မာတိကာသို့ ခုန်သွားရန်

ရွှေဘိုတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရွှေဘိုတက္ကသိုလ်
ရွှေဘိုတက္ကသိုလ် ပင်မဝင်ပေါက်
ယခင် အမည်များ
ရွှေဘိုဒေသကောလိပ် (၁၉၇၇)
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၇; ၄၉ နှစ် အကြာက (၁၉၇၇)
ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုး []
တည်နေရာ
ကိုဩဒိနိတ်: 22°35′30″N 95°43′30″E / 22.59167°N 95.72500°E / 22.59167; 95.72500
ဝဘ်ဆိုဒ်https://www.sbu.edu.mm/
Map

ရွှေဘိုတက္ကသိုလ် (အင်္ဂလိပ်: Shwebo University) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်များအတွက် မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဘွဲ့နှင့်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘာသာရပ်များအတွက် မဟာသိပ္ပံဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့နှင့်သိပ္ပံဘွဲ့ သင်တန်းများ တက်ရောက်နိုင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်) ၏ လက်အောက်တွင် ရွှေဘိုဒေသကောလိပ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရွှေဘိုကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရွှေဘိုဒီဂရီကောလိပ် အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်တွင် ရွှေဘိုတက္ကသိုလ် ဖြစ်လာခဲ့သည်။[]

သင်တန်းများ

[ပြင်ဆင်ရန်]

ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။[]

သင်တန်း ဘွဲ့ မဟာဘွဲ့
မြန်မာစာ BA MA
အင်္ဂလိပ်စာ BA MA
အရှေ့တိုင်းပညာ BA MA
ပထဝီဝင် BA MA
သမိုင်း BA MA
ဒဿနိကဗေဒ BA MA
ရုက္ခဗေဒ BSc MSc
ဓာတုဗေဒ BSc MSc
သင်္ချာ BSc MSc
ရူပဗေဒ BSc MSc
သတ္တဗေဒ BSc MSc
ဘူမိဗေဒ BSc MSc

ကိုးကား

[ပြင်ဆင်ရန်]
  1. ရွှေဘိုတက္ကသိုလ်၌ နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ MOI Myanmar (၂၄ ဇန်နဝါရီ ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ရွှေဘိုတက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ် SHWEBO UNIVERSITY 5 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ရွှေဘိုတက္ကသိုလ်၌ နည်းပြ/သရုပ်ပြသစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ Myanmar Digital News (၆ မေ ၂၀၂၂)။ 5 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

တရားဝင် ဝက်ဘ်ဆိုက်တ်