ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)
Computer University, Loikaw
မြန်မှန်တွက်ချက် တိုင်းပြည်တွက်
{{{အမည်}}}
တည်ထောင်ခုနှစ် ၂၁ ဖေဖော်ဝါရီ ၂၀၀၁
ပါမောက္ခချုပ် ​ဒေါက်တာ​အောင်မြင်​အေး (​ခေတ္တ​ကျောင်းအုပ်ကြီး)
တည်နေရာ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၇၆.၀၉ ဧက
ဝဘ်ဆိုတ် ucsloikaw.edu.mm

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ထေးသမကွင်း၊ အမှတ် (၁၄၄/၁၆၄) ၌တည်ရှိသည်။ တက္ကသိုလ် အကျယ်အဝန်းမှာ (၇၆.၀၉)ဧက ကျယ်ဝန်းသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အစီအစဉ်ဖြင့် ကွန်ပျူတာသင်တန်းကျောင်းကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လွိုင်ကော်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးဝန်း အတွင်း ဖွင့်လှစ်ခဲ့သည်။ ၂၀၀၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် အဖြစ်အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သည်။[၁]

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
  • Certificate for Basic Computer Applications Training Course
  • Certificate for Basic Web Design and Development Training Course

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]