နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

ဝီကီပီးဒီးယား မှ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)
ဆောင်ပုဒ်သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
sabbadānaṃ dhammadānaṃ jināti
အမျိုးအစားPublic
တည်ထောင်ဇွန် ၂၆၊ ၁၉၈၆; ၃၇ နှစ် အကြာက (၁၉၈၆-၀၆-26)
နှီးနွယ်အဖွဲ့အစည်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
အဓိပတိဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ (သန်လျင်မင်း​ကျောင်းဆရာတော်)
ပါမောက္ခချုပ်ဒေါက်တာဘဒ္ဒန္တကုမာရ (မဟာသိမ်တော်ကြီးဆရာတော်)
လိပ်စာကမ္ဘာအေးကုန်းမြေ၊ အမှတ်(၇)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်, ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး, မြန်မာနိုင်ငံ
16°51′20″N 96°09′12″E / 16.855641°N 96.153273°E / 16.855641; 96.153273
ဝဘ်ဆိုဒ်spsuygn.edu.mm

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သည် ရန်ကုန်မြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်သည်။ ထိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာရဟန်းတော်များကို ပိဋကတ်ပါဠိမြန်မာစာ၊ မြန်မာ့စာပေနှင့် သာသနာပြုလုပ်ငန်းများကို သင်ကြားပေးလျက် ရှိသည်။ တက္ကသိုလ်ကို ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။[၁] တက္ကသိုလ်မှ Bachelor of Arts (သာသနတက္ကသီလဓမ္မာစရိယ)၊ Master of Arts (သာသနတက္ကသီလမဟာဓမ္မာစရိယ) စသည့် ဘွဲ့ဒီဂရီများကို ပေးအပ်သည်။[၂] ၂၀၁၈ ခုနှစ်တွင် ဗုဒ္ဓဘာသာရဟန်းများအား ဘွဲ့ ၁၂၈ ခု ပေးအပ်ခဲ့ပြီး ဖြစ်သည်။ တက္ကသိုလ်သို့ တက်ရောက်လိုသော ရဟန်းတော်များသည် အနည်းဆုံး သက်တော်(၃၀)ဝါတော်(၁၀)ဝါအတွင်းဖြစ်ရပြီး ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံကာ သကျသီဟ၊စေတီယင်္ဂဏစာသင်တန်းနှင့် ပထမကြီးတန်း တစ်ခုခု အောင်မြင်သော အရှင်မြတ်များကို သာသနတက္ကသီလဓမ္မာစရိယတန်းအတွက် ဝင်ခွင့်ခေါ်ယူခဲ့သည်။ သာသနတက္ကသီလမဟာဓမ္မာစရိယတန်းသို့ တက်ရောက်လိုသော ရဟန်းတော်များသည် သက်တော်(၃၅)နှစ် ဝါတော် (၁၅)ဝါအတွင်းဖြစ်ရပြီး သကျသီဟ၊ စေတီယင်္ဂဏစာချတန်းနှင့် သာသနဓဇဓမ္မာစရိယတစ်ခုခု အောင်မြင်ထားရမည်ဖြစ်သည်။ စာသင်နှစ်များပြီးဆုံး၍ ဘွဲ့ယူစာတမ်းတင်ပြီးနောက် နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုနှစ်နှစ် တာဝန်ထမ်းဆောင်ပြီးမှ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Department for Promotion and Propagation of the Sanana (2005)။ 13 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2018 တွင် ပြန်စစ်ပြီး။
  2. A BRIEF HISTORY OF THE ESTABLISHMENT OF STATE PARIYATTI SÂSANA UNIVERSITY (in en)။ 2018-10-02 တွင် ပြန်စစ်ပြီး။
  3. Ministry of Religious Affairs and Culture striving for long-lasting of the Sasana and preserving and protecting cultural heritage (in en-US)။ 2018-10-02 တွင် ပြန်စစ်ပြီး။