလိပ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၅ ခုနှစ်တွင် စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းအား တောင်ငူဆရာအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်းအဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံ အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပညာရေးကောလိပ်အဖြစ်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။[၁] ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ရှမ်းရွာအနီး သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။[၂]

သင်တန်းများ[ပြင်ဆင်ရန်]

  • ပညာရေးဘွဲ့ (B.Ed)
  • ပညာရေးမဟာဘွဲ့ (M.Ed)

ကိုးကား[ပြင်ဆင်ရန်]

  1. တောင်ငူပညာရေးကောလိပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ (၂၁ ဇန်နဝါရီ ၂၀၁၇)။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. Background History။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။