ဆေးတက္ကသိုလ်(၂) ရန်ကုန်

ဝီကီပီးဒီးယား မှ
(ဆေးတက္ကသိုလ်(၂)ရန်ကုန် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဆေးတက္ကသိုလ်(၂) ရန်ကုန်
University of Medicine 2, Yangon
ဥပဌာနံ အနုကမ္မာ ဒယာ
upaṭhānaṃ, anukammā, dayā
ဆေးတက္ကသိုလ်(၂) ရန်ကုန်
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၆၃ခုနှစ်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဦးအေးထွန်း
တည်နေရာ ခေမာသီလမ်း၊ မြောက်‌ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
ဝဘ်ဆိုတ် um2ygn.gov.mm

ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် ရန်ကုန်တိုင်းဒေသကြီးမြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ မဟာဌာနတစ်ခုအဖြစ် စတင်ခဲ့သော်လည်း ၁၉၆၄ တွင် သီးခြား တက္ကသိုလ်(အင်စတီကျု)တစ်ခုအဖြစ် ကူးပြောင်းခဲ့သည်။

၁၉၇၃ ခု၊ အောက်တိုဘာ ၁ တွင် ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ဆေးပညာဌာန (ယခု ဆေးသိပ္ပံ) ၏ လက်အောက်တွင် စီမံခန့်ခွဲခဲ့သည်။

၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် တက္ကသိုလ်၏ တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် အင်စတီကျုမှ တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ဦးဆောင်မှု[ပြင်ဆင်ရန်]

ဆေးတက္ကသိုလ်(၂) ရန်ကုန်

၁၉၆၃ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

  1. ၁၉၆၃–၁၉၆၇: လက်(ဖ)တင်နင်ကာနယ် ကိုကိုကြီး
  2. ၁၉၆၇–၁၉၇၃: ပါမောက္ခ ဦးယူအီး
  3. ၁၉၇၃–၁၉၈၂: ဒေါက်တာ ဦးခင်မောင်ငြိမ်း
  4. ၁၉၈၂–၁၉၈၇: ပါမောက္ခ ဦးတင်အောင်ဆွေ
  5. ၁၉၈၇–၁၉၈၉: ပါမောက္ခ ဦးမျိုးသွေး
  6. ၁၉၈၉–၁၉၉၂: ပါမောက္ခ ဦးကိုလေး
  7. ၁၉၉၂–၂၀၀၄: ပါမောက္ခ ဦးသာလှရွှေ
  8. ၂၀၀၄–၂၀၀၇: ပါမောက္ခ ဒေါ်သန်းနုရွှေ
  9. ၂၀၀၇–၂၀၁၅: ပါမောက္ခ ဦးတင့်ဆွေလတ်
  10. ၂၀၁၄–၂၀၁၅: ပါမောက္ခ ဦးဇော်ဝေစိုး
  11. ၂၀၁၅–၂၀၁၇: ပါမောက္ခ ဦးအေးအောင်
  12. ၂၀၁၇–လက်ရှိ: ပါမောက္ခ ဦးအေးထွန်း

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]